ယီးလေးလေး ယီးလေးရို...


ဗဟုအဖွဲ့ခေါင်းဆောင်များ မြန်မာပြည်သွားသောသတင်း ရွာထဲတွင်အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။ ရွာသားကြောင်ကြီးမှ ခရုအဖွဲ့ ချက်ခြင်းထောင်သည့်နည်းတူ မဆဲမနေနိုင်သူ ကိုအောင်ပုမှ လအုအဖွဲ့၊ လတူချူသိမ် မာမီဖြိုးမှ အတုအဖွဲ့၊ ဂျပန်အခြေစိုက် ဏှူးဘာဂိုဏ်းဝင်မောင်ဂီမှ ဂလုအဖွဲ့၊ ပစ်စုပ်ပံဂိုဏ်းသား မောင်ဂွမှ မရှုအဖွဲ့၊ အရပ်နိမ့်သူများက ငပုအဖွဲ့၊ ကဗျာပိုးထသူများက ရတုအဖွဲ့ အသီးသီးဖွဲ့ ပြည်တော်ပြန်ရန် စိုင်းပြင်းကြလေသည်။
လေဥအဖွဲ့ဟု လူအများ ဝေဖန်သော ပညာရှင်လေးဦး ခေါင်းဆောင်သည့် ဗဟုအဖွဲ့မှာ အဘတက်ခြုပ်ကြီး ခေတ်တွင် ရွှေဥဖြစ်ဖို့ ကံမပါသဖြင့် လွဲခဲ့ရသော်လည်း ယခု သံမဒဂျီး လက်ထက်တွင်မူ သိမ်းငှက်ဥဖြစ်ရန် အခွင့်အလမ်းများ ပေါ်ပေါက်နေသည်။ မည်သည့်ဥပင် ဖြစ်ပစေ အကောင်အထည် မရှိသော လေဥထက် ပိုကောင်းသည် မဟုတ်ပါလော။
ဘာလုပ်လုပ် အလွန်နှေးသဖြင့် ခရုဟု အမည်ပေးခံရသူ ဦးကြောင်ကြီးမှာ အတက်ကြွဆုံးဖြစ်သည်။ သူပြည်ပ ရောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာသော်လည်း ဘဝတခုလုံးကို ယုံကြည်ချက်အတွက် ပုံအော (ဆူရှီလိပ်) ထားသဖြင့် လူပြိုဂျီး ဖြစ်နေသည်။ ရလာသော အခွင့်အရေးကို အသုံးချကာ အလန်းလေးကို အပြန်ခရီးတွင် ခေါ်လာနိုင်လျင် အဖော်မဲ့ဘဝမှ လွတ်မည်ဖြစ်ပြီး သံမဒဂျီး၏ ဆင်းရဲမှု တိုက်ဖျက်ရေး စီမံကိန်းတွင်လည်း တတပ်တအား ကူညီရာရောက်မည် ဖြစ်သည်။
၎င်းနည်းတူ အခြားဘုစုခရု အဖွဲ့များမှာလည်း သူ့အကြံနှင့်သူ ရှိကြလေသည်။ အိမ်ခြံထောင့် မြှုပ်ထားသော ရွှေအိုးတူးရန်၊ ရွာထိပ် ကုက္ကိုပင်ထဲ သိမ်းထာသော ချစ်ဦးသူ လက်ကိုင်ပုဝါလေး သွားကြည့်ရန်၊ ပုလွေမှုတ်ခြင်း မြန်မာ့ရိုးရာဓလေ့ ထွန်းကားရန်၊ မီဒီယာလွပ်လပ်ခွင့် အပြည့်ရလာလျင် အပြာရုပ်ရှင် အပြာမဂ္ဂဇင်းထောင်ရန် အတွေးမျိုးစုံ ရှုပ်ရှက်ခပ်နေကြ၏။
သို့သော် တဦးတဖွဲ့မျှ အကြံမထမြောက်ခဲ့ပေ။ ၎င်းတို့ ရွာပြန်ရောက်သောအခါ ကြည့်စရာ ကုက္ကိုပင်အား ကြေးမုံလေးတို့အမျိုး တရုတ်ကြီး ခုတ်သွားလေပြီ။ ရွှေအိုးနေရာတွင် မဟုတ်တရုတ် ဓာတ်ငွေ့ပိုက်လိုင်း ရောက်နေ၏။ ဖက်ရှင်ရှိုး၊ ဂျာနယ်များသည်လည်း အပြာမဂ္ဂဇင်း အပြာရုပ်ရှင် နီးနီး ပွင့်လင်းခေတ်မှီပြီးသား ဖြစ်နေသည်။ မာမီဖြိုး မွေးစားချင်သော သားလေးများမှာ အဟာရ မပြည့်မှီသောကြောင့် သွာကြားထိုးတံ အရွယ်မျှသာ သေးသေးကွေးကွေး ရှိနေကြသည်။ အလန်းလေးများမှာလည်း သိန်းထောင်ဂဏန်း ငွေကြေးဆိုသည်ကို မကြားဘူးသော ဘကြောင်ကြီးအား ဖုတ်လေသည့်ငါးပိ ရှိလေသည်ပင်မထင်။ ဗဟုအဖွဲ့မှာလည်း ရန်ကုန်နှင့် နေပြည်တော် လူးလာခေါက်ပြန်သွားရင်း အချိန်ကုန်လူပန်း ခရီးစရိတ်ပွန်းကာ ခါလီပြန်ခဲ့ရ ပေတော့သည်။ :lol:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး

   Send article as PDF