ဒီတစ်ခါ ကျွန်တော် နည်းပညာနဲ့ ပတ်သက်တဲ့ဆောင်းပါးတစ်ခုကိုရေးပါမယ်…

အမြဲတမ်းလိုလို ရယ်စရာဟာသလေးတွေနှောတဲ့ ကျွန်တော့စာတွေနဲ့ ခွဲထွက်ပြီး…နည်းပညာဆန်တဲ့ စာမျိုးရေးတဲ့အခါ စိတ်ထဲမှာ အားပေးမှုရပါ့မလားဆိုတဲ့အတွေးကို မ၀ံ့မရဲခံစားရပါတယ်…

တကယ်တော့ စာတစ်ပုဒ်ရေးတိုင်း သူကြီးပေးတဲ့ပိုက်ဆံတွေထက်…စာဖတ်သူတွေပေးတဲ့ ကော်မန့်တွေက ကျွန်တော်တို့ကို ပိုပြီးအားတက်စေတယ်ဆိုတာ ကျွန်တော်မငြင်းပါဘူး….

အခုတော့ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ နည်းပညာအခက်အခဲအကြောင်းကိုရေးပါမယ်…

ရွာထဲမှာ ကျွန်တော့လို တတ်ရာပညာလေးတွေနဲ့ ကြုံရာကျဘန်းလုပ်စားနေကြတဲ့သူတွေရှိသလို…

ကျွန်တော့်ထက်ပိုပြီး အသိပညာ အတတ်ပညာတွေရင့်သန်တဲ့သူတွေရှိကြပါတယ်…

သူတို့ဆီကလဲ အကြံညဏ်တွေနဲ့ အတွေ့အကြုံလေးတွေဖလှယ်မှုလေးတွေကိုလဲ မျှော်လင့်ပါတယ်…

နောက်ထပ်ရည်ရွယ်မှုတစ်ခုက ကျွန်တော်တို့နိုင်ငံကြီးတိုးတက်ဖို့ လမ်းစမြင်နေရပြီပဲဆိုကြပါစို့…

အဲဒီအချိန်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ၀င်ဆန့်ဖို့ ကျွန်တော်တို့လဲ ပြင်စရာရှိတာ ကြိုတင်ပြင်ဆင်ရတော့မယ်..

အဲဒီလို ပြင်ဆင်တဲ့အခါမှာ ကျွန်တော်တို့တွေက Copy Right ဆိုတာကြီးကို ရင်ဆိုင်တွေ့ရတော့မယ်..

အဲဒီအခါမှာ ကျွန်တော်တို့ IT တွေ အားလုံး ချက်ချင်း Open Source ကို ပြောင်းလဲဖို့မဖြစ်နိုင်သလို User တွေဘက်ကပြန်ကြည့်ရင်လဲ ပိုမိုခက်ခဲမှုတွေ တွေ့ကြုံရနိုင်ပါတယ်…

အဲဒီတော့ ဈေးအသက်သာဆုံးနဲ့ အဆင်ပြေမယ့် Plan လေးတစ်ခုကို ကျွန်တော်ရေးပြချင်ပါတယ်…

နည်းပညာအကြောင်းများဖြစ်နေလို့ စာဖတ်သူအများအပြားရဲ့အားပေးမှုကို တိတ်တခိုးပဲ မျှော်လင့်ရပါတော့မယ်..

 

အဖြစ်အပျက်က ဒီလိုဗျ…

မြန်မာပြည်မှာမွေးပြီး၊ မြန်မာပြည်မှာကြီးပျင်းခဲ့တဲ့ ကျွန်တော်တို့လို နည်းပညာကိုလိုက်စားမိတဲ့ လူတွေအဖို့

Software ဆိုတာ ဘယ်လောက်ဈေးကြီးကြီး မြန်မာငွေ ၅၀၀၊ ၁၀၀၀ နဲ့ရတဲ့ဘ၀ဆိုတော့ အမျိုးစုံတင်ပြီးစမ်း

ကြိုက်တဲ့ Software ကို Crack လုပ်ပြီးသုံးခဲ့ကြတယ်။

အင်တာနက်တွေ ပေါပေါများများသုံးလာရတော့ Crack ဆိုဒ်တွေမှာ Download လုပ်ပြီး သုံးခဲ့ကြရတာဆိုတော့

ကျွန်တော်တို့အတွက် အခက်အခဲတွေမရှိသလောက်ပေါ့….

လွန်ခဲ့တဲ့ (၃)နှစ်ကျော်လောက်က ကျွန်တော် လက်ရှိအလုပ်ကိုပြောင်းလာတော့ International Rules & Regulationကို လက်ခံတဲ့အဖွဲ့အစည်းတစ်ခုဖြစ်နေတဲ့အတွက်  Software တွေအတွက် ခေါင်းခဲစရာစပြီး ကြုံရတော့တာပေါ့…

အလုပ်လက်ခံပြီးပြီးခြင်း လက်ထဲကိုရောက်လာခဲ့တာက WindowsXP Professional , Microsoft Office Suit 2003 နဲ့ Kaspersky Antivirus Workstation Edition အဲဒီ (၃)မျိုးပဲ License Version လက်ထဲအပ်ပြီးတော့ ကျန်တာကို ကိုယ်ပိုင်ဖန်တီးပါတဲ့…

အဲဒီမှာ ကျွန်တော်ပြသနာစတက်တာပဲ…ကျွန်တော်ကိုယ်တိုင် IT Development ကို လုပ်ရတော့မယ်ပေါ့…

Crack သုံးမရဘူး၊ Pirate သုံးမရဘူး၊ အကုန်လုံ License ပဲသုံးရမယ်…

ကျွန်တော့်ခေါင်းထဲမှာရှိတဲ့ ကျွန်တော်ခိုက်တဲ့ Software အားလုံးကို ၀ယ်သုံးရမယ်…ဖြစ်နိုင်ပါ့မလား…သုံးခွင့်ပေးမှာလား…

ကျွန်ပျူတာအလုံးအရေအတွက် (၂၀၀)ကျော်လောက်ရှိတဲ့ Enviroment မှာ Software အတွက် Euro သောင်းချီပြီး

သုံးခွင့် Budget မကျတာသေချာတယ်…

ကျွန်တော် Software ရော Hardware ပါ Standardize လုပ်ဖို့အတွက်ရှိတဲ့ Budget က Euro ၅၀၀၀ မပြည့်တစ်ပြည့်… တစ်နှစ်လုံးသုံးရမယ့်ပိုက်ဆံ…

အဲဒီလိုနဲ့…ကြံရာမရတဲ့အဆုံး Freeware တွေကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်…

အရင်ဆုံး ကျွန်တော်ချတဲ့ Plan က Office တစ်ခုမှာ Standard အနေနဲ့ ဘာတွေလုပ်သလဲ ဘာတွေလိုသလဲ…

(၁) OS တစ်ခုလိုတယ် ( Ms Windows XP Professional ရှိနေပြီးသား)

(၂) ရုံးသုံး Office Suit (Ms Office 2003 Professional Edition လက်ထဲရှိနေတယ်)


(၄) DVD or CD Burner (စမ်းသပ်ရှာဖွေရန်)

(၅) PDF Reader & Creater (စမ်းသပ်ရှာဖွေရန်)

(၆) Archiver, Compressor & Uncompressor (စမ်းသပ်ရှာဖွေရန်)

(၇) Myanmar-English Dictionary (စမ်းသပ်ရှာဖွေရန်)

(၈) Web Brower (စမ်းသပ်ရှာဖွေရန်)

(၉) Photo Edition Software (စမ်းသပ်ရှာဖွေရန်)

(၁၀) Music & Movie Entertainment (စမ်းသပ်ရှာဖွေရန်)

ကျွန်တော် အရင်ဆုံး ဒီ (၁၀)ခုကို Standard အနေနဲ့သတ်မှတ်လိုက်တယ်…

ရုံးမှာသုံးတဲ့ကွန်ပျူတာတစ်လုံးအနေနဲ့ အဲဒီ (၁၀)ခုပြည့်စုံရင် ခြေလက်အင်္ဂါအားလုံးစုံပြီလို့ ထင်လိုက်တယ်…

အဲဒီတော့ အရင်ဆုံး မရှိသေးတဲ့ Software တွေကို ရှာဖို့စဉ်းစားခဲ့ရတယ်…

အဲဒီလိုစဉ်းစားတဲ့အချိန်မှာ အချက် (၄)ချက်ကို ဦးစားပေးရတော့တယ်…

(၁) အချက်က အရင်တုန်းက User တွေသုံးနေကျ Software တွေနဲ့ Interface ချင်းတူတဲ့ဟာမျိုးကို ဦးစားပေးရမယ်…

(၂) အသစ်အဆန်းဖြစ်ရင်တောင် အသုံးရလွယ်တဲ့ User Friendly ဖြစ်တဲ့ Software တွေကို ရွေးရမယ်…

(၃) Update တွေထွက်ပြီး Stable ဖြစ်တဲ့ Software ဖြစ်ရမယ်…

(၄) Performance နိမ့်တဲ့ စက်တွေအပေါ်မှာက ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ရမယ်…စက်တိုင်းအသစ်တွေမှမဟုတ်တာ…

အပေါ် (၂)ချက်က User အတွက်ပါ…အောက်ဆုံး(၂)ချက်ကတော့ ကိုယ့်အတွက်ပေါ့နော်…

 

အရင်ဆုံး DVD or CD Burning အတွက်စဉ်းစားရပါတယ်…

ကျွန်တော်တို့ မြန်မာပြည်မှာ တစ်သက်လုံး Nero Bunning ROM ဆိုတဲ့ Software ကိုသုံးခဲ့ကြတယ်..

အဲဒီတော့ သူနဲ့ User တွေရင်းနီးမှုကို ဖျက်ဖို့အတွက် သူ့လောက်နီးနီးကောင်းတဲ့ Freeware တစ်ခုကို အစားထိုးဖို့လိုအပ်တော့တာပေါ့…

အဲဒီမှာ Free ရသမျှ Burner တွေကို စမ်းလိုက်တော့ တော်တော်များများက Basic Function တွေကိုပဲပေးပြီး

နဲနဲပိုလိုချင်လာရင် ပိုက်ဆံတောင်းတော့တာပဲ၊ Nero ရဲ့ Free Edition လိုမျိုးပေါ့…

နောက်ဆုံး Ashampoo ရဲ့ Burning Studio 6 FREE က Function အားလုံးနီးပါးသုံးနိုင်ပြီးတော့

အလကားရတဲ့ Software ဖြစ်နေတယ်… အဲဒါနဲ့ ကျွန်တော် တစ်လလောက် သေချာစမ်းသုံးကြည့်ပြီး

ကျွန်တော့ရဲ့ Standard Software List ထဲကို ထည့်လိုက်ပါတယ်…

အောက်ကလင့်မှာ Download လုပ်ချင်ရင်လုပ်နိုင်ပါတယ်… အခုဆို နောက်ဆုံး Version 6.8 တောင်ရနေပြီ..

http://www.ashampoo.com/en/usd/pin/0710/Offline/Ashampoo-Burning-Studio-6

16MB လောက်နဲ့ အသုံးတည့်တဲ့ Software ပါ… Nero Burning ROM ကို 16MB နဲ့ဒေါင်းလို့မရနိုင်ဘူးနော်..

 

ဒုတိယအနေနဲ့ PDF က အရေးအကြီးဆုံးအခန်းကဏ္ဍမှာပါနေတော့ သူ့အတွက်ကို စဉ်းစားရပါတယ်…

PDF ဖတ်ဖို့ရယ်…PDF ဖြစ်အောင်လုပ်ဖို့ရယ်…

PDF ဖတ်ဖို့အတွက် Adobe Reader Free Version ရှိပေမယ့်…Performance ပိုကောင်းပြီး ပေါ့ပါးတဲ့ Foxit Reader ကိုပဲ ကျွန်တော်ရွေးချယ်လိုက်ပါတယ်…

Link: http://www.foxitsoftware.com/downloads/

PDF လုပ်ဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းဖြစ်တဲ့ PDF အဖြစ် Print ထုတ်ခြင်းကို ရွေးချယ်လိုက်တယ်…

ပုံမှန် Print ထုတ်သလို Print လုပ်ပြီး Printer နေရာမှာ PDF Generator Engine ကိုရွေးပေးခြင်းအားဖြင့်

PDF အဖြစ်ပြောင်းလဲနိုင်တဲ့ အရိုးရှင်းဆုံးနည်းလမ်းကိုသုံးတဲ့နေရာမှာ

Performance ကိုအဓိကထားပြီးတော့ သေးငယ်တဲ့ 4MB လောက်ပဲရှိတဲ့ “doPDF” ဆိုတဲ့ Software လေးကိုရွေးချယ်လိုက်တယ်…

ကျွန်တော့အပြင်တော့ အဲဒီ Software (၂)ခုက

Adobe ရဲ့နာမည်ကျော် Acrobat ကို ၇၅% လောက်အထိ လိုက်ပြီးအံတုနိုင်တယ်လို့ မြင်ပါတယ်…

Link: http://www.dopdf.com/quick-download.php

 

နောက်ထပ် တတိယမြောက်အဖြစ် Compressor နဲ့ Uncompressor ကိုရွေးတဲ့အခါ

စိတ်တိုင်းကျ Freeware တွေမရတဲ့အပြင် WinRAR ရဲ့အံ့မခမ်းလုပ်ဆောင်နိုင်မှုကိုမယှဉ်နိုင်လို့

WinRAR 4.0 Version ကို ၀ယ်သုံးဖို့ ဆုံးဖြတ်လိုက်တယ်…

လူသိများတဲ့ WinZip ကို ဘာလို့မရွေးချယ်သလဲလို့ပြောရရင်..

WinZip အားသာချက်တွေက WinRAR ထက်ပိုပြီး File Size သေးအောင် ချုံနိုင်တယ်။

Zip Format ကို WinZip Software မပါပဲ Windows OS နဲ့တင် ပြန်ဖျည်ချလို့ရတယ်…

ဒါပေမယ့် WinRAR က Zip Format နဲ့ဖိုင်ထုတ်ပေးနိုင်ပေမယ့် WinZip က RAR Format ကိုထုတ်မပေးနိုင်ဘူး

နောက်တခုက WinRAR က WinZip ထက်ပိုများတဲ့ File အမျိုးအစားတွေကို Support လုပ်နိုင်တယ်..

အဲဒါနဲ့ User တစ်ယောက်ကို 8$ နှုန်းနဲ့ အယောက် (၂၀၀)စာ WinRAR ကိုရွေးချယ်လိုက်တယ်…

Link: http://www.rarlab.com/download.htm

 

စတုတ္ထမြောက်အဖြစ်တော့ Web Browser ရွေးချယ်ပွဲမှာတော့ Windows က Built-in ပါပြီးသား IE အပြင်

သတင်းကြီးနေပြီးသား Firefox ကိုတွဲထည့်လိုက်ခြင်းအားဖြင့် ကျွန်တော့်အတွက်လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်…

Firefox နောက်ဆုံး Version 10 အထိ ကျွန်တော် Update လုပ်ခဲ့ပြီးပါပြီ…

Link: http://www.mozilla.org/en-US/firefox/features/

 

ပဉ္စမမြောက်ဖြစ်တဲ့

Photo Edition Software စမ်းသပ်တဲ့နေရာမှာ အဓိကအသုံးအများဆုံးအလုပ်တွေက

ဓာတ်ပုံတွေကို Size & Resolution လျော့ချမယ်…

ဓာတ်ပုံတွေကို Crop လုပ်မယ်ဆိုတာထက်မပိုတဲ့အတွက် အလွယ်ကူဆုံးနဲ့ သာမာန် User အဆင့်နဲ့ အဆင်ပြေတဲ့

Google Product ဖြစ်သော “Picasa” ကိုကျွန်တော်ရွေးချယ်ခဲ့တယ်… နောက်ဆုံး Version 3.9 ပါ..

Link: http://picasa.google.com/

 

အဌမရဲ့ Multimedia မှာတော့ ကျွန်တော့ကို တော်တော်ခေါင်းစားစေတဲ့ပြသနာပါ…

Windows မှာ Build-in ပါတဲ့ Mediaplayer ကိုသာအသုံးပြုစေဖို့အတွက်အဆင်မပြေပါဘူး…

Mediaplayer မှာ Codes တွေမရှိရင် တချို့ Format တွေကို မသိနိုင်ပါဘူး…

အဲဒီတော့ VLC Mediaplayer ကိုရွေးလိုက်ပါတယ်…

File Format တော်တော်များများကို နားလည်သလို၊ Performance အပါ Windows Mediaplayer ထက်သာလွန်လို့ ရွေးလိုက်တာပါ…

DVD Movies တွေအတွက်လဲ အဆင်ပြေတာပါတာပေါ့…User တွေကိုအလုပ်ချည်းဖိခိုင်းလို့မရဘူးလေ…

သူတို့ပျော်အောင်လဲစဉ်းစားရသေးတယ်..

Link: http://www.videolan.org/vlc/

 

နောက်ဆုံးကျွန်တော့်ကို တစ်နှစ်နီးနီးပြသနာပေးတဲ့ Software ကတော့ မြန်မာ-အင်္ဂလိပ် Dictionary ပါ…

ကျွန်တော်တို့ OS Standard မှာ User တွေက User Right တွေပဲရပါတယ်…

သူတို့မှာ Software Install လုပ်ခွင့် Admin ပိုင်းဆိုင်ရာ Configuration တွေအပေါ်မှာ ပြင်ဆင်ခွင့်မရှိပါဘူး…

အဲဒါအားလုံးကို IT တွေကပဲ ကိုင်ဆောင်ထားပြီး သူတို့အားလုံး User သက်သက်ပါ…

အဲဒီလို Plan ဆွဲထားတဲ့အတွက် ကျွန်တော့ကို အပြစ်တင်ချင်တင်နိုင်ပါတယ်…

ဒါပေမယ့် အဲဒီအပေါ်မှာ အကျိုးအပြစ်အများကြီးကွာခြားပါတယ်….

အပြစ်ကတော့ အဲဒီလို Admin Right ကို IT တွေကိုင်ထားတာဖြစ်တဲ့အတွက် ခွင့်ရက်တွေ အလွယ်တကူမရပါဘူး..

User တွေရဲ့ ငြိုငြင်မှုကို ခံရပါတယ်… Admin Right နဲ့ငြိတိုင်း ခေါ်နေတဲ့အတွက် ပြေးလွှားနေရပါတယ်…

တချို့အရာရှိတွေရဲ့ မယုံကြည်မှုကိုခံရပါတယ်…

အဲဒီမှာ IT တွေမှာလဲ ဆရာဝန်များလို့ Privacy နဲ့ ပတ်သက်တဲ့ စောင့်ထိန်းရမယ့် စည်းကမ်းတွေရှိပါတယ်…

ကျွန်တော် တစ်ရုံးလုံးက Password တွေကို မသိပါ…သိလဲမသိချင်ပါ…

လိုအပ်လျှင် အချိန်မရွေးဖြုတ်ပစ်နိုင်ပါသည်…သို့သော် ကျွန်တော်ဖြုတ်ပစ်လျှင် User သိပါမည်…မသိပဲလုပ်မရပါ…

အဲဒီအတွက် IT တွေအပေါ်မှာ ယုံကြည်မှု (Trust Building) ဆောက်တည်မှု ကျွန်တော်အမြဲလုပ်ပါသည်…

အဲဒါခဏတာပင်ပန်းမှုပါ…နောက်ပိုင်း အလုပ်မရှိလောက်အောင် အားသွားတတ်ပါတယ်…

အားသာချက်တွေက ဘာလဲဆိုရင်…

Admin Right ကိုလူတိုင်းလက်ထဲမထည့်ထားတဲ့အတွက် Virus Infect ဖြစ်တဲ့ ရာခိုင်နှုန်း လျော့ကျသွားပါတယ်…

မလိုလားအပ်တဲ့ Computer Crash ဖြစ်ခြင်းကနေကာကွယ်ပြီးသားဖြစ်သွားပါတယ်…

Software Installation လုပ်ခွင့်မပေးတဲ့အတွက် ကွန်ပျူတာတွေအစမ်းသပ်ခံရတဲ့ဘေးကလဲ လွဲသွားပါတယ်…

နောက်တစ်ခုက အားလုံး Standard ဖြစ်နေတဲ့အတွက် ဟိုစက်မှာဒါမရှိလို့၊ ဒီစက်မှာဒါမရှိလို့ဆိုတာမျိုး ကင်းဝေးသွားပါတယ်…

ဟို User ကို မျက်နှာလိုက်တယ်…ဒီ User ကိုမျက်နှာလိုက်တယ်ဆိုတဲ့ အပြောအဆိုမျိုး လျော့ကျသွားပါတယ်…

နောက်တစ်ခုက အရာအားလုံး IT တွေရဲ့လက်ထဲမှာပဲရှိနေလို့ ဓားသွားပေါ် လမ်းလျှောက်ရတဲဘ၀ကို အလိုလိုရောက်သွားပါတယ်…

အဲဒီတော့ User တွေက သူတို့အသုံးပြုဖို့လိုတဲ့ Software တွေကို IT တွေဆီမှာ Request လုပ်လာကြရတော့ တာပါပဲ…

သူတို့ Request လုပ်တဲ့ Software တွေဟာ ကိုယ့် Enviroment နဲ့ကိုက်ညီမှုရှိမရှိကို IT တွေက သေချာ တိုင်ပင်ပြီး Activate လုပ်ရပါတော့တယ်…

ကျွန်တော် ပထမဆုံးတွေ့ရတဲ့ ပြသနာက မြန်မာ-အင်္ဂလိပ် Dictionary ပါ…

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Software Development မှာအားနည်းချက်တွေအများကြီးရှိပါတယ်…

Copy Right မရှိတာရယ်… Software ရောင်းချမှုက ထင်သလောက်အကျိုးမဖြစ်ထွန်းတာတွေရယ်ကြောင့်…

ကွန်ပျူတာဘ၀အစမှာ ထုတ်လုပ်ခဲ့တဲ့ မြန်မာ-အင်္ဂလိပ် Dictionary လိုဟာမျိုးမှာ အခက်အခဲအများကြီး တွေ့ရပါတယ်…

ဥပမာ…Windows 98 လက်ထက်လောက်က ရေးထားတဲ့ Dictionary တွေဟာ Windows XP မှာ Compatible မဖြစ်တော့တာမျိုးအပြင်၊ Corporate အသုံးပြုဖို့ထက် Single User တွေအပေါ်မှာ Target ထားခဲ့တဲ့ Software မျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်

Admin Right ရှိမှ အလုပ်လုပ်တာမျိုးတွေနဲ့

မူရင်း (သို့) ခိုးကူးထားတဲ့ CD ကို Drive ထဲထည့်ထားမှ အလုပ်လုပ်တာမျိုးတွေ ကြုံရပါတော့တယ်…

အဲဒီအချိန်မှာ ကျွန်တော့အဖြစ်က Admin Right ကို လူတိုင်းပေးဖို့မဖြစ်နိုင်သလို…User (၂၀၀)ကျော်လောက်ကိုလဲ

CD တစ်ချပ်စီကူးပေးထားဖို့ရန်မဖြစ်နိုင်တာနဲ့ ခေါင်းခြောက်ရပါတော့တယ်…

Virtual CD တစ်ခုစီ Create လုပ်ပေးဖို့ရန်လဲ User တွေက အဲဒီလောက်နားမလည်နိုင်တဲ့အနေအထားမျိုးတွေရှိနေပြန်တော့

Myanmar-English Dictionary ကို User တွေကိုချပေးဖို့ အချိန် (၆)လလောက် CD ပေါင်းများစွာ၊

Download ပေါင်းများစွာနဲ့ အသည်းအသန် စမ်းသပ်ပြီး

Myanmar-English Dictionary နဲ့ English-Myanmar Dictionary ဆိုပြီးတော့ Installer (၂)ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကျွန်တော့် Environment အပြင် Microsoft ရဲ့ Windows7 OS မှာပါ အသုံးပြုလို့ရတဲ့ Dictionary လေးတွေကိုရှာတွေ့ခဲ့ပါတယ်…

အင်္ဂလိပ်-မြန်မာ အဘိဓာန်

Link: http://www.datafilehost.com/download-5a9cb23c.html

မြန်မာ-အင်္ဂလိပ် အဘိဓာန်

Link: လင့်ကတော့ လောလောဆယ် တင်လို့မရသေးလို့ နောက်မှ ကော်မန့်ထဲမှာလိုက်ခဲ့မယ်ဗျာ…(30MB) လောက်ဖြစ်နေလို့

မေ့နေရင်လဲ သတိပေးကြဗျာ…

ဒါပေမယ့် အဲဒီ Dictionary (၂)ခုလုံးက .NET Framework 2.0 အနဲဆုံးရှိနေရမှာဖြစ်လို့..

.NET Framework ကိုလဲ မမေ့ကြဖို့ သတိပေးလိုက်ပါတယ်…

ကျွန်တော် Upload လုပ်ထားပေးတဲ့ .NET Framework All in One Silent Installer လေးကိုတော့ Link မှာဆွဲနိုင်ပါတယ်ဗျာ…

Link: http://www.datafilehost.com/download-c496ff4c.html

 

နောက်ဆုံး အဲဒီ Software တွေနဲ့ အသက်ဆက်လာတာ (၂)နှစ်လောက်ကြာတဲ့အချိန်ကျမှ မထင်မှတ်တဲ့ ပြသနာ တစ်ခုထပ်တွေ့ပါတယ်…

အဲဒါကတော့ အလကားရတိုင်း Update လုပ်လေ့လုပ်ထရှိတဲ့ ကျွန်တော်တို့ IT တွေပါပဲ…

တခြား Copy Right နဲ့ မပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အချိန်မှာ သူတို့တွေက Ms Word နဲ့ Excel Files တွေကို

Email နဲ့ပို့ကြတယ်ဗျာ…

အဲဒီမှာ Office 2010 Format တွေနဲ့ ပို့ကြတော့ ကျွန်တော့်တို့ Office 2003 ၀ယ်ထားတဲ့သူတွေအဖို့ ဖွင့်ဖတ်လို့မရတဲ့ပြသနာပါ…

ပို့သူကို Office 2003 Format နဲ့ Downgrade လုပ်ပို့ဖို့ ပြောရတာ အဆင်ပြေတာရှိသလို မပြေတာလဲရှိတတ်တော့

နောက်ပိုင်းမှာ IT တွေဆီပဲ ခြေဦးလှည့်လာကြပြန်ရော…

အဲဒါနဲ့ နောက်ဆုံး Microsoft က ထုတ်ပေးတဲ့ Microsoft Office Compatible Pack ဆိုတာလေး တင်ပေးပြီး ပြသနာအရပ်ရပ်ကို ဖြေရှင်းခဲ့ရပါတော့တယ်…

Link: http://www.microsoft.com/download/en/details.aspx?displaylang=en&id=3

နောက်ပိုင်းမှာ Apple Product တွေကြောင့် iTune ကိုတောင် Standard List ထဲထည့်ရတော့မလိုဖြစ်နေတယ်ဗျာ…

 

နောက်ဆုံး ကျွန်တော်ပြောခဲ့ချင်တာကတော့…

အခု ကျွန်တော် Develop လုပ်ခဲ့တဲ့ Software အားလုံးဟာ အခုလက်ရှိ Windows 7 အထိ Support လုပ်တဲ့ Software ချည်းဖြစ်တယ်ဆိုတာတစ်ချက်ပါ…

လူတွေအမြင်မှာ အမြဲတမ်း အင်တာနက်ပေါ်တက်ပြီး အားနေတတ်တဲ့ IT တွေမှာလဲ သူ့ကိုယ်ပိုင်ပြသနာတွေ ဝေလို့ပါပဲဆိုတာကို သိစေချင်ပါတယ်…

အိုင်တီတော်တော်များများက အချင်းချင်းသာ ရေပက်မ၀င်စကားတွေပြောကြပေမယ့် IT မဟုတ်တဲ့သူတွေမပေါ်မှာ

အလွယ်တကူနားလည်အောင် ရှင်းမပြတတ်တာက ကျွန်တော်တို့အားလုံးရဲ့ အားနည်းချက်လို့ ထင်မိပါတယ်…

နောက်တစ်ခုက အိုင်တီတွေအလုပ်မလုပ်ဘူးလို့ အားနေတယ်လို့ သူဌေးတွေ၊ အလုပ်ရှင်တွေက မြင်တတ်ပါ တယ်..

အိုင်တီတွေအလုပ်မရှိတာ သူတို့ Performance ပါ…

အားနေတဲ့ IT နဲ့ အမြဲပြသနာတက်နေတဲ့ IT ကွာခြားချက်က သူတို့ Manage လုပ်တဲ့ Network ဘယ်လောက်တည်ငြိမ်လဲနဲ့

သူတို့ Troubleshoot Skill ဘယ်လောက်ကောင်းလဲဆိုတာပေါ်မှာပဲမူတည်ပါတယ်…

ကိုယ်ရုံးက အိုင်တီတွေအားနေတာမြင်တိုင်း မျက်စိဆံပင်းမွှေးဆူးမနေပဲ တကယ်တော်တဲ့ အိုင်တီတစ်ယောက်ရထားတယ်လို့  မြင်ကြည့်ပေးလိုက်ပါ….

တကယ်တော့ အားနေတဲ့အိုင်တီဆိုတာ တကယ်အလုပ်လုပ်တဲ့ Performance ကောင်းတဲ့ IT တွေပါပဲခင်ဗျာ…

 

ခင်တဲ့-

ကြောင်ဝတုတ်

ရန်ကုန်၊ ၂၀၁၂

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...