မှန်ကန်တဲ့ စဉ်းစားတွေးခေါ်မှု (၁)

wunnakokoJune 4, 20101min470

အလုပ်လုပ်တဲ့အခါ စဉ်းစားတွေးခေါ်ရပါတယ်။ မှားသွားတာတွေလည်းရှိတယ်။ မှန်တာလည်းရှိပါတယ်။ ဖတ်မှတ် စုဆောင်းထားတာ လေးကို ဝေမျှပါတယ်။ အောင်မြင်တဲ့ မှန်ကန်တဲ့ စဉ်းစားတွေးခေါ်နိုင်သူ ဖြစ်လာမှာပါ။

စဉ်းစားတွေးခေါ်မှု မှန်ကန်တည့်မတ်စေရေးအတွက် လိုက်နာရန်အချက် ၁ဝချ

အောင်မြင်သောလုပ်ငန်းရှင်ဖြစ်စေ၊ ကြီးမားသောတာဝန်ကိုထမ်းဆောင်နေရသည့် ပုဂ္ဂိုလ်ဖြစ်စေ ခေါင်းအေးအေးနှင့် မှန်မှန် ကန်ကန်စဉ်းစားတွေးခေါ်တတ်ခြင်းသည် ယှဉ်ပြိုင် ရ သော လုပ်ငန်းများစွာတွင်မရှိမဖြစ် လိုအပ်သည့်အရေးပါသောအချက်ဖြစ်သည်။ မှန်ကန်စွာ စဉ်းစား တွေးခေါ်နိုင်ခြင်းဖြင့် မိမိဘဝအတွက်ရော၊ ပုဂ္ဂိုလ်တစ်ဦးချင်း အတွက်ပါမက လုပ်ငန်းရပ် တစ်ခုလုံးအတွက် ကြီးမားသောအခွင့်အလမ်းများကို ဖွင့်ပေး လျက်ရှိသည်။ အောင်မြင်သူနှင့် ရှုံးနိမ့်သူ၊ ခေါင်းဆောင်နှင့် နောက်လိုက်ငယ်သားတို့၏ ကွဲ ပြားခြားနားစေသောအရာများတွင် မှန်ကန် စွာ စဉ်းစားတွေးခေါ်တတ်ခြင်းသည် တစ်ခုအပါ အဝင်ဖြစ်သည်။

မှန်ကန်စွာစဉ်းစား တွေးခေါ်နိုင်ေ စဖို့ အတွက် မှန်ကန်စွာစဉ်းစားတွေးခေါ်မှုကို အနှောင့်အယှက်အဟန့်အတားပြုလျက်ရှိ သော အချက်၁ဝချက်ရှိသည်။ ထို၁ဝချက်ကို ရှောင်ရှားနိုင်ရန် လိုအပ်သည်။

(၁) စဉ်းစားဖို့ အချိန်မပေးနိုင်သူ

အထက်ပါစကားမျိုးကို လုပ်ငန်းခွင် ခေါင်းဆောင်များ၊ စီးပွားရေးကိုအပူတပြင်း ဆောင်ရွက်နေသောပုဂ္ဂိုလ်များထံမှ မကြာ ခဏကြားရလေ့ရှိသည်။ တကယ်ပဲစဉ်းစားဖို့ အချိန် မပေးနိုင်ဘူးလား။

မိမိလုပ်ငန်းအောင်မြင်တိုးတက်ေ ရး အတွက်စဉ်းစားတွေးတောဖို့အချိန်လိုပါသည်။ မရှိလျှင် ရှိအောင်လုပ်ရပါမည်။ စဉ်းစားတွေး ခေါ်ဖို့အချိန်မရလျှင်အောင်မြင်ဖို့လည်းအချိန် ရလာလိမ့်မည်မဟုတ်ပါ။ လူတိုင်းအတွက် တစ်နေ့လျှင် ၂၄နာရီအချိန်ရှိကြသည်။ သင့် အတွက် စဉ်းစားရန် သီးသန့်အချိန် ပို၍ပေး ရန်မဖြစ်နိုင်ပါ။ စဉ်းစားရင်းအလုပ်လုပ်၊ အလုပ်လုပ်ရင်း စဉ်းစားနိုင်ရပေမည်။ စာရေး ဆရာတစ်ယောက်အဖို့ သီးသန့်စဉ်းစားတွေး ခေါ်ရန်အချိန် ပေးချင် မှ ပေးနိုင်ပါလိမ့်မည်။ သို့သော် သွားရင်းလာရင်း၊ နေရင်းထိုင်ရင်း၊ နေ့စဉ်သမားရိုးကျ လှုပ်ရှားမှု ကြားမှပင် စဉ်းစား တွေးခေါ်ကြရသည်။ တစ်ပိုဒ်ရလျှင် တစ်ပိုဒ် ရေး၍တေးမှတ်မည်။ နှစ်ပိုဒ်ရ လျှင် နှစ်ပိုဒ် ရေး၍တေးမှတ်မည်။ ရေးရင်းစဉ်းစား၍ စဉ်းစားရင်းရေးကြသည်။ သီးခြားစဉ်းစား ပြီးမှအလုပ်လုပ်မည်ဆိုလျှင် အလုပ်ဖြစ်လိမ့် မည်မဟုတ်တော့ချေ။

(၂) အလျင်စလို စဉ်းစားဆုံးဖြတ်ခြင်း

လူဆိုသည်မှာ မိမိစိတ်ကူးနှင့်မိမိ စိတ် ကူးကိုယ်စီရှိကြသည်ချည်းဖြစ်သည် ။ သို့သော် များစွာသော အဆိုပါစိတ်ကူးများမှာ သမား ရိုးကျ သူလိုငါလို စိတ်ကူးမျိုးသာဖြစ်တတ် ကြသည်။ ရုံးဆင်းချိန်မှာ ဘီယာဆိုင်သွားပြီး အနားယူမည်ဆိုသည့်စိတ်ကူးမျိုး၊ ရုံးပိတ်ရက် မှာ ဘယ်သူ တွေနဲ့ချိန်းပြီး ဘယ်သွားမည်ဆို သည့်စိတ်ကူးမျိုး။

တချို့သော စိတ်ကူးတွေကတော့ ဘဝ နှင့်ယှဉ်၍ဖြစ်ပေါ်လာသောစိတ်ကူး မျိုးဖြစ် သည်။ ဥပမာ-တက္ကသိုလ်ဘွဲ့တစ်ခုခုယူရ လျှင် ကောင်းမည်လား သို့မဟုတ် ကိုယ်ပိုင် လုပ်ငန်း သစ်  တစ်ခုထူထောင်ရလျှင်ကောင်း မည်လား သို့မဟုတ် ကွန်ပျူတာသင်တန်း တက်ရလျှင် ကောင်းမည်လား ဆိုသောစိတ်ကူး မျိုးပင်။ အဆိုပါစိတ်ကူးမှုမျိုးသည် တွေးတော စဉ်းစားမိ သည် နှင့် ချက်ချင်းလက်ငင်းဆုံးဖြတ် လိုက်တတ်သည်။ တော်ပါပြီ လုပ်မနေတော့ ပါဘူး၊ မိသားစု ကလည်း သဘောတူမှာမဟုတ် ဘူး၊ နောက်ကျနေပါပြီ စသည်ဖြင့် အလျင် စလို ဆုံးဖြတ် မိ တတ် ကြသည်။ အပြန်ပြန် အလှန်လှန်ဆင်ခြင်သုံးသပ်မှုမျိုး မလိုအပ် ဘူးဟုမဆိုလိုပါ။ သို့တစေ မိမိ စိတ်ဆန္ဒနှင့် ယှဉ်၍ဖြစ်ပေါ်လာသောအကောင်းဘက်ပါ သည့်စိတ်ကူးစိတ်သန်းမျိုးကို ဦးကျိုး အောင် လမ်းလွှဲမပစ်သင့်ပါ။ ဖွံ့ဖြိုးရှင်သန်ခွင့်ပေး သင့်ပါသည်။ ဖွံ့ဖြိုးရှင်သန်ရန် ပြုစုပျိုးထောင် ပါ။ အချက်အလက်များစုဆောင်း၍အချိန် ယူပြီးမှ ဆုံးဖြတ်ပါ။

(၃) လေ့လာမှုကို ရပ်ဆိုင်းလိုက်ခြင်း

အသက်၂ဝကျော် ၃ဝရောက်လာပြီ ဆိုပြီး မည်သူမျှအစားမရပ်ကြပါ။ သို့သော် လေ့လာသင်ယူမှုကိုတော့ ရပ်ပစ်လိုက် ကြပါ သည်။ သင့်အဖို့ စာမဖတ်နေလျှင်ဖြစ်စေ၊ စူးစမ်း မေးမြန်းမှု မပြုလျှင်ဖြစ်စေ ခရီးထွက် သွားလာမှုမရှိလျှင်ဖြစ်စေ သင်၏စဉ်းစား တွေးခေါ်မှုနှင့် စဉ်းစားဆင်ခြင်ဉာဏ်များဖွံ့ဖြိုး တိုးတက်လာလိမ့်မည်မဟုတ်ပါ။ ထိုအခြေ အနေမျိုးကို ကုစားလိုပါက ဦးစွာ စာကြည့် တိုက်သို့သွားပါ။ သင်စိတ်ပါဝင်စားခြင်းမရှိ သော သို့မဟုတ် သင်ဖတ်၍နားမလည်နိုင်ဟု ယူဆရသော စာအုပ်တစ်အုပ်ကိုဖတ်ကြည့် လိုက်ပါ။ အစမှအဆုံး ကုန်အောင်ဖတ်ပါ။
လေ့လာသင်ယူမှုကိုမည်သည့်အရွယ် ရောက်သည်ဖြစ်စေ ရပ်တန့်၍မရပါ။ သင် တန်းအမျိုးမျိုးလိုက်တက်၍ ထာဝရကျောင်း သားကြီးလုပ်ရန် တိုက်တွန်းနေခြင်းမဟုတ်ပါ။ သင်တန်းတွေလိုက်တက်ပြီး ပြောသမျှနား ထောင်၊သင်ကြားသမျှကျက်မှတ်နြေ ခင်းထက် ကိုယ်ပိုင်ဉာဏ်ဖြင့်စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ဖို့လိုပါသည်။ အသိဉာဏ်သိုလှောင် ရုံကြီးအတွင်း၌အချက်အလက်များကိုစုဆောင်း သိုလှောင်ထားရပါမည်။ ထိုသို့မပြုလုပ်ပါက ထိုင်းအ၍ ဉာဏ်တုံးသွားနိုင်ပါသည်။ ကိုယ် တိုင်လေ့လာမှုကိုရပ်ဆိုင်းလိုက်ခြင်းရော၊ သင် တန်းဟူသရွေ့ လိုက်တက်နေခြင်းရောပါ စဉ်းစားတွေးခေါ်မှု ကိုယ်ပိုင်အခွင့်အလမ်းကို အတားအဆီး ဖြစ်စေပါသည်။

(၄)သင့်အရည်အချင်းကို ဝှက်မထားပါနှင့်

ဗိသုကာ ဖရန့်ရွိုက်လိုက်က ပလွှားခြင်း နှင့်ဟန်ဆောင်နှိမ့်ချခြင်းတွင် ပလွှားခြင်းကို သာ ရွေးချယ်ရမည်ဟုဆိုသည်။ ပလွှားခြင်း သည် အနိမ့်ဆုံးအားဖြင့် တစ်စုံတစ်ရာကိုဆောင်ရွက် ပြီး ဖြစ်စေသည်။ ဟန်ဆောင်နှိမ့် ချခြင်းဖြင့် မည်သည့်တစ်စုံတစ်ရာကိုမျှ မဖြစ်ပေါ်စေသည့်ပြင် မိမိဘာသာမိမိ ‘ငုပ် ကောင်’ အဖြစ်သို့ရောက်ရှိသွားစေနိုင် သည်။ ပလွှားခြင်းသည် မိမိအရည် အချင်း ကိုပြသရာ ရောက်၍ ဟန်ဆောင်နှိမ့်ချနေခြင်းကမိမိ အရည်အချင်းကိုသ ို ဝှက်ထား သကဲ့ သို့ ဖြစ်စေ သည်။ သင့်အရည်အချင်းကိုဖော်ထုတ်ခြင်း ဖြင့်သာ သင်၏ အရည်အချင်း ပိုမိုတိုး တက် လာနိုင်သည်။ မိမိကိုယ်မိမိ နှိမ့်ချဟန်ဆောင် နေခြင်းဖြင့် အသုံးမပြုဘဲထားသော ဓားကဲ့သို့ ဖြစ်ကာ သံချေးတက်၍ အသွားတုံးလိမ့်မည်။ ထို့ကြောင့် သင်၏အရည်အချင်းကိုတိုးတက် ဖွံ့ဖြိုးစေပြီး စဉ်းစားဉာဏ်ထက်သန်လိုပါက ‘ဒါမျိုးက လူတိုင်းလုပ်လို့ရပါတယ်’ ၊ ‘ကျုပ် လုပ်နိုင်တာ ဒါလောက်ကြီးလည်းမဟုတ်သေး ပါဘူး’ ဆိုသောစကားမျိုး လုံးဝမပြောမိပါ စေနှင့်။

(၅) အာရုုံမများပါနှင့်၊ စွဲစွဲမြဲမြဲလုပ်ပါ

တစ်စုံတစ်ခုကို ထိုင်ရင်း ၁ဝမိနစ်ခန့် စဉ်းစားပါ။ သင်ဆုံးဖြတ်ရမည့်ပြဿနာ သို့မဟုတ် သင်ရေးရမည့်အစီရင်ခံစာ သို့မဟုတ် တစ်ပတ်စာဟင်းလျာစသည်တို့ကို စဉ်းစားပါ။ မိနစ်ဝက်ခန့် အတွင်း မှာပင် သင် လုပ်ဆောင်ရမည့်အရေးတကြီးအလုပ် တစ်ခုကို စဉ်းစားမိပါလိမ့်မည်။ ဥပမာ – ငှားထားသော စာအုပ်ကိုစာကြည့်တိုက်သို့ပြန်ပို့ရန်သို့မဟုတ် သင့်ကလေးပညာရေးအတွက် ဆရာ၊ ဆရာမ နှင့်သွားရောက်တွေ့ဆုံရန် စသည် စသည် တစ်ခုမဟုတ် တစ်ခု တွေးမိပေ လိမ့် မည်။ ပေါ် လာသမျှ အတွေးများနောက်လိုက်၍သာ စဉ်းစားနေမည်ဆိုလျှင် သင်၏အတွေးလည်း ဆုံးတော့မည်မဟုတ်သလို မည်သည့်လုပ်ငန်း မှလည်း အကောင်အထည်ဖော်ဖြစ်တော့မည် မဟုတ်ပါ။

တကယ်တော့ သင်၏အတွေးအိမ်ထဲမှ တွေးတောသမျှသည် သိပ်ပြီးအရေးပါလှ သည်တော့ မဟုတ်ပါ။ သင်၏စိတ်လှည့်စားမှု ကြောင့် သင့်အတွက် အရေးကြီးလှပြီဟုထင် နေခြင်းသာဖြစ်ပါသည်။ ထိုသို့စဉ်းစားလိုက်၊ စဉ်းစားမိသမျှ လိုက်လုပ်လိုက်သာ လုပ်နေ ပါက သင်၏လက်ရှိအရေးပါသောလုပ်ငန်း များကိုလုပ်ဆောင်ဖြစ်မည်မဟုတ်ေ တာ့ပါ။ ဗာဟီရကိစ္စ၊ အသေးအဖွဲကိစ္စတွေနှင့်သာ အချိန်ကုန်လွန်ပါလိမ့်မည်။ ထို့ကြောင့် တစ်စုံတစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲလုပ်ပါ။ အာရုံထွေပြားစိတ်မများပါနှင့်။