ကိုယ်မွေးတဲ့ ကလေးက အဖေကို မှတ်မိအောင် ငယ်ငယ်ကတည်းက အမှတ်သညာ ထဲ့ပေးရတယ်။ မယုံရင် ရေခြားမြေခြားမှာ စီးပွါးရေးရှာတဲ့ အဖေများဆိုရင်…ဝေးဝေးတစ်ခေါက်မှ ပြန်လာတော့ သူ့သားသမီးက သူ့အဖေကို မမှတ်မိတော့ဘဲ အဖေကိုခေါ်ဖို့ ၀န်လေးနေတယ်။

ဒါငယ်ငယ်တုံးက သူ့အဖေမှန်းသိအောင် အမှတ်သညာ ကို ကောင်းကောင်း မထဲ့ခဲလို့ ၊ အသင်ကြားမခံ ခဲ့ရလို့ဘဲ။ ဒါကို ကလေး အဖေ အစစ်ဘဲလို့ပြောလည်း ကလေးက မမှတ်မိဘဲ နောက်ထပ် အိမ်ထောင် ပြုတဲ့ ပထွေးကိုဘဲ အဖေအစစ်ဆို ပြီး ပြောတဲ့လူကိုတောင် လူလိမ်လို့တောင် ကလေး ကအပြစ်တင် ဦးမှာ ကတော့ အသေချာပါ..

 

ယနေ့ မိရိုးဖလာမှာ နှစ်မွန်းနေတဲ့ လူတွေလည်းဘဲ ယခုသူတို့ ကိုးကွယ်နေတဲ့ ဘုရားကို ဘုရား အစစ် မဟုတ်ဘူးလို့ သွားပြော ကြည့်ပါလား  သူတို့ လက်မခံဘူး။ သူတို့က ပထွေးကိုဘဲ အဖေ လို့ခေါ်ချင် သေးတာကို.. ဒါငယ်ငယ် ကတည်းက အသင်ကြားမခံ ခဲ့ ရလို့ဘဲ။

ဒို့လည်း အသင်ကြား မခံခဲ့ရပါဘူး ၊ မိရိုးဖလာ အစဉ်အလာ ကြားမှာ ကြီးပြင်းလာခဲ့ရတဲ့ လူပါဘဲ။  ဒါပေမဲ့ ဒို့ ကို အဲဒါမင်းအဖေ အစစ်မဟုတ်ဘူးဆိုတာကို

အချက် အလက်ကျကျ ပြောပြနိုင်တဲ့လူ ကိုလည်းတွေ့ခဲ့တယ်… သူပြောတာ ဟုတ်မဟုတ် ဆိုတာကိုလည်း အပြော နဲ့ လက်တွေ့ တစ်ထပ်ထဲ ဖြစ် မဖြစ်ဆိုတာ ကိုယ်ပိုင် ဥာဏ်အဖြစ်ဝေဖန် ဆန်းစစ်နိုင် ခဲ့လို့ အဖေ အစစ်ဆိုတဲ့ ဘုရား ကိုတော့ ဒို့တွေ့ပြီ လို့ပြောရတာပါ..

အဖေ အစစ်လို့  ခေါ်ချင်သူများ သိမြင်ခွင့်ရပါစေ ဆိုပြီး…..

 

 

About Ko out of...

Ko out of... has written 91 post in this Website..