“နေမင်းကြတ်တဲ့နေ့”

 အလင်းရောင် ကွယ်ပျောက်

ညရောက်သလို

စိမ်းစိုနေတဲ့ သစ်ရွက်တွေလည်း

မွဲမွဲခြောက်ခြောက် အရောင်ပျောက်ကွယ်

အမှောင်အောက်ဝယ်

ငှက်ငယ်တွေ တေးသံပိတ်

တိတ်ဆိတ်အေးစက်

အမှောင်လက် ဖြည်းဖြည်းကျယ်ပြန့်

စိတ်မသန့်အောင် များလားကွယ်….။

တကယ်က – “လ” ဆိုတာ..

“နေ”ထက်သေးငယ်၊

ပေးကွယ် လို့ရလည်း….

ခဏပဲလေ…

အလင်းရောင်ပျောက်၊ မွဲခြောက်သွားလည်း

အမြဲရှိတဲ့ သစ်ရွက်ရောင်က စိမ်းမြမြပါ…

ငှက်တွေဆိုတာ…အစာရှာရင်း

တေးချင်းသီကြ၊ သဘာဝဖို့…

တားထားလို့လည်း – မရဘဲကွယ်….

စိတ်မငယ်နဲ့

ပိတ်ကွယ်တဲ့ “လ”ကြောင့် – တဒင်္ဂအဆင်းမှေးလည်း

အလင်းပေးတဲ့ နေမင်းဟာ ရှိ“အမြဲ”မို့..

ဒေါင်းယာဉ်သာလျှင်..

ကောင်းကင်ပြာလွင်အောက်မှာ…

ကမ္ဘာတစ်ခွင်စိမ်းလန်း၊ ထာဝစဉ်ငြိမ်းချမ်း

ပျော်ရွှင်ခြင်း-ချစ်ခင်ခြင်း-ပန်းပွင့်တွေနဲ့

“တို့ကမ္ဘာ”လျှမ်းတင့်နေမယ့်နေ့ကို

ရည်စူးရင်းကြည်နူးခြင်းနဲ့

တွေးတွေးဆဆ၊ ဖေးဖေးမမ

လောကအလှ ဆင်နေရအောင်….။

 

အပြာရောင်နှင်း(၁၄-၂-၂၀၁၀)၊

တနင်္ဂနွေနေ့။

About nyanakyaw

has written 5 post in this Website..