nyanakyawAugust 27, 20121min883
ကျမ်းဂန်၌ ပါသော ထိုမထေရ်များ၏ ဘဝအတ္ထုပ္ပတ္တိကို လေ့လာကြည့်သောအခါ အံ့ဩဖွယ် ဆင်တူနေသည်ကို တွေ့ရှိရပေသည်။ သိဂ္ဂဝမထေရ်သည် ဗြာဟ္မဏအိမ်ထောင်စု တစ်ခုတွင် ဆွမ်းလာရပ်သည်မှာ ခုနှစ်နှစ် ခုနှစ်မိုးရှိသွားပြီ။ သို့သော် မထေရ်သည် ဗြာဟ္မဏအိမ်ထောင်စုမှ ဆွမ်းတစ်လုပ်စာ သို့မဟုတ် ယာဂုတစ်ဇွန်း တစ်ယောက်မ စာမျှပင် မရရှိပေ။ တစ်နေ့သောအခါ၌ ထိုဗြာဟ္မဏအိမ်ထောင်စုက အိမ်ရှင် ဗြာဟ္မဏကြီးသည် ကိစ္စတစ်ခုနှင့် အပြင်ထွက်ရာမှ အိမ်အပြန်လမ်းတွင် သိဂ္ဂမထေရ်ကို တွေ့သည်။ ဗြာဟ္မဏကြီးက “အိမ်က ဆွမ်းရခဲ့ရဲ့လား ကိုယ်တော်”ဟု ငေါ့တော့တော့ မေးလိုက်သည်။ မထေရ်က “ရခဲ့ပါတယ်”ဟု ပြန်ဖြေသည်။ ဗြာဟ္မဏကြီးသည် အိမ်ပြန်ရောက်သောအခါ အိမ်က လူများအား “ရဟန်းကို ဘာဖြစ်လို့ ဆွမ်းလောင်း လိုက်ရသလဲ”ဟူ၍ မာန်မဲကြိမ်းမောင်းသည်။ အိမ်ကလူများက “ဆွမ်း တစ်ဇွန်းမျှ မလောင်းပါဘူး။ ခါတိုင်းလိုပါပဲ” […]


nyanakyawJuly 14, 20121min1085
အောင်ပန်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်သံဃနာယကအဖွဲ့တို့ ပူးပေါင်းပြီး အထက်အဖွဲ့အစည်းအသီးသီးရဲ့ ညွှန်ကြားခိုင်းစေမှု မပါဘဲ (၉-၇-၂၀၁၂)နေ့တွင် မတရား စွပ်စွဲဖမ်းဆီးထားသော ဆရာတော် ဦးဥတ္တမ၏ အမှုကိစ္စအား ပံ့ပိုးကူညီနေသော ဒေါ်နွဲ့နွဲ့ဌေး အပါအဝင် လူပုဂ္ဂိုလ်(၃၀)ဦးအား မိုးပြာဝါဒ ကို ယူ/မယူ၊ စွန့်လွှတ်/မလွှတ် လက်မှတ်ရေးထိုးပွဲ ကို အာဏာသုံး စီစဉ်ခဲ့မှုဖြစ်ပါသည်။ အစည်းအဝေးသတင်းနှင့် ပတ်သက်၍ အောက်ပါ လင့်တွင် ကြည့်ရှုနိုင်ပါသည်။ http://www.thithtoolwin.com /2012/07/blog-post_4782.html ထို့နောက် ထိုပုဂ္ဂိုလ်(၃၀)ဦး အသီးသီးထံသို့ ဆင့်ခေါ်စာများရောက်ရှိလာပါသည်။ အဆိုပါ ဆင့်ခေါ်စာသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဆင့်ခေါ်ခြင်းဖြစ်ပြီး (၁၃-၂-၂၀၁၂)ရက်နေ့ နေ့လည်(၂)နာရီတွင် မြို့မ ပရိယတ္တိစာသင်တိုက်သို့ အထက်ပါကိစ္စနှင့် ပတ်သက်၍ လက်မှတ်ထိုးခိုင်းရန် ဖြစ်ပါသည်။ ထိုသို့ ဆင့်ခေါ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအထက်အဆင့်ဆင့် အုပ်ချုပ်ရေးမှူးများ နှင့် သာသနာရေးမှူးတို့ […]


nyanakyawFebruary 16, 20121min781
“နေမင်းကြတ်တဲ့နေ့”  အလင်းရောင် ကွယ်ပျောက် ညရောက်သလို စိမ်းစိုနေတဲ့ သစ်ရွက်တွေလည်း မွဲမွဲခြောက်ခြောက် အရောင်ပျောက်ကွယ် အမှောင်အောက်ဝယ် ငှက်ငယ်တွေ တေးသံပိတ် တိတ်ဆိတ်အေးစက် အမှောင်လက် ဖြည်းဖြည်းကျယ်ပြန့် စိတ်မသန့်အောင် များလားကွယ်….။ တကယ်က – “လ” ဆိုတာ.. “နေ”ထက်သေးငယ်၊ ပေးကွယ် လို့ရလည်း…. ခဏပဲလေ… အလင်းရောင်ပျောက်၊ မွဲခြောက်သွားလည်း အမြဲရှိတဲ့ သစ်ရွက်ရောင်က စိမ်းမြမြပါ… ငှက်တွေဆိုတာ…အစာရှာရင်း တေးချင်းသီကြ၊ သဘာဝဖို့… တားထားလို့လည်း – မရဘဲကွယ်…. စိတ်မငယ်နဲ့ ပိတ်ကွယ်တဲ့ “လ”ကြောင့် – တဒင်္ဂအဆင်းမှေးလည်း အလင်းပေးတဲ့ နေမင်းဟာ ရှိ“အမြဲ”မို့.. ဒေါင်းယာဉ်သာလျှင်.. ကောင်းကင်ပြာလွင်အောက်မှာ… ကမ္ဘာတစ်ခွင်စိမ်းလန်း၊ ထာဝစဉ်ငြိမ်းချမ်း ပျော်ရွှင်ခြင်း-ချစ်ခင်ခြင်း-ပန်းပွင့်တွေနဲ့ “တို့ကမ္ဘာ”လျှမ်းတင့်နေမယ့်နေ့ကို ရည်စူးရင်းကြည်နူးခြင်းနဲ့ တွေးတွေးဆဆ၊ ဖေးဖေးမမ လောကအလှ ဆင်နေရအောင်….။   […]


nyanakyawFebruary 16, 20121min24114
“ဂရုဏာရှင် လမ်းပြကြယ်စင်”  တို့ဆရာကား တပည့်များကို မကောင်းမြစ်တာ ကောင်းရာညွှန်လတ် လုပ်ခဲ့တယ်။ တို့ဆရာကား တပည့်များကို ပဲ့ပြင်ဆုံးမ ကိလေသာမှ ဘေးရန်ဆီးကာ လုပ်ခဲ့တယ်။ တို့ဆရာကား တပည့်များကို သနားသည်းခံ ဝေဖန်ထောက်ရှု ပြုခဲ့တယ်။ ဒီဟာကို “စစ်”၊ ဒီဟာကို “ပစ်”၊ ဒီဟာ “တရား”၊ ဒီဟာ “အမှား” ပြတ်ပြတ်သားသား သိစေခဲ့တယ်။ “ဘယ်လိုပါလိမ့်” “ဟိုလိုလား” “သည်လိုလား” ဝေဝါးမရှိ။ ကိုယ်လုပ်တာ ကိုယ်သိ၊ ကိုယ် မလုပ်တာ ကိုယ်သိ။ “ပစ်စရာ” နဲ့ “အနှစ်ရတနာ” ပိုင်းခြားသိမြင်၊ လူ “စင်စင်”လေး၊ မေ မွေးရကျိုး နပ်ခဲ့ပြီ….. အမှန်ချစ်သူဟာ အမှန်သိလျှင် အမှန်အတိုင်းမြင်၊ အမှန်အတိုင်းတွေး အမှန်အတိုင်းပြော၊ အမှန်အတိုင်းပြု အမှန်အတိုင်းနေ၊ အမှန်အတိုင်းကြိုးစား အမှန်အတိုင်း […]


nyanakyawNovember 28, 20111min1285
လောကလူသားအားလုံး အမှန်တရားကို မနှစ်ကြိုက်သူမရှိ၊ သို့ပေမယ့် မှန်ကန်ရုံမျှဖြင့် လူသားငြိမ်းချမ်းတိုးတက်မှု လမ်းစဉ်မဟုတ်ပါ။ ယနေ့ကမ္ဘာ့လူသားအားလုံး လွတ်လပ်မှုနှင့်ငြိမ်းချမ်းတိုးတက်မှုကို အထူးလိုလား ကြပါသည်။ ဒါကိုပင် ဒီမိုကရေစီစနစ်ဟု ပြောဆိုကျင့်သုံးနေကြပါသည်။ လွတ်လပ်မှုဆိုသည်မှာ တစ်ဦးတစ်ယောက် ကောင်းစားလွတ်လပ်မှုမဟုတ်ပါ။ လူသားထု တစ်ရပ်လုံးအတွက်ဆိုတာ သိဖို့လိုအပ်ပါလိမ့်မယ်။ မြန်မာနိုင်ငံတွင်းရှိ အခြေခံလူတန်းလွှာထဲတွင် အများဆုံး ကြားသိနေရပါတယ်။ ဒီမိုကရေစီတော့ မလိုချင်ပါဘူးကွာ။ မင်းမှာလဲ အမေတို့ အစ်မတို့ ရှိတာပဲ ငါ့မှာလဲ ရှိတာပဲဆိုပြီး ပြောဆိုနေကြပါတယ်။ ဒီလိုလူတန်းလွှာတွေကို ဒီမိုကရေစီစနစ်၏ အနှစ်သာရ သဘောတရားတွေ နားလည်လာဖို့အတွက် အထူး လိုအပ် ပါတယ်။ လွတ်လပ်မှုနှင့်ငြိမ်းချမ်းတိုးတက်မှုဆိုတာ ခွဲခြားပြောဆိုလို့ မရပါဘူး။ လွတ်လပ်မှုကို တိုင်းတာရန်အတွက် ငြိမ်းချမ်းတိုးတက်မှုသည် စံဖြစ်ပါသည်။ ငြိမ်းချမ်းတိုးတက်မှုမရှိသော လွတ်လပ်မှုသည် အနစ်သာရမရှိသော လွတ်လပ်မှု၊ လွတ်လပ်မှုဟုနှုတ်မှပြောရုံမျှ လွတ်လပ်မှုပင် ဖြစ်ပါသည်။ […]