ကျနော် ဘယ်ကနေလမ်းလျှောက်ရမလဲဗျာ

1 ကားကပလက်ဖောင်းေ့ပါ်တက်ရပ်ထားတာလေ ဆိုင်ကယ်စတင်းကလဲ ပလက်ဖောင်းပေါ်မှာ

2 လူသွားလမ်းပေါ်က ဆိုင်ကယ်စတင်းရယ် အလုပ် လုပ်နေတဲ့သူရယ်
3 လမ်းပေါ်မှာလဲ ရပ်ချင်သလိုရပ်တော့ ဒီလိုတွေညိကုန်တာပေါ့ဗျာ
ဒီကားမှာလဲ ရှေ့သွားချင်ပါရဲ့နဲ့သွားလို့မရ
5 ပလက်ဖောင်မှာ မီးစက် ဆိုင်ကယ် ကား ကဲ...........လူဘယ်က သွားမလဲ
6 ထားချင်လိုထား သွားချင်သလိုသွား

7 အိမ်နောက်ဖေး ဈေးဆိုင်တည် တာ မဟုတ်ဘူး လမ်းမပေါ်ဈေးဆိုင်တည်ထားတာ
8 ဘုရားစူး မိုးကြိုးပစ် တစ်လမ်းမောင်း ကုန်တင်တဲ့လှည်းက ပြောင်းပြန်ဝင်လာပြီးကုန်ချ ကားတွေကလမ်းဘေးမှာနှစ်ဖက်အပြည့်ရပ်
“ကျနော်ဘယ်နားကလမ်းလျှောက်ရမ လဲဗျာ”

 

ပြီးခဲ့တဲ့ရက်က နယ်က သူငယ်ချင်းတစ်ယောက်မန်းလေးရောက်လာပါတယ်။

သူက မုံရွာဘက်က လာတော့ 22စီလမ်းဘက်က သိရိမန္တာကား ဝင်းကြီးမှာ ကားဂိတ်ဆုံးပါတယ်။

ကျနော်ဆီဘယ်လိုလာရမလဲမေးတော့ လာခေါ်ရမလားမေးပေမယ့် မရောက်တာကြာလို့ လမ်းလျှောက်ချင်တယ်လို့ပြောပါတယ်။

နောက်သူက သယ်စရာ ခရီးဆောင်အိတ်တစ်လုံးဘဲပါလာတော့လာမကြိုနဲ့ဆိုပြောပါတယ်။.

အဲဒါနဲ့သူနဲ့ကျနော်ဆုံရအောင် လမ်း30 80-81 ကြားကလက်ဖက်ရည်ဆိုင်မှာချိန်းလိုက်ပါတယ်။

သူအလွန်ဆုံးကြာ နာရီဝက်ပေါ့။

ကျနော်လဲသူနဲ့ဖုန်းပြောပြီး အတော်လေးကြာတာတော့ လက်ဖက်ရည်ဆိုင်ကနေသွားစောင့်နေလို်က်ပါတယ်။

မလာမလာ နဲ့စောင့်နေလိုက်တာ လမ်းများမှားသွားလားလို့တောင် ပူမိပါတယ်။

သူဖုန်းဆက်ပြီး တစ်နာရီကျော်ကျော်လောက်ကြာမှ မောကြီးပန်းကြီးနဲ့ရောက်လာပါတယ်။

ဘာလို့ဒီလောက်ကြာလဲဆိုတာကို မေးတော့ “လမ်းလျှောက်စရာနေရာမရှိလို့ပါတဲ့”

လမ်းမပေါ်တက်လျှောက်တော့လဲ ကားတွေဆိုင်ကယ်ပြည့်ညှပ်နေတော့ မလျှောက်ရဲဘူးတဲ့ဗျာ။

သူကျနော်ကို မေးတဲ့မေးခွန်းက

 

“ကျနော်ဘယ်နားကလမ်းလျှောက်ရ မလဲဗျာ”တဲ့။

နောက်နေ့ ကျနော်အပြင်ထွက်ရင် ဟိုနားဒီနား တို့တို့တိတိနဲ့ လက်ဆော့ခဲ့ပါတယ်။

ဒီပုံတွေကိုပြန်ကြည့်လိုက်မှ သူမေးခွန်းကိုဘယ်လိုဖြေရမှန်းမသိဖြစ်သွားပါတယ်။.

ကျနော်တို့ကသွားလေရာရာ ဆိုင်ကယ်နဲ့ဆိုတော့ လမ်းလျှောက်တာကိုသတိမထားမိဘူး။

ကဲ မန်းလေးသားတို့ရေ……………..

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးများ

(1-3-2012)

 

 

 

66 comments

  • water-melon

    March 2, 2012 at 8:20 am

    လေးပေါက်ရေ
    ဒီလိုပါဘဲဗျာ
    ဆိုင်တွေကလည်း ရှေ့မျက်နှာစာကိုဝယ်ထားတာလားမသိ
    ပလက်ဖောင်းတွေလဲ ဈေးသည်တွေနဲ့
    ရယ်ချင်လိုက်တာ လမ်းလျှောက်သူများ ပလက်ဖောင်းပေါ်က တက်လျှောက်ပါတဲ့။
    ခုတော့ လမ်းလည်ခေါင်ကဘဲတက်လျှောက်နေရတယ်။
    အမြင်မတော်တာတွေကတော့ အများကြီးဘဲလေးပေါက်ရေ။
    ပြောပြန်ရင်လဲ မောင်ကြီးလွန်အုန်းမယ်။

  • အခြားသူတွေကို ထိခိုက်နစ်နာစေချင်တဲ့ ဆန္ဒတော့မရှိပါဘူး။
    ဝမ်းဝေးလိုု့ဆိုလိုက်တာနဲ့ ဘေးတစ်ဘက်တစ်ချက်မှာကားအပြည့်ရပ်တယ်။
    ဆိုက်ကားတွန်းလှည်း က ပြောင်းပြန်တွန်းဝင်တယ်။
    ဆိုင်ကယ် ဘတ်စကားတွေက ပြောင်းပြန်စီးတယ်.။
    ပလက်ဖောင်းမှာ အမြဲထားတဲ့ယာဉ်ရပ်တယ်။
    ကားထားတယ် မီးစက်ထားတယ်။
    ဆိုင်ဖွင့်တယ်။
    ပလက်ဖောင်းဘေးမှာ ဆိုင်ကယ် ကား ရပ်ထားတယ်။
    အဲတော့လူက အသက်ဖက်နဲ့ထုပ်ပြီး လမ်းပေါ်က လျျောက်ပေါ့ဗျာ။
    ဒါတွေက ပြင်ရင်ရနိုင်တဲ့အတွက် ပုံနဲ့တကွတင်ပေးလိုက်တာပါ။
    ယာဉ်အရေအတွက်တိုးလာပေမယ့်လမ်းက ပိုကျယ်မလာဘူး။.
    ဒီအထဲစည်းကမ်းမဲ့ကြတော့ ပိုဆိုး။
    ဒါတွေပြင်ဘို့က ကျနော်က အစ အားလုံးတာဝန်လို ့ ဆိုချင်ပါတယ်ဗျာ။

  • htoosan

    March 2, 2012 at 8:59 am

    ကိုပေါက်ရေ .. ရန်ကုန်မှာ ပလက်ဖောင်းပေါ် လမ်းလျှောက်လို့ ရအောင် လမ်းဘေး ဈေးသည် ရှင်းမယ်လုပ်တော့ မီဒီယာတွေက နေ ဝိုင်းအော်ကြတယ် ။ သူတို့ ရဲ့ ဝမ်းရေးခက်ကုန်ပါပြီဆိုပြီး ။
    နောင် ဆောက်မဲ့ အဆောက်အဦးတွေ အောက် ကားပါကင် ပါရမယ်ဆိုတော့ ဆောက်လုပ်ရေးသမားတွေက မကိုက်ဘူး ။ မဆောက်တော့ဘူး ။ တိုက်ခန်းတွေ ဈေးတက်တော့မယ် ဆိုပြီး တစ်ခါ အော်ကြပြန်တယ် ။
    အဖြစ်ရှင်းတာ မဟုတ်ဘဲ စီမံကိန်းချ သေသေခြာခြာ ရှင်းမှ ရမဲ့ ကိစ္စပါဘဲ။
    ကားပါကင် စီစဉ်ပေးတာကစ လို့ လမ်းဘေးဈေးရောင်းသူများအတွက်ပါ ထည့်သွင်းရမှာမို့ အာဏာပိုင်များမှ ပါဝင် ရမှာပါ ။ ကျွန်တော်တို့ တစ်ဦးချင်းလုပ်လို့ရမှာက တော့ ဒာခု ကိုပေါက်တင်သလို ပုံတွေ တင်။
    ကိုယ့်ကား ဆိုင်ကယ် စက်ဘီးရပ်တဲ့ အခါမှာ သူများ အနှောက်အယှက် မဖြစ်အောင် ဘယ်လို ရပ် မလဲဆိုတာလေးကြိုတွေးပြီးရပ် ။ ဒါလေးတွေက တော့ ကိုယ်လုပ်နိုင်တာပေါ့နော် ။။။။

  • နွေဦး

    March 2, 2012 at 9:03 am

    ကဲ မြို့တော်ဝန် အသစ် ရေ…
    ကားတစီးနဲ့ မြို့ပါတ်ပီး
    ဘယ်လို သာယာအောင် လုပ်မယ်ဆိုပီး
    ကြည့်မနေနဲ့အုံး…
    လမ်းလျှောက် ပီးလဲ မြို့ကို
    စနည်းနာ ကြည့်ပါအုံး..
    ထိုင်ဘို့ မကြိုးစားနဲ့အုံး..
    လမ်းလျှောက်လို့ ရအောင် အရင်လုပ်ပေးပါ…

  • ကိုရင်မောင်

    March 2, 2012 at 9:54 am

    အောင်မငေးငေး
    တို့နိုင်ငံစည်ကားလိုက်ပုံများ
    လမ်းတောင်ပျောက်နေပါပေါ့လား….

  • windtalker

    March 2, 2012 at 9:59 am

    ဦးပုတ်နေ ့ဓါတ်ပုံ မှတ်တမ်းများ ။ ၈၅ လမ်းသွါး

  • laypai

    March 2, 2012 at 10:02 am

    မြို့တော်ဝန် အသစ် ကိုပုံ တွေ နဲ့ ကြို ဆိုတာလား ဆြာပေါက်။

  • ကြောင်ကြီး

    March 2, 2012 at 10:31 am

    မြေလျှိုးမိုးပျံတဲ့ အတတ်မှ မလေ့ကျင့်ထားဘဲကိုး…

  • ဆူး

    March 2, 2012 at 10:39 am

    ဆိုင်ကယ်တွေ စက်ဘီးတွေ အများကြီးပဲနော်..
    ဗီယမ်နာမ် မှာ သူ့ နိုင်ငံရဲ့ ထရိတ်မတ် ဆိုပြီး ဆိုင်ကယ်တွေ မီးပွိုင့်မှာ တန်းစီနေတဲ့ ပုံကို အကျီတွေမှာ ဒီဇိုင်းလုပ်ပြီး ရောင်းတယ်။
    မန်းမှာလည်း အဲလို အင်္ကျီ ဒီဇိုင်းထုတ်လို့ ရနိုင်တယ် ထင်တယ်။

  • ဟုတ်ပါရဲ့ မြို့တော်ဝန်အသစ်ကို လမ်းလျှောက်မရတာနဲ့ကြိုဆိုလိုက်သလိုဖြစ်သွားပါတယ်

  • Diamond Key

    March 2, 2012 at 12:37 pm

    မသိလို့ မေးတာလား ………သိရက်နဲ့ မေးတာလား ……. ဒီအကြောင်းကို တစ်မြို့ လုံး အသိဆုံးပါ …. 😛
    မင်းက မသိသလို ဆိုလာတော့ ………… မင်းအမေးကိုပဲ ကိုယ်ဖြေရအုံးမယ် …. ” သူတို့ မတွေ့ဘူးဟယ်” 😀 “သူတို့တွေလာရင် ရှင်းပြီးသားမို့ဟယ်” “သူတို့တွေက ပြောပြီးမှသာ လာကြတယ်၊ ဒီလိုမျိုးတွေ တွေ့ရမှာ စိုးလို့ဟယ်” :mrgreen:

  • marblecommet

    March 2, 2012 at 2:48 pm

    အော် ….
    ကိုပေါက်တို့ ကိုပေတို့ မန်းသားဒွေ ဘွ
    သနားလိုက်ထှာ…….ဟိဟိ…..

    • inz@ghi

      March 2, 2012 at 3:00 pm

      သူများ သနားထှာ လုပ်မနေပါနဲ့ ကိုကမ်းရာ…
      ကိုယ့်ဆြာသာ
      မြေနီကုန်း တဝိုက်
      လှည်းတန်း တဝိုက်
      သမိုင်းလမ်းစုံ တဝိုက်


      😀
      လမ်းမပေါ်ကလျောက်ရင်း ကားမတိုးအောင် ..သတိထားပါ..နော..

  • marblecommet

    March 2, 2012 at 3:17 pm

    ဒီမယ် ကိုဂီ…..
    အနော်က ဇီးကွက်လေ……ဇီးကွက်ဆိုဒေါ့ညမှ ထွက်တယ်
    ဒီတော့ အိုက်ဒီပြသနာ မကြုံရဘူး ဟိဟိ
    ဘသူသေသေ ငတေမာရင်ပီးရော ကမ်းဂျိ……
    ဖလပ် ….ဖလပ်…..ဖလပ်….ပျံပီ
    ကိုပေါက်ရိုက်မှာစိုးလို့…….

    • ဆူး

      March 2, 2012 at 3:36 pm

      ဟာ ဟိုမှာ ကျီးကန်း တကောင်.. လိုက်ကွ လိုက်ကွ.. လေးဂွ နဲ့ ပစ်…
      😀 😀

  • marblecommet

    March 2, 2012 at 3:21 pm

    ကိုပေါက် ကျော်ဟိန်းလေသံဖြင့်မေးရင်
    ဖင်ကလေး လိမ်ကျစ် လိမ်ကျစ်ပါ လုပ်ပြ…..

  • Thel Nu Aye

    March 2, 2012 at 3:30 pm

    စဉ်းစားနေတာ။ ဟိုတခါစည်းကမ်းပျက်တွေကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ပိုစ့်ဖတ်ပြီးကတဲက။ အဲဒီလို ပုံမျိုးတွေ ကိုသက်ဆိုင်ရာမြို့တော်ဝန်တွေဆီရောက်အောင်တိုက်ရိုက်ပို့နိုင်ရင်ပိုကောင်းမလား။ ဂျာနယ်မှာထဲ့ ရင်ကောင်း မလားစဉ်းစားနေတာ။ တခုခုတော့လုပ်ချင်နေတာ။ ဘယ်လိုလုပ်ရင်ကောင်း မလဲစဉ်းစားပေးကြပါအုံး။

  • marblecommet

    March 2, 2012 at 3:53 pm

    ဖွားဆူး
    အနော်က ကျီးကန်းဟုတ်ဘူးလယ်…..
    အနော်က
    ဇီးကွက်လယ် ဇီးကွက်……..
    ဖလပ် …ဖလပ်….ဖလပ်…..

    • ဆူး

      March 2, 2012 at 4:01 pm

      ရွာထဲမှာ ပိတ်ရက်ဆိုတော့ သရဲခြောက်နေလို့ နောက်တာပါ။
      ဇီးကွက် ဆိုတော့ ဇီးကွက်ပေါ့.. ညငှက်ကြီးပေါ့နော်.. ကြောက်ချာကြီး..
      စကိတ်စီးပြီး ပြေးပြီး။

  • marblecommet

    March 2, 2012 at 4:20 pm

    ဟုတ်ပါ့
    အနော်က ညငှက် ကြီးပါ
    ည အချိန်မတော် အစာရှာစားရတဲ့ ဘွပါ.
    ဖွားရယ်….
    ငှက်ပျောဖက်ပေါ် အိပ် ကိုယ်ဖော့ပညာနဲ့
    လစ်ပီ ဝှစ် ဝှစ် ဝှစ်…..

  • blackchaw

    March 2, 2012 at 4:36 pm

    အင်း … ကိုပေါက်ကြီးကတော့
    ပြောပြန်ရင်လည်း အောင်မောင်းလွန်ရာကျအောင်
    လုပ်နေပြန်ပါပြီဗျာ…။
    လက်မလေး တစ်ချောင်းထောင်ပြီး အားပေးသွားပါတယ်ဗျာ။
    😀

  • သွားတိုင်းလဲရောက်ချင်မှရောက်မယ်။
    ပြောတိုင်းလဲပေါက်ချင်မှပေါက်မယ်။
    ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ
    ပေါက်သည်ဖြစ်စေ မပေါက်သည်ဖြစ်စေ
    သွားနေရ ပြောနေရမှာက ကျနော်တို့အားလုံးတာဝန်ဖြစ်သလို၊
    ပြုပြင်ဘို့ကတော့ ကျနော်တို့ကိုယ်တိုင်ပါဝင်ဘို့လိုပါတယ်။

  • MaMa

    March 2, 2012 at 4:57 pm

    ကိုပေါက်လမ်းသွားရင် ရှေ့က ဝီစီနဲ့ လမ်းရှင်းတဲ့လူ လွှတ်ပေးလိုက်မယ်လေ။ 😛

  • kai

    March 2, 2012 at 5:00 pm

    ကမ္ဘာမှာတောင်ရှားမယ်..
    မှတ်တမ်းကျန်ရစ်တာပေါ့…

    နိုင်ငံခြားသားများ.. လာလည်သူများတွေ့ရင်.. အင်မတန်အရုပ်ဆိုးပါတယ်..

    … အမြန်ဆုံးပြင်ပေးကြပါစေသတည်း…………..။

  • မမရေ ဝီစီနဲ့လာမှ ပိုဆိုးသွားရင်ဒွတ်ခ။
    သူကြီးရေ အခုမှကောင်းဘို့စနေပါတယ်။
    နည်းနည်းလေးတော့ အချိန်ပေးနော်………………….

    • ဆူး

      March 2, 2012 at 5:30 pm

      ဝီစီ အတွက် မပူနဲ့နော်.. ဘစ်ကားစီးရင် အလကားပေးတယ်။ အဲဒီ ဝီစီ အရယူပြီး လာခဲ့မယ် တိရား တိရား.. 😀

      • နေဝန်းနီ

        March 2, 2012 at 6:48 pm

        ဝီဇီ ရတာနဲ့ မှုတ်စရာနေရာရှာတော့တာပဲလား မမဆူးရဲ့…။ 😛

        • ဆူး

          March 3, 2012 at 2:33 pm

          လက်ထဲ ရှိတဲ့ ပစ္စည်း အကျိုးရှိရှိ အသုံးချနိုင်လို့ပါ။

    • Rose Minn

      March 5, 2012 at 3:02 pm

      ဆူးပြောတဲ့ ဝီစီဆို တာ ကားပေါ်မှာ ဟိုဟာဖြစ်မှ ဟိုလိုလုပ်လို့ရတာ လေးပေါက်ရဲ့။ လေးပေါက်တို့ မှုတ်လို့မရဘူး။ ကိုရင်စည် ရဲ့”တဏှာရူး တွေသတိထား”ဇာတ်လမ်းထဲက လိုလေ။ သိတယ်မှတ်လားသိတယ်မှတ်လား၊ အာဟိ အာဟိ။

  • kaunglay

    March 2, 2012 at 6:28 pm

    လေးပေါက်ရေ.. လူတွေကလည်း စည်းကမ်းမရှိကြ ၊ အသိမရှိကြ။
    အရေးယူမယ့်သူကလည်းမရှိဆိုတော့ ဖြစ်ချင်တိုင်း ဖြစ်နေကြတာလေ။

  • စည်းကမ်းတော့ထုတ်ထားတယ်
    လူတွေလိုက်နာအောင် တင်းတင်းကျပ်ကျပ်မလုပ်
    ဲအဲတော့လူတွေက စည်းကမ်းပျက်ပြီးမလိုက်နာ
    မလိုက်နာတော့ ဖမ်းပြီး မဖြစ်စလောက်ဒဏ်ဆောင်
    နောက်တော့ ပစ်ထား
    လူတွေက စည်းကမ်းပြန်ပျက်
    စည်းကမ်းပျက်
    ပြန်ဖမ်း
    ဒဏ်ရိုက်
    ပြန်လွှတ်

    စည်းကမ်းပျက်
    ပြန်ဖမ်း
    ဒဏ်ရိုက်
    ပြန်လွှတ်

    စည်းကမ်းပျက်
    ပြန်ဖမ်း
    ဒဏ်ရိုက်
    ပြန်လွှတ်

    စည်းကမ်းပျက်
    ပြန်ဖမ်း
    ဒဏ်ရိုက်
    ပြန်လွှတ်

  • Khin Latt

    March 2, 2012 at 9:41 pm

    ကိုပေါက် – ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲမှာ များလားလို့။ 😉

    ဒီပုံတွေ ကလဲ စည်းကမ်း၊ သတ်မှတ်နေရာ၊ ဥပဒေ၊ ပြစ်ဒါဏ် အားလုံးဆက် နေပါတယ်။
    နောက်တနည်း ကတော့ ဥပဒေကို ကိုင်သူကလဲ ဟန်လုပ် ပြနေတာ၊ လာဘ်စားနေတာ ဆိုတော့ ဘယ်သူက ရိုသေမလဲ။

    အဲဒီ ဆိုင်ကယ် တွေထဲမှာလဲ တရားဝင် ဘယ်နှစ်စီး ရှိမလဲ။
    လုပ်စရာတွေ အများကြီးပါ။ နေရာတိုင်းပါဘဲ။
    ဘာဘဲဖြစ်ဖြစ် မီဒီယာ ကောင်းတွေ များများ လိုပါတယ်။
    နားထောင်ပြီး စေတနာ နဲ့ ပြင်မယ် ဆိုရင်တော့ အချိန်မှီကောင်းပါရဲ့။
    ပစ်သာပစ်ပါ။ ကိုပေါက် ခဲလုံးကြီး တွေ အရာရောက်မှာပါ။

    • pooch

      March 2, 2012 at 10:52 pm

      အရီးကလည်း အမေစု ပွဲက မနက်ဖြန်မှ လေ။ ဖျင်နီ အကျီ င်္တောင် ဝယ်ပြီးပြီ ။ တသက်နဲ့တကို်ယ် တခါမှ မကြုံဖူးပဲ ခုမှ မြင်ရမှာဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကွင်းထဲထိ မလိုက်နိုင်ရင်တောင် လမ်းကနေတော့ ကြိုဖြစ်အောင်ကို ကြိုမှာ။

      လူတော့ အတော်တိုးရမှာ ။ ကိုယ့်မြို့အကြောင်း ကိုယ်သာလျှင် အသိဆုံး ။ ခုတောင် လမ်းမှာ အစမ်းလေ့ကျင့်ပြီး သွားနေကြတာ။ ဆိုင်ကယ်တွေ မနည်းဘူး။ ဒါသည်လည်းပဲ မန်းရဲ့ ပြယုဒ်တခု။

      ဒါပေမဲ့ စည်းလေး ကမ်းလေးနဲ့တော့ ဖြစ်ချင်တယ်။ သူများမပြောပါဘူး။ ကိုယ့်ဖာသာကိုယ်ပဲ အရင် ကြိုးစားကြည့်မယ်။ ဒီက ပြစ်ဒဏ်ချပြီး ဖိုင်းကောက်တာပဲ စိတ်ဝင်စားတယ် လူကြီးမင်းများက ။ စည်းကမ်း မရှိတာကို သူတို့က ပိုကြိုက်တယ် မှတ်တာပဲ ။ :mrgreen:

      • MaMa

        March 2, 2012 at 10:57 pm

        အားပေးပါတယ် မယ်ပုရေ။
        (ဒါ့ထက် ကျန်းမာရေးလည်း ဂရုစိုက်ဦးနော်။)
        သွားဖြစ်ရင်တော့ ဓာတ်ပုံလေးတွေ တင်ပေးနော်။

      • Khin Latt

        March 3, 2012 at 4:04 am

        Pooch လေးရေ
        အရီး ကိုယ်စား လဲ ပိုအားပေး လိုက်ပါဦးနော်။
        ဖျင်နီ အကျီ (ပင်နီ?) လေးနဲ့ မယ်ပု လေးကို မြင်ကြည့်ချင်သား။ 🙂

    • inz@ghi

      March 2, 2012 at 11:00 pm

      ကြယ်ငါးဆို … သဂျီးပြော(ကြပ်ပေး) တော့ …

      ခုကျ ခဲလုံးကြီးတဲ့ ….
      အိုင်တီ ဘွားဘွားတွေများ …အနုပညာမဆန်ထှာ ….

      အော်…ရယ်….
      စကားလုံးလေးတွေ လှလှပပ သုံးချင် ကြားချင်ပါရဲ့ …..
      (ဟီး…)

      ဇဂါးအတင်းစပ် …အရီးလတ် ရေ့….
      ၂၉ရက်နေ့က ပြတင်းပေါက်-၈ ကို ကိုင်ခဲ့ရပြီ ….
      ရှလွတ်. ….
      ယုံတွားဘီချင့် …ဂယ် ယုံတွားဘီ….

      အဲ့သည့် အကြောင်းတော့ …နောက်မှ အသေးစိတ်ရေးပါတော့မယ်ချင့်
      မောင်တိန်းလိုင်းယွန်း နဲ့ ချိန်ပီး …
      အာဟိ….

      😀
      ခင်တဲ့
      ဂီ

      • Khin Latt

        March 3, 2012 at 3:56 am

        အား ….. မနာလို စရာပါလား။
        ၈ က အရင် နဲ့ လုံးဝ ပြောင်းသွားတယ်လား။
        မျှပါဦး ကွဲ့ မြန်မြန်လေး။
        iPad 3 လဲ launch လုပ်တော့မယ်။ ရရက် လို့ပြောတယ်။

        အဲဒီ ခဲလုံးကြီး က ကိုနို စတာ။ 😉
        သဘောကျလို့ ကော်ပီကက် ထားတာ။
        ဘွားဘွား ပေမဲ့ အိုင်တီ က အမြဲ ယန်းအက်ဟာ့တ် (Young at Heart) ပါ။
        Update တွေ ဖြစ်ဖို့ အမြဲ အလာ့တ် လုပ်နေရတယ်။
        သို့ပင်သို့ငြား နေရာအများမှာ ပြတ်ကျန် နေပါ၏။ 😀

  • ကိုလတ်ရေ
    နက်ဖြန်မနက်ကြရင် ခဲကြီးကြီးတစ်လုံးထပ်တက်လာပါမယ်။
    (သာမညတွေကို ဖယ်ပြီး အဓိကကျတာကိုဘဲ တွယ်လိုက်ကြရအောင်ဆိုတဲ့ပိုစ်ပါ။
    အဆဲခံချင်ရင်လဲ ခံရနိုင်မယ့်ပိုစ်ပါ။
    ဒါမေပယ့် လိုအပ်တယ်လို့ ယုံကြည်တာကြောင့်ရေးဖြစ်သွားပါတယ်။

  • unclegyi1974

    March 2, 2012 at 10:06 pm

    မန်းလေးမြို့မှာဒီလိုပဲရှိတယ်မန်းလေးမြို့မှာဒီလိုပဲရှိတယ်
    လေးပေါက်ခင်ဗျားမန်းလေးသရုပ်ပျက်အောင်လျှောက်မလုပ်နဲ့နော်
    မန်းလေးကဒီလိုမြင်ကွင်းလေးတွေနဲ့မှမန်းလေးပီသတော့မပေါ့

    မန်းလေးကဈေးချိုတဝိုက်အမြဲဒီလိုဖြစ်နေကြ
    ဟိုးအရင်ဈေးချိုရုံဟောင်းတွေကတည်းကဖြစ်လာတာအခုထိ
    နောင်လည်းဒီလိုပဲစည်ကားအုန်းမှာ

    ဆရာမနိုင်၂ဆောင်ပြိုင်နေရာ
    စည်ပင်ကယာဉ်ရပ်နားခွင့်ကိုလေလံလုပ်ပြီးချပေးတယ်
    လေလံချပေးပြီးရင်သူ့တာဝန်ပြီးပြီ
    ပိုက်ပို်က်ကလည်းရပြီးပြီ
    စည်ပင်လေလံခွန်ကိုပြောတာနော်
    နောက်ပြန်လှည့်မကြည့်တော့ဘူးယာဉ်ကြောပိတ်တာယာဉ်ထိန်းအလုပ်
    လေလံဆွဲတဲ့သူကအမြင့်ဆုံးဈေးပေးပြီးသူကြိုက်သလိုကားရပ်ပြီးအအပ်လက်ခံတယ်
    ဒါမှလည်းသူ့အတွက်ကျန်မှာ
    ဒီလိုစည်းမရှိကမ်းမရှိဘယ်ဖြစ်မလဲ
    ယာဉ်ထိန်းတွေလာစမ်း
    ၁ရက်၂ရက်ပါပဲ
    နောက်ဒုံရင်းဒုံရင်းပါပဲ

    ဘတို့တော့ဈေးချိုရောက်ရင်ပလက်ဖောင်းမရှာဘူး
    ကားလမ်းပေါ်ကလျှောက်တယ်
    ကိုပေါက်သူငယ်ချင်းကနယ်ကမို့မသိလို့နေမှာ
    ကားလမ်းပေါ်ကရဲရဲလျှောက်ပါလို့ကားတွေကလိပ်သွားသွားနေတာ
    တိုက်လည်းဘာမှမဖြစ်ပါဘူးလို့ပြောလိုက်ပါဗျာ

  • “ကျနော်တို့ကသွားလေရာရာ ဆိုင်ကယ်နဲ့ဆိုတော့ လမ်းလျှောက်တာကိုသတိမထားမိဘူး …”
    လေးပေါက်ရေ …
    လေးပေါက်ပြောတဲ့ ဒီစကားလေး အတိုင်းဆိုရင် …
    လမ်းလျှောက်နေရသူရဲ့ ဒုက္ခကို ဆိုင်ကယ်ပေါ်က လူက သိပ်ပြီး သတိမထားမိနိုင်ဘူးပေါ့နော် …
    အပြန်အလှန် တွေးကြည့်ရင် ဆိုင်ကယ်ပေါ်က လူရဲ့ ဒုက္ခကိုလည်း လမ်းလျှောက်သူက သတိ ထားမိနိုင်မှာ မဟုတ်ပါဘူး … ။
    လူတိုင်း သူ့နေရာသူ ဒုက္ခ ကိုယ်စီနဲ့ပါပဲလို့ ………..

    ကားတွေ၊ ဆိုင်ကယ် တွေကို ကျော်ပြီး မန့်သွားတယ်နော် …… 😀

  • အီးကယ်ဂျန်ရေ
    အဲဒီကောင်က ကားအတိုက်ခံလို့မဖြစ်ဘူး။
    မန်းလေးလာပြီး မိန်းမလာတောင်းတာတဲ့။

  • ကိုကြီးမင်းရေ
    ကျနော်ကတော့ လမ်းလျှောက်တစ်လှည့်ဆို်င်ကယ်တစ်လှည့်ဆိုတော့
    ဒုက္ခတွေကို သိပါ၏

  • ဦးဦးပါလေရာ

    March 3, 2012 at 12:10 am

    ဒီပြဿနာမျိုးရန်ကုန်မှာလဲရှိနေပါတယ်။
    ရန်ကုန်ရဲ့အားသာချက်က လမ်းပေါ်မောင်းနေတာတွေက ဆိုင်ကယ်မဟုတ်ဘူး
    ကားတွေ…
    အဲဒီကားတွေကက လူမတိုက်ရဲဘူးဆိုတာသေချာတယ်။
    (တကယ်တော့ ကားတွေကိုမတရားနှိပ်ကွပ်လွန်းလို့ စေ့စေ့တောင်မကြည့်ရဲဘူး..)
    ဒါကြောင့် ရန်ကုန်မှာတော့ စည်ကားတဲ့နေရောတွေမှာ
    လမ်းလျှောက်သူက ကားလမ်းမပေါ်ပဲတက်လျှောက်တယ်။
    ကားအများစုကသာ ဘုရားတမောင်းနေရတာ။

    • Khin Latt

      March 3, 2012 at 4:00 am

      သွေးထွက်အောင် မှန်သကိုး ဦးဦးပါလေရာ ရေ။

  • htoosan

    March 3, 2012 at 11:33 am

    ဒီနေ့ မနက် မန်းတလေးအက်ဖ်အမ်မှာ ကားတွေ ဆိုင်ကယ်တွေ ဈေးဆိုင်တွေကြောင့် လမ်းတွေပိတ် လမ်းသွားသူများ အနှောက်အယှက်ဖြစ်နေကြောင်းဆန်ဆန်လေး သတင်းမှာ ထည့်ပြောသွားပါတယ် ။
    လေးပေါက် ရဲ့ ပိုစ်နဲ့ တိုက်ဆိုင်မှု့လို့တော့ မယူဆ တော့ဘူး ။ ထိရောက်တယ်လို့ပြောရမယ် ထင်ပါတယ်။

  • etone

    March 3, 2012 at 11:49 am

    လေးပေါက်ရေ .. မြင်တတ်လိုက်တာနော် …. ။
    တစ်မြို့လုံး ဆိုင်ကယ်နဲ့ …. စက်ဘီးတွေချည်းများတယ် ….. ။
    ယာဉ်တိုက်မှုထက် .. စက်ဘီး ဆိုင်ကယ်တိုက်မှုတွေများပိုများမယ်လို့တွေးမိတယ် … ။ ရန်ကုန်မှာတောင် … မစီးရကြောငြာထားပြီး .. ခိုးခိုးစီးလို့ ခဏခဏ ကားနဲ့ တိုးတာ… အဲ့ဒီမှာကားမောင်းတဲ့ လူတွေတော့ .. အတော်လေး သတိထားပြီး … မောင်းရမယ် ထင်တယ်နော် .. တနာရီ .. ဆယ်မှိုင်နှုန်းလောက်နဲ့ ….. ဟီး 😀

  • ပိတ်နေတဲ့လမ်းတွေကို မပိတ်အောင်ဝိုင်းပြုပြင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကောင်းမှာပါ။

  • လင်းဝေ

    March 5, 2012 at 10:38 am

    ကွန်မန့်ဝင်မပေးတော့ဘူးဗျာ။
    စည်ပင်ကို တိုင်စာတစ်စောင်ရေးစရာ ရှိနေလို့။

  • weiwei

    March 5, 2012 at 11:31 am

    လှည်းတန်းဘက်မှာလဲ လျှောက်စရာလမ်းကို မရှိတော့ဘူး … ကားလမ်းပေါ်မှာပဲ တက်လျှောက်နေရတယ် … နေ့တိုင်း အိမ်ထဲမှာ ရုံးခန်းမှာချည်းပဲနေရလို့ အညောင်းပြေ လမ်းလျှောက်ချင်ပေမယ့် အသက်အန္တရာယ်ကို ငဲ့ကွက်နေရလို့ လမ်းမလျှောက်နိုင်ဖြစ်နေရပါတယ် …

  • TTNU

    March 5, 2012 at 1:17 pm

    ကိုပေါက်ရေ…
    ဒီပုံတွေတင်တာလည်း အာဇာနည်ကုန်းပုံတွေလိုပဲ အကျိုးသက်ရောက်မှု
    ကောင်းကောင်းထွက်လာမယ်ထင်ပါတယ်။
    Facebook မှာ ကိုပေါက်ရိုက်တင်ထားတဲ့ဒေါ်စုပုံတွေကို မိုးမခက ကိုပေါက်ကို
    Credit ပေးပြီးဖော်ပြထားတယ်။ တွေ့ပြီးပြီလား။

Leave a Reply