Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မရဲတရဲနဲ့ရေးကြည့်လိုက်တာပါ – လူထုစိန်ဝင်း

kaiMarch 6, 20121min6759

မတ် ၅၊ ၂၀၁၂

စာပေစိစစ်ရေးက အပုဒ်လိုက် ဖြတ်တောက် မီဒီယာဥပဒေဆိုင်ရာ ဆောင်းပါး

“—မီဒီယာကို ချုပ်ကိုင်ဖို့ ရေးဆွဲတဲ့ ဥပေဒကို မီဒီယာသမားတွေကိုယ်တိုင် ပါဝင်ဆွေးနွေးအကြံပေးကြတယ် ဆိုတော့ တော်တော်အံ့ဩမိတယ်။ သတင်းမီဒီယာသမားစစ်စစ်တွေမှ ဟုတ်ရဲ့လား လို့လည်း အတွေးရောက်မိတယ်။ ကိုယ့်လည်ပင်းကို စွပ်မယ့် ကြိုးကွင်းကို ကိုယ်တိုင် ဝင်ကျစ်ပေးတာနဲ့ မတူဘူးလား—”

ဖေဖေါ်ဝါရီ ၂၂ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နဲ့ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းတို့ တွေ့ဆုံခဲ့ကြတယ်။ အဲဒီလိုတွေ့ရာမှာပြည်သူ့လွှတ်တော်ဥကဌကဝန်ထမ်းတွေလစာတိုးပေးရေးနဲ့ပတ်သက်တဲ့အဆိုပြည်သူ့လွှတ်တော်မှာဘာကြောင့်တင်ခဲ့သလဲဆိုတာကို အကျယ်တဝင့်ရှင်းလင်းပြောကြားသွားခဲ့တယ်။

သတ္တိရှိစေချင်တယ်
အဲဒီပြောသွားတဲ့အထဲမှာ အပြည့်အဝသဘောတူတာတစ်ခု တွေ့ရတယ်။ အဲဒါကတော့…. ” ကျွန်တော်က ဒီလိုပြောပေမယ့် သတင်းထဲကျတော့ ရဲရဲဝံ့ဝံ့ဆိုတာပါပြီး သတ္တိရှိရှိဆိုတဲ့ စကားကျတော့ ပါမလာဘူး။သဘော ကတော့ ဒီစကားကို ကျွန်တော်သုံးလိုက်တာကို သတင်းစာထဲ၊ ရေဒီယိုထဲ၊ တီဗီထဲကို ထည့်လိုက်တယ်ဆိုရင် ကျွန်တော့်အတွက်များ စိုးရိမ်ပြီးတော့ မထည့်တာလားတော့ မသိဘူး။ သတ္တိလို့ဘာလို့ထည့်လိုက်လည်းဆိုတဲ့ အခါမှာ ကျွန်တော်ကတော့သတ္တိရှိချင်တယ်။ဒါဖြင့်ရင်ကျွန်တော်တစ်ယောက် တည်းပဲ သတ္တိရှိချင်တာလား ဆိုတော့၊ကျွန်တော်တို့ နိုင်ငံသားလူမျိုးအားလုံး ကို ရှိစေချင်တယ်။ မိုက်မဲခြင်းနဲ့ မယှဉ်သော တာဝန်ကျေမှုကိုအားလုံးမှာ ရှိစေချင်တယ်။ အခုချိန်မှာရော၊ အရင်တုန်းကရော ကျွန်တော်တို့တွေ သတိ္တရှိကြလားဆိုတဲ့နေရာမှာ ရှိတဲ့လူတွေလည်း ရှိမှာပေါ့၊ တချို့မရှိတဲ့ သူတွေလည်းရှိကြမှာပေါ့။ မရှိရတဲ့အကြောင်းရင်းက ဘာလဲဆိုတော့ ကိုယ့်အတ္တအကျိုးစီးပွားကိုကြည့်ပြီးတော့ မပြောရဲတာတို့၊ ပြောလိုက်ရင် ငါ့ကို ဒုက္ခရောက်စေမှာလို့၊ အဲဒီလိုဖြစ်လာတဲ့အခါကျတော့ မှန်တာလည်း မပြောရဲ၊ ကောင်းတာလည်း မပြောရဲဆိုတဲ့ အနေအထားတွေက ဒီအတိုင်းဆက်သွားမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ နိမ့်ကျနောက်ကျနေတဲ့ အနေအထားမှာပဲ ဖြစ်နေလိမ့်မယ်။ ” လို့ဖြစ်တယ်။

မရဲတရဲဆုံးဖြတ်
လွှတ်တော်ဥက္ကဌရဲ့ မိန့်ခွန်းအပြည့်အစုံကို ဖတ်ပြီးတဲ့အခါကျတော့ ဒီစာကိုရေးလိုက်တော့မယ်လို့မရဲတရဲဆုံးဖြတ်ချက်ချပြီး ရေးလိုက်တာဖြစ်
တယ်။ မရဲတရဲဆိုတာက ကိုယ့်အတွက် စိုးရိမ်လို့မဟုတ်ဘူး၊ ဒီစာစာဖတ်ပရိသတ် ဖတ်ရတဲ့ အဆင့်ကို မရောက်မီဇီဝိန်ချုပ်သွားမယ့် အရေး စိုးရိမ်တာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ စာပေစိစစ်ရေးတို့၊ ပြန်ကြားရေးဝန်ကြီးဌာနတို့နဲ့ တည့်တည့်ကြီးဝင်တိုးတဲ့ ကိစ္စဖြစ်နေလို့ပဲ။ ဒီကိစ္စကို အစောကြီးကတည်းက ရေးချင်နေတာ။ဒါပေမယ့်လွတ်မှာမဟုတ်ပါ ဘူးလေဆိုတဲ့ အတွေးက အလေးသာနေလို့ မရေးဖြစ်ဘူး။ အခုလည်း မလွတ်လည်းရေးခဲ့တယ်ဆိုတဲ့သက်သေအထောက်အထားတော့ကျန်ခဲ့မှာပဲ၊ သမိုင်းတရားခံတော့ မဖြစ်တော့ဘူးပေါ့လို့ တွေးပြီး ရေးလိုက်တာဖြစ်တယ်။ စိစစ်ရေးနဲ့ မလွတ်လို့ ဂျာနယ်ထဲမပါလည်း Facebook တင်လိုက်ရင် ဖတ်ကြရမှာပါပဲ။

ပြည်သူ့ရှေ့မှောက်မှ ကွယ်ပျောက်သွားရေး
ကိစ္စကတော့ မီဒီယာဥပဒေဆိုတဲ့ ကိစ္စပါ။ ဖေဖေါ်ဝါရီ ၁ရရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရွှေပြည်သာမဲဆန္ဒနယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးတင်မောင်ဦးက ” နိုင်ငံတော်ရဲ့ စတုတ္တမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာကဏ္ဍမှ ဂျာနယ်လောကတွင်တစ်ဖက်သတ် ဘက်လိုက် အရေးအသားများပြည်သူ့ရှေ့မှောက်မှ ပျောက်ကွယ်သွားရေး၊ ပြည်သူ့လိုအင်ဆန္ဒအမှန်အမှားကို သမာသမတ်ကျကျ သိက္ခာရှိရှိမျှတစွာေ ရးသားထုတ်ဝေသော တိုင်းကျိုးပြည်ပြုဂျာနယ်များထွက်ပေါ်လာရေး ၊ ဝါသနာအရင်းခံပြီး ဝင်ရောက်လုပ်ကိုင်သော ယုံကြည်ချက်ခံယူချက်ရှိသည့် သူများစိတ်အေးချမ်းသာစွာ သင့်တင့်သော အရင်းအနှီးဖြင့်ဂျာနယ်များထုတ်ဝေရပ်တည်နိုင်ရေးအတွက် စည်းကမ်းမဲ့ငွေရှာ၊စီးပွားရှာသူများ လျော့နည်း
ပပျောက်လာရေးနဲ့ ဂျာနယ်လောကမှ လူငယ်သတင်းထောက်များ ယခုထက် ပိုမိုအရည်အသွေးမြင့်မားလာရေးတို့အတွက် မည်သို့သော အကာအကွယ်ပေးဆောင်ရွက်နိုင်မည်ကို သိရှိလိုပါတယ်” လို့ မေးသွားခဲ့တယ်။

ဆက်လက်ထိန်းကျောင်းသွားမည်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးစိုးဝင်းက ” မီဒီယာကဏ္ဍမှ ဂျာနယ်လောကတွင် တစ်ဖက်သတ်လိုက် ရေးသားသော အရေးအသားများ ပြည်သူ့ရှေ့မှကွယ်ပျောက်သွားရေးအတွက် ယခုနိုင်ငံတော် အစိုးရအဖွဲသစ် စတင်တာဝန်ယူချိန်မှစ ပြန်ကြားရေးဝန်ကြီးဌာနက လွတ်လပ်မှုနှင့် တာဝန်ယူမှုရှိသော၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားရှိသော စာပေနှင့် စာနယ်ဇင်းသမားများဖြစ်လာစေရန်၊ တာဝန်သိမှု တာဝန်ယူမှုတို့ဖြင့် ဆောင်ရွက်ကြရန်၊ စာပေစိစစ်ရေးမူများ သတ်မှတ် စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း၊ အနာဂတ်တွင် ပုံနှိပ်ဥပဒေနှင့်အညီ ပေါ်ပေါက်လာမည့် Press Council ကဲ့သို့ အဖွဲ့အစည်းမျိုးဖြင့် ဆက်လက်ထိန်းကျောင်းသွားမည် ဖြစ်ပါတယ်” လို့ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

သတင်းသမားစစ်စစ်ဟုတ်ရဲ့လား
ဒီအမေးနဲ့ ဒီအဖြေကိုကြည့်ခြင်းအားဖြင့် မကြာခင်အတွင်းမီဒီယာဥပဒေ ဆိုတာ တစ်ခုပေါ်ပေါက်လာဖို့ ရှိကြောင်းသိနိုင်တယ်။ အဲဒီမတိုင်ခင်ကလည်း မီဒီယာဥပဒေ ရေးဆွဲရေးနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပသတင်းမီဒီယာ သမားတွေ ပါဝင်တက်ရောက်ဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေကျင်းပခဲ့ကြတယ်။ ပြည်ပ သတင်းမီဒီယာသမားအမည်ခံတချို့က မီဒီယာဥပဒေအတွက်အကြံပေး ချက်တွေ တင်ပြကြတာလည်း တွေ့ရတယ်။ မီဒီယာကို ချုပ်ကိုင်ဖို့ ရေးဆွဲတဲ့ ဥပေဒကို မီဒီယာသမားတွေကိုယ်တိုင် ပါဝင်ဆွေးနွေးအကြံပေးကြတယ် ဆိုတော့ တော်တော်အံ့ဩမိတယ်။ သတင်းမီဒီယာသမားစစ်စစ်တွေမှ ဟုတ်ရဲ့လား လို့လည်း အတွေးရောက်မိတယ်။ ကိုယ့်လည်ပင်းကို စွပ်မယ့် ကြိုးကွင်းကို ကိုယ်တိုင် ဝင်ကျစ်ပေးတာနဲ့ မတူဘူးလား။

ဥပဒေဆိုတာ ချုပ်ကိုင်ဖို့
ဥပဒေဆိုတာ ဘယ်ဥပဒေပဲဖြစ်ဖြစ်၊တိုင်းသူပြည်သားများကိုချုပ်ကိုင်ဖို့ချမှတ် တာဖြစ်တယ်။ ဒီမိုကရေစီရဲ့အနှစ်သာရကလူတွေကိုတုတ်နှောင်ထားတဲ့ နှောင်ကြိုးအားလုံးကလွတ်ကင်းရေးဖြစ်တယ်။သတင်းသမားမှန်ရင်ဘယ်လိုချုပ်ပိုင်မှုမျိုးကိုမဆိုဆန့်ကျင်ရမယ်။ စစ်မှန်တဲ့ဒီမိုကရေစီဖြစ်ဖို့အတွက်မလိုလားအပ်တဲ့ ပြည်သူလူထုကို နှောင်ကြိုးတည်းတဲ့ ဥပေဒတွေကို ပယ်ဖျကပြီး မရှိမဖြစ်ထားဖို့ လိုအပ်တဲ့ ဥပဒေတွေကိုသာ ထားရှိ ကျင့်သုံးရမှာ ဖြစ်တယ်။ သတင်းမီဒီယာကို ထိန်းချုပ်တဲ့ ဥပဒေ၊ ပုဒ်မတွေ အခုကို မနည်းလှပါဘူး။ တချို့က မလှုပ်သာ မရှက်သာအောင် တင်းကျပ်လွန်းလို့ ဖြေလျှော့သင့်ပြီး၊ တချို့ကျတော့ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ ဆန့်ကျင်ဖက်ဖြစ်နေလို့ လုံးဝဖျက်သိမ်းပစ်သင့်တယ်။

ကြိုက်သလိုချဲ့ကားလို့ရ
ခေတ်အဆက်ဆက် သတင်းသမားတွေ အများဆုံးရင်ဆိုင်ရတဲ့အသရေ ဖျက်မှု ဥပဒေ၊ အစိုးရကို အကြည်ညို ပျက်စေမှု ဥပဒေ၊ ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုဥပဒေ၊ အခုခေတ်ပေါ် အီလက်ထရောနစ်ဥပဒေ ဆိုတာတွေက ပုံကြီးချဲ့ချင်ရင်ကြိုက်သလိုချဲ့ကားပြီးအမှုလုပ်လို့ရပါတယ်။ လက်ဖက်ရည်ဆိုင် မှာ သူငယ်ချင်းနှစ်ယောက် စားဝတ်နေရေးကြပ်တည်းကြောင်း၊ ဘာတစ်ခုမှ
ကောင်းတာ မတွေ့ရကြောင်း၊ ချမ်းသာသူတွေကတော့ သန်းထောင်ချီပြီး ချမ်းသာနေကြကြောင်း၊ ပြောရိုးပြောစဉ် နှစ်ကိုယ်ကြားပြောဆိုနေမိကြတာကို ဘေးစားပွဲမှာရှိတဲ့ လူတစ်ယောက်ကအစိုးရဆန့်ကျင်နေရးတွေ ပြောနေတာ
ကြားခဲ့ကြောင်း သွားပြီး တိုင်ကြားလိုက်ရင် ချက်ချင်း ဖမ်းချုပ်ပြီး စစ်ဆေး ခံရတယ်။ ပုံကြီးချဲ့ပြီး အစိုးရ အကြည်ပျက်စေမယ့် စကားတွေပြောတယ်၊ ဘေးကလူတွေကြားနိုင်တဲ့အတွက် ဆူပူအောင် လှုံ့ဆော်ပါတယ်လို့ စွဲချက်တင်နိုင်တယ်။ မိတ်ဆွေချင်း အီးမေးလ်နဲ့ စာပို့ပြီး ညည်းမိတာကိုလည်း အီလက်ထရောနစ်ပုဒ်မ တပ်ပြီး ဖမ်းနိုင်တယ်။

လွတ်လပ်ရေးစိတ်ကို ချိုးနှိမ်ဖိသတ်ဖို့
လက်ရှိကျင့်သုံးနေတဲ့ မှုခင်းဆိုင်ရာ၊ တရားမဆိုင်ရာ ဥပဒေတွေ အားလုံးလောက်နီးပါးက ကိုလိုနီ အစိုးရခေတ်က တိုင်းသူပြည်သားများရဲ့ လွတ်လပ်ရေးစိတ်ဓါတ်ကို ချိုးနှိမ်ဖိသတ်ဖို့ ရေးဆွဲ ချမှတ်ခဲ့ကြတာတွေ ဖြစ်တယ်။ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ ရေးခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် အခုအချိန်မှာ အဲဒီလို ဖိနှိပ်ချုပ်ချယ်ရေး လက်နက်သက်သက်ဖြစ်နေတဲ့ ဥပဒေ ပုဒ်မတွေကို ရုပ်သိမ်းဖို့ လျော့ချဖို့ အားလုံးဝိုင်းဝန်း ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သတင်းမီဒီယာတွေကို ချုပ်ကိုင်ဖို့ရည်ရွယ်တဲ့ မီဒီယာဥပဒေမျိုး သွတ်သွင်းမလာသင့်ပါဘူး။ နှစ်ပေါင်းငါးဆယ်ကျော် သတင်းသမား လုပ်လာသူတစ်ယောက်အနေနဲ့ သတင်း မီဒီယာကို ချုပ်ကိုင်မယ့် ဘယ်လို အစီအမံမျိုးမဆို ဆန့်ကျင် ကန့်ကွက်ပါတယ်။

လက်ခံနိုင်မှာမဟုတ်
သတင်းသမားတို့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ ဆိုတာလည်း သတင်းသမားတွေ ကိုယ်တိုင် ဆွေးနွေးတိုင်ပင်ရေးဆွဲရမှာ ဖြစ်တယ်။ ဆရာဝန်တွေအတွက်ကျင့်ဝတ်ကိုဆရာဝန်မဟုတ်သူတွေကို ရေးခိုင်းလို့မဖြစ်ပါဘူး။ ဆရာဝန်တေ ွကိုယ်တိုင်ရေးမှ အဓိပါယ် ရှိပါတယ်။ အဲဒါကြောင့် လုံးဝ လွတ်လပ်တဲ့ သတင်းစာဆရာအသင်းတို့၊သတင်းထောက်အသင်းတို့ ပေါ်ထွက်လာဖို့ အရင်ဆုံး လုပ်ရပါမယ်။ ဒါကိုမလုပ်ဘဲနဲ့ သတင်းမီဒီယာကျင့်ဝတ် စည်းကမ်းရေးဆွဲတာဖြစ်ဖြစ်၊ မီဒီယာဥပဒေပြဌာန်းတာဖြစ်ဖြစ်၊ အောင်မြင်လာဖွယ်မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘယ်လို သတင်းသမားစစ်စစ်မျိုးမှ လက်ခံနိုင်မှာ မဟုတ်လို့ပါ။

မှတ်ချက်။ ။ http://mratnaing.wordpress.com/2012/03/06/%E1%80%91%E1%80%84%E1%80%B9%E1%80%91%E1%80%AC%E1%80%B8%E1%80%81%E1%80%B2%E1%80%B7%E1%80%90%E1%80%B2%E1%80%B7%E1%80%A1%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%80%86%E1%80%84%E1%80%B9/
မှကူးယူသည်။
ဆင်ဆာ အဖြုတ်ခံရတဲ့ ဆောင်းပါးပါ။ ဝ၅ – ဝ၃- ၂၀၁၂ ထုတ် Weekly Eleven Journal အတွက် ရေးခဲ့တာ ဖြစ်ပါတယ်။ ဟုရေးထားပါသည်။

9 comments

  • kai

    March 6, 2012 at 6:28 am

    အမှန်တော့.. ယူအက်စ်မှလည်း မီဒီယာဥပဒေ(လို့ခေါ်လို့ရမယ့် ဥပဒေ) ရှိပါတယ်..။
    အခြေခံဥပဒေထဲကို ထည့်ထားတာ.. 😆

    လွတ်လပ်စွာရေးသားပြောဆိုကိုးကွယ်ခွင့်တွေကို ..တားမြစ်အနှောက်အယှက်ပေးမဲ့.. ဥပဒေတွေ.. မလုပ်ပါဘူးဆိုတဲ့..ဥပဒေပဲ..
    ဆိုတော့..
    မြန်မာပြည်မှာ.လည်း.. လွတ်လပ်ခြင်းကို မြတ်နိုးရင်… မီဒီယာဥပဒေ..ရှိရန်/ပြုရန်မလိုပါကြောင်း.. ❗

    First Amendment to the United States Constitution တဲ့..
    The First Amendment (Amendment I) to the United States Constitution is part of the Bill of Rights. The amendment prohibits the making of any law respecting an establishment of religion, impeding the free exercise of religion, abridging the freedom of speech, infringing on the freedom of the press, interfering with the right to peaceably assemble or prohibiting the petitioning for a governmental redress of grievances.

    Originally, the First Amendment applied only to laws enacted by the Congress. However, starting with Gitlow v. New York, the Supreme Court has applied the First Amendment to each state. This was done through the Due Process Clause of the Fourteenth Amendment. The Court has also recognized a series of exceptions to provisions protecting the freedom of speech.

    Text

    Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.

    • သဂျီး .. သဂျီး …
      ကွန်မန့်ထဲမှာ အဲလို ပုံတွေ ဘီလို ထည့်ရသလဲဟင် …
      အနော်က အိုင်အမ်ဂျီ အက်စ်အာစီ … ဘာကြာသာရကာ ဆိုပြီး ပုံထည့်တဲ့ ကုတ်နဲ့ ထည့်ကြည့်တာ ရဘူးရယ် …..
      ပြီးတော့ စာလုံးတွေကို ကွန်မန့်ထဲ အနက်ခြယ်တာရော ဘီလိုလုပ်တာလဲဟင် …
      ဒါလေးတွေ သိချင်နေတာလည်း ကြာပီဂျ …
      ကိုယ်တိုင် စမ်းကြည့်တော့လည်း အဆင်မပြေလို့ …….
      အဟီး … သဂျီးက ချောတယ်နော် … (သဂျီးကို ဖားသော လေသံဖြင့်) 😀
      အဟီး … အနော့ကို ကြောကြနော် .. လို့ .. 😀 😀

  • inz@ghi

    March 6, 2012 at 6:55 am

    ဘရာကြော် (ဦး) လူထုစိန်ဝင်း
    ဘရာကြော် သဂျီး ..
    ဘရာကြော် အဂ္ဂမဟာ ဖေ့စဘုတ်တော်ဂျီး …..

    😀

  • amatmin

    March 6, 2012 at 2:26 pm

    ဆရာလူထုစိန်ဝင်းက သတင်းသမားတဦးအနေနဲ့ မီဒီယာဥပဒေကို ကန့်ကွက်သလို..
    သတင်းဖတ်ရှုသူအနေနဲ့ အခုမှသာ သတင်းတွေကိုလွတ်လပ်စွာ ဖတ်ရှု ဝေဖန်ခွင့်ရတာဖြစ်တဲ့အတွက်
    အဆိုပါ လွတ်လပ်စွာဝေဖန်ထောက်ပြ မှုတွေကို နှိပ်ကွပ်မဲ့ ဥပဒေတိုင်းကို ကန့်ကွက်ပါ၏.။ :angry:

  • three colors

    March 6, 2012 at 3:48 pm

    ကျွန်တော့အမြင်ကတော့လုံးဝစာပေစိစစ်ရေး မထားရတဲ့မူကိုလက်မခံပါ။လွတ်လပ်ခွင့်ပိုပေးရမှာတော့မှန်ပါတယ်၊ဘုရင်မကောင်း၊ဘုရင့်အကြောင်းရေး၊မိဘုရားမကောင်း မိဘုရား အကြောင်းရေးခွင့်တော့ရှိရမယ်၊ဒါပေမဲ့ တာဝန်ခံနိုင်ရမယ်၊ခိုင်ခိုင်မာမာ အထောက်အထား ရှိရမယ်၊ပြနိုင်ရမယ်၊မဟုတ်ရင် အရေးယူမှူခံနိုင်ရ မယ်။
    ရုပ်ရှင်ဆင်ဆာ လဲ လုံးဝမရှိလို့ကတော့ရှိတာတောင် ဒီလောက်တိုနေ၊ရင်လျားနေတာ…. မရှိလို့ကတော့ဘရာစီယာတွေနဲ့သီချင်းဆို၊သရုပ်ဆောင်ကြမလားမသိ၊အနုပညာရှင်တွေက သူတို့ကိုလူငယ်တွေက လိုက်တုနေပါတယ်ဆိုလဲ မထိန်းကြဘူး၊အမျိုးသမီးတွေ ပိုဆိုးတယ်၊ ကိုရီးယားကားတွေ တော့လွှဲမချနဲ့၊
    သူတို့က အဲဒါတွေလိုက်တုမဝတ်ပဲနေရင် လူငယ်တွေ ဒီလောက် ဖေါ် မလာဘူး။

  • siamonone

    March 6, 2012 at 10:06 pm

    ကျွန်တော့် အမြင်ပြောကြည့်မယ်နော် ..
    စာပေစီစစ်ရေးကို မထားတာပိုကောင်းတယ် လို့ လည်း ပြောမရသလို ထားရင် ကောင်းမလားဆိုတော့ ” အရင်က စလို့ ခုထိ ရှိနေတဲ့စာပေစီစစ်ရေးကြောင့် နိုင်ငံတိုးတက်လာ ရင်တော့ ထားထားသင့်ပါတယ် ” နောက်တစ်ခုတွေးစရာရှိ တာက တချို့နိုင်ငံတွေက ဘာလို့ စာပေစီစစ်ရေးတွေ မထားတာတုံး
    ဘာဖြစ်လို့ စာပေစီစစ်ရေးမလိုအပ်တာတုံး ..
    ဒါတွေကို ဆန်းစစ်နိုင်ရင် ပိုကောင်းတဲ့ အဖြေတွေရ ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ..
    တကယ်တော့ ကျွန်တော်က နိုင်ငံ ဆိုတာကို ကုမ္ပဏီအကြီးကြီး တစ်ခု အနေနဲ့ မှတ်ယူပါတယ်. ..
    နိုင်ငံတော်က အခွန်ကောက်တယ် .. ကုမ္ပဏီက .. ပိုက်ဆံယူ သလိုပေါ့ ..
    ပြီးရင် ပြည်သူတွေ လိုအပ်တာ ကို လျှောက် လုပ်ပေးတယ် .. ကုမ္ပဏီက .. ပိုက်ဆံပေးတဲ့အတွက် ဝန်ဆောင်မှုပေး သလိုပေါ့ ..
    တကယ်လို့သာ ဒီကုမ္ပဏီက . ဝန်ဆောင်မှုတွေ မကောင်းဘူး .. အလကားအမြတ်ယူနေတယ်ဆိုရင် တော့ တခြားကုမ္ပဏီ ပြောင်းရမှာ ဘဲ .. ပြီးရင် တခြားကုမ္ပဏီက .. ဒီကုမ္ပဏီကို ဝါးမြိုခိုင်းရမှာ ပါဘဲ . .. အဓိကကတော့ စားသုံးသူဝန်ဆောင်မှု ပါဘဲ .. ဟီး .. ကျွန်တော် ပြောတာ .. လွန်နေရင် ချောတီး ပါဗျာ ..

  • Kyaw Thein

    March 6, 2012 at 10:50 pm

    ရွှေပြည်သာကတင်မောင်ဦးဆိုတာက ငဖားကြီး ၊ဘာရောဂါမှမရှိဘဲတပ်ထဲကစောစောစီးစီးထွက်ပြီး
    အခွင်.ရေးချာင်းနေတာ။ရွေးကောက်ပွဲမတိုင်ခင်ကိုယ်စလှယ်ဖြစ်ခါစ မြို.တော်ဝန်အဟာင်း
    လမ်းတခြမ်းခင်းအောင်သိန်းလင်းကိုပေါင်းပြီး မြေကွက်သုံးကွက်ရောင်းစား၊နေရေးစားရေးပြေလည်တော.
    နာမည်ရအောင်အသံကောင်းဟစ်တာပေါ.။ရွှေပြည်သာမြို.နယ်ရဲ.တကယ်.လိုအပ်ချက်ကျတော.
    မသိချင်ယောင်ဆောင်နေတဲ.အကောင်……။အလကား —–ပတ်တီး

  • အရှုံးတွေနဲ့ ကျွန်တော်

    March 7, 2012 at 1:19 am

    ကျွန်တော့်အနေနဲ့တော့ စာပေစိစစ်ရေးဆိုတာ တကယ်ကို မရှိသင့်ဘူးလို့ ထင်ပါတယ် မဟုတ်မဟတ်ကို လုပ်ကြံရေးမယ်ဆိုရင်လဲ ရေးတဲ့သူဟာ အပြစ်ပေးခံရသင့်ပါတယ် အဲဒါဟာ စာပေစိစစ်တာမဟုတ်ပါဘူး သူ့အပြစ် သူခံရတာပါ အဖြစ်အပျက်တစ်ခုကို အမှန်မဟုတ်ပဲနဲ့ ရေးသားလိုက်မယ်ဆိုရင် အခြားတစ်ဖက်မှာလဲ နစ်နာဆုံးရှုံးမှုတွေ၊ ဂုဏ်သိက္ခာတရား ထိပါးခံရမှုတွေ ရှိနိုင်တဲ့အတွက် တကယ်လဲ အရေးယူသင့်ပါတယ်

    အနောက်နိုင်ငံတွေမှာလဲ ဘယ်ဂျာနယ်၊ ဘယ်မဂ္ဂဇင်း၊ ဘယ်သတင်းစာကို ဘယ်သူကတော့ ဂုဏ်သိက္ခာညှိုးနွမ်းစေမှုအတွက် တရားစွဲလိုက်တယ် လျှော်ကြေးဘယ်လောက်ပေးစေလို့ ဘယ်တရားရုံးက အမိန့်ချမှတ်လိုက်တယ်ဆိုတဲ့သတင်းတွေကို ခဏခဏ ဖတ်ရပါတယ်

    ရေးသားမှုက အမှန်ဖြစ်မယ်ဆိုရင်တော့ မည်သူ့အကြောင်း၊ မည်သည့်အဖွဲ့အစည်းအကြောင်းပဲ ဖြစ်ပါစေ ရေးခွင့်ရှိကို ရှိရပါမယ် ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့လေ သတင်းဆိုမှတော့ အထင်နဲ့ခန့်မှန်းရေးသားခြင်းမျိုး မဖြစ်ရဘူးပေါ့ ဆိုလိုတာက ကိုယ်ရေးလိုတဲ့ အကြောင်းအရာဟာ အသေချာသေးရင် မခိုင်လုံသေးရင် မရေးသေးနဲ့ဦးပေါ့ သေချာအောင် ခိုင်လုံအောင် အထောက်အထားတွေ ဆက်ပြီး ရှာဖွေရမယ်ပေါ့
    အဲဒီလိုဖြစ်မှလဲ သတင်းရေးသားသူဟာ မမှန်မကန်သတင်း၊ မသေမချာသတင်းတွေကို မရေးရဲမှာ။ဈေးကွက်သတင်း၊ စီးပွားရေးသတင်း၊ ဖက်ရှင်သတင်း၊ အနုပညာသတင်းတွေက အစ နိုင်ငံရေးသတင်းတွေအထိပေါ့
    အဲဒီအခါမှ ဖတ်ရသူ ပြည်သူတွေအနေနဲ့လဲ ရာနှုန်းပြည့် စိတ်ချယုံကြည်နိုင်မှာပေါ့ အဲဒါမှပဲ သမ္မတသော်လည်းကောင်း ၊ အစိုးရအဖွဲ့အစည်းသော်လည်းကောင်း၊ အနုပညာရှင်သော်လည်းကောင်း၊ စီးပွားရေးသမားသော်လည်းကောင်း အခြားဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် မဟုတ်တာ မလုပ်ရဲမှာ။ ဒါမှလဲ နိုင်ငံအပေါ် စတုတ္ထမဏ္ဍိုင်ရဲ့ ထိန်းသိမ်းပြုပြင်မှု ၊ ထိန်းကျောင်းပဲ့ကိုင်မှုဟာ ပိုပြီးတော့ ပီပြင်လာလိမ့်မယ်လို့ ထင်ပါတယ် အကောင်းဆုံးသော နည်းလမ်းတွေကို ချမှတ်နိုင်ပါစေလို့ မျှော်လင့်လျက်
    အရှုံးတွေနဲ့ ကျွန်တော်

  • siamonone

    March 9, 2012 at 8:19 pm

    ကျွန်တော် မသိလို့တစ်ခုမေးပါရစေ .. wikileak မှာရေးထားတဲ့ သတင်းတွေက လည်း အမှန်တွေ ပဲလို့ထင်ပါတယ် .. ဒါပေမယ့် ဘာဖြစ်လို့ အမေရိကန်က wikileak ရေးတဲ့ သူကို အသေအလဲလိုချင်ရတာလဲ .. ?
    (မြန်မာနိုင်ငံနဲ့ မဆိုင်ပါဘူး .. ဆိုင်အောင်လည်း သွားမတွေးလိုက်ပါနဲ့ နော် .. )
    သိချင်ရုံသက်သက်ပါ ..

Leave a Reply