မင်း အလုပ်အကိုင်ကို ပြော

မင်းငါ့အပေါ် နည်းနည်းလူရာဝင်လိုတာနဲ့

မင်းမှာ အလုပ်အကိုင် တစ်ခုခု လိုလာပြီ

မင်း အခု ဘာလုပ်နေတာလဲ

အဲဒီမေးခွန်းနဲ့ နှုတ်ဆက်မခံလိုရင်

ငါ ဘာမှ မလုပ်ဘူး ဆိုတာကို ငုံပြီး

ကမ္ဘာအပြင်ကို ထွက်ပြေး

မင်း အလုပ်အကိုင်ကို ပြော

မင်းအရေအပြားတွေ ခန်းခြောက်နေရင်

ငါ့စိမ်းစိုမှုပါ ပျက်သုဉ်းနိုင်တယ်

အလုပ်ဟူသမျှ ဂုဏ်ရှိစွလို့

မင်းကြားဖူးတယ်မဟုတ်လား

ငါတို့ကမ္ဘာကြီးမှာ အဲဒီလို နေထိုင်ကြတယ်

မင်းမှာ အလုပ်မရှိရင်

ပုံသေနည်းအရ မင်းကိုအထင်သေးရမှာ စိတ်မဆိုးပါနဲ့

မင်းဟာ ငါတို့အားလုံးကို

ဒုက္ခသည် စခန်းလို့ ထင်လား

အနုပညာရောင်ရမ်းတာ အလုပ်မဟုတ်ဘူးလား

လူအဖြစ် သပ်သပ်ရပ်ရပ် ရှင်သန်တာကိုက

အလုပ်မဟုတ်ဘူးလား

မင်းမေးခွန်းမှာ ငါတို့ကြမ်းတစ်ပြေးတည်း မထိုင်ဘူး

ရောက်ရက်ခတ်နေတဲ့ ကမ္ဘာကြီးမှာ

မင်းက အေးဆေးသမားလား

ဂျွန်စတိန်းဘက် လို အလုပ်စုံရမှာလား မမေးနဲ့ မသိဘူး

မြို့ပတ်ရထားပေါ် ကဗျာစာအုပ်လိုက်ရောင်းရင် ရမလား

မမေးနဲ့ မသိဘူး

ရိုးရိုးသားသားပဲဖြေပါ

မင်းအလုပ်ကောင်းလား မကောင်းဘူးလား

မင်းသီအိုရီကို ငါတို့ သုံးသပ်ပြီး

ဘီယာဆိုင်မှာ ဆုံသင့်ရင် ဆုံကြတာပေါ့…..။        ။

19 . 10 . 2006 နံနက်….3 . 15

About marblecommet

marblecommet marblecommet has written 57 post in this Website..

မိုးဦးလေဦး ရောက်လာပြီ... လေတွေက ခါးလိုက်တာ.... ငါ့မှာသာ....တိမ်တွေကို စီးပြီး မောပန်းနေရ.....