ဒါကသတင်းကိုကူးပေးလိုက်တာ ။

Kyi LwinMarch 12, 20124min668

ဒီ ဘလော့ကို ဌာနတွင်းလူမှ ပြောပြ၍ အများပြည်သူသိအောင်တင်လိုက်ခြင်းဖြစ်ပါတယ်။

နေပြည်တော်တွင် ဦးသန်းရွှေ ၏ သား/သမီးများဗိုလ်ကျစိုးမိုးနေဆဲဖြစ်ကြောင်း၊
အောက်ပါအကြောင်းအရာများနှင့်အတူတင်ပြလိုက်ပါသည်။
အသုံးမကျသော အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ကြီးအပါအဝင်
အင်ဂျင်နီယာများကိုလည်း ရှုံ့ချလိုက်ပါသည်။ လက်ရှိနေပြည်တော်တွင် ဦးသန်းရွှေ သားသမီးများလုပ်ကို်င်နေသော စည်းပွားရေးလုပ်ငန်းများဖြစ်သည့်—-
၁။ မြတ်မင်္ဂလာဟိုတယ်တွင် 1000 KVA Transfer (၁)လုံး
၂။ ဟိုတယ်အမှတ်(၂၂)(ဒက္ခိဏသီရိဟိုတယ်ဇုံ) တွင် (1000) KVA Transfer (၁) လုံး၊
၃။ မြေကွက်အမှတ် (၄၃) (ဒက္ခိဏသီရိမြို့နယ်)တွင် (500) KVA Transfer (၁) လုံး
စုစုပေါင်း (၃)လုံးအား ၎င်းတို့ဖခင်အရှိန်အဝါသုံး၍ ခိုင်းစေမှုကြောင့်အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ကြီးအပါအဝင် အင်ဂျင်နီယာ(ထိုလူသိသလောက်ပြောပြသော)

အောက်ဖော်ပြပါ ဇယားမှ စတပ်ဆင်သည့်အချိန်မှ လက်ရှိ အချိန်(ခန့်မှန်းခြေ စုစုပေါင်း
၂ နှစ်ကျော်) မီတာခဆောင်ရန်မလိုပဲ ဇယားအတွင်းမှ အချို့သောအင်ဂျင်နီယာများ
ကိုယ်တိုင်ဦးစီး၍ ဌာနပိုင်ပစ္စည်းနှင့်လူအင်အားစိုက်၍ တပ်ဆင်ပေးထားခြင်းဖြစ်ကြောင်း
သိရှိရပါသည်။

၎င်း Transfer (၃) လုံး၏ လစဉ်သုံးစွဲမှု တန်ဖိုးမှာ ယခင်မီတာခများမတက်ခင်ကပင်
ကျပ်ငွေ သိန်းတစ်ရာ ဝန်းကျင်ရှိကြောင်း ၊ ယခုဈေးနှုံးနှင့်ဆိုလျှင် သိန်း တစ်ရာ အထက်
တွင်ရှိကြောင်း၊ ၎င်းငွေပမာဏသည် ဌာနမှ လစဉ်အနစ်နာခံနေသော်လည်း  အမှန်တစ်ကယ်တွင် ပြည်သူလူထုမှ နစ်နာနေခြင်းလည်းဖြစ်ပါသည်။

လစဉ် ၎င်းတို့ဗိုလ်ကျ၍ မီတာခမဆောင်သော ငွေပမာဏကို ဖွံ့ဖြိုးမှုအားနည်းသော
ဒေသများတွင် အသုံးချလျှင် တော်တော် အကျိုးရှိမည်ဖြစ်သည်။ သာမန်ပြည်သူ
လျှပ်စစ်မီး ခိုးသုံးလျှင် ဌာနမှ လျော်ကြေးငွေအား အောက်ပါတိုင်းတွက်
ချက်ခြင်းဖြစ်ကြောင်းသိရှိရသည်။ 

လုပ်ငန်းသုံးအတွက် ၂၀၀ဝ ဝပ်(2kW)ပမာဏ လျှပ်စစ်မီးခိုးသုံးနေလျှင် တွက်ချက်ပုံမှာ-
(2kW/1kWh)x12 hr x 365 days x 75 Ks = 657000 Ks( ခြောက်သိန်းငါးသောင်း
ခုနစ်ထောင်ကျပ်)1000 KVA(800 KW) Transfer (၁) လုံးဖြင့် လျှပ်စစ်မီး တရားမဝင်သုံးစွဲလျှင် ပေးဆောင်ရမည် လျော်ကြေးငွေမှာ-
(800 kW /1kWh) x 12 hr x 365 days x 75 Ks = 262800000 ( နှစ်ထောင့်ခြောက်ရာ နှစ်ဆယ့်ရှစ်သိန်း)ဟု ၎င်း ပုဂ္ဂိုလ်ပြောပြ၍ သိရှိရသည်။

Transfer (၃) လုံးအတွက် နှင့် (၂) နှစ်ကျော် မီတာခ မဆောင်သော ငွေပမာဏကို
အများပြည်သူများ ကိုယ်တိုင်တွက်သာကြည့်ပေတော့..ကျွန်တော်ကတော့ရင်နာလွန်း
လို့မတွက်တော့ပါ..မယုံကြည်သူများ ကျွန်တော်ပြထားသော အင်ဂျင်နီယာများထံသို့ သက်ဆိုင်ရာဖုန်းနံပါတ်များဖြင့် စုံစမ်းကြည့်နိုင်ပါသည်.. ၎င်းအင်ဂျင်နီယာများ..
အရှက်ရှိလျှင် အမှန်တိုင်းဖြေဆိုလိမ့်မည်..အရှက်မရှိသော အင်ဂျင်နီယာများသာလျှင် အကြောင်းအမျိုးမျိုးပြဖြေလိမ့်မည်.. ဒီ ဘလော့ ကိုဖတ်သူများထဲမှ ဒီမတရာမှုကြီးကို အများပြည်သူများအတွက် ဖြေရှင်းပေးနိုင်မဲ့သူပါ ပါစေလို့ဆိုတောင်းလျှက်…..

Sky Star

အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ သား/
သမီးများပိုင်ဆိုင်သော စည်းပွားရေးလုပ်ငန်းများသို့ လျှပ်စစ်ဓာတ်အားကိုအလကားတိုက်ရိုက်ပေးထားခြင်းအား ဝန်ကြီးအပါအဝင် ကိုယ်တိုင်ဆောင်ရွက်ပေးသောအင်ဂျင်နီယာများနှင့်သိရှိသော်လည်းအရေးမယူသော
အင်ဂျင်နီယာများ
စဉ် အမည် ရုံးအမည် ဖုန်းနံပါတ်
ရာထူး Minister ရုံးအမှတ်(၂၇) 067-414139
ဦးအောင်သန်းဦး Vice Minister ရုံးအမှတ်(၂၇) 09-8303200
ဦးခင်မောင်ဇော် Director General ရုံးအမှတ်(၂၇) 067-410483
ဦးညိုမြင့် Head Officer ရုံးအမှတ်(၂၇) 09-8603003
ဦးမြင့်အောင် Mananging Director ရုံးအမှတ်(၅၃) 09-8600134
ဦးအောင်မြင့် Chief Engineer ရုံးအမှတ်(၅၃) 067-440064
ဦးကျော်ငြိမ်း Deputy Chief Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-8302992
ဦးမြင့်သန်း Superindentent Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-49202881
ဦးမျိုးသန့်ထွန်း Superindentent Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၁) 09-49202897
၁၀ ဦးသက်ပိုင်မျိုး Superindentent Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49202896
၁၁ ဦးအောင်မျိုးသွင် Executive Engineer မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၁) 09-49202883
၁၂ ဦးခန့်ထက် Executive Engineer မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49202895
၁၃ ဦးလှဖုန်း Executive Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-2018504
၁၄ ဦးဝင်းလွင်ရှိန် Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 067-414839
၁၅ ဦးဆန်းနိုင် Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 067-414839
၁၆ ဦးစိုးထွဋ်ခိုင် Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 067-414839
၁၇ ဦးအောင်သက်ဝေ Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-8302787
၁၈ ဦးကြည်မြင့် Assitant Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49344574
၁၉ ဦးတင်မျိုးအောင် Sub-Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-49213842
၂၀ ဦးစိုးပိုင်ထွန်း Sub-Assitant Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49220318
၂၁ ဦးဆန်းလင်းထွန်း Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၄) 09-43079297
၂၂ ဦးဇေယျာလင်း Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၅) 067-419097
၂၃ ဦးအောင်ကျော်ငြိမ်း Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၆) 067-413252
၂၄ ဦးခိုင်မင်းဦး Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၇) 067-414521
၂၅ ဦးဇော်မင်း Sub-Assitant Engineer မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၂)

အပြည့်အစုံကိုPDF File မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ပီဒီအဖ် ဖိုင်တော့ရှာမတွေ့ဘူး။

8 comments

  • windtalker

    March 12, 2012 at 1:37 pm

    လက်တစ်ချောင်း ထောင်ပေးခဲ့ပါသည် ။ နောင်လည်း ယခုလို သတင်းထူးများ ကို ကူးပြီးဖြစ်စေ ၊ ကိုယ်တိုင် ဖြစ်စေ တင်ပြပေးလိုပါကြောင်း ။

    • Kyi Lwin

      March 12, 2012 at 1:57 pm

      အားပေးတယ်ဆိုတော့ ဆက်လက်သတင်းပေးရမပေါ့လေ။
      အခု တခုထပ်တင်ပေးလိုက်တယ်။အားပေးတော်မူအုံး။

  • koaung

    March 12, 2012 at 1:51 pm

    မတရားမစားကြနဲ့ဟေ့ မသေခင် အံထွက်မယ်

  • etone

    March 12, 2012 at 1:55 pm

    အတိလင်းကို စာရင်းနဲ့တကွ … ထွက်လာပါလားဗျို့ … ။
    ရာထူးအကြီးတန်းပိုင်းတွေက အစ အဆင့်ဆင့် မျက်နှာလို မျက်နှာရ လုပ်နေတော့လည်း …. အောက်ပိုင်းကလူတွေ … သိသိကြီးနဲ့ ရွေးချယ်စရာမလိုပဲ ဒီလမ်းလိုက်ကြရတယ် … ။
    သိပေမယ့်လည်း အမှန်ကို အမှန်တိုင်း ဖွင့်ဟမပြောရဲတဲ့ အခြေနေမျိုးမှာ …. သူတို့ ရှင်သန်ရတယ် … ။ ဒါတွေက မဖြစ်သင့်တာမျိုးပါ …. ကိုယ့်လက်ထက်မှာမှ … အမှန်တိုင်းမဖြစ်လျှင် .. သားစဉ်မြေးဆက် … ဒီပုပ်ထဲက ဒီပဲ ဖြစ်ကုန်တော့မယ် …. ။ အရှိန်ဝါကို မှီခိုပြီး ….. ပြည်သူ့ ဘဏ္ဍာ ခွာစားတဲ့ လုပ်ရပ်တွေ … ရပ်တန်းက ရပ်သင့်ပြီ … 🙄

  • inz@ghi

    March 12, 2012 at 2:02 pm

    သူကတော့ ဒီလိုပြောသွားတာပဲဗျ

    ထို့နောက် ကိုမင်းကိုနိုင်က ပြောကြားရာတွင် မကွေးမြို့သည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့ရာ နတ်မောက်မြို့၏ တိုင်းမြို့ဖြစ်ကြောင်း၊ မကွေးမြို့သည် ချောက်ရေနံမြေ သပိတ်သားများ ချီတက်စဉ်က ရန်ကုန်မ ှအကူတပ်သားအဖြစ် စေလွှတ်လိုက်သော ကျောင်းသားများနှင့် ဆုံစည်းခဲ့သော အောင်မြေဖြစ်ကြောင်း၊ မကွေးမြို့တွင် စာပေဟောပြောပွဲ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရသည်ကို သိရ၍ စိတ်မကောင်းဖြစ်မိကြောင်း၊ မကွေးမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ လွတ်လပ်စွာ လုပ်ဆောင်နိုင်မှု မရှိသည်ကိုလည်း စိတ်မကောင်း ဖြစ်မိကြောင်း ပြည်သူလူထုတွင် ကြောက်ရွံ့မှုများ ရှိနေရခြင်းမှာ ကောင်းသော အလားအလာ မဟုတ်ကြောင်း၊ ပြည်သူလူထု ဆိုသည်မှာ သခင်ဖြစ်ပြီး၊ လွှတ်တော် အမတ်များမှာ ပြည်သူ့အကျိုးဆောင် အစေအပါးများ ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးမှ ပြည်သူလူထုကို မိဘပြည်သူများဟု ခေါ်ခဲ့သည်မှာ အင်မတန် ကျက်သရေရှိကြောင်း၊ ထိုသို့ အခြေအနေ ရောက်ရှိလာခဲ့သည် မှာ အလကားရခဲ့ခြင်း မဟုတ်ကြောင်း၊ ယခင် အုပ်ချုပ်မှုပုံစံဖြင့် ခေါက်ရိုးကျိုးသူ အများအပြား ရှိသေးကြောင်း ပြည်သူ့အရေး၊ နိုင်ငံအရေးကို ရဲရဲ ရင့်ရင့်ပြောဆိုရန် အသင့်ရှိသင့် ကြောင်း ပြောကြားခဲ့သည်။

    http://first-11.com/index.php?option=com_content&view=article&id=12771:2012-03-12-04-10-36&catid=42:2009-11-10-07-36-59&Itemid=112

  • water-melon

    March 12, 2012 at 5:49 pm

    ထောင်လို့ရသမျှ အချောင်းထောင်ခဲ့ပါတယ်
    ဆက်လက်ရေးသားပါအုန်း။

  • Gipsy

    March 12, 2012 at 7:44 pm

    ကျုုပ်လဲ ငထောင်ဇယား လုပ်ခဲ့ပါတယ် …၊ ဒီသတင်းဖတ်ရတာ ရင်တွေ နာလာတယ် …၊
    ပြည်သူတွေရဲ့ ချွေးနည်းစာ ကို အလွဲသုံးစား လုပ်တဲ့ ကိစ္စပဲ မဟုတ်ပါလားဗျာ…။
    မီဒီယာ ကနေ အဆင်ပြေသလို ဆက်လက် အော်ပေးလိုက်ကြပါ …။

  • ငပွကြီး

    March 12, 2012 at 10:17 pm

    နှိင်ငံရေးတော့ နားမလည်ပါဘူး ကိုယ်ထင်တာလေး နဲနဲပြောကြည့်တာပါ
    ဦးသန်းရွှေ က အခုအနားယူသွားတယ်ဆိုတာ သူ့ကိုတခြားတယောက်ယောက်က ဖြုတ်ချလို့ အရေးယူခံရလို့ အနားယူသွားတာမှမဟုတ်တာ…
    တဝတပြဲစားပြီး တုန်ချိတုန်ချိဖြစ်တော့မှ ကောင်းပေ့ဆိုတဲ့ အရာတွေကိုယူပြီး ကန့်လန့်ကာနောက်ကိုဝင်တာဘဲ
    အခု အုပ်ချုပ်နေတဲ့လူတွေကလဲ သူ့စိတ်ကြိုက်ရွေးပြီး လုပ်ချင်သလိုလုပ်လို့ရအောင်ဖန်တီးထားတဲ့လူတွေပါဘဲ
    ပြည်သူကရွေးထားတဲ့လူ တယောက်မှအပေါ်မှာမတွေ့သေးပါဘူး..
    ရှေ့ရေးကတော့ တကျပ်ဖိုးလုပ် တရာဖိုးရုတ် ဆိုသလိုပါဘဲ..
    မထင် မထင် မထင်…..

Leave a Reply