သနပ်ခါးဖွေးဖွေးကလေး
ပါးကလေးပေါ် သူတင်လာ
နမ်းမယ်လို့ ကို က ဟန်ပြင်
ရှက်သွေးကြွယ် သူ့ပါးပြင်
ကို့ ရင်မှာတစ်ကယ်ကို စိုး
မေ့အနမ်းသူ ခိုး… •
နှုတ်ခမ်းတော် စံပါယ်ဖူး
ချစ်ရသူ ရူးလောက်တယ်
လွမ်းလျှ တဲ့အကြင်နာရယ်… •
ပန်းနုရောင် ချစ်နှုတ်ခမ်း
လွမ်းရသူ အပန်းပြေအောင်
နီးရဖို့ကို ကြံရွယ်စိုးပါနဲ့
ချစ်သူရယ်… •
ငြိမ့်ငြိမ့်ကလေး
ကို့ အကြင်နာ
ရင်ခွင်မှာ ဗလောင်ဆူ
သူလည်းလေ ကို့လိုလူမို့
ရင်ခုန်သံ တဒိတ်ဒိတ်ရယ်နှင့်
ဝေးရရက် ကုဋေကုဋာ
တူနှစ်ကိုတိုးတိတ်ကာ လွမ်းရပြန်သေး…..

About အရင့်ရောင်

အရင့်ရောင် အရင့်ရောင် has written 56 post in this Website..