နွေဦးပန်းချီ..
စွဲငြိသည်သို့..
တို့နှစ်ဦးရဲ့ ..
လွမ်းတဲ့ပုံရိပ်..
အတိတ်ခြေရာ..
ရော်ရွက်ဝါလို..
နွေမှာကြွေကျ..
မြေခမှန်းသိ..
မချိရင်ထဲ..
ဆွေးပိုကဲခါ..
ကြိုမြဲနွေကို..
မြဲလိုလိုပေ..
တူနေခဏ..
နွေကာလရဲ့ ..
အမှတ်တရ..
တို့အလှများ..
နှလုံးသားမှာ..
ခံစားနွေးထွေး..
မွေးဖွားသစ်လွင်..
ကြေးမုံသွင်တည့်..
မြင်ယောင်နေဆဲ..
ရင်ထဲမှာနွေ..
တမ်းတနေတာ…
တို့တွေများရဲ့ နွေကိုလေ..။

aye.kk

About aye.kk

has written 246 post in this Website..