မောင် ….. မောင်လို့ခေါ်ပြန်ရင် ရွာထဲကလူတွေက နောက်ကျဦးမယ် …. ဒါပေသည့် မတတ်နိုင်ဘူး … ကျွန်မက မောင့်ကို ချစ်စနိုးနဲ့မောင်လို့ခေါ်တာပဲလေ …….. မောင့်ရှေ့မှာတော့ မောင်လို့ဘယ်တော့မှ ခေါ်ဖြစ်မှာမဟုတ်ပါဘူး ………

မောင်ရယ် ….. အရှုံးပေးထားပါတယ်ဆိုမှ အနိုင်ထပ်လိုချင်တာလား …. မောင့်ကိုမချစ်ဖို့ ကျွန်မနှလုံး သားကိုသော့ခတ်ထားခဲ့ပါတယ် …….. သော့ခတ်ထားတဲ့ နှလုံးသားရဲ့အတွင်းထဲမှာ မောင်ရှိနေတယ် ဆိုတာကိုတော့မောင်မမေ့တန်ကောင်းပါဘူးနော် …. အခုတော့ မောင့်ချစ်သူကို ကျွန်မရှေ့ကိုခေါ် လာတယ် ဒါဟာကျွန်မရဲ့ အသဲနှလုံးကို မောင်တဖဲ့ဖဲ့ချွေနေတာလားဟင် ……. မောင့်ချစ်သူ ဘယ်သူ ဘယ်ဝါဆိုတာ ကျွန်မသိစရာမလိုဘူးလို့ကျွန်မထင်တယ် …. မောင်ချစ်တဲ့ချစ်သူကမောင့်ရင်ထဲမှာပဲ ရှိသင့်တယ် ကျွန်မ မျက်စိရှေ့ကိုရောက်အောင် မောင်ခေါ်ဆောင်မလာသင့်ဘူး မောင်ရယ် ကျွန်မဘ၀ က မောင်အသုံးပြုနေတဲ့ လက်တော့လေးလိုပါပဲလား …. ကျွန်မရဲ့မျက်နှာက Desktop လိုပဲ ..မောင်က ကျွန်မကိုကြည့်နေပေမယ့် မောင်ကြည့်နေတာ ကျွန်မကိုမဟုတ်ပဲ မောင့်ချစ်သူ ကောင်မလေးကိုပါ …. မောင့်ရဲ့လက်တွေ ပါးစပ်တွေက စကားလုံးတွေကိုပြောနေပေမယ့် keyboard ပေါ်ကို မောင့်ရဲ့လက်တွေနှိပ်နေသလို ကျွန်မရဲ့နှလုံးတွေနင်းချေပြီး မောင့်ချစ်သူကောင်မလေးကို ချစ်တဲ့အကြောင်းတွေကိုပြောနေတာပါ…. မောင်ရယ် ဒီလောက်တောင်မှ ကျွန်မမောင့်ကို ချစ်နေတဲ့ အချစ်တွေကိုမခံစားတတ်တော့ဘူးလား …. ဆုန်သင်းပါသီချင်းထဲကလို အကြင်နာတစ်ကယ်စစ်ရင် အသွားနဲ့အပြန်ရှိမှာ ဆိုတာတစ်ကယ်ကောဟုတ်ရဲ့လားမောင် ….. မောင့်ဆီကမေတ္တာကိုမျှော်လင့်ရင် အခုတော့မောင်မှာ ချစ်သူကောင်မလေးတောင်ရပေပေါ့လား …. နောက်ပြီးမောင်ကပြောသေးတယ် မောင့်ချစ်သူကောင်မလေးမပါတဲ့ ခရီးကို မောင်မလိုက်ဘူးတဲ့… မောင်ရယ်ပြောရက်လိုက်တာ …. မောင်အဲသည်လောက်ချစ်နေတာကို မောင့်ချစ်သူကောင်မလေးကရောသိရဲ့လား မောင်ကိုကျွန်မလောက်သူကအလိုက်သိပါ့မလား … ကျွန်မချစ်သလိုကော မောင့်ကောင်မလေးကချစ်နိုင်ပါ့မလား မောင်ပြောတတ်တဲ့ တီတီတာတာ စကားလေးတွေကိုကော အချိန်ပေးပြီးသူကနားထောင်ပေးမှာလား …. မောင်သွားချင်ရာကိုသွားတိုင်း မောင်အသုံးလိုလို့အသုံးချချင်တိုင်း မောင်သိချင်တဲ့သတင်းလေးတွေကိုဖတ်ချင်တိုင်း မောင်သုံးနေကျလက်တော့လေးကိုသုံးသလို ကျွန်မကိုမောင်အသုံးချခဲ့သလို မောင်ကောင်မလေးက မောင်သိချင်တာတွေကို ပြောပေးနိုင်လို့လား မောင်ရယ် …. အချိန်တွေရှိပါသေးတယ် …. မောင်…. မောင်သူ့မလေးကို မချစ်တော့ရင် မောင့်အတွက် ကျွန်မရင်ခွင်ဟာ သော့ဖွင့်ပေးဖို့အဆင်သင့်ပါမောင် ………မောင် ဆက်ဆက်ပြန်လာခဲ့ပါနော် …. အချစ်များစွာနဲ့မောင့်ကို ကျွန်မမျှော်နေပါ့မယ် …..

ဒီစာလေးကိုတော့ မောင့်ကိုမဖတ်စေချင်ဘူး …. ကျွန်မမောင့်ကိုသိပ်ချစ်နေတာကို မောင်မသိစေချင်လို့ပါ …………..

 

ချစ်ခြင်းများစွာဖြင့်

About Khaing Khaing

- - has written 38 post in this Website..