“နောက်တစ်လလောက်နေတော့ နောက်ထပ် စာအိတ်အဝါတစ်လုံး ရောက်လာပြန်ရောဟေ့..အာမက် အပြင်ထွက်နေတုန်း

ဆိုတော့ ငါလည်း စာအိတ်ထဲပါတဲ့ဟာ ကြည့်ချင်လွန်းတာနဲ့ ရေနွေးငွေ့နဲ့ပေးပြီး စာအိတ်ကို ဖွင့်ကြည့်ရောကွ..ထုံးစံအတိုင်း

ကာလာဓာတ်ပုံတစ်ပုံပါတယ်..လက်နှိပ်စက်ရိုက်ထားတဲ့ စာရွက်တစ်ရွက်ပါတယ်…ဓာတ်ပုံက နှုတ်ခမ်းမွှေးထူထူနဲ့ လူရွယ်

တစ်ယောက်ပုံပဲ..မျက်နှာမှာ အမာရွတ်ကြီးတစ်ခုလည်းပါတယ်ကွ..ဘယ်ဘက်မျက်လုံးကနေ နှာခေါင်းနားထိရှည်တဲ့ အ

မာရွတ်ကြီး..စာရွက်မှာတော့ ဒီလိုရေးထားတာ..

အမည်း   ဂျမဲ ကစ်ဒ်ဝါအီ

အသက်း   ၂၈

လိပ်စား   အမှတ် ၃၅ ရှီလာဂျစ် အိမ်ယာ၊ ကိုလာဘာ။

ငါလည်း ဓာတ်ပုံ နဲ့ နာမည်တွေ ဘာတွေ သေချာခေါင်းထဲ မှတ်ထားပြီးတော့ စာအိတ်ထဲကို ခြေရာလက်ရာ မပျက် အသာ

လေး ပြန်ထည့်ထားလိုက်တယ်..”

 

“ညနေကျတော့ အာမက်ပြန်လာတယ်..ပြီးတော့ စာအိတ်ကိုကြည့်တယ်..နောက် ဖုန်းလာတယ်..အရင် တစ်ခါက အတိုင်း

ပေါ့..သူကလည်း စာအိတ်ရကြောင်း ပြန်ပြော..အဲဒီလို..အဲဒါနဲ့ တစ်ပတ်လောက်ရှိတော့..ရာဇဝတ်မြင်ကွင်း အစီအစဉ်မှာ

သတင်းကြားရပါလေရော..ဂျမဲ ကစ်ဒ်ဝါအီဆိုတဲ့ လူငယ်ရှေ့နေတစ်ယောက် သူနေတဲ့ ရှီလာဂျစ် အိမ်ယာနားမှာ ကားပေါ်

က အဆင်း သေနတ်နဲ့ ပစ်အသတ်ခံရပါရော ဆိုတဲ့ သတင်းပဲ…ရဲတွေကတော့ ဒီ လူသတ်မှုမှာ ဒုစရိုက်ဂိုဏ်းတွေ ပါဝင်

လိမ့်မယ်လို့ သံသယ ရှိကြတယ်တဲ့.. ဘာလို့လဲဆိုတော့ အဲဒီ ဂျမဲ ကစ်ဒ်ဝါအီက မာဖီးယား ခေါင်းဆောင်အတော်များများ

ဘက်က ရှေ့နေလိုက်ပေးလို့ပဲ…စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပေမဲ့ သဲလွန်စတော့ မတွေ့သေးဘူးတဲ့…အာမက်လည်း

ဝီစကီခွက်လေး ကိုင်လို့ ထိုင်ကြည့်နေတာ..အဲ့ဒီသတင်းလည်း ကြားရော ဗြဲခနဲ ထရီပါလေရော…”

 

“ငါလည်း တော်တော်လေး လန့်လာတယ်…သူ့ဆီ ဘာလို့ စာတွေလာတာလဲ…ပြီးတော့..စာအိတ်ထဲ ပါတဲ့ ဓာတ်ပုံထဲက

လူတွေ..မကြာခင်..ဘာလို့ သေကုန်တာလဲ..အဲဒါတွေက ငါ့အတွက် လျှို့ဝှက်ဆန်းကြယ်နေတုန်းပေါ့ကွာ…ဒီလိုနဲ့ နောက်

သုံးပတ်လောက်ကြာတော့ စာအိတ်အဝါတစ်လုံးထပ်ရောက်လာပြန်ရော…ဒီတစ်ခါတော့ ခိုးကြည့်ရုံမကဘူး သေချာရေး

မှတ်ထားလိုက်တယ်..ဓာတ်ပုံကတော့ အသက်ကြီးကြီး လူကြီးတစ်ယောက်ပုံပါ..လိပ်စာက ကူရ်လာ က ပရီမီယာလမ်း

မှာ.. နောက်တစ်နေ့ကျတော့ သူသွားတဲ့နောက် ငါအသာလေး လိုက်သွားတယ်..မြို့ပတ်ရထားစီးပြီး ကူရ်လာကိုသွား

တာ..ပြီးတော့ အာမက်က ပရီမီယာလမ်းပေါ်မှာ တောင်လျှောက် မြောက်လျှောက်နဲ့ ..အိမ်ထဲတော့ မဝင်ဘူး..အကဲ

ခတ် နေတဲ့ပုံပဲ..နှစ်ပတ်လောက်ကြာတော့ အဲဒီလမ်းက လူကြီး အသတ်ခံရတဲ့အကြောင်း ရာဇဝတ်မြင်ကွင်းမှာ ပါ

လာတော့တာပဲ..”

“ဟ..ဒီလောက်ဆိုရင်တော့ သိရောပေါ့..ငါက ငတုံးမှ မဟုတ်တာ..အာမက်က အဲဒီလူကြီးကို သတ်လိုက်တာပဲ..အေး..

ပြီးတော့ ငါက ကြေးစားလူသတ်သမားတစ်ယောက်နဲ့ အတူနေ နေရတာပဲ ဆိုတာ..ဒါပေမဲ့ ငါဘာလုပ်ရမလဲ မသိဘူး..

သူက ငါ့ အသက်ကို ကယ်ထားတာပဲ..သူ့ကို သစ္စာဖောက်ပြီး ရဲသွားတိုင်ရမလား ဆိုတာလည်း မစဉ်းစားဝံ့ဘူး..အဲဒီ

အချိန်မှာ အာဘစ် ရဇ်ဝီက သူနောက်ထုတ်မဲ့ ရုပ်ရှင်တစ်ကားမှာ ဇာတ်ရံအဖြစ် သရုပ်ဆောင်ဖို့ အခိုင်အမာ ကမ်းလှမ်း

လာပါလေရော…ဟား…ဒီသတင်းလည်း ကြားပြီးရော..ဟာဂျီအလီ ရဲ့ ဗိမာန်ကိုပြေးပြီးတော့ အာဘစ် ရစ်ဇ်ဝီ တစ်ယောက်

အသက်ရာကျော် ရှည်ပါစေကြောင်း ဘာညာ သွားပြီး ဆုတောင်းမိတော့တာပဲ…”

 

“နောက်နှစ်လလောက်မှာတော့ မသက်မသာနဲ့ နှစ်ဘဝ စံ လုပ်နေရတာပဲ..အာမက်က စီးပွားရေးသမား အရေခြုံထားတဲ့

ကြေးစား လူသတ်သမား တစ်ယောက်ဆိုလို့ရှိရင် ငါကရော..အစေခံတဖြစ်လဲ သရုပ်ဆောင် တစ်ယောက်ပေါ့ကွာ..အာ

မက် က လူသတ်လိုင်စင် ရထားတဲ့ လူတစ်ယောက်လိုပေါ့..အေး..တစ်ချိန်တော့ သူအသတ်ခံရတဲ့ တစ်နေ့ ရောက်လာ

ဦးမှာပေါ့…ငါ့အနေနဲ့တော့ ကြားမညပ်ပါစေနဲ့ပဲ မျှော်လင့်ထားရတာ..အင်း..နောက်ဆုံးတော့..အားလုံး တစ်စစီ ဖြစ်ဖို့ဖန်

လာတော့တာပဲ..”

 

“ဟေ..ဘာ..ဘာတွေ ဖြစ်ခဲ့လို့တုန်း..”

 

“အင်း..လွန်ခဲ့တဲ့ လေးလလောက်က..တိတိကျကျပြောရရင် ဖေဖော်ဝါရီ ၂၀ရက်နေ့မှာ..အဲဒီနေ့ကို ငါကောင်းကောင်းကြီး

မှတ်မိနေတာ..ဒီလိုဟ..အိန္ဒိယနဲ့ ၾသစေတ်းလ် ခရစ်ကတ် နောက်ဆုံးပွဲ ကစားတဲ့နေ့လေ..အာမက်ကတော့ တွေ့ကရာ အ

ကုန်လောင်းတော့တာပဲ..ဘယ်အသင်းနိုင်မယ် ဆိုတာတင်မဟုတ်ဘူး..ဘယ်သူက စပစ်ရမယ်..ဘယ်သူကတော့ စရိုက်ရ

မယ်…အဲဒါတွေတင်မကဘူး..ကစားနေတုန်း မိုးရွာ မရွာ တောင်လောင်းလိုက်သေးတာ..အဲဒီနေ့ မနက်မှာ အာမက်က သူ

ပြောနေကျ ဘွတ်ကီဒိုင်နဲ့ ဆက်သွယ်တယ်..သူပြောနေတာ မှတ်မိသေးတယ်..ဒီလို… ရှာရတ် ဘိုင်..ကုဒ် ၃၅၆၃ ပါ..ဘယ့်

နှယ်တုန်း ကွင်းအခြေအနေ..မနေ့ကတော့ ခပ်မှိုင်းမှိုင်းပဲဗျနော…ဒါပေမဲ့လို့ ကနေ့တော့ ပြောင်းချင်ပြောင်းသွားနိုင်တာမို့လား

..မိုးလေဝသ သတင်းကတော့ သာယာမယ်ပြောတာပဲ..မိုးရွာမယ် ထင်သလားဗျ…ကဲ..ကျုပ် စာရင်းလေးသွင်းထားပါဦး..

ဆေချင် မယ်လ်ဝင်္ကာ ဒီနေ့မှာ သူ့ရဲ့ သုံးဆယ့်ခုနစ်ကြိမ်မြောက် စန်ချူရီ ရအောင် လုပ်နိုင်မယ် ဆိုတာလေး..ဒါနဲ့ ဈေးက

ဘယ်လောက်ပေါက်နေတုန်း.. ဒိုင်ကပြန်ဖြေတယ်.. ၇၈ ကွ..အားလုံးကတော့ သေချာပေါက်လို့ ခန့်မှန်းနေကြတာပဲ..ငါ

အကောင်းဆုံးပေးနိုင်တာကတော့ ၁၃/၁၀ ပဲ.. အဲဒါနဲ့ အာမက်က မယ်လ်ဝင်္ကာ ဒီနေ့ စန်ချူရီ ရမယ့်ဘက်က ဆယ်သိန်း

ပစ် လောင်းလိုက်တယ်..သူနိုင်ရင် ဆယ့်သုံးသိန်းပြန်ရမယ်ဆိုတော့ သုံးသိန်းမြတ်မယ်တဲ့..”

 

“နေ့ခင်းပိုင်း တစ်ပိုင်းလုံး တီဗီရှေ့မှာ ထိုင်လို့ အာမက်တစ်ယောက် အကြီးအကျယ်အားပေးနေတော့တာပေါ့..လက်ခေါက်

မှုတ်၊ လက်ခုပ်တီး..အမယ်လေး ဟုတ်နေတာ..မယ်လ်ဝင်္ကာ တစ်ယောက် သူ့ စန်ချူရီ ရဖို့ နီးလာလေလေ အာမက် ခမျာ

နေမထိ ထိုင်မသာ နဲ့ ဂနာမငြိမ် ဖြစ်လာလေလေပဲ…ဟော..နောက်တော့ မယ်လ်ဝင်္ကာ ရမ်းစကိုး ကိုးဆယ်ထဲဝင်လာရော

ပိုဆိုးတော့တာပေါ့..ဂယောင်ချောက်ချား ဖြစ်ပြီး လက်သည်းတွေ ကိုက်လို့ကိုက်…ရိုက်လိုက်တဲ့ ဘောလုံးတိုင်းကို မမှိတ်

မသုန် လိုက်ကြည့်..ဆုတွေဘာတွေတောင်တောင်းလို့ဗျ..လူသတ်သမားကြီး..ကတုန်ကယင်ဖြစ်နေတာ မင်း မြင်စေ့ချင်

တယ်.. မယ်လ်ဝင်္ကာကလည်း ဘတ် ရိုက်တဲ့နေရာမှာ တကယ့်ဆရာကြီးဆိုတော့ အေးဆေး…ရမ်းစကိုး ကိုးဆယ့်ခုနစ်

ရောက်လာပြီ..အဲဒီမှာ ဘိုလာလုပ်တဲ့ ဂီလက်စ်ပီက ဘောလုံးကိုပစ်..မယ်လ်ဝင်္ကာက ရိုက်ထုတ်လိုက်တယ်..သွားရော့

ဟ..ကွင်းစည်းကျော်အောင်…ဟေဒင်က အဲဒီဘောလုံးကို လိုက်ဖမ်းနေတုန်း..မယ်လ်ဝင်္ကာ နဲ့ သူ့တွဲဘက် ဘတ်ရိုက်

သမား အဂျေး မီရှာ တို့နှစ်ယောက်က ဝစ်ကတ် နှစ်ခုကြားမှာ ဟိုဖက်ဒီဖက် ပြေးကြတာပေါ့…အဲ…တစ်ခေါက်ပြေးမိပြီ..

ရမ်းစကိုး ကိုးဆယ့်ရှစ်…နောက်တစ်ကြိမ် ထပ်ပြေး..အဟား..ကိုးဆယ့်ကိုး..အဲဒီအချိန် ဟေဒင်က ဘောလုံးကို စည်း

အတွင်းမှာ မိသွားပြီးတော့..ချက်ချင်း လှည့်ပစ်ထည့်လိုက်တာပဲ..ဝစ်ကတ်ကီပါ အဒမ် ဂျီးခရစ် ဆီတော့ မဟုတ်ဘူး..

ဘိုလာ နောက်က ဝစ်ကတ်တိုင်တွေ ဆီကိုပေါ့..တိုက်ရိုက် လှမ်းဆော်တာ..မယ်လ်ဝင်္ကာက အဲဒါကို မြင်တော့ နိုး…

ဆိုပြီး ကြုံးအော်တယ်..မီရှာ ဆိုတဲ့ငနဲက အူကြောင်ကြောင်လေ..တတိယအကြိမ်ရမ်းစကိုးရဖို့ မယ်လ်ဝင်္ကာ ဘက်ကို

ပြေးလာနေတာ..ဟိုက အော်လည်း ဆက်ပြေးတုန်းပဲ…အဲဒီတော့ မယ်လ်ဝင်္ကာ ခမျာ တတိယ ရမ်းစကိုးကို မဖြစ်မနေ

ပြေးရတော့တာပေါ့..ဘိုလာနောက်ဖက်က ဝစ်ကတ်စည်းထဲ ရောက်ဖို့ ခြောက်လက်မလောက်အလိုမှာ ဟေဒင်ပစ်လိုက်

တဲ့ ဘောလုံးက ဝစ်ကတ် တိုင်တွေကိုကွက်တိ မှန်တာပဲဟေ့..ကဲ..ဒိုင်လူကြီးက အော်ပြီပေါ့..ထွက် ဆိုပြီး..ရမ်းစကိုး

ကိုးဆယ့်ကိုးမှာလေ…တစ်ရာဆို စန်ချူရီ ရပြီပဲ..”

 

“ဟေဟေ့..အာမက်ကြီး ဘယ်လိုဖြစ်သွားမလဲ..မင်းစဉ်းစားသာကြည့်ပေတော့..ရမ်းစကိုးလေး တစ်မှတ်နဲ့ ဆယ်သိန်း

ပလုံသွားတော့တာ..ဘောလုံးပစ်တဲ့ ဂီလက်စ်ပီကို ဆဲ..ဟေဒင်ကိုဆဲ..သူအဆဲဆုံးက မီရှာ ပဲ..ဒင်းနောက်ပြန်လှည့်ရင်

အေးဆေး..အာမက်တစ်ယောက်ကတော့ အသေအလဲဆဲဆိုနေတော့တာမှ အဲဒီ မေ–ိုး အဂျေး မီရှာ ဆိုတဲ့ကောင်ကို

သတ်ချင်တယ်ကွ..ဆိုတာချည်းပဲ…နောက်တော့ အပြင်ထွက်သွားတယ်..ကြည့်ရတာ ဆိုင်တစ်ဆိုင်ဆိုင်မှာ သွားပြီး အ

ကွဲ သောက်တော့မှာထင်တယ်…ညစ်နေတာ ဖြေဖို့နေမှာပေါ့..”

 

“သူထွက်သွားပြီး သိပ်မကြာဘူး..စာအိတ် အဝါတစ်လုံး ရောက်လာပါလေရော…ငါလည်း နည်းနည်းတော့ထိတ်သွား

တယ်..တို့အိန္ဒိယ ခရစ်ကတ် ဘတ်သမားတစ်ယောက်ယောက် ဓာတ်ပုံများ ပါလာလေမလားလို့…အေး..တကယ်ဖွင့်

ကြည့်မိတော့…ငါ အသက်ရှူရပ်မတတ် ဖြစ်သွားတော့တာပဲ..”

“ဟေ..ဟ..ဘယ်..ဘာ ပါလို့တုန်း..ပြောပါဟ..”

 

“အာဘစ် ရစ်ဇ်ဝီ ရဲ့ပုံထွက်လာတာပဲ..ပြီးတော့ လက်နှိပ်စက်နဲ့ရိုက်ထားတဲ့ သူ့လိပ်စာ…သူက အာမက်ရဲ့ နောက်ထပ်

သားကောင် တစ်ယောက် ဖြစ်တော့မှာ…သူသေသွားရင် ငါ့အိပ်မက်လေးလည်း ပြိုကွဲပြီပေါ့..အဲဒီတော့ ငါလည်း ရစ်ဇ်ဝီ

ကို သတိပေးရတော့မှာပဲ…အေး..အာမက် သိသွားရင်လည်း ငါ့ကို သတ်ပစ်ဖို့ လက်နှေးမှာ မဟုတ်ဘူး..ငါသိတယ်…သိ

တယ်မို့လား..သူက လူသတ်လိုင်စင်ရထားတဲ့ တကယ့်ကြေးစားလေ…”

“အဲ..အဲဒီတော့ ..မင်းဘာလုပ်လဲ..” ကျွန်တော်လည်း အသက်တောင် မရှူနိုင်ဘူး။

 

“ငါလည်း လုပ်စရာရှိတာ လုပ်ရတာပေါ့…ရစ်ဇ်ဝီဆီကိုသွားပြီး သတိပေးတယ်…သူက မယုံဘူးကွ..အဲဒါနဲ့ သူ့ဓာတ်ပုံနဲ့

သူ့လိပ်စာ စာရွက်လေး ပြလိုက်တော့ သံသယရှင်းသွားတယ်..သူက ဒူဘိုင်းမှာ တစ်နှစ်လောက် အနည်းဆုံးသွားပြီး

ရှောင်နေလိုက်မယ်တဲ့…ငါ့ကို ကျေးဇူးတင်လွန်းလို့ သူပြန်လာတဲ့အခါကျရင် သူထုတ်မဲ့ နောက်ရုပ်ရှင်တစ်ကားမှာ ငါ့

ကို ဇာတ်လိုက်တင် ရိုက်မတဲ့…အဲဒါကြောင့် ခု သရုပ်ဆောင်သင်တန်းကို သူ့အကူအညီနဲ့ တက်နေနိုင်တာပဲ…ငါ့အသက်

ဆယ့်ရှစ်နှစ်ပြည့်မယ့်ရက်ကို လက်ချိုးရေတွက်နေမိတော့တာပဲ..”

About မောင်ဘလိုင်

has written 139 post in this Website..