တခါက…
ခရီးသွားဧည့်သည်

တစ်ဦးသည်လွယ်အိတ်အို အဟောင်း တစ်လုံးနှင့်ခရီးသွားရာ…

လမ်းတွင် တွေ့သမျှပစ္စည်းကို… တခုခု အသုံးချလို့ ရလေမလားဆိုပြီး သူ၏
လွယ်အိတ်တွင် ကောက်ထည့်ကာ လွယ်အိတ်သာ ပြည့်သွားပါသည်..
ဘာတခုမှ မယ်မယ်ရရ အသုံးချလို့ မရဘဲ ခရီးပန်းနေပြီး တနေရာတွင် အနားယူကာ…

သူ့၏ လွယ်အိတ်တွင်ပါလာသည့် အသုံးချလို့ မရသည့် ပစ္စည်းများအားလုံးထဲမှ …

အရှည် တစ်ပေကျော်ကျော် အချင်း တစ်လက်မ ပတ်ဝန်းကျင်ခန့်ရှိ
ကြေးဝါနှင့်ပြုလုပ်ထားသည့် နှစ်ဖက်ဖြောင်ပြီးကြည့်နိုင်သည့်
ရှေးဟောင်း ကြေးပိုက်ချောင်းလေး တပိုင်းကို ထိုင်ကြည့်ပြီး
သူ့လွယ်အိတ်မှာပါလာတဲ့ ဖန်ကွဲစတွေနဲ့ ဒါမှန်ပြောင်းလုပ်ရင် ရတာဘဲလို့စဉ်းစားပြီး…
အဲဒီ ကြေးပိုက်အိုချောင်းနဲ့ သူစိတ်ကူးပေါ်တဲ့ အတိုင်း မှန်ပြောင်းပြုလုပ်ပြီး..
အဲဒီမှန်ပြောင်းနဲ့ ကောင်းကင်ကို မော့ကြည့်လိုက်သတဲ့…

ကောင်းကင်မှာရှိတဲ့ တိမ်တိုက်ပုံသဏ္ဍာန် အမျိုးမျိုးကို ပုံဖေါ်ပြီး
သူနာယူ မှတ်သားဖူးခဲ့ရတဲ့ နတ်အကြောင်းတွေနဲ့ ပေါင်းစပ်ပြီး…
အော် ..လူအများတွေပြောပြောနေကြတဲ့ နတ်သားတွေဆိုတာ ဒါဘဲထင်တယ်..
ငါတော့ဒီမှန်ပြောင်းအိုနဲ့ နတ်ဘုံတွေ့ပြီး ဆိုပြီး ခရီးဆက်လေ၏….

ဒီလိုနဲ့ သူခရီးဆက်သွားရာ..ရွာတစ်ရွှာအရောက်တွင် သူကြေးပိုက်အို မှန်ပြောင်းနှင့် ရွာသူရွားသား များကိုထုတ်ပြပြီး ဒီမှန်ပြောင်းနဲ့ ခင်ဗျားတို့ နတ်ဘုံနတ်နန်း မြင်ချင်လား? ဒီမှန်ပြောင်း နဲ့ကြည့်ရင်မြင်နိုင်တယ်…

ဒါပေမဲ့ တခုတော့ရှိတယ် ဒီမှန်ပြောင်းဟာ
ဘုန်းတန်ခိုးရှိတဲ့လူမှ မြင်နိုင်တာ..ဘုန်းတန်ခိုး မရှိတဲ့
လူဆိုမမြင်နိုင်ဘူး လို့ပြောသတဲ့…

ဒီလိုနဲ့ လူပေါင်းစုံ လက်ဆင့်ကမ်းပြီး..ကြည့်ကြရာ မမြင်ဘူးလို့
ပြောပြန်ရင်လည်း ဘုန်းတန်ခိုး နှိမ့်မယ်ဆိုတော့ မြင်တယ်လို့ဘဲ လွယ်လွယ်နဲ့ ပြောကြရင်းနဲ့..

နောက်ဆုံး ရှင်ဘုရင်ထံ သတင်းရောက်ပြီး ရှင်ဘုရင်လည်း အဲဒီမှန်ပြောင်းအိုနဲ့ ကောင်းကင်ကိုကြည့်ပြီး နတ်ဘုံနတ်နန်း ကိုကြည့်ရာ …အင်း…မြင်တော့
ငါမမြင်ရဘူးဘဲ …ဒါပေမဲ့ ဘုန်းတန်ခိုးနှိမ့်တဲ့လူဆိုရင် မမြင်ရဘူးလို့ ပြောထားတယ်ဆိုတော့…ငါကဘဲ ဘုန်းတန်ခိုးနှိမ့်လေသလားဆိုပြီး အကြိမ်ကြိမ်
အခါခါထပ်ကြည့် ပြန်၏..အင်း တကယ်လည်းမမြင် ရပါလား.. လုံးလုံးမမြင်ရတာကတော့ သေချာနေပြီ..ဒါဆိုငါဘယ်လိုလုပ်ရမလဲ?

ငါက မမြင်ရဘူးလို့ပြောရင်.. ငါကိုယ်တိုင်ဘုရင်
ဖြစ်ပြီး..ဘုန်းတန်ခိုးနှိမ့်တဲ့လူ
လို့အပြောခံရမယ်.. ဒါကြောင့် ဘုန်းတန်းခိုးနှိမ့်တယ်လို့ အပြောခံလို့တော့
မဖြစ်ဘူး…ငါကဘုရင်ဆိုတော့
ဘုန်းတန်ခိုးပိုရှိရမယ်..ဒါကြောင့်မြင်တယ်လို့ဘဲ သူများလိုဘဲ
အီးယောင်ဝါးပြီး ပြောမှဖြစ်မယ်လို့တွေးကာ..
အများနည်းတူ ရှင်ဘုရင်လည်း…အေး…
ဟုတ်တယ်နော်…ငါလည်းမြင်တယ် လို့ပြောလိုက်သတဲ့….

အော်..ကနေ့ ဒို့တတွေလည်းလက်ဆင့် ကမ်းပြီး သယ်ဆောင်လာတဲ့ ဒီကြေးမှန်ပြောင်းအိုကြီးနဲ့ မမြင်ရတဲ့ အရာကို မမြင်ရင် မမြင်ဘူးလို့ ဘာဖြစ်လို့ မပြောရဲကြတာလဲ?..ဘာဖြစ်လို့ ရိုးရိုးသားသား မ၀န်ခံရဲကြတာလဲ?…

တချိန်တုံးက ကျွန်တော်လည်း အများနည်းတူ မမြင်ရတဲ့ အရာကို မြင်တယ်လို့ အီးယောင်ဝါး လိုက်ခဲ့မိတယ်၊
ကိုယ့်ကိုယ်ကိုလည်း လိမ်ခဲ့မိပါတယ်… အုပ်စုကြီးကြီးကနေ ခွဲထွက်လိုက်ရင် အရူး၊ငကြောင်လို့ အပြောခံရမှာ စိုးရိမ်ခဲ့မိပါတယ်…

အခုတော့ ခေတ်ကလည်း တဖြည်းဖြည်းပြောင်း သတင်းမီဒီယာကွန်ယက်ကနေ တဆင့်လေ့လာချင်တာတွေ လေ့လာခွင့်လည်းရပြီဆိုတော့…
ဒီကနေတဆင့် အသိအမြင်တွေလည်းပြောင်းလဲလာခဲ့ပြီ.. ကိုယ့်ရဲ့
ဒီအမြင်ကို တင်ပြခွင့်၊ဖလှယ်ခွင့်ရနေပါပြီ…

ဒါကြောင့်… ဒီတခါတော့… ဘုန်းကံနှိမ့်ရင်နှိမ့်ပါစေဆိုပြီး အင်တာနက် ကနေတဆင့် ရင့်ဖွင့်လိုက်ပါတယ်…
ကျွန်တော်လည်းဘဲ… မမြင်ရပါဘူးလို့….

အော်လူတွေဟာ အမှားကြာတော့ အမှန်ထင်နေကြပါလား?…ဒါတောင် အမှားကြာတော့
အမှန်ဖြစ်တယ်လို့ ပြောတဲ့လူကရှိသေး..
အမှားဟာ ဘယ်တော့မှ အမှန်မဖြစ်လာနိုင်ပါဘူး..
အမှန်ထင်တာဘဲ ဖြစ်မှာပါ..ဒါကြောင့် အထင်နောက်ကို
မလိုက်ကြဘဲ အမြင်နောက်ကို လိုက်နိုင်မှ လမ်းဆုံးရောက်မှာပါ…

About Ko out of...

Ko out of... has written 91 post in this Website..