အရက်မူးနေတဲ့(ယာဉ်ထိန်းရဲ)ဆိုင်ကယ်က ရပ်ထားတဲ့ကားကို ဝင်တိုက်(မန္တလေး)

myohtatApril 15, 20121min13311

၁၂-၄-၂၀၁၂ သင်္ကြန်အကြိုနေ့ နေ့လည် ၁၂-၃ဝ နာရီခန့်က
မန္တလေးမြို့(ရတနာပုံဈေး)ရှေ့မှာ မျဉ်းဖြတ်က တဖက်ယာဉ်ကြောကိုကွေ့ဘို့
အချက်ပြမီးပြပြီးရပ်ထားတဲ့ (Caldina Van)ကားကို အရက်အလွန်အကျွံမူးနေတဲ့
(ယာဉ်ထိန်းရဲ)က ဆိုင်ကယ်နဲ့ ဝင်တိုက်ခဲ့ပါတယ် .. ဆိုင်ကယ်နဲ့တိုက်မိလို့ (Caldina Van)ကားရဲ့
အနောက်ဖက် ဘယ်ဘက်ကမီးလုံးကွဲသွားပြီး ဘယ်ဘက်အနောက်ဘေးခြမ်းကဆေးတွေပါပွန်းကုန်ပါတယ် …
သူမောင်းလာတဲ့ အရှိန်ကို အရက်မူးနေတဲ့အတွက် မထိမ်းနိုင်ဘဲ သွားတိုက်တာပါ .. ကားကိုနောက်ကတိုက်မိပြီး
သူစီးလာတဲ့ဆိုင်ကယ်လဲသွားပါတယ် … (စာကားပြောစက်)လည်း ဘေးကိုလွင့်ကျသွားပါတယ် …
ဆိုင်ကယ်ကို ပြန်ထူပြီး မောင်းပြေးမလို့လုပ်တုန်း ကားပေါ်မှ ယာဉ်ပိုင်ရှင်က ကားတံခါးကိုဖွင့်ပြီး ဆိုင်ကယ်ကို
နောက်ကဆွဲထားလိုက်လို့ မောင်းပြေးလို့ မရတော့ပါဘူး … တာဝန်မဲ့စွာနဲ့ ထွက်ပြေးမလို့လုပ်တဲ့ အတွက် ယာဉ်ပိုင်ရှင်လည်း
ဒေါသတော်တော်ထွက်သွားပုံရပါတယ် … ဆိုင်ကယ်နဲ့တိုက်တဲ့ (ယာဉ်ထိန်းရဲရဲ့ အင်္ကျီကနံပါတ်က – 258 ) ပါ  သူနဲ့အတူ
အရက်မူးပြီးပါလာတဲ့ နောက်တယောက်က ( အင်္ကျီနံပါတ် – 241 ) ပါ နယ်မြေ(၂)ကလို့ ပြောပါတယ် …
ဆိုင်ကယ်နှင့်တိုက်တဲ့ ယာဉ်ထိန်းရဲမှ ကားပိုင်ရှင်ကို လျှော်ကြေးပေးလိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။

11 comments

  • aungmyintmyat

    April 15, 2012 at 3:32 pm

    အဖွဲ့ဝင်အသစ်လေးပါဗျာ
    ဒီးသတင်းကို အခုမှ ဖတ်မိလို့ပါနော်
    နည်းတောင်နည်းသေးတယ် မော်တော်ပီကယ်ရယ်
    ပြောနေကျတာကတော့ ပြည်သူအတွက် တဲ့

  • FattyCat

    April 15, 2012 at 3:52 pm

    မမှားသောရှေ့နေ
    မသေသောဆေးသမား
    ယာဉ်မတိုက်ဖူးသော ယာဉ်ထိန်းရဲ မရှိစကောင်းပေါ့နော်…

  • winkyawaung

    April 15, 2012 at 3:53 pm

    လွမ်းလောက်ပါဘူးကွယ်။ မူးရင်မမောင်းနဲ့ ဆိုသလို မူးရင်ဂျူတီမှာ မစီးနဲ့ပေါ့နော့..။ သူသာ သေသွားရင် ကားကိုများ ဝိုင်းပြီး ပြဿနာရှာနေကြမယ်ထင်တယ်နော်..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 15, 2012 at 6:55 pm

    ဟာ!!!!!!!!!!ကြည့်ဇမ်းကြည့်ဇမ်း
    အရက်တို့များ အ ဂတိကင်းလိုက်ပုံ
    မော်တော်ပီကယ်ဆိုပြီး ဘက်မလိုက်ဘူး မူးတာဘဲ

  • Gipsy

    April 15, 2012 at 7:26 pm

    များသောအားဖြင့် အဲ့ကောင်တွေက အကုသိုလ်ကောင်တွေလေ…
    အကုသိုလ် အကျိုးပေး ရှောင်ပြေးလို့ မရ …ဟုတ်၏ ….
    မကောင်းမှုကံ၏ ဆိုးကျိုးမှ လွတ်နိုင်သည့်နေရာသည်ကား လောက၌ မရှိပါချေ…။

  • cobra

    April 15, 2012 at 9:12 pm

    သူကမူးနေလို့ပါခွင့်လွှတ်လိုက်ပါ……
    မူးလျှင်မမောင်းနဲ ့မောင်းလျှင်မမူးနဲ့
    သူကမူးပီးမောင်းတာမဟုတ်ပါဘူး
    မောင်းရင်းနဲ ့မူးသွားတာနေမှာပါလေ………….။

    • ချစ်ရင်ထူးနှစ်

      April 16, 2012 at 12:03 am

      ကားမောင်ရင်း ဆိုင်ကယ်စီးရင်း အရက်မသောက်နဲ့တဲ့ ..
      တွေ့ရှိပါက တောင်းသောက်မည် ..

  • ဦးဦးပါလေရာ

    April 15, 2012 at 11:04 pm

    စားထားတာလေးတွေ ပြန်အန်တာပေါ့….
    ရန်ကုန်မှာတော့ သတိထားရတဲ့အထဲမှာ ယာဉ်ထိန်းရဲလှည့်ကင်းကားလဲပါတယ်။
    ရဲ ဆိုပြီးတော့ လမ်းပြောင်းပြန်လဲ မောင်းချင်မောင်းတယ်။ မျဉ်းသေလဲဖြတ်တယ်။ လမ်းပေါ်ကန့်လန့်ကြီးလဲရပ်ထားတတ်တယ်။ နောက်ကားရှိရက်နဲ့ ဘက်ဆုတ်တယ်။
    ရဲဆို အကုန်လုပ်လို့ရတယ်လို့ ထင်နေကြတာ…။

  • naked

    April 20, 2012 at 2:12 am

    အော်သူတို့ကလဲ အခါကြီးရက်ကြီးမို့လို့တစ်ခါတစ်လေလေး လှူဖူးတယ်ရှိအောင် မုန့်ဖိုးရထားတာတွေထဲကပြန်လှူချင်လို့နေမှာပါ

  • kai

    April 20, 2012 at 2:59 am

    တာဝန်ချိန်မူးနေရင်.. အပြစ်ပေါ့…
    အလုပ်ထိခိုက်နိုင်ပါတယ်..

    တာဝန်ချိန်မမူးရင်တော့.. လမ်းစည်းကမ်းမလိုက်နာပဲ လုပ်ချင်တာလုပ်လို့ရတာအမှန်ပါပဲ..။
    ယူအက်စ်မှာလည်း.. ရဲတွေ.. အဲလိုလုပ်ကြတယ်..။
    စည်းကမ်းထုတ်ထားတာကို .. ထိမ်းသိမ်းရမယ့်သူကိူး..

    ၉/၁၁ဆိုရင်.. နယူးယောက်ကောင်းကင်မှာ.. လေယဉ်တစင်းမှမရှိရဖို့အမိန့်ထုတ်တယ်..
    အဲဒါကိုစောင့်ကြည့်ဖို့.. ဖိုက်တာလေယဉ်တွေ.. ကောင်းကင်မှာဝဲပြီးစောင့်နေတယ်..
    အဲဒီသဘော.. 😆

Leave a Reply