What happens to my Gmail when I die?

What happens to my Gmail when I die?

 

 

 

 

 

 

 

 

 

 

 

 

 

တစ်လောကက မိတ်ဆွေတစ်ယောက် ရုတ်တရက် ကွယ်လွန်သွားပါတယ်။ ဒါပေမယ့်သူ့ email ကိုမှားပြီးပို့လိုက်တဲ့အခါမှာ auto-response နဲ့အခုခရီးသွားနေပါတယ်။ မကြာနေရင်တွေ့ရအောင်။ ဆိုပြီးတွေ့လိုက်ရတဲ့အခါမှာ သရဲခြောက်သလိုခံစားလိုက်ရပါတယ်။ ဒီကိစ္စအတွက်ကို လူတော်တော်များများကတွေးမိကြမှာပါ။ သေဆုံးသွားသူရဲ့ Data ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ပြသနာတွေတက်လာနိုင်ပါတယ်။ ဥပမာ Gmail ကို ကိစ္စတော်တော်များများကို notification ပို့ဖို့အတွက် Primary အဖြစ်သုံးထားတယ်ဆိုရင် အခက်အခဲတွေ့နိုင်ပါတယ်။ ငွေပေးချေရန်ရှိတဲ့ကိစ္စ   တော်တော်များများကို Gmail နဲ့ချိတ်ဆက်ထားပြီး Automatic Direct Debit လုပ်ထားမိတယ်ဆိုရင်တော့ ဒုက္ခပါပဲ။ ကျန်ရစ်သူမိသားစုက Password ကိုမသိရင် လိုအပ်တာတွေဆက်လက်ဆောင်ရွက်ဖို့အခက်တွေ့နိုင်ပါတယ်။

ဒါပေမယ့် Gmail ရဲ့ Terms & Conditions အရ အခြားတစ်ယောက်က ဒီလိုဝင်ရောက်သုံးစွဲခြင်းကို ခွင့်မပြုထားပါဘူး။ တစ်ခြားတစ်ယောက်က Gmail account ပိုင်ရှင် အယောင်ဆောင်သုံးစွဲမှုဖြစ်လို့ ဥပဒေအရညိစွန်းမှုရှိတယ်လို့တောင် သတ်မှတ်လို့ရပါတယ်။ သေဆုံးသွားသူက Password ချန်ထားခဲ့လို့ မိသားစုဝင်တစ်ဦးက Login ၀င်ပြီး account ကို suspend လုပ်ခြင်း၊ ဖျက်ခြင်းများ လုပ်သည့်တိုင်အောင် အယောင်ဆောင်ဝင်ရောက်မှုနဲ့ ညိစွန်းနေဆဲဖြစ်ပါတယ်။ Google ကဒီလိုဝင်ရောက်မှုများအတွက် တကယ်တမ်းတော့ အခုအထိ ဘာမှမလုပ်ပါဘူး။ Gmail ဆိုတာ ၀န်ဆောင်မှု (Service) တစ်ခုဖြစ်ပါတယ်။ ထုတ်ကုန် (Product) တစ်ခုမဟုတ်ပါဘူး။ ၀န်ဆောင်မှုဖြစ်တဲ့အတွက် လွှဲပြောင်းလို့မရပါဘူး။ သေဆုံးသွားတယ် ဆိုရင်တော့ နောက်ဆုံး login ၀င်တဲ့အချိန်ကနေ ကိုးလကြာတဲ့အခါ အလိုအလျောက် ပိတ်သွားမှာဖြစ်ပါတယ်။

ဒီလွှဲပြောင်းရယူဖို့အတွက် ၀န်ဆောင်မှုကို Google ဆီမှာလျှောက်ထားနိုင်ပါတယ်။ လျှောက်ထားဖို့အတွက် သေဆုံးသွားသူဆီက လက်ခံရရှိထားဖူးတဲ့ (အဆက်အသွယ်ရှိကြောင်းသက်သေပြရန်) email များကိုတင်ပြရမှာဖြစ်ပါတယ်။ ပြီးရင် သေဆုံးသွားတဲ့ သက်သေခံလက်မှတ် (Death Certificate) အပြင်တရားရုံးက ဒီ email ကိုဆက်ခံပိုင်ခွင့်ရှိကြောင်း တရားသူကြီးမှ ဆုံးဖြတ်ထားသည့်စာ စသည်ဖြင့်လိုအပ်သည်။ ဒါပေမယ့် ဒီအချက်အလက်တွေတင်ပြနိုင်ပေမယ့် သေဆုံးသွားသူရဲ့ Gmail ကိုရမယ်လို့ သေချာမပြောနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဥပမာ – အမျိုးသားဖြစ်သူက အသတ်ခံရလို့ သေဆုံးသွားပြီး၊ သတ်ခဲ့သူက၄င်းရဲ့ ဇနီးဖြစ်တယ်လို့ သံသယရှိနေချိန်မှာ ဇနီးဖြစ်သူက လျှောက်ထားလို့ ပေးလိုက်ရင် Gmail အထဲကအရေးကြီးသက်သေဖြစ်နိုင်တဲ့ email တွေကိုဖျောက်ဖျက်နိုင်ပါတယ်။ Gmail account ကိုလွှဲပေးမပေးဆိုတာကတော့ Google ဘက်မှာပဲ လုံးဝမူတည်နေပါတယ်။ လျှောက်ထားလို့ရခဲ့ရင်တောင် နောက်ဆုံး login ၀င်ခဲ့ချိန်နဲ့ ကိုးလကျော်မှ ရမှာဖြစ်ပါတယ်။

အကယ်၍မိသားစုဝင်တစ်ယောက်ယောက်ကိုလွှဲပြောင်းပြီးရင်လဲ Gmail ရဲ့ Service တွေကိုအပြည့်အ၀သုံးနိုင်မှာ မဟုတ်ပါဘူး။ email တွေပို့ခြင်း၊ လက်ခံခြင်းများကိုလုပ်နိုင်မှာ မဟုတ်ပါဘူး။ Transfer ပဲလုပ်နိုင်မှာဖြစ်ပါတယ်။ email အားလုံးကိုတော့ မဟုတ်ဘဲ Bill payment ချိတ်ထားတဲ့ mail တွေပဲရမှာဖြစ်ပါတယ်။

Gmail ထဲမှာအရေးကြီးအချက်တွေမရှိဘဲ Android phone ကိုသုံးပြီး Google+ အပေါ်မှာတင်ထားခဲ့ မိသားစုဓါတ်ပုံတွေကိုလိုချင်ရင်တော့ အခက်အခဲရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ သေဆုံးသွားသူရဲ့ Password ကိုရယူထားပြီး ၀င်သုံးမှပဲဖြစ်နိုင်မှာပါ။

အကယ်၍သေဆုံးသွားသူက ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် ၄င်းရဲ့ digital ပိုင်ဆိုင်မှုတွေကို လွှဲမပေးချင်ဘူးဆိုရင် ကန့်သတ်ထားနိုင်ပါတယ်။ ဒီကိစ္စဟာလည်း အပြင်မှာရှိနေတဲ့ ပိုင်ဆိုင်မှုပုံစံတွေနဲ့အတူတူဖြစ်ပါတယ်။ တရားရုံးမှတဆင့်ပိုင်ဆိုင်မှုတွေ၊ လွှဲပြောင်းမှုတွေသတ်မှတ်တဲ့ အတိုင်းဖြစ်ပါတယ်။ ခရစ်ယန်ဘာသာဝင်များဆိုရင် မိမိ email နဲ့ဆိုင်ရာတွေကို သေတမ်းစာရေးပြီး လွှဲပြောင်းနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးပြုနေတဲ့ email တွေဆိုရင် ပိုပြီးအရေးကြီးပါတယ်။

အခုဒီစာဖတ်နေချိန်မှာ သင့်အတွက် တွေးစရာတွေအများကြီးဖြစ်လာမှာပါ။ နောက်နှစ်များမကြာခင်မှာ ဒီဂျစ်တယ်အရာများပိုင်ဆိုင်မှု၊ ခံစားမှု (Digital Beneficiary) တွေအတွက် လိုအပ်တဲ့ ဥပဒေတွေထုတ်ပြန်ရတော့မှာဖြစ်ပါတယ်။ ကြိုတင်ကာကွယ် (ပြင်ဆင်) ထားခြင်းက ဖြစ်လာမှကုသခြင်းထက်ပိုမိုထိရောက်ပါတယ်။

စာရေးသူသည် PC World Myanmar နှင့် Auto Mobile PC Guide Magazine များတွင် ပင်တိုင်ရေးသားနေသော ဆောင်းပါးရှင်ဖြစ်သည်။

About Kaung Myat Htut

Kaung Myat Htut has written 24 post in this Website..

Currently working as Lecturer in YIUS (Yangon Institute of University Studies) lecturing Introduction to Computing and Programming subjects. Also Working as a Translator/Writer in PC World Myanmar and Auto Mobile PC Guide Magazine.