သွားနှင့်ခံတွင်းသန့်ရှင်းမှုအလေးမထားက နှလုံးရောဂါဖြစ်ပွားနိုင်ဟုဆို

khinmintatthuJune 12, 20101min460

သွားများကို တစ်နေ့နှစ်ကြိမ်ပုံမှန်မတိုက်သူများသည် ပုံမှန်သွားတိုက်သူများထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၇ဝရာခိုင်နှုန်းရှိကြောင်း လေ့လာမှုတစ်ခုအရသိရသည်။ တစ်နေ့နှစ်ကြိမ် သွားပုံမှန်တိုက်ပေးပါက နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပြီး၊ သွားတိုက်ရန်ပျက်ကွက်ပါက နှလုံးရောဂါဆိုင်ရာများ ဖြစ်ပွားနိုင်မှုအနေအထားများပြားကြောင်း သုတေသီများက ပြောသည်။

အကြာသေးမီက ပြုလုပ်သည့် လေ့လာမှုအရ သွားနှင့်ခံတွင်းဆိုင်ရာ သန့်ရှင်းမှုအားနည်းခြင်းနှင့် သွားဖုံးသွေးယိုခြင်းများကြောင့် သွေးကြောများအတွင်းသို့ ဘက်တီးရီးယားပေါင်း ၇၀ဝ ခန့် ဝင်ရောက်လာနိုင်ကာ မည်မျှပင်ကျန်းမာသည့်လူဖြစ်စေ နှလုံးရောဂါဖြစ်ပွား စေနိုင်ကြောင်း သိရသည်။

သွေးကြောများအတွင်းသို့ ဘက်တီးရီးယားများဝင်ရောက်ခြင်းသည် သွေးလွှတ်ကြောနံရံများကို ရောင်ရမ်းပြီး ကျဉ်းမြောင်းစေကာ ကျန်းမာရေးထိခိုက်စေနိုင်ခြင်းကို ဖြစ်စေသည်။ လန်ဒန်တကသိုလ်ကောလိပ်မှ သုတေသီများက အသက် ၅ဝ ပတ်ဝန်းကျင်ရှိ လူဦးရေ ၁၁၀၀ဝ ကျော်ကို လေ့လာစမ်းသပ်ခဲ့ခြင်းဖြစ်သည်။

လူနာများသည် သွားဆရာဝန်ထံသို့ အကြိမ်ရေဘယ်လောက်သွားသည်၊ သွားသန့်ရှင်းရေးမည်မျှပြုလုပ်သည်စသည်ဖြင့် သွားကျန်းမာရေးဆိုင်ရာ လုပ်ဆောင်မှုရာဇဝင်ကို မေးမြန်းလေ့လာခဲ့သည် ဟုသိရသည်။

လူနာများအနက်မှ ၆၂ရာခိုင်နှုန်းက ၆ လ တစ်ကြိမ် သွားဆရာဝန်ထံတွင် စစ်ဆေးမှုခံယူသည်ဟုဆိုပြီး ၇၁ ရာခိုင်နှုန်းက တစ်နေ့လျှင်သွားနှစ်ကြိမ် တိုက်ခြင်းပြုလုပ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၈ နှစ်တာကာလအတွင်းက ပြင်းထန်နှလုံးရောဂါဖြစ်ပွား မှု ၅၅၅ ခုဖြစ်ပွားခဲ့ပြီး ၁၇ဝ ခန့်မှာ သေစေနိုင်လောက်အောင် ဆိုးရွားသည့်အခြေအနေဖြစ်ကြောင်း ဗြိတိသျှဆေးပညာဂျာနယ် ဝတ်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

လေ့လာချက်များအရ သွားနှင့်ခံတွင်းသန့်ရှင်းမှုအားနည်းသည့် ၇ဝ ရာခိုင်နှုန်းသော လူများသည် နှလုံးရောဂါဖြစ်ပွားနှုန်းများသည့် အချက်ကို တွေ့ရှိခဲ့ကာ၊ ခံတွင်းသန့်ရှင်းမှုအားနည်းခြင်းနှင့် ဆက်စပ်ရွေ့ ရောဂါဖြစ်ပွားနိုင်မှုများကို တွေ့ရှိခဲ့ကြသည်။

သူငယ်ချင်းအားလုံး သွားလေးတွေဖြူဖွေးသန့်ရှင်းပြီး ကျန်းမာပျော်ရွှင်သော ပြုံးအလှပိုင်ရှင်များဖြစ်နိုင်ကြပါစေနော်…….။

ခင်မင်တတ်သူ
Source: Daily Mail မှ ကူးယူဖော်ပြပါသည်။