ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ.. ညီလေးဖရဲသီး…

amatminApril 21, 20121min42140

မြန်မာလူမျိုးတိုင်းအတွက်နှစ်ဟောင်းကုန်လို့နှစ်သစ်တခုကူးမြောက်ခဲ့ပါပြီ..

အားလုံးကိုယ်စီတိုင်းကတော့ နှစ်သစ်အတွက်.ကိုယ်စီခွန်အားသစ်တွေမွေးရင်း အနာဂတ်ကောင်းတွေအတွက်

မျှော်လင့်ရင်းဖြတ်သန်းနေကြပါပြီ..တချို့ကတော့ တမူထူးကဲစွာပဲ..အများနဲ့ ဆိုင်တဲ့ နှစ်သစ်ဖြစ်ရုံမက.

ကိုယ်အသက်ရဲ့ စတင်ရာနေ့ရက်သစ်ကိုလည်းပျော်ရွှင်စွာ ဖြတ်သန်းခွင့်ကြုံကြတယ်လေ..

ကျနော်တို့ ရွာသူားတွေထဲမှာလည်း တိုက်တိုက်ဆိုင်ဆိုင်နှစ်သစ်အစမှာ ကိုယ့်မွေးရက်နဲ့တိုက်တဲ့လူတွေရှိကောင်းမှာပေါ့.

ကျနော်သိတာကတော့..ကနေ့ (၂၁.၄.၂၀၁၂) ရက်နေ့မှာ ကျနော်တို ့ရွာသားလေး ဖရဲသီးရဲ့ ပျော်ရွှင်စရာ..မွေးနေ့ရက်လေးပါလို့..။

ဒါကြောင့် သူ့အတွက်ဆုမွန်ကောင်းလေးတွေ ကိုဝိုင်းဝန်းဆန္ဒပြုနိုင်ကြစေဖို.ရည်ရွယ်ကာ

ရောက်တတ်ရာရာမွေးနေ့ဆုတောင်းပို့စ်လေး တင်လိုက်ပါတယ်…

ညီလေးဖရဲသီး..ယနေ့ကျရောက်သောမွေးနေ့မှ အစပြုကာ ကိုယ်စိတ်နှလုံးငြိမ်းအေးမှုကို အမြဲရရှိနိုင်ပြီး.

ချစ်ခင်ရသောမိဘဆွေမျိုး မိတ်သင်္ဂဟများနှင့် ပျော်ရွှင်ဖွယ်နေ့ရက်ပေါင်းများစွာကို မပြတ်တမ်းဖြတ်သန်းနိုင်ပါစေလို့..ဆန္ဒပြုရင်း…

ညီလေးဖရဲ မွေးနေ့အတွက် သက်တန့်ချို ရဲ့ကဗျာတပိုင်းတစလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်…

ဆယ်စုနှစ်တွေကို အံတုရင်း
စကြဝဌာရဲ့ အဆုံးမဲ့ပျံသန်းခြင်းမှာ
`သူ့´ ငိုကြွေးခြင်းတွေမရှိပါစေနဲ့
အရာရာကို `သင့်ယုံ´ ကလေး ချိန်ဆတွေးလို့
ကံကောင်းခြင်း တောအုပ်နဲ့တောင်တန်းတွေ
စိမ်းညှို့ရှင်သန်နေပါစေ . . .

မြူတွေလည်း မဖုံးအုပ်စေနဲ့
လူတွေလည်း မမုန်းမိစေနဲ့
အေးချမ်းသော စမ်းရေမှ ငါးငယ်လို
ကြည်လင်စွာ ကူးခတ်စေလိုချင်ရဲ့
`ဘဝ´ရဲ့ သီအိုရီတွေအကြား
`သူ့´ ချစ်ခြင်းနဲ့ ပဉ္စလက်အလင်းတွေ
ကမ္ဘာမြေအနှံ့ ဖြန့်ဝေနိုင်စေ . . .

40 comments

  • ဆူး

    April 21, 2012 at 9:55 am

    ဖရဲမ မွေးနေ့မှသည် နှစ်ပေါင်းများစွာ ဘဝကို အပူအပင်ကင်းစွာ ဖြတ်သန်းနိုင်ပါစေ။

  • Thel Nu Aye

    April 21, 2012 at 9:57 am

    ဖရဲလေးရေ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေကွယ်။ ဒီနေ့ဟာ အင်္ဂလန်ဘုရင်မကြီးမွေးနေ့မို့ ဖရဲလေးလဲ ဘုရင်ထီးကြီးဖြစ်ပါစေကွယ်။

  • ထုံးဘဲဥ

    April 21, 2012 at 9:59 am

    ဖြဲဒီးမ ယခုမွေးနေ့မှ သည်နောင်နှစ်ပေါင်းများစွာ နန့်နိုင်ပါစေ
    😆

    • water-melon

      April 21, 2012 at 10:08 am

      ကိုမတ်ရေ
      ကျွန်တော်ရဲ့ ၂၁နှစ်ပြည့်မွေးနေ့မှာ
      အခုလိုလုပ်ပေးတာကို အတိုင်းမသိကျေးဇူးတင်ပါတယ်
      တကယ်လည်း ကြည်နူးမိပါတယ်
      ဒီနေ့ဟာ ကျွန်တော်ဘဝမှာ မမေ့နိုင်တဲ့နေ့တစ်နေ့ဖြစ်သွားပြီ

      ရွာသူရွာသားအားလုံး ကျွန်တော်နည်းတူ မွေးနေ့မှာ မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်

    • water-melon

      April 21, 2012 at 10:14 am

      စိတ်ချပါတော်
      Mandalaygazette မှာ တစ်သက်လုံး နန့်သွားမှာ
      ထုံးဘဲဥရေ
      ထုံးဘဲဥဆိုတော့ မော်တော်ပီကေလားဟင် 😛

      • ထုံးဘဲဥ

        April 21, 2012 at 10:55 am

        မော်တော်ပီကေ မဟုတ်ရပါတော်
        အသူရာကနေ အသွင်ပြောင်းထားတာပါ :mrgreen:
        ဖြဲမရေ့ ဘေးက logo လှုပ်စိလှုပ်စိဖြစ်အောင်ဘယ်လိုလုပ်ရတာလဲ ပြောပြပါ့လားးး

  • kyeemite

    April 21, 2012 at 10:03 am

    ညီမလေးဖြဲမ..ယနေ့ကျရောက်သောမွေးနေ့မှ အစပြုကာ ကိုယ်စိတ်နှလုံးငြိမ်းအေးမှုကို အမြဲရရှိနိုင်ပြီး.
    ချစ်ခင်ရသောမိဘဆွေမျိုး မိတ်သင်္ဂဟများနှင့် ပျော်ရွှင်ဖွယ်နေ့ရက်ပေါင်းများစွာကို မပြတ်တမ်းဖြတ်သန်းနိုင်ပါစေလို့..ဆန္ဒပြုရင်း…(ဆန္ဒသာပြုနေရတာ..သဂျီးဝင်ကောမှာလည်းကြောက်ရသေး)…ဟေး ဟေး ဟေး။

  • သူရဇော်

    April 21, 2012 at 10:10 am

    ဦးဇင်း သူရ ခေါ် အရှင်နန္ဒမာလာ လဲ ဒကာလေး ဖရဲအတွက် မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ကွယ်…… ကျန်းမာ၊ ထီပေါက်၊ ဆော်ကြည်လောက်သော ရုပ်ရည်နှင့်တကွ ရှုပ်နိုင် ပွေနိုင် ဆော်နိုင်ပါစေသားကွယ်…….

    • water-melon

      April 21, 2012 at 10:17 am

      ဦးဇင်း ဘုရား
      စော်ကြည်ထီပေါက်ရင်တော်ပြီ တခြားဘာမှမလိုတော့ဘူး
      အလကားနောက်တာ 😀

  • ဗိုက်ကလေး

    April 21, 2012 at 10:14 am

    ဪ..
    ဘာလိုလိုနဲ ့ အူးဖျဲသီးတောင် အသက် ၆ဝ ကျော်ပြီပဲကိုးဗျ..
    လဂါးနောက်ဒါ
    ဟပ်ပီးဘတ်ဒေး အူးဖျဲသီး..
    အလုပ်မလုပ်ပဲ ပိုက်ဆံရပါစေဗျား…

    • water-melon

      April 21, 2012 at 10:21 am

      အမလေး ဦးဗိုက်ရဲ့
      ခုခေတ်မှာ အလုပ်မလုပ်ဘဲ ပိုက်ပိုက်ရတဲ့သူရှိလို့လား
      သူဌေးသားဆိုရင်တော့ထားပါတော့
      ဥဗိုက်ပြောသလိုဆိုရင် ကောင်းတယ်ဗျ :mrgreen:

  • ငမျောက်

    April 21, 2012 at 10:17 am

    ညီလေးဖရဲရေ ….
    ဒီနေ့မှာ ကျရောက်တဲ့ ညီလေးရဲ့ မွေးနေ့ မွေးရက်မှစလို့ နောင်နှစ်ပေါင်း များစွာတိုင်အောင် ပျော်ရွှင်အေးချမ်းစွာနဲ့ ဘဝကို ဖြတ်သန်းသွားနိုင်ပါစေလို့ …
    ဆုတောင်းပေးလိုက်ပါတယ်နော် ….

  • ကြောင်ကြီး

    April 21, 2012 at 10:22 am

    ဖျဲမ
    ကဲလှ၊
    ဆွဲကြ
    တဲဝ၊
    မြဲရ
    ပဲထ၊
    သရဲမ
    အလဲချ..။

    • water-melon

      April 21, 2012 at 10:38 am

      အမလေး သရဲမတော့ အလဲမချပါရစေနဲ့
      တရုတ်မလေးတွေဆိုတော်သေး
      ခုတော့ 😀

  • ဆူး

    April 21, 2012 at 10:23 am

    ဖရဲမ ဒီနေ့ မွေးနေ့မှာ ဘာလို့ ငိုနေတဲ့ ပုံ တင်ထားရတာလဲ.. ပျော်နေတဲ့ပုံလေး လုပ်ပါကွယ်.. အားလုံး ဝိုင်းဆု တောင်းပေးတာပဲဟာ.. မငိုနဲ့တော့ ပျော်ပါတော့။

  • TTNU

    April 21, 2012 at 10:43 am

    ဖရဲရေ…
    ချမ်းမြေ ့သောမွေးနေ့ ဖြစ်ပါစေ။
    အသက်တစ်နှစ်ကြီးလာသလို
    အသိဉာဏ်တွေ တစ်ဆင့် မြင့်လာပါစေ။
    ကိုယ်ကျိုးအပြင် သူတစ်ပါးအကျိုးလည်း နိုင်သလောက်
    ထမ်းနိုင်ပါစေ။

    မေတ္တာတွေပေးပို့လိုက်ပါတယ်။
    တီချာနု

  • sugar sugar

    April 21, 2012 at 10:46 am

    ဖရဲ ရေ အသက်ရာကျော်ရှည်စေသောဝ်
    ဆုတောင်းပေးသွားပါတယ်ဗျာ

  • စပ်ဖြဲ

    April 21, 2012 at 11:09 am

    member ဝင်တဲ့နေ.က စလို. ဒီနေ.အထိ သူကြီးဆီက money ကုတ်ကပ်ယူတတ်တဲ့
    အဖွဲ.ဝင်ကောင်း ဖရဲ အတွက် happy birthday 🙂

  • blackchaw

    April 21, 2012 at 11:12 am

    ညီလေး ဖရဲ ရဲ့
    ပျော်စရာမွေးနေ့ဖြစ်ပါစေ
    လို့
    သူကြီးမလာခင် ခပ်သွက်သွက် ဆုတောင်းပြီး
    ပြေးပြီဗျာ…။
    :mrgreen:

  • FattyCat

    April 21, 2012 at 11:21 am

    ယခုမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
    ချစ်ခင်နှစ်သက်သူများနှင့် ပြုံးပျော်နိုင်သောသူ
    ဖြစ်ပါစေ
    ညီလေးဖရဲရေ

    အစ်ကို
    ကြောင်ဝတုတ်

  • ရောင်ခြည်ခ

    April 21, 2012 at 11:29 am

    ဖရဲ မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင် မိသားစုနဲ့အတူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့များစွာကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်….

  • Khaing Khaing

    April 21, 2012 at 11:33 am

    မောင်လေးဖရဲရေ ….. ယနေ့ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းထောင်ချီ ဖရဲလေးချစ်တဲ့ ကျေးဇူးရှင် အမိအဖနှင့်တကွ မောင်နှမဆွေမျိုးများနှင့်အတူပျော်ရွင်ဖွယ် မွေးနေ့ပေါင်းများစွာကိုဖြတ်သန်းနိုင်ပါစေကွယ် ….. ယနေ့မှစပြီး ဘဝတစ်လျှောက်လုံး လိုအင်ဆန္ဒမှန်သမျှ ကို တောင့်တတိုင်းပြည့်စုံတဲ့သူဖြစ်ပြီး လူအများကို ချစ်ခင်ပျော်ရွှင်အောင်ထားနိုင်တဲ့သူဖြစ်ပါစေလို့ ထပ်ဆင့် ဆုမွန်ကောင်းတောင်းပေးပါတယ် …..

    မန်းဂေဇက် မိသားစုနဲ့အတူပျော်ရွှင်ဖွယ်မွေးနေ့များစွာကို ဖြတ်သန်းနိုင်ပါစေလို့ ……
    မမခိုင်နဲ့လည်း နောင်ရက်ပေါင်းများစွာရန်ဖြစ်နိုင်ပါစေ …… ရန်ဖြစ်ပြီးရင်တော့ အဟိ …..

    မောင်လေးဖရဲရေး မခိုင်အများကြီးရေးချင်ပါတယ်ကွယ် ဒါပေမယ့် အခုနှင်းတွေကျနေတော့ အမလက် တွေက သိပ်လှုပ်ရှားလို့မရဘူး ဒါကြောင့် အတိုချုပ်ပဲရေးလိုက်ရတယ် …….. မွေးနေ့မှာ ဘာမှလည်းမကျွေးဘူး …. တောင်မစုတ် ဖရိုဖရဲမ …. အော် သတိထပ်ပေးရဦးမယ် မွေးမေမေကို ကန်တော့လိုက်ဦးနော် …….

    ခင်မင်ရင်းနှီးစွာဖြင့်
    မမ Khaing Khaing (ခိုင်သင်းကြည် or ကြူကြူသင်း)

  • အမေရိကန်ငတုံး

    April 21, 2012 at 11:47 am

    ပျော်ရွှင်ဖွယ်မွေးနေ.ဖြစ်ပါစေ မေဖရဲရေ :mrgreen: ကျွန်တော်လည်းဧပရယ်မွေးတဲ့သူပါပဲ
    မွေးလခြင်းတူတာပေါ့။

  • kyeemite

    April 21, 2012 at 12:13 pm

    ဟေ့..ဟေ့..ဘာမှဆုတောင်းမနေကြနဲ့ကွ..ငါကဆုတောင်းတာတွေအယုံအကြည်မရှိဘူး..
    မင်းတို့ ဘိရုမာတွေ ဒီဆုတောင်းတောထဲကထွက်ပီး တစ်နေ့ ၈နာရီ အလုပ်လုပ်ကြ..
    ဒါမှ တိုင်းပြည်တိုးတက်မှာ(ဘတ်စ်ကားပေါ်ကို)..
    ပုံ/တိုင်းပြည်ချစ်ရွေ့ပြည်ပနေပီး စီးပွာရှာနေသော သဂျီးမင်း

  • htoosan

    April 21, 2012 at 1:15 pm

    နေ့တိုင်းပျော်နိုင်ပါစေ။ မွေးနေ့မှာ ပိုပျော်နိုင်ပါစေ။

  • ဖရဲရေ မင်းနဲ့ငါနေ့တိုင်းလောက်တွေ့နေပြီး မင်းမွေးနေ့ငါမသိတာ အပြစ်တင်ပေတော့။
    မနေ့ကအတူသွားခဲ့တဲ့ခရီးလေးက မွေးနေ့အကြို ခရီးအတူသွားတယ်သာမှတ်လိုက်ပါတော့။
    မတောင်းဘဲရတဲ့သူဖြစ်စေသတည်း……………………….

  • ရွာစားကျော်

    April 21, 2012 at 2:05 pm

    အပေါ်က ဆုတောင်းတွေအားလုံးနဲ့ ပြည့်ပါစေလို့ မွေးနေ့ဆုမွန်တောင်းပေးပါတယ် ဖြဲမရေ.. :mrgreen:
    ခင်တဲ့
    ရွာစားကျော်

  • ချစ်တတ်သူ

    April 21, 2012 at 3:03 pm

    ဖြဲရေ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေ…စိတ်သွားတိုင်းကိုယ်ပါပါစေ….

    အဲဒါ အရေကြီးဆုံးပဲမဟုတ်လား…ဟားဟား

  • Diamond Key

    April 21, 2012 at 3:49 pm

    ံHappy birthday to you! 😀

  • pazflor

    April 21, 2012 at 4:45 pm

    ဖရဲသီးတစ်ယောက် ဖရဲမလန်းလန်းလေးနဲ ့တွေပါစေသော်..
    Happy birthday!

  • Gipsy

    April 21, 2012 at 4:52 pm

    သများလဲ သူတို့ နဲ့ထပ်တူထပ်မျှ (ပိုသာပိုချင်ပိုမယ်) ပါ ….။

  • etone

    April 21, 2012 at 7:45 pm

    Happy Birthday ပါ ဖရဲသီးရေ … ။
    မွေးနေ့မှသည် နှစ်ပေါင်းများစွာတိုင်အောင် ကျန်းမာပျော်ရွှင်ခြင်း ၊အောင်မြင်ခြင်းတွေနဲ့ သာယာပျော်ရွှင်ဖွယ်နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေနော် … ။

    (ဖရဲသီးတစ်လုံး လက်ဆောင်ပို့လိုက်မယ် … ခွဲမစားရ… အလုံးလိုက်မြိုချနော် အဟီး :mrgreen: )

  • Swal Taw Ywet

    April 21, 2012 at 8:01 pm

    Dear Brother, Water Melon,
    HAPPY BIRTHDAY.
    Wishing for you to be in good health and good wealth.
    Hoping to meet you and Ko Pauk at Mandalay in next month.

    With respect,
    Swal Taw Ywet.

  • windtalker

    April 21, 2012 at 8:52 pm

    မွေးနေ ့မင်္ဂလာ ပျော်ရွှင်စရာ
    အမတ်ကြီး ဆုတောင်းတာ
    ညီငယ်ဖရဲ ကဲသာကဲ
    စိတ်ချမ်းသာစေ အမြဲ

  • နေဝန်းနီ

    April 21, 2012 at 8:59 pm

    ………………………………… ဖြစ်စေသတည်းပေါ့ ဖြဲလေးရယ်…………။

  • weiwei

    April 21, 2012 at 9:16 pm

    Happy Birthday Water melon ….

  • surmi

    April 21, 2012 at 10:40 pm

    မောင်ဖရဲ …
    အမြဲတန်းပျော်နိုင်ပါစေ ။
    (အပေါ်ကတောင်းပေးသမျှဆုတွေအားလုံးပြည်.ပါစေ)

Leave a Reply