“ရွှေကျင်မြို.မှမီးမျှောပွဲ”(ကိုစိန်သော.ဓတ်ပုံများကိုအားဖြည်.ခြင်း)

ေမာင္ရိုးApril 26, 20121min18616

ဒီပို.စ်ကိုရေးရခြင်းအကြောင်းလေးမိတ်ဆက်ပါရစေ ။ ကိုစိန်သော.ရဲ. ဟိုနားဒီနားခရီးသွား(ညောင်လေးပင်၊ရွှေကျင်ခရီး)ပို.စ်
ကိုဖတ်ပြီး မနေနိုင်မထိုင်နိုင်ဝင်မန်.ခဲ.မိပါတယ် ။ ကိုစိန်သော.သွားခဲ.တဲ.နေရာကလည်းတချိန်ကကိုယ်ကျင်လည်ခဲ.ဖူးတဲ.
နေရာဒေသဖြစ်နေတော. ဒီဒေသလေးအကြောင်းကို ပြောပြချင်စိတ်လေးဖြစ်လာခဲ.တာပေါ.ဗျာ။
ရွှေကျင်ဆိုတဲ.မြို.လေးကမြို.နယ်အဆင်.ဆိုပေမဲ.စစ်တောင်းမြစ်ရဲ.အရှေ.ဘက်ကမ်းမှာရှိတဲ.မြီု.ငယ်လေးပါဒီမြို.လေးရဲ.
ချစ်စရာစရိုက်၊နေရာဒေသအနေအထား ၊လူမှုဝန်းကျင်နဲ. ပျော်ပွဲရွှင်ပွဲများ ပြီးတော. ကိုစိန်သော.ပြောတဲ.မီးမျှောပွဲအကြောင်းလေး…..ဒါတွေကိုအေးအေးဆေးဆေးအချက်အလက်တွေပြန်စုပြီးမှရေးမယ်စိတ်ကူးခဲ.ပေမဲ.
ကိုစိန်သော.ရဲ. ရွှေကျင်မြို.ဝန်းကျင်ဓတ်ပုံတွေတွေ.တော. ထပ်မံအားဖြည်.တဲ.အနေနဲ.ရေးလိုက်ရတာပါ ။

ကျွန်တော်ကျင်လည်ခဲ.တဲ. လွန်ခဲ.တဲ.အနှစ်နှစ်ဆယ်ကျော်ဝန်းကျင်ကိုဘဲ ပြန်တူးဆွပါ.မယ်။ကိုစိန်သော.ရဲ.ဓတ်ပုံတွေနဲ.
ယှဉ်ကြည်.ရင် ခေတ်အနေအထား့ ကွာခြားသွားတာကိုတွေ.ရမှာပါ။ တချိန်ကတော.ရွှေကျင်မီးမျှောပွဲဆိုတာအလွန်စည်
ကားသိုက်မြိုက်စွာကျင်းပခဲ.ကြတာပေါ.။အမှတ်မမှားဘူးဆိုရင် နှစ်စဉ်တန်ဆောင်မုန်းလပြည်.နေ.နဲ.လပြည်.ကျော်
(၁)ရက်နေ.ကပွဲတော်ရက်ပါ။ ဒါပေမဲ.ပွဲတော်ရက်မတိုင်းခင် (၁၀)ရက်ကြိုလောက်ကတည်းက ဇတ်ပွဲတွေ ၊ စတိတ်ရှိုး
ပွဲတွေ ၊ အနယ်နယ်အရပ်ရပ်ကလာရောင်းကြတဲ. (၁၂)ပွဲဈေးသည်တွေနဲ.လက်ဝှေ.ပွဲတွေ ကျင်းပကြရင်းစည်ကားနေပါပြီ။

ဪ …ဒါနဲ. မီးမျှောပွဲဆိုတာ ရွှေကျင်မြို.ရဲ.ဘုရားကြီးကိုပူဇော်ပွဲလုပ်ရင်း ရှင်ဥပဂုတ္တအရှင်မြတ်ကို အလှဆင်မွန်းမံထား
တဲ.ဖေါင်တော်ပေါ်မှာတင်ပြီး ရွှေကျင်ချောင်းရဲ.အလယ်မှာ ပူဇော်ထားတာပါ ။ ပွဲတော်ရက်မှာ ကမ်းစပ်ကဖြစ်စေ ၊
ရေလယ် ကိုလှေနဲ.သွားပြီးဖြစ်စေ ၊ မီးကြာခွက်လေးတွေကို ရေထဲမှာမျှောကြတာပေါ. ။ ချောင်းရေပြင်တလျောက်မှာ
ဆီမီးခွက်ရောင်စုံတွေနဲ. အရှင်မြတ်ရဲ. မီးရောင်စုံထွန်းညှိပူဇော်ထားတဲ.ဖေါင်တော်ကြီးက အလွန်ဘဲ လှပ ကြည်ညို
ဖွယ်မြင်ကွင်းလေးပါ ။ ဒါကိုအကြောင်းပြုပြီး မီးမျှောပွဲရယ်လို.ခေါ်ခဲ.ကြတာပါ ……။

ရွှေကျင်မီးမျှောပွဲအကြောင်းပြောရင် ရွေကျင်မြို.ရဲ.ဒေသခံတွေအကြောင်းလဲမပါမဖြစ် ပြောရလိမ်.မယ်ဗျို. …။
ရွှေကျင်မြို.ဆိုတဲ.အတိုင်း ရွှေ ထွက်ပါတယ် ။ တချိန်က ရွှေကျင်ချောင်းထဲမှာ မည်သူမဆိုလွတ်လပ်စွာ ရွှေကျင်ယူလို.
ရခဲ.ပါတယ် ။ ခုတော. သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ရောက်သွားပါပြီ .။ ဟိုတချိန်က ရွှေကျင်ဝန်းကျင်က
ဒေသသားတွေထဲက ၇၀% လောက်က ရွှေကျင်တတ်ကြပါတယ် ။ လက်လုပ်လက်စား ရွှေကျင်တဲ.သူတွေက မနက်
စောစောထ ..မိသားစုလိုက် ချောင်းထဲဆင်းပြီး ရေထဲမှာရွှေကျင်ကြတယ် ။ အသက် (၇)နှစ်သားလောက်ဆိုရင်
အင်ဝိုင်း ( ရွှေကျင်ရာမှာသုံးတဲ.ခမောက်လို ကတော.ချွန်ဗန်း) ကိုကောင်းကောင်းကိုင်တတ်နေပါပြီ။
တနေကုန်ကျင်လို.ရသမျှ ရွှေမှုန်လေးတွေကို ညနေမှာဖြစ်ဖြစ် ၊ နောက်နေ.မနက်မှာဖြစ်ဖြစ် ရွှေဝယ်တဲ.သူတွေဆီသွားပြီး
ရောင်းကြရပါတယ် ။ ဒါဟာ သူတို.ရဲ. စားဝတ်နေရေး စီးပွားရေးတခုပါ ။ ပြီးတော. ရွှေကျင်မြို.ရဲ.အထင်ကရ လုပ်ငန်း
တစ်ခုကတော. ရှောက်သီးဆေးပြား ထုတ်လုပ်တာပါ ….ရှောက်သီးခြံတွေပတ်လည်ဝိုင်းနေတဲ.ရွှေကျင်ြ့မို.မှာ ရှောက်
သီးဆေးပြားလုပ်တဲ. လုပ်ငန်းတွေကလည်း အများကြီးဘဲပေါ.ဗျာ ။ ဒေသခံ လက်လုပ်လက်စားတွေကတော.ရှောက်ခြံ
တွေထဲမှာဖြစြ်ဖစ် ၊ ဒါမှမဟုတ် ရှောက်သီးဆေးပြားလုပ်ငန်းထဲမှာဖြစ်ဖြစ် နေ.စားဝင်လုပ်ကြရပါတယ် ။ အထူးသဖြင်.
ခြံလုပ်ငန်းတွေ လုပ်ကြတာပေါ. ….။ ရှောက်ပန်းသီး(ကျွဲကောသီး) ၊ ဒူးရင်းသီး နဲ. ကြက်မောက်သီးတွေလဲ ရာသီ
အလိုက်ထွက်ပါတယ် ။ ဒါကတော. တချိန်ကရွှေကျင်မြို.ရဲ.လုပ်ငန်းကိုင်ငန်းအကြောင်း အနည်းငယ်ပါ ….။

လူမှုရေးအကြောင်းပြောရရင်တော. ရွှေကျင်မြို.ခံတွေက သဘောကောင်းပြီး ဖေါ်ရွေကြပါတယ် ။ ရွှေကျင်မှာ ဟိုတုန်း
က တည်းခိုခန်းတွေမရှိပါဘူး ….ဒါကြောင်. မီးမျှောပွဲလာတဲ. ရပ်ဝေးကဧည်.သည်တွေကို မြို.ခံလူတွေက သူတို.ရဲ.
အိမ်တွေမှာ တည်းခိုစေပါတယ် ။ သူတို.စားသလိုများ စားတတ်ရင်ထမင်းတောင်ကျွေးသေးသဗျ ။ ဘာလက်ဆောင်
အခွင်.အရေးတွေမှ မမျှော်ကိုးပါဘူး ..စေတနာသက်သက်နဲ.ပါ ။ သူတို.မှာရှိတဲ.စောင်တွေ ၊ ခြင်ထောင်တွေကိုပါထုတ်
ပေးပြီး အိပ်စေပါတယ် ။ ပွဲတော်ရက်မှာ ညနက်သန်းကောင် ပြန်လာတဲ.အထိတံခါးဖွင်.ထားပြီး စောင်.နေတာပါ ။
(ခုတော.မသိဘူးနော် …ဒါလွန်ခဲ.တဲ.အနှစ်နှစ်ဆယ်ကျော်အထက်ကစိတ်ဓတ်တွေ )

တချိန်က ရွှေကျင်မြို.ရဲ.အရှ.ဘက်မှာရှိတဲ. အရှေ.ရိုးမတောင်တန်းကြီးတခွင်မှာ KNU ဗိုလ်ချုပ်ရွှေဆိုင်းရဲ.တပ်မဟာ
(၃)က လှုပ်ရှားနေခဲ.ပေမဲ. ဒီလိုပွဲတော်မှာတော.ဘယ်လိုမှ အနှောက်အယှက်မပေးပါဘူး ။ သူ.တပ်သားတွေတောင်
မီးမျှောပွဲကိုလာနွဲကြပုံရပါတယ်။ ဒီဘက်အစိုးရကလည်း အဲဒီအချိန်မှာ ဧည်.စာရင်းစစ်တာတို. ဘာဘာညာညာ စစ်တာ
တို.မလုပ်ပါဘူး ။ နားလည်မှုနဲ.မသိဟန်ဆောင်နေကြပါတယ်။ ဒါကြောင်. မိးမျှောပွဲတော်ချိန်မှာ အမူးသမားအနည်းငယ်
လောက်သာရန်ဖြစ်တာကလွဲရင် အားလုံးအေးအေးချမ်းချမ်းပါ ။ ကဲ ကဲ ဒေသန္တရနဲ. လူမှုဝန်းကျင်ကတော.နဲနဲ ပါးပါး
အမြည်းအဖြစ်ပြောပြီးပါပြီ ….ပွဲတော်အကြောင်းလေးစကြပါစို. …..ဒီလို ဒီလိုပါ …။

လွန်ခဲ.တဲ.နှစ်(၂၀)ကျော်အထက်က ရွှေကျင်မြို.ရဲ.မီးမျှောပွဲကိုသွားမယ်ဆိုရင် အရင်ဆုံး ညောင်လေးပင်မြို.ကိုရောက်
အောင်လာကြရပါတယ် ။ ညောင်းလေးပင်ကတဆင်. ပြွန်တန်ဆာ – မဒေါက် ရထားကိုစီးပြီး စစ်တောင်းမြစ်ရဲ.အနောက်
ဘက်ကမ်းမှာရှိတဲ. မဒေါက်မြို.ကိုသွားရပါမယ် ။မဒေါက် ကနေစက်လှေနဲ.စစ်တောင်းမြစ်ကိုဖြတ်ပြီး အရှေ.ဘက်ကမ်း
မှာရှိတဲ.ရွှေကျင်မြစ်ဆိပ်ကိုသွားရပါတယ် ။။ဒီကတဆင်. ရွှေကျင်မြို.ထဲကို နှစ်မိုင်ကျော်ခန်. မြင်းလှည်းစီးပြီးဝင်ကြရတာပါ
ဒါက အရင်ကလမ်းကြောင်းဆိုပါတော. ။ အဲဒီတုန်းက ကားလမ်းအဆင်.မရောက်သေးပါဘူး ….တာရိုးလို.ခေါ်တဲ.
ကျောက်ခင်းလမ်းမျှသာရှိသေးတာပါ ။ဒါကြောင်.ညောင်လေးပင်ကနေ မဒေါက်ကို ရထားတမျိုးထဲသာ အားကိုးပြီးသွားရ
တာပေါ. …။အဲ အဲ ရထားဆိုလို. …ဟိုတုန်းကရထားက ကိုစိန်သော.ဓတ်ပုုံထဲမှာပြထားတဲ.ရထားမဟုတ်ဘူးနော်
ဒုတိယကမ္ဘာစစ်ကျန် ကျောက်မီးသွေးသုံး ရေနွေးငွေ.အင်ဂျင်နဲ.မောင်းရတဲ. ပြတိုက်ထဲကရထားကြီးပါ …။

ရှူးရှဲ ရှူးရှဲ နဲ.ဒေါသတကြီးမောင်းတဲ.ရထားကြီးကို လမ်းဘေးရွာတွေကလိုက်မယ်ဆိုရင်လက်ပြပြီးတားလို.ရတယ်ဗျ၊
သဘောကောင်းတဲ.ရထားကြီးကလည်း လူစုစုတွေ.ရင်ရပ်ပေးတာဘဲ ။အဲဒီနားက ပုဇွန်မြောင်းရွာဆိုရင် ငါးချဉ်လုပ်တာ
အလွန်ကောင်းတယ် ။ ဒီဒေသမှာ မိုင်(၃၀) အတွင်း သူ.ငါးချဉ်က အကောင်းဆုံးဘဲ ။ အဲ ..လက်ပြပြီးတားဆီးလို.
ရတဲ.ရထားကတော. မြန်မာပြည်မှာ ဒီတစ်စီးဘဲရှိမယ်ထင်တယ် …။

ဒီလိုနဲ.ပွဲတော်ချိန်မှာရထားကိုတိုးစီးပြီး မဒေါက်မြို.ကိုသွားရပါတယ် ၊ ရထားဘယ်လောက်ကြပ်သလဲဆိုရင် မတ်တပ်ရပ်
တာခြေတဘက်က ကြမ်းပြင်ကိုမထိဘူး ။ မဒေါက်ရောက်တော.ရထားပေါ်ကအမြန်ဆင်း …လှေဆိပ်မှာတွေ.တဲ.စက်
လှေပေါ်နေရာလုတက် …ပြီးတော. ရေစီးအင်မတန်သန်တဲ. စစ်တောင်းမြစ်ကိုကူးကြရပါတယ် …။

ရွှေကျင်ဘက်ကမ်းလည်းရောက်ရော မြင်းလှည်းတွေကလာကြိုနေကြပါတယ် ၊ ဒီလိုနဲ. မြင်းလှည်းငှားပြီး မြို.ထဲကိုဝင်ကြ
ရတာပေါ. ။ ရွှေကျင်မြို.ထဲကိုဝင်တဲ.လမ်းမကြီးနံမည်က “မကျည်းတန်း ” လမ်းတဲ. ။အဲဒီ မကျည်းတန်းလမ်းအတိုင်း
ဆက်သွားရင် ကိုစိန်သော.ဓတ်ပုံထဲက ရွှေကျင်မြို.ရဲ. မြို.ဒေါင်.စေတီဘုရားကြီးကိုတွေ.ရမှာပါ .။ပွဲတော်ကျင်းပတဲ.
ရွှေကျင်ချောင်းက မြို.ကိုပတ်ပြီးစီးဆင်းနေလေတော. ဘုရားကုန်းတော်ကမြို.အစွန်ဖြစ်နေတာပေါ. ။ ဘုရားကုန်းတော်ပေါ်
ကကျောက်လှေခါးအတိုင်းဆင်းရင် ခောင်းရဲ.သဲသောင်ပြင်ကိုရောက်ပါမယ် ။ ဒီနေရာမှာရွှေကျင်ချောင်းက မြစ်နဲ.ပေါင်း
ဆုံခါနီးဖြစ်တဲ.အတွက် ချောင်းရေပြင်ဧရိယာ ကတော်တော်ကျယ်ပါတယ် ။မသိရင်မြစ်လို.တောင်မှထင်တတ်ကြသေးသဗျ ။

ပွဲတော်လာတဲ.သူတွေကတော. တချို.ကဘုန်းကြီးကျောင်းတည်းကြတယ် …တချို.ကတော. ကျွန်တော်ပြောသလို
မြို.ခံအိမ်တွေမှာတည်းကြတာပေါ. ။ ပွဲတော်ရက်မှာ မြို.ထဲကိုမြင်းလှည်းတွေနဲ.ဝင်လာကြပြီဆိုရင် မကျည်းတန်းလမ်း
တလျောက်အိမ်တွေကထွက်ခေါ်ကြတယ်” တည်းစရာရပြီလား ၊ ဒီမှာလည်းတည်းလို.ရတယ် ” ဘာညာ စသည်ဖြင်.
ပေါ.ဗျာ ….သူတို.က ရပ်ဝေးကဧည်.သည်ကိုခန်.မှန်းမိတယ် …ချိုးစရာရေကအစခတ်ပေးထားတာ …..။
မြင်းလှည်းပေါ်ကဘုရားဖူးတွေကိုများ ထွက်ခေါ်ကြတာ တကယ်.ဆွေမျိုးတွေ ၊မိတ်ဟောင်းတွေကျနေတာဘဲ …..။

ဒီလိုနဲ. တည်းစရာရပြီးရင် ရွှေကျင်မြို.ထဲ လျောက်ပတ်ပေတော. …။
(၁၀)ရက်ကြိုလောက်ကတဲက နံမည်ကြီးဇတ်တွေ ( ဟိုတုန်းက) ဖြစ်တဲ. နန်းဝင်း ၊ မိုးဝင်း ၊ မန္တလေးသိန်းဇော် ၊
ချမ်းသာ ၊ ဘီအီးဒီ အောင်သိုက် ၊ ဦးမောင်မောင် ဆပ်က ….အစရှိတဲ.ပွဲတွေသူ.။ရုံနဲ.သူအပြည်. ….
နာမည်ကြီးအဆိုတော်တွေလာဆိုကြတဲ. စတိတ်ရှိုးတွေကလည်းသူ.နေရာနဲ.သူ ….ပြီးတော. လမ်းထောင်.တွေမှာ
ရပ်ကွက်ကတင်ဆက်ကပြတဲ.ယိမ်းအဖွဲ.တွေ …တေးသရုပ်ဖေါ်အဖွဲ.တွေ …..မကျည်းတန်းလမ်းတလျောက်မှာတော.
အနယ်နယ်အရပ်ရပ်က ဈေးသည်တွေအပြည်. ….လမ်းသွယ်တွေနဲ. လှေဆိပ်ဆင်းတဲ.နေရာတွေမှာလည်း စားသောက်
ဆိုင်တွေအပြည်. ….ဘာစားမလဲ …ကြိုက်တာစား ၊ ကျသလောက်ရှင်း …စုံမှစုံဗျာ ….အဲ အဲ အရက်ပုန်း
တိတ်တိတ်ခိုးရောင်းတဲ. အအေးဆိုင်လေးတွေလည်း မပါမဖြစ်ပေါ.ဗျာ …..။

ဒီနေရာမှာအထူး မပါမဖြစ်ပွဲကတော. လက်ဝှေ.ပွဲပါ ။ ပထမတန်းအလံ ၊ ဒုတိယတန်းအလံ နဲ. အလွတ်တန်းစိန်ခေါ်ပွဲတွေ
ဒီတော. လက်ဝှေ.ရုံကသုံးလေးရုံလောက်ရှိတယ် ။ ဒီဒေသမှာက လက်ဝှေ.သမားအလွန်ပေါတာဆိုတော…။
ဟိုတုန်းက နာမည်ကြီးလက်ဝှေ.သမားကြီးသမိန်ဗရမ်းဆိုရင်ညောင်လေးပင်မှာတပည်.များစွာမွေးခဲ.သေးတာပေါ. ။ ဒီလိုပွဲမှာသမိန်ဗရမ်းကိုအကြောင်းပြုပြီး ရောက်လာကြတဲ.အနယ်နယ် အရပ်ရပ်ကလက်ဝှေ.သမားတွေနဲ.အတူ ဒေသခံ
ဝါသနာရှင်လက်ဝှေ.သမားတွေနဲ.ဆိုတော.ပြိုင်ပွဲရုံတွေက သုံးလေးရုံလောက်ကကိုရှိရပါမယ် ။ လက်ဝှေ.ဝိုင်းကဆိုင်း
သံတွေကအသံမစဲ ပေါ.ဗျာ …..။

နောက်တခုကရေထဲမှာပြိုင်တဲ.လှေပြိုင်ပွဲပါ …အုပ်စုလိုက်ရှိသလို တဦးချင်းလည်းပြိုင်ကြပါတယ် . ..။ ပြီးတော.
ရှားရှား ပါးပါး တွေ.ရတဲ. တက်ခုတ်ယိမ်း အက ။လှေလှော်တဲ.တက်တွေနဲ.လှေပေါ်မှာထိုင်ပြီး ယိမ်းကကြရတာပါ ။
ကရင်ရိုးရာ ဝါးညှပ်အကမှာ မကတတ်ရင် ဝါးလုံးညှပ်မိသလိုဘဲ တက်ခုတ်ယိမ်းအကမှာလည်း တိုင်ပင်မကိုက်ရင် ခေါင်းကို
ရိုက်မိတတ်ပါတယ် ။ ဘာကြောင်.လည်းဆိုတော. ကကွက်တစ်ခုမှာ စည်းချက်အလိုက် ရှေ.ကထိုင်တဲ.သူကလှော်တက်
ကိုကန်.လန်.ကိုင်ပြီးခေါင်းပေါ်မြှောက်လိုက်ရပါမယ် …အဲဒိမှာ နောက်ကထိုင်တဲ.သူကလက်ထဲကိုင်ထားတဲ.လှော်တက်
နဲ.ရိုက်လိုက်ရပါမယ် ။ ဒီကကွက်မှာ တိုင်ပင် မကိုက်ရင် ရှေ.ကလူခေါင်းကလှော်တက်စာမိမှာဘဲ ..။

လှော်တက်ယိမ်းပြိုင်ပွဲတွေမှာဆိုရင် အသက်(၆၀)ကျော်အဘွားကြီးတွေသီးသန်.ပြိုင်ကြတဲ.တက်ခုတ်ယိမ်းပြိုင်ပွဲကလည်း
တမျိုးထူးတာပေါ. ။ ဒီဘွားဘွားတွေက တချိန်က လုံမပျိုလေးတွေလေ ……ဒါတွေကျွမ်းပြီးသား …လှော်တက်တစ်
ခုနဲ. တစ်စု ရိုက်လိုက်တာများ “ဖြောင်း”ကနဲနေတာဘဲ ….။

မီးေမျှောတဲ.ရက်မှာကြုံရမဲ. ညနေစောင်းကနေ ညအထိ မြင်ကွင်းလေးကိုပြောဦးမယ် …..။
ညနေဘက် သုံးနာရီကျော်ကျော်လောက်ဆိုရင်ဘဲ ရွှေကျင်ချောင်းထဲမျာလှေတွေပြည်.နေပြီ ..။ ရေလယ်မှာရှိတဲ.
ရှင်ဦးပဂုတ်ဖေါင်တော်ကိုသွားဖူးကြရင်းချောင်းထဲမှာလှေစီးကြတာပါ ။ လှေကတော.အရွယ်မျိုးစုံငှားလို.ရပါတယ် ။
ကိုယ်တိုင်လှော်တတ်ရင်လှော် …၊ ဒါမှမဟုတ် လှေလှော်တဲ.သူပါငှားလို.ရတယ်…စက်လှေအသေးလေးတွေငှားစီးရင်
လည်းရပါတယ် ။ လှေစိးရင်းလည်းစကြ နောက်ကြ ပျော်စရာပေါ.ဗျာ …။ တချို.က လှေလှော်တဲ.သူခေါ်မလာဘဲ
ကိုယ်တိုင်လှော်ကြည်.တဲ.သူတွေလည်းရှိကြပါရဲ. ။ လှေကရှေ.ကိုမသွားဘဲ တလည်လည်ဖြစ်နေကြသလို ၊ တချို.က
ဝါးလုံးနဲ. လှေကိုထိုးဖို.ကြိုးစားတဲ.သူတွေလည်းရှိကြတယ် ။ မကျွမ်းကျင်တဲ.သူတွေဆို ထိုးဝါးက လှေကိုကလန်.ပြီး
လူကရေထဲ ပစ်ကျရော ….ရီကြမောကြ ၊ ကြည်နူးကြ ၊ ပျော်ကြ ….လှေတွေပေါ်က အပျိုချောတွေကလည်း
အရောင်အသွေးစုံစုံ ….ကြည်.လို.မငြီး ….အန်တီကြီးတွေတွေ.ရင်လည်း ယောက္ခမခေါ်ပြီးစကြ နောက်ကြ …
ဒီလိုနဲ. ….ညနေစောင်း (၅)နာရီလောက်လည်းရောက်ရော …ရေပေါ်မှာစတုဒီသာဘူဖေး စကြွေးပါတော.တယ် …။

ရွှေကျင်မြို.ရဲ.လုပ်ငန်းရှင်များက သူ.အဖွဲ.နဲ.သူ စက်လှေကြီးတွေနဲ.ထမင်းထုပ်ရာပေါင်းများစွာကိုတင်ပြီး ရေထဲကလှေတွေ
ကိုလိုက်ဝေကြတာပါ ။ ထမင်းထုပ်ဝေတဲ.လှေကြီးတွေက ချောင်းထဲမှာစုံဆန်မောင်းရင်းထမင်းထုပ်ဝေကြသလို …ကမ်းစပ်
မှာဆိုက်ကပ်ပြီးတော.လည်းကုန်းပေါ်ကလူတွေကိုဝေကြပါတယ် ။ အထူးသဖြင်. ရှောက်သီးဆေးပြားလုပ်ငန်းရှင်တွေ ၊ ရွှေ
လုပ်ငန်းရှင်တွေကကျွေးကြတာပေါ. …။ ထမင်းကို မနဲမများအနေတော်ဖက်နဲ.ထုပ်ပြီး အထဲမှာငါးကြော် ၊ ကြက်ကြော် ၊
ငပိထောင်း ၊ အချဉ်ထောင်း ၊ အချဉ်သုပ် တွေကိုထည်.ပြီးထုပ်ထားတဲ.ထမင်းပါ ။ ကြွေးတဲ.အလှုရှင်မတူသလို အရသာ
လည်းမတူကြဘူး ….အထူးသဖြင်.ထမင်းမြိန်စေတဲ. ငပိထောင်းနဲ.၊ အချဉ်ထောင်းတွေက တဦးနဲ.တဦး လက်ရာမတူ
ကြဘူးလေ ….ချောင်းထဲမှာလှေစီးရင်း စေတနာရှင်အပျိုချောလေးတွေဝေတဲ.ထမင်းကိုစားရတာ အတွေ.အကြုံတမျိုး
ထူးသလို ၊ ဘယ်တော.မှလည်း မမေ.နိုင်တော.ပါဘူး ….။ တနေကုန်လည်ထားကြတာဆိုတော. ညနေစောင်းမှာ
ဗိုက်ဆာကြပြီလေ …စေတနာရှင် မမလေးများနဲ.ထမင်းထုပ်တွေယူရင်း …စကြ နောက်ကြ ဇတ်လမ်းလေးတွေ
ဖန်တီးကြ ….ဒီလို …..ဒီလို နဲ. …..။
မှောင်ရီပျိုးလို. မီးထွန်းချိန်လည်းရောက်ရော …ချောင်းထဲမှာမီးကြာခွက်တွေမျှောကြတာပေါ. ။တချို.က ချောင်းကမ်းပါး
တလျောက် မျှောကြတယ် ၊ တချို.က ချောင်းအလယ်ကိုလှေနဲ.သွားပြီး ရေလယ်ကနေမျှောကြတယ် ..။ချောင်းရေပြင်
တစ်ခုလုံး မီးကြာခွက်ရောင်စုံတွေနဲ. ပနံသင်.လို. …တချို.ကလည်း မီးမျှောရင်းနဲ.ဇတ်လမ်းလေးတွေရသွားတတ်
ကြတယ် …အနယ်နယ် အရပ်ရပ်က လူအစုံဆိုတော. နဖူးစာရွာလည်ပြီးဆုံကြတာပေါ.လေ ……..။
နောက်ဆုံးရက်မှာတော. ရှင်ဥပဂုတ္တဖေါင်တော်ကို ချောင်းအတိုင်းမျှောချရင်း မီးမျှောပွဲတော်ပြီးဆုံးခဲ.ပါတော.တယ် ။

နောက်နေ.မနက် ……ပြန်ခါနီးတော. တည်းခိုအိမ်ကမိသားစုတွေနဲ.အလွမ်းသယ်ကြ ….လိပ်စာတွေအပြန်
အလှန်ပေး ….နောက်လဲလာလည်ပါ …ကြုံရင်ဝင်ခဲ. ….ဘာညာတွေပြောရင်း မီးမျှောပွဲကအပြန် ရင်ထဲမှာတော.
ဟာတာတာ ……ဪ ….နောက်နှစ်လည်းလာဦးမယ်….ဒီလိုတွေးရင်း …………..။

16 comments

  • surmi

    April 26, 2012 at 12:28 am

    ကိုစိန်သော.ရေ …ကျွန်တော်ကတော. ပြောတဲ.အတိုင်း တာဝန်ကျေအောင်ရေးပြီးသွားပြီ ။
    ပွဲတော်ရက်မှာ ဓတ်ပုံသွားရိုက်ဘို.ကတော. ကိုယ်.ဆရာတို.ဓတ်ပုံသမားတွေတာဝန်ဘဲ ဗျ….
    ပြောမရဘူး …ဓတ်ပုံတွေကောင်းလွန်းလို. သဂျီးတောင်ကြိုက်ချင်ကြိုက်သွားမှာ …….။

  • Mလုလင်

    April 26, 2012 at 1:46 am

    စာဖတ်ပြီး တစ်ခေါက်၊ ပုံ နဲ့ တစ်ခေါက် .. လူကိုယ်တိုင် ရောက်ဖို့ ပဲကျန်တော့တယ်။ 🙂

    • surmi

      October 31, 2013 at 9:08 am

      ကိုလုလင်​​ရေ…
      အခု​တော့ တကယ်​​ရောက်​ဖြစ်​ခဲ့ပြီ​ပေါ့..
      ​နောက်​နှစ်​အဆင်​​ပြေရင်​ ကျ​နော်​လည်​းလိုက်​ခဲ့ပြီး ဒီထက်​ပိုအ​ဆင်​​ပြေ​အောင်​စီစဉ်​​ပေးပါ့မယ်​ဗျား …

  • surmi

    April 26, 2012 at 2:09 am

    ရောက်စေချင်တယ် ။
    ညီလေးတို.ဓတ်ပုံသမားတွေအတွက်ပုံကောင်းတွေ ရမှာပါ ။
    ချောင်းရေပြင်တခုလုံး မီးကြာခွက်တွေနဲ.ပြည်.နေပုံလေး မှန်းကြည်.လိုက် …..
    ဘယ်လောက်လှလိုက်မလဲနော ….။

  • Ma Ei

    April 26, 2012 at 8:48 am

    စိန်သော့ ဓါတ်ပုံရိုက်ပြထားတဲ့ တံတားလေးနဲ့ ချောင်းကလေးထဲမှာ
    ကိုဆာမိ ပြောပြတဲ့ မီးကြာခွက်လေးတွေမျောနေတဲ့ အလှ အတွေးနဲ့တင်
    အတော်ကိုလှပနေပါတယ်…

  • ဗိုက်ကလေး

    April 26, 2012 at 11:12 am

    ကိုသံချောင်းရေ
    နောက်နှစ်ကျရင်လဲ ကျနော့ကိုခေါ်ပါ
    လိုက်ချင်လို ့

  • water-melon

    April 26, 2012 at 11:56 am

    အမှန်တိုင်းပြောရရင်
    မြန်မာပြည်မှာ စိတ်ကြည်နူးဖို့ကောင်းတဲ့နေရာတွေအများကြီးပါ
    ပြည်ပသွားမှမဟုတ်ပါဘူး
    ခံစားတတ်ရင်ဖြစ်ပါတယ်
    အလည်သွားချင်တယ် ရေသည်ယောက်ျားကိုဆာမိရေ

  • mocho

    April 26, 2012 at 12:10 pm

    ကိုယ်တိုင် ရောက်သွားသလို မြင် ယောင်လာအောင် ရေးတတ်ပါပေ့ ကိုဆာမိရေ။

  • ရောင်ခြည်ခ

    April 26, 2012 at 12:52 pm

    မရောက်ဘူးသေးတော့ ကိုစိန်သော့ဓါတ်ပုံတွေကြည့်ပြီး သွားချင်နေတာ ကိုဆာမိက စာနဲ့ရေးပြလိုက်တော့ ရောက်အောင်သွားလည်မယ့် စာရင်းထဲ တို့ထားလိုက်ပြီ.. မျှဝေပေးလို့ ကျေးကျေးပါ..

    • surmi

      April 26, 2012 at 10:19 pm

      မအိရေ …အတွေးထဲမှာလှသလိုမျိုး အပြင်မှာလည်း တကယ်လှပါတယ် …တနေ.ရောက်ဖြစ်ရင်
      တွေ.မှာပါ ….။
      ————————
      မမိုချိုကိုခြသေ.င်္မြို.တော်ကနေ ရွှေကျင်ချောင်းထဲ စိတ်ကူးနဲ.လှေစီးဖို. ပို.လိုက်မိတယ်ပေါ. ။။။
      ဟုတ်လား ……..?
      ————————
      ကိုပေါက်ဖေါ် နဲ.မောင်ဖရဲ …..
      တကယ်သွားဖြစ်လို. မလိုက်ရင် လျော်ပေးရမယ်နော် ……အခု ကားလမ်းပေါက်သွားပြီ ။
      ———————–
      ရောင်ခြည်ခ ရေ …..
      ကိုစိန်သော.နဲ.သာညှိလိုက်ဗျာ …..တကယ်သွားချင်ရင် အခုလွယ်သွားပါပြီ ။
      အခြေအနေတချို.တော.ပြောင်းလဲသွားပေမဲ. ပွဲတော်ကတော.စည်ကားမြဲပါ …..။

  • manawphyulay

    April 26, 2012 at 2:22 pm

    ကဲ ရွှေကျင်အကြောင်းလေးကတော့ အတော့်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဓာတ်ပုံတွေနဲ့သာ ထည်ထည်ဝါဝါ တွဲပေးထားမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ဖြစ်မိမှာပါ။ မရောက်ဖူးပေမယ့် ခံစားသွားပါတယ်။

  • MaMa

    April 26, 2012 at 5:21 pm

    ကိုဆွာမိ ရေးပြလိုက်တော့မှပဲ ရွှေကျင်မီးမျှောပွဲ နာမည်ကြီးတာ ဘာ့ကြောင့်လဲဆိုတာ သိတော့တယ်။

  • windtalker

    April 26, 2012 at 8:35 pm

    ကိုဆာကြီးရေ ၊ အသည်းကောင်းလို ့ပွဲတောင်းကြသူများရဲ ့ပွဲ ကို ပုဇွန်ချဉ်သုပ်လေးစားရင်း အားပေးချင်လိုက်တာ ဗျာ ။

    • surmi

      April 26, 2012 at 10:35 pm

      ဓတ်ပုံတွေနဲ. တွဲပြီးတင်ပေးချင်ပါတယ် မနောဖြူရေ ……နှစ်တွေကြာလို.ဓတ်ပုံဟောင်းတွေ
      မရှိတော.လို.ပါ ……ရွာထဲကဆရာတွေ တင်ကြပါလိမ်.မယ် ……။
      ——————–
      ဒီနေရာက တခါတုန်းက အမဲရောင်နယ်မြေလို.သတ်မှတ်ခဲ.တာပါ အန်တီမမရေ …..
      ဒါပေမဲ.လည်း ပွဲတော်ချိန်မှာ အေးဆေးပါဘဲ ။ဒီလိုမီးမျှောပွဲကျင်းပကြတာ စုစုပေါင်းလေးနေရာ
      ရှိတယ် ။ သီတင်းကျွတ်လမှာ ကျောက်ကြီးမီးမျှောပွဲ ၊ တန်ဆောင်မုန်းလမှာ ရွှေကျင်မီးမျှောပွဲ၊
      နတ်တော်လမှာ မဒါက်မီးမျှောပွဲနဲ. ပြာသိုလမှာ ဒုံဇရစ်မီးမျှောပွဲရယ်လို.ကျင်းပပေမဲ. ရွှေကျင်
      မီးမျှောပွဲကသာထင်ရှားပြီး အစည်ကားဆုံးပါ ။
      ———————
      ကိုပေတကယ်စိတ်ဝင်စားလို.လား ?
      ရန်ကုန်က ကားမောင်းသွားရင် အကြာဆုံး သုံးနာရီခွဲလောက်ဘဲနော် ၊ ညအိပ်စရာတောင်မလို
      ပါဘူး ….မနက်စောစောထွက် ၊ တညလုံးလျောက်ပတ် ၊ ပြီးရင် ညတွင်းချင်းရန်ကုန်ရောက်
      အောင်ပြန်လို.ရတယ် …။ ဘယ်လိုလဲ …?

  • amatmin

    April 26, 2012 at 11:47 pm

    ကိုရင် ဆာမိရေ..
    ကျနော့ကို သူငယ်ချင်းတဦး အလည်ခေါ်နေတာ..
    မလိုက်ချင်လို့ လှည့်ပတ်ရှောင်နေတာဗျ..ကိုယ့်ဆရာရေးပြလိုက်မှ.
    တကယ့်ကိုလည်ချင်စရာမို့ .. ရောက်အောင်သွားကြည့်ဖို့ အတွေးဝင်သွားပါပြီဗျာ..
    ပြောရရင် ရွှေကျင်မီးမျှောပွဲ ဆိုတာ ငယ်ငယ်တည်းက ကြားခဲ့တဲ့
    တကယ့်ပွဲတော်ကြီးပေမဲ့ အခုဖတ်လိုက်ရမှ သေချာ ပုံဖော်လို့ ရတာကိုး.. 🙂

    • surmi

      April 27, 2012 at 12:02 am

      ခုတော. လမ်းပန်းဆက်သွယ်ရေးကောင်းသွားပါပြီ ။ကူးရခက်တဲ. စစ်တောင်းမြစ်ကို တံတား
      ထိုးပြီးပြီဆိုတော. အခက်အခဲမရှိတော.ပါဘူး ။ ရွှေကျင်မှာမတည်းချင်ရင်လည်း ညောင်လေးပင်
      ပြန်အိပ်လို.ရပါတယ် ။ ဟိုတယ်အဆင်.မရှိပေမဲ. တည်းခိုလို.တော.ဖြစ်ပါတယ် ။ ဒီတခါခေါ်ရင်
      မငြင်းနဲ.တော.အမတ်ကြီးရေ ….ကင်မရာလေးယူပြီးလိုက်သာသွား ။ ကင်မရာမပါရင် ဟိုရောက်
      မှ နောင်တရနေလိမ်.မယ် ……။

Leave a Reply