သိရင်ပြောပေးပါ ဗျာ..

uncle kyawApril 27, 20121min15610

ရွာသားရွာသူ အပေါင်းတို့ရေ..ကြုံဘူးရင်ပဲ ဖြစ်ဖြစ် ဘာကြောင့်ဖြစ်တယ်ဆိုတာ သိရင်ပဲ ဖြစ်ဖြစ် ပြောပေးကူညီကြပါဦး…ခုတစ်လော gtalk ကို sign out လုပ်လိုက်ပေမဲ့ တခြားသူတွေ ရဲ့ account မှာ off line မဖြစ်ပဲ on line မှာ ကျန်ကျန်နေတယ်ဗျ…အရင် တစ်ခါမှ မဖြစ်ဖူးတော့ တစ်စုံတစ်ဦးကများ hack လေသလားလို့ သံသယ ဖြစ်ပြီး pw ကို ပြောင်းလိုက်ပေမဲ့ ခဏပဲ နောက် အဲလိုပဲ ပြန်ပြန် ဖြစ်နေတယ်..ပြသနာ တစ်စုံတရာ ရှိမရှိ၊ ဘယ်လို ဖြေရှင်းရမယ် ဆိုတာလေးများ သိခဲ့ရင် ပြောပြပေးကြပါဦး…နောက်ပြီး တစ်ချို့ ပို့စ် တွေကို မန့် လို့ မရဘူး ဖြစ်နေသေးသဗျ…ဘာဖြစ်မှန်းကို တိတော့ဝူး…အန်ကယ် ညစ်..ညစ်..

10 comments

  • ster

    April 27, 2012 at 10:49 pm

    phone နဲ. g talk တက်တာလား။ g mail ကို log out မလုပ်ရသေးရင်လဲ on line ဖြစ်နေနိုင်တာပဲ။ phone connection နဲ.က ကျွန်တော်လဲ အခုတလော အဲဒီလို ဖြစ်တတ်တယ်။

  • MTY

    April 28, 2012 at 4:28 am

    တစ်ချို့ ပို့စ် တွေကို မန့် လို့ မရဘူး ဖြစ်နေသေးသဗျ…
    Connection ကြောင့်လို့ဘဲထင်ပါတယ်။
    ကျွန်တော်လဲဖြစ်တယ်။Connectionကောင်းရင်ရသွားယော်။

  • kyeemite

    April 28, 2012 at 8:39 am

    သိတဲ့လူတွေ ပြောပေးလိုက်ကြပါဗျို့..

  • ဗိုက်ကလေး

    April 28, 2012 at 12:02 pm

    ဒီလိုရှိတယ် အူးလေးရ
    အူးလေး အောက်လိုက်ပေမဲ့ ဟိုဘက်မှာပေါ်နေတာက ဟိုဘက်က ကွန်နက်ရှင် မကောင်းရင်လဲ ဖြစ်တတ်တယ်ဗျ
    ပြီး ချက်ချင်းအောက် ချက်ချင်းကြီးမပျောက်တာလဲရှိတယ်…
    ဘယ်သူမှတော့ မဟက်လောက်ပါဘူး..ခိုးတာတော့ရှိတယ်ခင်ဗျာ..

  • jujuma

    April 28, 2012 at 12:15 pm

    ဟုတ်တယ် ဗျ …အဓိကကတော့ ကွန်နက်ရှင်ပါ ..
    juma လည်း အဲလိုဖြစ်လို့စမ်းကြည့်ဘူးတယ်..အကောင့်နှစ်ခုဖွင့်ပီး တပြိုင်တည်းစမ်းတာ….
    ဒီဘက်အကောင့်က ပိတ်လိုက်ပေမယ့် တခြားအကောင့်မှာ online ဖြစ်နေတယ်..
    ပေါ်နေတဲ့ အကောင့်ဘက်က ကော်နက်ရှင်ကျနေတဲ့သဘောပါပဲ….

    ပို့စ်တွေ မန့်လို့မရတာလည်း ကွန်နက်ရှင်ကြောင့်လို့ပဲ ထင်ပါတယ် …

    ခုတစ်လော လိုင်းတွေက နေ့ခင်းဘက်တွေဆို ပြုတ်ပြုတ်ကျနေတယ်ဗျ ..

  • ဝက်ပေါက်

    April 28, 2012 at 9:36 pm

    အနော်လည်း ဖြစ်ဖူးပါတယ် အကောင်းဆုံးကတော့ ဆိုင်မှာ သုံးတယ်ဆိုရင်
    ကိုယ်သုံးခဲ့တဲ့ Browser ရဲ့ privacy မှာ clear သွားလုပ်တာ အနည်းနဲ့အများ ပိုစိတ်ချရပါတယ်
    ကျွန်တော်လည်း ရွာထဲမှာ လည်နေတုန်းပါပဲ သိတဲ့သူများရှိရင် ပြောပြပေးပါ
    Dashboard ကိုဝင်ရင် Comments ဘေးနားက အဝိုင်းလေးထဲမှာ 4 ဆိုပြီး ပြနေတာ
    ဘာလဲ မသိဘူးခင်ဗျ ကြောကြနော် သိရင် ရှိထားနဲ့ 😀

  • ဝက်ပေါက်

    April 28, 2012 at 9:36 pm

    အနော်လည်း ဖြစ်ဖူးပါတယ် အကောင်းဆုံးကတော့ ဆိုင်မှာ သုံးတယ်ဆိုရင်
    ကိုယ်သုံးခဲ့တဲ့ Browser ရဲ့ privacy မှာ clear သွားလုပ်တာ အနည်းနဲ့အများ ပိုစိတ်ချရပါတယ်
    ကျွန်တော်လည်း ရွာထဲမှာ လည်နေတုန်းပါပဲ သိတဲ့သူများရှိရင် ပြောပြပေးပါ
    Dashboard ကိုဝင်ရင် Comments ဘေးနားက အဝိုင်းလေးထဲမှာ 4 ဆိုပြီး ပြနေတာ
    ဘာလဲ မသိဘူးခင်ဗျ ကြောကြနော် သိရင် ရှိုထားနဲ့ 😀

  • Mr admin

    September 11, 2012 at 6:44 am

    အဲဒါ Network Admin ရဲ့ ISA ဆာဗာအသုံးပြုခြင်းအပေါ်မူတည်တယ်

  • ခပ်မိုက်မိုက် ကောင်မလေး

    September 11, 2012 at 11:25 am

    မိုက်လေး လည်းဖြစ်ဖူးတယ်….
    အကောင့်ကို Sing Out လုပ်ထားလည်း….
    မီးစိမ်းနေတယ်လေ ဘယ်သူမှလည်း…
    မဖွင့်ဘူး နောက်ကျတော့…
    Password ပြောင်းလိုက်တာ…
    ပြန်ရတယ်လေ…။ ခုက Password လည်း
    ပြောင်းတယ်ဆိုတော့ ဘယ်လိုပြောရမလဲမသိဘူး…။

  • yangonthu

    September 11, 2012 at 11:32 am

    ဖြစ်တတ်ပါတယ်..လိုင်းမကောင်းလို ့ဖြစ်တာပါ..
    မစိုးရိမ်ပါနဲ ့..

Leave a Reply