uncle kyawApril 27, 20121min15610
ရွာသားရွာသူ အပေါင်းတို့ရေ..ကြုံဘူးရင်ပဲ ဖြစ်ဖြစ် ဘာကြောင့်ဖြစ်တယ်ဆိုတာ သိရင်ပဲ ဖြစ်ဖြစ် ပြောပေးကူညီကြပါဦး…ခုတစ်လော gtalk ကို sign out လုပ်လိုက်ပေမဲ့ တခြားသူတွေ ရဲ့ account မှာ off line မဖြစ်ပဲ on line မှာ ကျန်ကျန်နေတယ်ဗျ…အရင် တစ်ခါမှ မဖြစ်ဖူးတော့ တစ်စုံတစ်ဦးကများ hack လေသလားလို့ သံသယ ဖြစ်ပြီး pw ကို ပြောင်းလိုက်ပေမဲ့ ခဏပဲ နောက် အဲလိုပဲ ပြန်ပြန် ဖြစ်နေတယ်..ပြသနာ တစ်စုံတရာ ရှိမရှိ၊ ဘယ်လို ဖြေရှင်းရမယ် ဆိုတာလေးများ သိခဲ့ရင် ပြောပြပေးကြပါဦး…နောက်ပြီး တစ်ချို့ ပို့စ် တွေကို မန့် လို့ မရဘူး ဖြစ်နေသေးသဗျ…ဘာဖြစ်မှန်းကို တိတော့ဝူး…အန်ကယ် ညစ်..ညစ်..


uncle kyawMarch 6, 20121min1335
ခုတလော လူတိုင်းပါးစပ်ဖျား ရေပန်းစားနေတဲ့ အပြောင်းအလဲ ဆိုတာကို ကျွန်တော် နားလည်သလို ခွဲခြမ်း စိတ်ဖြာ ကြည့်ပါတယ်..အဲဒီလို ခွဲခြမ်းလိုက်တော့ ပြန်ဆက်လို့တောင် ခက်သွားတယ် အပြောင်း = တစ်နေရာမှ တစ်နေရာသို့ ရွှေ့ သွားသည်။ ပြောင်းသွားသည်။ အခေါ်အဝေါ်များ ပြောင်းသွားသည်။ပျက်ပြယ်သွားခြင်း ပျောက်ကွယ်သွားခြင်းမဟုတ်။ အဆင်မပြေလျှင် ပြန်ရွှေ့လာမည်။ အဆင်ပြေလျှင် အခြေချမည်။ အလဲ = အဝတ်အစားလဲသည်။ အကျင်္ ီလဲသည် ၊ ဘောင်းဘီလဲသည်။ နေရာလဲသည်။ ပစ္စည်းချင်းလဲသည်။ အလိုက်ပေးလဲသည်။ ဒဲ့ (တည့်) လဲသည်။ လောလောဆယ် နားလည်မိသော အပြောင်းအလဲ ဆိုသည်မှာ – အပြောင်း + အလဲ = အပြောင်း နှင့် အလဲ ဟု တွေးမိသည်။ အထက်ပါ […]


uncle kyawMarch 5, 20121min691
..ဆေးလိပ်ကို ရ ကြိမ်မြောက်ဖြတ်တဲ့အချိန်မှာ အောင်မြင်သွားပါတယ်..ပထမ တစ်ကြိမ်က တစ်ပတ်လောက် ပြတ်တယ် မနေနိူင်တော့ ပြန်သောက်တယ်..တစ်နှစ် လောက်ကြာတော့ထပ်ဖြတ်တယ် တစ်လလောက်ပြတ်တယ်  ဘော်ဒါတွေကလည်း အားကိုးရတယ်ဗျ..ဖြတ်ထားပါတယ်ဆို ပါးစပ်ထဲ အတင်းဆေးလိပ်ထိုးတည့် မီးညှိပေး ကဲ သောက်တယ်ကွာ …သွားပြန်ပြီ …ဘော်ဒါတွေဆိုလို့စကားစပ်မိလို့ပြောရဦးမယ် ..အရက်သောက် သင်တာ ဒင်းတို့ပေါ့ ..အဟီး လွှဲချလိုက်ဦးမယ်..ကာရာအိုကေ ..ဘယ်ဆိုင်က မိုက်တယ်..လ်ိုက်ခဲ့..ငါတို့ဒကာခံမယ်..မင်း အ နေမှာ စိုးလို့ ဆိုတော့လည်း ဘာသားနဲ့ထုတားတာမို့လဲ..အေး..လိုက်မယ်ကွာ..ပေါ့..မှတ်မိတာတော့ ဒကာခံတာ ရ ခါ မပြည့်ဘူးဗျ..၅ ခါလောက်လဲ ပြီးရော ပိုက်ဆံထည့်ခဲ့ဦးတဲ့..အမ်..အေး အေး ..အဲဒီကတည်းက သွားတော့တာပဲ ခွက်ချလိုက် ..ဆေးလိပ်ဖွာလိုက်..အတော်ဟုတ်ခဲ့သကိုး…ဒီလိုနဲ့ ဖြတ်လိုက် သောက်လိုက် ၊ သောက်လိုက် ဖြတ်လိုက် ၆ ခါ ပြီး  ရ ကြိမ်မြောက်မှာ လုံးဝပြတ်တဲ့အထိ […]


uncle kyawMarch 4, 20121min38121
သူများတွေက သူတို့သိတာတွေရေး…ကိုယ်က ဘာမှမသိတော့ ကိုယ်သိတာ ကိုယ်ရေးမှာပေါ့…ရွာထဲ ရေးချင်လို့ ဖတ်ချင်လို့ မန့်ချင်လို့ ဝင်လာတာ..အညံ့တော့ မခံနိုင်ပေါင်…တစ်ချိုု့ ဆေးလိပ်ဖြတ်ချင်တဲ့ ရွာသားတွေများရှိရင်လည်း နည်းပေးလမ်းပြလေး ဖြစ်နိုင်တယ်လို့ယူဆတာလေးလည်း ပါတာပေါ့.. ဆေးလိပ်စသောက်တော့ အသက် ၁၆ နှစ်ကျော်ကျော်…ဘူး ထ တတ်ခါစ အရွယ်..ဆေးလိပ်လက်ကြား ညှပ်  အဟုတ်ကြီးမှတ်..မီးခိုးလေးမှုတ်ထုတ် အတော်ဟုတ် ခဲ့တယ်လို့ ထင်ခဲ့တာလေ…၃လိပ်ကို တစ်ကျပ် နဲ့ ခေါင်းမူးသွားပြီ ဒူးယားသည်ရေ …ဆိုတဲ့ခောတ် မမှီလိုက်ပေမဲ့ ရွှေဒူးယားတစ်ဗူး ၁၅ ကျပ်လောက် က ဖြစ်မယ်…မိဘ က မုန့်ဖိုးပေး ..ဆေးလိပ်လေး ဝယ်ခဲ..တယ်ဟုတ်တဲ့ငါ ပါလားပေါ့..မှန်ရှေ့ရပ်ပြီးတောင် စတိုင် လုပ်ကြည့်ခဲ့သေး ..ရွှေဒူးယားလေး ခဲလိုက် မုန့်ဖိုး နည်းရင် အဲဒီခောတ်က လူငယ်တွေ အကြိုက်များတဲ့ နေခြည်ဆေးပေါ့လိပ်လေး ကျောင်းလွယ်အိတ်ထဲ ဆောင်ထားလိုက် […]


uncle kyawJanuary 31, 20121min25914
ဟုတ်ကဲ့ ရွာသားအသစ်ပါခင်ဗျာ..ရေးချင်လွန်းလို့ ရွာထဲဝင်ပြီး ရေးကြည့်တာ သုံးခါထက်လည်းမနည်းတော့ပါဘူး ဘာများလွဲနေလဲမသိပါဘူး …ရဘူးဗျ..လုပ်ကြပါဦး (ကူညီကြပါဦး) ကိုဆိုလိုပါသည်။ ဒီရွာမှာ စကားမှားလို့ မဖြစ်ဖူး နတ်ကြီးတယ်..လို့ ကြားတယ် နတ်ကိုင်ရင် ဘယ်လောက်များ ခံရမက်မလဲ..


uncle kyawJanuary 29, 20121min22918
မန်းဂေဇက်မှာ မှတ်ပုံတင်လိုက်ပြီဆိုတော့ ရွာသားအသစ် ဖြစ်လာပြီပေါ့နော….ဒီလိုပဲ ရွာစဉ်လည်ပြီး ဒုက္ခတွေ ပတ်ပြီးပေးနေတာလားလို့တော့ မမေးကြပါနဲ့ ..ရွာထဲကို ဖြတ်သွားဖြတ်လာ အကြိမ်ရေ များလာတော့ ရွာသားဖြစ်ချင်လာတာနဲ့ အခြေချလိုက်တာလေ…ရွာခံတွေဆီကလဲ အကူအညီတွေ မျှော်လင့်တာလဲပါတာပေါ့..အန်ကယ့်ဒုက္ခက ဒီလိုပါ..မရှိမဲ့ ရှိမဲ့ငွေလေးနဲ့ အရစ်ကျ ပေးဝယ်ထားတဲ့ ကွန်ပျူတာလေး အခု အတော်နာမကျန်းဖြစ်နေပါတယ်..ဆေးမြီးတိုတွေနဲ့ ကုနေတာလဲ အချိန်အတော်ကြာနေပါပြီ..LAN connection နဲ့ ရုံးမှာ သုံးခွင့်မရှိတော့ wifi ပါတဲ့စက် လေး ဝယ်သုံးပါတယ် ..wifi က အခုဆို ကောင်းကောင်းအလုပ်မလုပ်တော့ပါဘူး ဝိုင်ဖိုင်ဖွင့်လိုက်ပေမဲ့လည်း သင်္ကေတ လေး မပြပဲ လိုင်းမမိဖြစ်နေပါတယ် ။အမျိုးအစားက စူဇူကီးပါ..နာမည်သိပ်မရှိတဲ့ တံဆိပ်မို့များ ဖြစ်နေသလားမသိပါဘူး..။ စက်ကို shut down လုပ်လည်း shutting down စာတန်းနဲ့ပဲ တင်းခံနေပြီး ပိတ်မသွားပါဘူး။ […]