ဆေးလိပ်ဖြတ်မယ် (ဒု)

uncle kyawMarch 5, 20121min701

..ဆေးလိပ်ကို ရ ကြိမ်မြောက်ဖြတ်တဲ့အချိန်မှာ အောင်မြင်သွားပါတယ်..ပထမ တစ်ကြိမ်က တစ်ပတ်လောက် ပြတ်တယ် မနေနိူင်တော့ ပြန်သောက်တယ်..တစ်နှစ် လောက်ကြာတော့ထပ်ဖြတ်တယ် တစ်လလောက်ပြတ်တယ်  ဘော်ဒါတွေကလည်း အားကိုးရတယ်ဗျ..ဖြတ်ထားပါတယ်ဆို ပါးစပ်ထဲ အတင်းဆေးလိပ်ထိုးတည့် မီးညှိပေး ကဲ သောက်တယ်ကွာ …သွားပြန်ပြီ …ဘော်ဒါတွေဆိုလို့စကားစပ်မိလို့ပြောရဦးမယ် ..အရက်သောက် သင်တာ ဒင်းတို့ပေါ့ ..အဟီး လွှဲချလိုက်ဦးမယ်..ကာရာအိုကေ ..ဘယ်ဆိုင်က မိုက်တယ်..လ်ိုက်ခဲ့..ငါတို့ဒကာခံမယ်..မင်း နေမှာ စိုးလို့ ဆိုတော့လည်း ဘာသားနဲ့ထုတားတာမို့လဲ..အေး..လိုက်မယ်ကွာ..ပေါ့..မှတ်မိတာတော့ ဒကာခံတာ ရ ခါ မပြည့်ဘူးဗျ..၅ ခါလောက်လဲ ပြီးရော ပိုက်ဆံထည့်ခဲ့ဦးတဲ့..အမ်..အေး အေး ..အဲဒီကတည်းက သွားတော့တာပဲ ခွက်ချလိုက် ..ဆေးလိပ်ဖွာလိုက်..အတော်ဟုတ်ခဲ့သကိုး…ဒီလိုနဲ့ ဖြတ်လိုက် သောက်လိုက် ၊ သောက်လိုက် ဖြတ်လိုက် ၆ ခါ ပြီး  ရ ကြိမ်မြောက်မှာ လုံးဝပြတ်တဲ့အထိ ဖြတ်နိုင်ခဲ့တယ်ဗျ..၂၀၀၈ သင်္ကြန်မှာ ၁ဝရက်စခန်းဝင်လိုက်တာ တော်တော်ဟုတ်သွားတာဗျ..အကျင့် ကို အကျင့်နဲ့ဖျောက်တတ်သွားတာ..ဆေးလိပ်ဖြတ်မယ် လို့ဆုံးဖြတ်တဲ့နေ့မှာ..London တစ်ဗူး ဝယ်လိုက်တယ်..အလိပ် ၂ဝ ကို တစ်လိပ်ပြီးတစ်လိပ် သောက်ပစ်လိုက်တယ်.. နောက်ဆုံးနှုတ်ဆက်တာလေ အဟဲ..အိမ်မှာ ဝယ်ထားတဲ့ ငွေနဂါး (ဆေးပေါ့လိပ်) (ရွာထဲမှာ ဆေးလိပ်သောက်တတ်တဲ့ မန္တလေးသားတွေပါရင် သိပါတယ် ငွေနဂါးဆေးလိပ်) တစ်စည်းကို လမ်းထိပ်က ဆိုက်ကားဆရာ ပေးပစ်လိုက်တယ်(လွှင့်ပစ်ရမှာ နှမြောလို့) မီးခြစ်ကို ပါပေးလိုက်တော့တာဗျ…ဆေးလိပ် ဖြတ်လိုက်ပြီလို့ အရင်က သုံးနေကျ စကားကိုမသုံးပဲ ဆေးလိပ်ပြတ်သွားပြီ လို့ ဘော်ဒါတွေရော အသိတွေရော အမျိုးတွေရော ပြောပြလိုက်တယ်..ဆေးလိပ်သောက်နေသူတွေအနား သိပ်မသွားဖြစ်အောင် နေရတာ ပေါ့ဗျာ.. မွှေးလွန်းလို့..ပြတ်ချင်စိတ်က စိုးမိုးနေပြီဆိုတော့..အောင့်အီးနေနိုင်ဖို့ တွန်းအားတစ်ခု ရလာတာပေါ့.. စိတ်ကို စိတ်နဲ့မြင်အောင်ကြည့်ပြီး စိတ်နဲ့ပဲတားဆီးနိုင်ခဲ့တာ..တရားစခန်းဝင်မိတဲ့ အကျိုးတွေပေါ့.. အသေအချာ ဖြတ်ချင်စိတ်ကို မွေးယူပါတယ်..ဖြတ်နေစဉ်ကာလမှာ ဆေးလိပ်သောက်ချင်စိတ်ပေါ်လာတာကို အသိနဲ့မှတ်ပြီး..စိတ်ကိုအလိုမလိုက်တော့ပဲ တားဆီးခဲ့ရတာပါ..ဆေးလိပ်သောက်ချင်လာတိုင်း ပလုပ်ကျင်းတာ သွားတိုက်တာ လျက်ဆား လျက်တာတွေနဲ့ အကျင့်ဆိုးကို ဖျောက်ခဲ့ရတာ..ခု ၄နှစ်ကျော်သွားပါပြီ…( အသောက် ကလေး ကတော့ အစကတည်းက သိပ်မစွဲလမ်းခဲ့တော့ သိပ်အားမစိုက်ရဘူးဗျ..ကြုံရင်တော့ချ တုန်း အဟေးဟေး ဘီယာလေးဘာလေး တိုက်ချင်ရင်) အရင်းများတော့သိပ် မလုပ်ဖြစ်ဖူး..မူးလာရင် ပန်းကုံးမဟုတ်တဲ့ ပန်းကုံးလေးက စွပ်လိုက်ချင်သေးတာ ဟီး းးး ဆေးလိပ်ကတော့ လုံးဝ ပြန်ဖွာဖို့ စိတ်ကူးမရှိတော့ဘူးဗျ..တစ်ဖွာနဲ့ ပြန်သောက်မိတဲ့အကြိမ်က များခဲ့တော့..ဖွာလို့ကို မဖြစ်တော့တာ..

အရင်က ဘိုင်ပြတ်ရင် တွေ့တဲ့ ဆေးလိပ်တို ကောက်သောက်ခဲ့ဘူးတာ..နံက် အိပ်ယာထရင် ဆေးလိပ်မီးညှိပြီး ထ တယ်..ည အိပ်ရင် ဆေးလိပ်ဖွာပြီးမှအိပ်တယ်..အဲဒီတော့ ခန္ဓာကိုယ်က signal ပြလာတော့ ကြောက်ကြောက်နဲ့ ဖြတ်လိုက်တာ ပြတ်သွားတယ်ဗျိုု့..English speaking program ထဲက လေသံအတိုင်းပြောရရင် “ REMEMBER, If you want to give up smoking, Do not smoking”  မှားနေရင်လဲ ပြင်ပေးနော် ဘိုလိုရေးကြည့်တာ

(ဆေးလိပ် ဖြတ်ခိုင်းသော ကျွန်တော့အဖေလည်း သူကိုယ်တိုင် ဆေးလိပ်ဖြတ်ပြီး အသက် ၇၅နှစ်အရွယ်ဖြင့် ယခုတိုင် ဝိပဿနာ တရားအလုပ်ဖြင့် ကျန်းမာလျှက်ရှိပါသည်။ တရားစခန်းဝင်ရောက်စေခဲ့သော ဖခင်ကြီးအား ဤ စာသားတို့ဖြင့် ဂါရဝ ပြုပါသည်.။ မာတာ ပိတု ဂုဏံ အဟံ ဝန္ဒာမိ..မာတာပိတု မိခင်ဖခင်တို့၏ ဂုဏံ ဂုဏ်ကျေးဇူးကို အဟံ ကျွုန်ုပ်သည် ဝန္ဒာမိ ရှိခိုးပါ၏)

One comment

  • ဦးဦးပါလေရာ

    March 7, 2012 at 3:04 pm

    ဆေးလိပ်ကို စိတ်နဲ့အရသာခံတာဆိုတော့
    စိတ်ကပြတ်မှ ဆေးလိပ်ပြတ်ပါတယ်။

    ကျုပ်တော့ သုံးနှစ်ပြတ်ဘူးတယ်။
    ဘေးကလူသောက်ရင်ကို အနံ့ကို မခံနိုင်တော့တဲ့အထိ ဖြစ်ဘူးတယ်။

    ပါးစပ်က မကြိုက်တော့ပေမယ့်
    ဆေးလိပ်သောက်နေကျပတ်ဝန်းကျင်လေးရောက်သွားတော့
    စိတ်တောင့်တတာနဲ့ တလိပ်ဝယ်ပြီးသောက်ကြည့်တာ
    နှစ်ဖွာသုံးဖွာနဲ့ မီးသတ်လိုက်ရတယ်။ မခံနိုင်တော့ဘူး..။
    အဲဒီအခြေအနေကနေ မနဲပြန်ကျင့်သောက်နေတာ….။
    အရင်လိုတော့တနေ့တဗူးခွဲမဟုတ်တော့ဘူး
    အများဆုံး လေးငါးလိပ်ပဲ
    ဒီပိုစ့်ဖတ်ပြီး ပြန်ဖြတ်ချင်စိတ် မွေးလိုက်ပါဦးမယ်။

Leave a Reply