V.1

သောက်ရင် မူးမှ

မူးရင် အိပ်ရမှ

အိပ်ရင် ပျော်မှ

ပျော်ရင် က ရမှ

က ရင် ညောင်းမှ

ညောင်းရင် နားရမှ

နားရင် ပက်လက်လန်မှ

လန်ရင် ဖုံးရမှ

ဖုံးရင် ပိတ်မှ

ပိတ်ရင် ပြန်မပွင့်မှ

ပွင့်ရင် လှမှ

လှရင် ရမှ

ရ ရင်  ပြန်မပေးရမှ

ပေးရင် ယူမှ

ယူရင် အကြွေးရမှ

အကြွေးဆို အတိုးမပါမှ

ပါချင်ရင် အိမ်သာအားမှ

အားရင် အတင်းပြောနေရမှ

ပြောရင် နားထောင်မှ

ထောင်ရင် မတ်နေမှ

မတ်ဆို နေမပူမှ

ပူရင် အဲကွန်းအေးမှ

အေးရင် ကွေးရမှ

ကွေးရင် ပုဇွန်တုပ်လိုမှ

တုပ်ရင် သေမှ

သေရင် နတ်ပြည်ရောက်မှ.။

V.2

မြည်းရင် ချဉ်ငံစပ်ပါမှ

ဖွာရင် အငွေ့ ထွက်မှ

ရှူရင် မွှေးမှ

ထမင်းဆို ဟင်းကောင်းမှ

ရေဆို အေးမှ

ဝယ်ရင် တန်မှ

ရောင်းရင် မြတ်မှ

သွားရင် ရောက်မှ

လုပ်ရင် သက်သာမှ

တောင်းရင် ပေးမှ

ခေါ်ရင် လာမှ

မေးရင် ဖြေမှ

ယားရင် ကုတ်မှ

သတ်ရင် သေမှ

ဆော့ရင် နိုင်မှ

လိုရင် ရမှ

ကြည့်ရင် လှမှ

အသံဆို နားဝင်ချိုမှ

ပြောရင် နားထောင်မှ

ဖွင့်ရင် ပွင့်မှ

ခိုင်းရင် လုပ်မှ

လုပ်ရင် ပြီးမှ

ပျင်းရင် အိပ်ရမှ

……………………………

…………………………………….

ပျင်းလို့  အိပ်ပါပြီ။

*The End*

မှီငြမ်းကိုးကား ။    ။ ဆရာအိုက်ဗူး၏ “ လူနေအီသီယိုးပီးသီးယား စိတ်နေ အမေဒီးကား” စာရွက်မှ ။

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး