ညီမလေးရေ မှုခင်းတွေ ကို အကို ကတော့ သတိထားဖတ်မှတ်ရတာ ၀ါသနာကြီးပါတယ်ကွယ်။ တရားဥပဒေနဲ့ အရေးယူလို့ မရတဲ့ အမှုတွေကို ညီမလေး သတိထားမိရဲ့လား။ အကို မနက်က လက်ဖက်ရည် ဆိုင် ထွက်တော့ လမ်းဘေး လက်ဖက်ရည် ရောင်းတဲ့ လင်မယားက အတင်းထွက်ပြီး ဆရာရယ် မနေ့ညနေက ဒီဆိုင်ရှေ့မှာ ကြွေးလာတောင်းပြီး ဆဲလိုက်တာ ဆရာရယ် ။ ကျွန်မတတို့မှာ ဘာလုပ်ရမှန်း မသိဘူး
ဒီလို ဆရာရေ့ ဆိုပြီး ပြောပြပါလေရော ညီမလေးရယ်။
ဒီလင်မယားနှစ်ယောက်က မပြေလည်လို့ ကြွေး ယူထားတယ် တစ်ရာကို ၂၀တိုးနဲ့ ။လကုန်ပြန် ဆပ်ရမယ် ဆိုတော့ မပေးနိုင်ခဲ့ဘူး ။ဒီမှာတင်ပဲ ယောက်ကျားလုပ်သူ ကြွေးရှင်က ဆဲတော့ တာပဲ ။ မရိုသေစကားကွာ
မင်းမိန်းမကို ငါနဲ့ လာအိပ်ခိုင်းပါလားဆိုတာပါတယ်။နောက် သူ့မိန်းမကို ခေါ်လာပြီး ပိုက်ဆံနဲ့ တန်အောင် ဆဲကွာဆိုပြီး ဆဲခိုင်းတယ်။ ညီမလေးရေ မျက်စိထဲပုံဖေါ်ကြည့်လိုက်စမ်းပါ။ ဘယ်လောက် ဆိုးဝါးတဲ့ ပုံတွေဖြစ်နေမလဲ
နောက် ကြွေးပေးရမယ့် လင်မယား မှာ သမီးလေးရှိတယ်။ ထိုင်နေတဲ့ သမီးလေးကို ငါ့ပိုက်ဆံ မပေးနိုင်ရင် နင့် သမီး ငါ့ယောက်ကျားနဲ့ အိပ်ခိုင်းပါလားဆို တာကိုပြောတော့ အသက် ၁၂နှစ်လောက် ရှိတဲ့ ကလေးမလေးက ငိုလိုက်တာလေ။ ဘယ်သူတားတားမရလောက်အောင် ဆဲသံ ညံခဲ့တယ်လို့ သိရတယ် ညီမလေး။ လမ်းမပေါ်မှာ ရိုင်းလိုက်တဲ့ အဖြစ်။
နောက် ကျောင်းဆရာအငြိမ်းစားတစ်ယောက်ကလည်း အတိုးပုံမှန်ပေးနေလျှက် အတင်းအကြပ် အရင်းပြန်တောင်း တရားစွဲနဲ့ အကိုတော့ ငွေတိုးပေးစားတဲ့ လူတစ်ချို့ကို ရွံ့မိပါတယ်ကွယ် လိုင်စင်မရှိရင် အရေးယူလို့ ရတယ်ဆိုပေမယ့် အပေါင်ခံ အတိုးပေး လိုင်စင်ရှိသူက တရားလို လုပ်မှ စွဲလို့ ရတာပါကွယ်။
ညီမလေးရေ တရားရုံး မှာ ဆို ကြွေးမပေးနိုင်တဲ့ လူတွေကို စွဲထားတဲ့ အမှုတွေက များနေပါတယ်။ အကိုတို့ တိုင်းပြည်ကြီးမှာအင်မတန်ကြပ်တည်ူးနေတာ ကို ဒီမှာ မြင်နိုင်ပါတယ်။စပါးပေးတွေ ပဲပေးတွေ ပေးတယ်။
မရတော့ေ၇ှ့နေငှား တရားစွဲ။ညီမလေးရေ တောင်းသူလယ်သမားတွေရဲ့ ဘ၀ပေါ့ ။လယ်စိုက် ခါနီး ငွေမရှိတော့ ငွေတိုးယူ နွံ့နစ် တခါ စပါးကြိုရောင်း စနစ် စပါးပေးမှာ တစ်ဝက်ဈေးနဲ့ …ကွယ် ဆိုးလှတဲ့ ဘ၀ပါ။
ညီမလေးရေ ကလေး ကမိဘတွေ ကြွေးမပေးနိုင်တော့ ကလေးမလေးရဲ့ နုငယ်တဲ့ နှလုံးသားလေးမှာ ဘယ်လောက် ထိခိုက်သွားလေမလဲနော်။ သူ့ ခမျာ စိတ်ထိခိုက်ကြေကွဲလို့ လူ့ ဘ၀ကြီးကို ဘယ်လို မြင်တွေး
ခံစားလေမလဲ။အကို ကတော့ ကြားရရုံနဲ့ တင် ကြေကွဲမိပါတယ်။
နောက်တစ်ခုက လင်ဆိုးမယးတဖားဖားဆိုသလို အရက် သမား မိန်းမတစ်ယောက်ရဲ့ အဖြစ်ပါကွယ်။ အရက်မူးရင် ခေါင်းကြောင်သွားတတ်တဲ့ သူတစ်ယောက်က သူတစ်ပါးအိမ်ရှေ့မှာ သွားထိုင်နေတယ်တဲ့ ။ တိုတိုပြောရရင်
ရဲက ဖမ်း အမှုဖြစ်တာပေါ့ ။ တဖက်က ကြေအေးလွှာ ထိုးပေးပေမယ့် ကြေအေးခွင့်ရအောင် ငွေ ရှာရတော့ ဆံပင် ဖြတ်ရောင်း ရောင်းလို့ရတာရောင်းရင်း ရှိတာတွေကုန်ခဲ့တယ်ကွယ်။
ညီမလေးရေ လူ့ ဘ၀မှာ အသက်တစ်ရာ မနေရပေမယ့် အမှုတစ်ရာကြုံ ရတယ် ဆိုသလို အမှုတွေ မပွေအောင် သတိထားပါ ကွယ်။ သို့သော် ကြုံ ပြီ ဆိုလည်း အရဲရင့်ဆုံးသာ ခုခံပါလို့ ပြောချင်ပါတယ်။
စာရေးတဲ့ စာရေး ဆရာကြီးးတွေတောင် အမှုကြုံရတဲ့ သာဓက တွေ ညီမလေး သိမြင်ခဲ့ မှာပါ။
အကို ကတော့ လူကို လောင်ကျွမ်းတတ်တဲ့ ဒေါသကို အတတ်နိုင်ဆုံး ထိန်းကွပ်ခဲ့ ပါတယ်။ ဒေါသကြောင့် အမှုတွေ ဖြစ်ရတယ် မသိမှုကြောင့် အမှုတွေ ဖြစ်ရတယ်။ လေဘကြောင့် အမှုတွေ ဖြစ်ရတယ် မဟုတ်လား လောဘဒေါသ ဆိုတဲ့ အမှောင်ကို သတိကပ်ပြီး ညီမလေးဖြိုခွင်းပါနော်။
ညီမလေးရေ ဂေဇက်ရွာ အလှူ ပွဲကို ညီမလေး လိုက်စေချင်တယ်။ တကယ်ကိုပျော်စရာကောင်းပါတယ်။ အကို ကအစုကြီးက ရွာသူရွာသားတွေကို မြင်တော့ သူတို့ ရဲ့ ဖြူစင်စိတ်ကို သဘောကျမိတယ်။
သူတို့ ကမြို့က စာရေးဆရာကြီးတွေ ဆိုပြီး လေးစားကြတယ် သူတို့ ရွာကို စေတနာထားတဲ့ စေတနာရှင်တွေဆိုပြီး ကြည်ညိုကြတယ် ကွယ်။တကယ်တော့ နိမ့်ရာကို ဖို့ပေးတာ မင်္ဂလာပဲလေ။ အားနည်တာကို ၀ိုင်းကူတာ
အလှတရားပဲလေ။ ဒီလို အလှူမျိုး ဂေဇက် ရွာ သူရွာသားတွေ မှ မဟုတ်ဘူးတခြား အဖွဲ့ အစည်းတွေ လည်း လုပ်သင့် လှူသင့်တာပေါ့။ အများအကျိုး ထမ်းရွက် ချင်တဲ့စိတ်လောက် မွန်မြတ်တာ ဘယ်ရှိပါ့မလဲ။
နောက်ဆုံး လမ်းပေါ်က ကျနေတဲ့ အမှုက်တစ်စ ဖယ်ရှားပေးတာကစလို့ လူ့ အဖွဲ့ အစည်းကို ထိခိုက်နစ်နာစေမယ့် အရာမျိုးတွေကို စွမ်းစွမ်း တမံ ဖယ်ရှားလုပ်ဆောင် ဖို့ လို အပ်ပါတယ်။မတရားမှုကို တွန်းလှန်ရဲတာ
အမှန်တရားကိုဖေါ်ဆောင် တာ သူရဲကောင်း အလုပ်ပါပဲ။
ညီမလေးရေ စာပေ ရေးသားနေတာ ဟာလည်း အလင်းရောင်ပေးတာပါပဲ။ အပျော်တမ်းဆိုတာထက် လူသားတွေကို အလင်းဖေါ်ဆောင်နေတာပါ။ စိတ်တွေကို ပြုပြင်ဖို့ ဦးနှောက်ကို အဟာရ ဖြစ်ဖို့ သုတစာပေ
နှလုံးသားကို အဟာရဖြစ်ဖို့ ရသ စာပေ တွေ ရေးသားဖို့ ဖတ်ဖို့ လိုအပ်လှပါတယ်။မှုခင်းဂျာနယ်တွေမှာ တခါက အကို သတင်းတွေ ရေးခဲ့ပါတယ်။ မှုခင်း သတင်းထောက်ပေါ့။ အဲ့ ဒီ အချိန်က အကို က ဆေးလည်း ကု ကျူရှင်လည်း သင်တယ်။မှုခင်းရေးတာက ပြည်သူတွေ ဥပဒေကို နားလည်စေချင်လို့ပါ။ သို့သော် ညီမလေးရေ လူတွေက အကို ကို ရဲလို ဆက်ဆံလာတယ် ဒါကြောင့် အကို ဟာ မှုခင်း သတင်းရေးတာကို ရင်နာစွာပဲ စွန့်လွှတ် ခဲ့ပါတယ်ကွယ်။
ဝါသနာကြီးလွန်းလို့ သာ ကဗျာတွေ စာတွေ ဆက်ရေးနေတာပေါ့။ စာပေ သမားတွေရဲ့ စိတ်ဟာ လှပါတယ် ညီမလေး။ သူတို့ ဟာ စိတ်ခံစားမှုကို အခြေတည်တယ်ဆိုပေမယ့် အီမိုရှင်း သက်သက် တော့ မဟုတ်ဘူး
သရုပ်မှန် ကို လေးစားတဲ့ ပြည်သူတွေကို လေးစားတဲ့ ပြ ည်သူ့ အကျိုး ပြု တွေပါကွယ်။တခါက စာရေးဆရာတစ်ယောက် အိမ်ကို အလည်သွားတော့ ရှိတဲ့ အလုပ်ကလေးရပ်ပြီး လေးလေးစားစား လက်ခံစကားပြောတယ်
သူကလည်းပြောတာ အကိုမှတ်သားမိပါတယ် အသွေး အရောင်တူငှက်တွေ ဟာ စည်းလုံးရမယ် ညီညွတ်ရမယ်တဲ့။ ဘယ်လောက် လှတဲ့ မှတ်သားစရာ စကားလည်း ညီမလေးရယ်။
ညီမလေးရေ မတရားတဲ့ စိတ်ဟာ တချိန်မှာ ကိုယ့် စိတ်က ကိုယ့်ကို ပြန်ခြောက်တာပါပဲ။ အတုံ အလှဲ့ ဆိုတာ ရှိစမြဲပဲ ညီမလေး။ အကို အိမ်မဲမြို့ရဲ့ သရက် ကုန်း တဖက်ကမ်း သီကွင်းကျေးရွာကို ဆေးကုသွားတော့ လူတစ်ယောက်ကို အများက ၀ိုင်းရိုက် လိုက်တာသေသွားတယ် သူအမည်ကို အကို ခုထိ မှတ်သားထားတယ်။လှဝင်းစိန်တဲ့ ။ ထောင်ပြေးတစ်ယောက်ပါ။ လူ၃ယောက်က ပေါက်တူးရိုးတွေနဲ့ ၀ိုင်းရိုက်ကြတာလေသွားတွေ
အကုန် ကျွတ်ကုန်တယ်။ နဂိုက လှဝင်းစိန်ဟာ နွားရောင်းလို့ သူ့အမေက ဆူတာနဲ့ အမေကို လက်သီးနဲ့ ထိုးတာ သူ့အမေ ကြီးက သွားနှစ်ချောင်း ကျွတ်သွား တယ်။နောက်ဆုံးတော့ သူလည်း သွား၃၂ချောင်းကျွတ်ပြီး အသေဆိုးနဲ့ သေခဲရတယ်။
အကိုပြောချင်တာက မကောင်းးတာလုပ်ရင် မကောင်းတာဖြစ်မယ် လို့ ဘာသာတိုင်းက ပြသပေမယ့် လူအတော်များများက သတိမ၀င်ကြပါဘူး။ လှဝင်းစိန်လို ထပ်တူ ပြန်ခံရတဲ့ ဖြစ်ရပ်တွေ ၊အမြောက် အများရှိပါတယ်။
ညီမလေးရေ မတရား မှု ကို ပြုသူဟာ မတရား မှုရဲ့ ဒါဏ်ကို ပြန်ခံ ရတာပဲ။ နိုင်လို့ အနိုင်ကျင့် ခဲ့ ရင်လည်း တချိန်မှာ ပြန်ပြီး အလှည့်ရောက်တတ်ပါတယ်။ညီမလေး လည်း ညှာတာမှုနဲ့ တရားနဲ့ နေတတ်ပါစေကွယ်။
ခုလည်း ရစရာရှိတဲ့ ငွေလေးနှစ်သောင်းကျော်ကို ဒီလို ပိုးစိုးပက်စက် ပြောတာဟာ လွန်လွန်း သလို အတုံ့အလှည့် ဆိုတာရှိတယ် ဆိုတာ သူတို့ သတိမူမိခဲ့ကြဘူး။ကိုယ်အတွက်ရရင် ပြီးရောဆိုပြီး လုပ်ပိုင်ခွင့်တစ်ခုပေါ်မှာ
အတင်း အကြပ်တောင်းတာလည်း အလှည့်ဆိုတာရှိပါသေးတယ်လို့ အကို ကဆိုချင်ပါတယ်။
လူဘ၀ဟာတိုတောင်းပါတယ် ညီမလေး အလင်းအမှောင် အဖြူအမည်း ဒွန်တွဲနေတတ်ကြတဲ့ ဆန့်ကျင်ဘက်တွေနဲ့ ဖွဲ့စည်း ထားတဲ့ လေကကြီးထဲမှာ ညီမလေးဖြတ်သန်းမှုဟာ လိပ်ပြာသန့်ပါစေကွယ်။ကိုယ်ချင်းစာသော
နုတ်ခမ်းများနဲ့ စကားပြောတတ်သူ၊နှလုံးသားမှာ ချစ်မေတ္တာနဲ့ အတိပြီးတဲ့ စာနာမူမျက်ဝန်းပိုင်ရှင် ဖြစ်ပါစေကွယ်။ညီမလေးရဲ့ သက်မွေး ၀မ်းကြောင်း လုပ်ငန်းဟာ သူတပါးမျက်ရည်စက်တွေ သောကတွေ ကင်းပါစေလို့ အကိုပြောချင်ပါတယ်။

ညီမလေး ရေ ဘ၀ပြူတင်း ဟင်းလင်းပွင့် လို့ ၀မ်းစာရှာဖွေ စားသောက်ရတဲ့ အခါ သမ္မာအာဇီဝဖြစ်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ကိုယ့် ၀မ်း ကိုယ်ကျောင်းရင်း လောက လူ့ရွာက လူသားတွေ အကျိုးကိုလည်း ဆောင်ရွက် နိုင်ပါစေလို့ အကို တိုက်တွန်း လိုက်ရပါတယ်ကွယ်။

About htet way

has written 133 post in this Website..