သိခြင်း မသိခြင်းများနဲ့ …
ရှိခြင်း မရှိခြင်းများကြားမှာ…
ရောင့်ရဲ တင်းတိမ်နေခဲ့တယ် ဆိုပေမယ့်
ရွှေတိဂုံ နဲ့ ကျိုက်ထီးရိုးမှာ ဦးခိုက်ချင်သလို
ယူအက်စ်အေ ကို လဲ ဂိုးချင်ခဲ့
ခါကာဘိုရာဇီထိပ်မှာလဲ ဓါတ်ပုံရိုက်ချင်ရဲ့ 
ငစိန်ထမင်းဟာ အစားခံပေမယ့်
ပေါ်ဆန်းမွှေးကို တမ်းတအမြဲ…
အလုပ်မောချွေးဟာ ချိုမမွှေးပေမယ့်
အပျိုလေးရဲ့ ရေမွှေးကို နမ်းချင်ခဲ့…
ဖောရှောမှန်းသိပေမယ့်လဲ ရှိတာလေးနဲ့ ဘဲ မူးနေခဲ့
မီးလာတော့လဲ ပျော်ရသလို မီးပျက်တော့လဲ အော်ကာဆဲ
အဲကွန်းမရှိပေမယ့် ကြမ်းပြတင်းလေလေးဟာ အေးနေခဲ့
ဝါဒတွေမသိပေမယ့် သဘာဝတွေကြည့်ရင်း အမောဖြေခဲ့
ငွေယားပေါမှ ဟိုနားသွားဖို့ တေးထားခဲ့
မနက်ဖန် ဘယ်လိုစားမလဲ မစဉ်းစားဘဲနဲ့ အိပ်ရာဝင်ခဲ့
ညတိုင်းကိုက်တဲ့ ခြင်ကို သွေးလှူမြဲ…။
…………………
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

About မောင် ပေ

မောင် ပေ has written 396 post in this Website..