မန်းလေးဂေဇက်နဲ့ အကြာကြီးဝေးနေပြီးမှ စိတ်မကောင်းစရာ သတင်းနဲ့ ပြန်လည်ရောက်လာပြန်ပါပြီ။

ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့  အနီးရှိ ကျောက်နီမော် ဆိုတဲ့ မြို့ မကျ တောမကျ အရပ်မှာ ရခိုင်တ၀က်၊ မူစလင်တ၀က်ခန့် မျှနေထိုင်ကြပါတယ်။အခုကြားရတဲ့ သတင်းတပုဒ်က ရခိုင်မလေး တယောက်ကို ကုလား ၃ ယောက်က ၀ိုင်းပြီးအဓမ္မကျင့်ပြီး သတ်ပစ်လိုက်လို့ တဲ့၊ စိတ်မကောင်းတဲ့အပြင် ဒေါသလည်း တော်တော်ထွက်မိပါတယ်။ အဲဒီကျောက်နီမော် ဆိုတဲ့ဒေသရှိ ကုလားတွေဟာ သံတွဲရှိ ကုလားသူဌေးတွေနဲ့  အဆက်အသွယ်ရှိပြီး၊ တခုခု အရေးကိတ်စပေါ်တိုင်း သူတို့ ကုလားဌာနချုပ်က ငွေကြေး ထောက်ပံ့မှုကြောင့် လူပါးဝနေတာကြာပါပြီ။ အရင်တုန်းကလည်း (ကျွန်မတို့ မမွေးခင်အချိန်ကတည်းက) ကျွန်မအမေ ပြောပြလို့  သိရတဲ့အကြောင်းတခုလည်း ရှိပါတယ်။ ပိုက်ဆံငွေတိုး ချေးစားတဲ့ ရခိုင်အမျိုးသမီးကို သူတို့ ကိုငွေတွေချေးထားပြီး၊ သူတို့ နဲ့ လည်း ၀င်ထွက်စားသောက် ခင်မင်နေတဲ့သူကို ငွေတွေမဆပ်ချင်တော့ လူကို အပိုင်းပိုင်းခုတ်ထစ်ပြီး ဂုန်နီအိတ်နဲ့ ထုတ်ပြီး ပစ်ထားခဲ့လို့  အိမ်ကလူတွေကလည်း ပျောက်ပြီးရှာတော့မှ ပုပ်နံ့ ထွက်နေတဲ့ အိတ်ကို တွေ့ တဲ့အချိန်မှာ လက်သည်မပေါ်ဘဲ အမှုမှန်လည်းမပေါ်ပဲ ဖြစ်ခဲ့ရတယ်တဲ့။ ဒါပေမဲ့ အတိအကျလည်း  အရေးယူနိုင်ခဲ့ခြင်းမရှိဘူးတဲ့။ ရခိုင်ဒေသမှာ ကုလားတွေ ရက်စက် လူမဆန်မှုကို အထက်ကို ငွေနဲ့ လိုက်ပြီး အမှုကို ဖုံးနိုင်ခဲ့တဲ့ သာဓကတွေဟာ တစ်ခု နှစ်ခုတင်မကပါဘူး။ အခုလည်း လာပြန်ပြီ။ ကျောက်နီမော်ရဲစခန်းကတော့ လူတွေ ဖျက်ဆီးလိုက်လို့  ပျက်စီးသွားပြီလို့  သိရပါတယ်။ အခုတော့  ကျောက်နီမော်က ရခိုင်တွေရော အဲဒီအနီးပတ်ဝန်းကျင်က လူတွေပါ ရမ်းဗြဲမြို့  ရဲစခန်းကို လူပေါင်း ရာချီ ပြီးတက်လာကြတယ်လို့ သိရပါတယ်။ ချီတက်လာသူတွေကို စခန်းမှာ မရပ်ခိုင်းဘဲ မ၀တ ရုံးကို ခေါ်သွားပြီး ၊ အထဲမှာ ပြောဆိုနေကြတယ်လို့ သိရပါတယ်။ ရမ်းဗြဲကလူတွေလည်း အံ့သြပြီး ဒေါသထွက်နေကြတယ်လို့  သတင်းရပါတယ်။သတင်းအတိအကျ ကိုတော့ ထပ်မံသိရတဲ့အခါ ထပ်တင်ပေးပါမယ်၊ ကောင်မလေးအသက် ၂၇  နှစ်၊ လို့ သိရပါတယ်။

ရွှေပုံ့ 

About shwe pont

shwe pont has written 5 post in this Website..