ဒီနေ့ညနေ ဘိုတထောင်ဘုရားကအပြန်မှာ 48 ကားလေးစီးပြီး စံရိပ်ငြိမ်ကို အပြန်
48 ကားပေါ် ထူးထူးဆန်းဆန်းလူတယောက်တက်လာပါတယ်
ထူးထူးဆန်းဆန်း လည်ပင်းမှာ ရောင်စုံမီးတွေပါတဲ့ စပီကာ 2တုံးလေးကို ဆွဲလို့
အားလုံးက ကြောင်တောင်တောင်နဲ့ ထိုလူကို ထူးဆန်းနေသလို ကြည့်နေကြပါတယ်
ခဏကြာတော့အဲဒီလူက သူ့လွယ်အိတ်ထဲက ပေါ့တေးပါး ဒီဗီဒီလေးထုတ်ပြီး
အက်ရှုင်ကားတကားရဲ့ထွေလာလေးတခုကိုဖွင့်ပြီး ပေါ့်တေးပါးတီဗီလေးကို ထော်ပြီး အားလုံးမြင်အောင်ပြပါတယ်
ကောင်းတဲ့အခန်းလေးတွေကိုသာ သီးသန့်စုပြီး ပြတဲ့အတွက် တော်တော်ကြည့်ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်
ပြီးမှ သူက ဒါဘာရုပ်ရှင်ကားပါ တခွေက်ု 300 ပါဆိုပြီးရောင်းပါတော့တယ်
ကားပေါ်ကလူတွေ လုရက်ပြီး ၀ယ်ကြပါတယ်
နောက် ရောင်းပြီးတာနဲ့ နောက်တကားထပ်ပြ ပါတယ်
ဒါကိုလည်း အရင်ကအတိုင်း ဘာကားပါဆိုပြီး ပြောပြီးရောင်းပါတယ်
တော်တော်စိတ်ကူးကောင်းတဲ့ သူပါ
အဲဒီရုပ်ရှင်ကားကို လမ်းဘေးဆိုင်တွေမှာလဲရပါတယ်
ဒါပေမဲ့ ဘယ်သူကမှ စိတ်ဝင်တစား ၇ပ်ကြည့်မှာမဟုတ်ပါဘူး
သူကတော့ ကားပေါ်မှာ ပြလိုက်တော့ အားလုံးလည်းကြည့်၇ ကြိုက်၇င်လည်းဝယ်ကြပေါ့
သူရင်း၇မှ ကားခ 200 မှာ သူပြန်ရတာ မဆိုးပါဘူး
(အလုပ်မရှိတာနဲ့ ဒီလိုလေးတောင်လုပ်ချင်လာတယ်)
ဒါလည်း သိပ်တော်တဲ့ မားကပ်တင်း တခုပဲနေမှာပါ
နောက်အဆောင်မှာ ကြော်ငြာစာရွက်လေး 2ရွက်လာကပ်ပါတယ်
အချိန်ပိုင်းအလုပ်တခုတဲ့
1ရက်ကို 4နာရီပဲ အချိန်ပေးပါတဲ့
တလကို 8သောင်းကနေ 2သိန်းအထိ ၀င်ငွေရစေမဲ့အချိပိုင်း အလုပ်ပါတဲ့
ကျောင်သူတွေသာများတဲ့အဆောင်မှာ လုပ်မဲ့သူတွေတန်းစီနေပါတော့တယ်
လုပ်ဖို့အလုပ်သွားလျှောက်မှ နက်ဝေါ့မားကပ်တင်းဆင်း၇မှာလို့ သိရပါတယ်
နတ်ဝေါ့ဆိုတာ
တယောက်ကနေ စပွါး လုပ်ရတြံ မားကတ်တင်းလေးပါ
တယေက်ကဖြန့်သမျှ နောက်တယောက်လိုက်လာတာနဲ့ ရှေ့တယောက်က ထိုင်စားနေ၇ုံလေးပါ
ဒါကိုမသိတဲ့ကျောင်းသူတချို့ က နက်ဝေါ့ဆိုတာနဲ့ အင်တာနတ်နဲ့ ဈေးရောင်းရမယ်ထင်နေကြပါတယ်
ဒါလည်း….ထူးဆန်းတဲ့ မားကတ်တင်းတခုပါဘဲလား….

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer