Letter to The Editor

yannaingechJune 13, 20101min1983

အက်ဒ်မင်ခင်ဗျာ…

Mandalaygazette ရဲ့ နောက်ခံစိတ်ကူးကို သဘောကျပါတယ်။ အမှတ်ပေးစနစ်ဟာ လူတွေကို တကယ် motivate လုပ်နိုင်ပါတယ်။ ပြီးတော့ အက်ဒ်မင်အဖွဲ့မှ ဘာသတင်းမှလိုက်စရာမလို၊ ဘာဆောင်းပါးမှရေးစရာမလို(ယေဘုယျအားဖြင့်)၊ ဘာတီးဖြတ်မှုမှ လုပ်စရာမလိုဘဲ သတင်းများ၊ ဆောင်းပါးများ၊ သုတ၊ရသစာများမှာ အရှိန်အဟုန်ပြင်းပြင်းနှင့် စီးဝင်နေသည်မှာ ရင်သပ်ရှုမောဖွယ်ပါ။

မြန်မာပြည်ထဲမှာနေပြီး အင်တာနက်သုံးနေရတဲ့သူတစ်ယောက်အနေနဲ့ စဉ်းစားမိတာ(လက်တွေ့ကြုံနေရတာ) လေးတစ်ခုကို ပြောပြလိုပါတယ်။ အဲဒါက မြန်မာနိုင်ငံက Internet connection speed ရဲ့ အခြေအနေလေးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ Internet connection speed က ဘယ်လိုင်းအမျိုးအစားကို သုံးတာပဲဖြစ်ဖြစ် သူတို့ပြောပြီးရောင်းထားတဲ့ (ကျွန်တော်တို့ပိုက်ဆံပေးနေရတဲ့) speed ရဲ့ ၁၀%ပတ်ဝန်းကျင်သာရပါတယ်။ 256k လိုင်းဆိုရင် 25-30 k ပဲရပြီး 512k ဆိုရင် 50-60k ပဲရပါတယ်။ အဲဒါကစက်တစ်လုံးတည်းပဲချိတ်ပြီးသုံးရင် ရတဲ့ speed ကို ပြောတာပါခင်ဗျာ။ ကျွန်တော်တို့ဆီက ဆိုင်တွေက 512k တစ်လိုင်းကို စက် အလုံး 20 ကနေ 40လောက်အထိချိတ်ပြီး သုံးတာပါ။ အဲဒီတော့ တစ်လုံးချင်းစီရဲ့ တစ်ကယ့် speed ဆိုတာက ပြောရင်ယုံနိုင်စရာမရှိပါခင်ဗျာ။

Mandalaygazette နဲ့ပတ်သက်ပြီး ပြောလိုတာက page တွေမှာရှိတဲ့ လျှော့လို့ရနိုင်တဲ့အစိတ်အပိုင်းလေးတွေကို လျှော့ပေးစေချင်တာပါ။ ဥပမာ- ယခု ကျွန်တော်စာရိုက်နေတဲ့ page ကို loading လုပ်နေတဲ့အချိန်မှာ တွေ့နေရတာက item 90 ကျော်ကျော်လောက်လို့ တွေ့ရပါတယ်။ ဒီ page မှာ စုံစီနဖာ၊ ဟိုtab ဒီ tab တွေ အများကြီးပါ။ 100k-200k သို့မဟုတ် 1Mbလောက် လိုင်းတွေနဲ့ သုံးနေတဲ့သူတွေအတွက် က ဘာမှပြဿနာမရှိပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ page တစ်ခုပွင့်ပါမယ့်အရေး တမေ့တမောစောင့်ရပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံက သနားစရာအင်တာနက်မျက်နှာမွဲလေးတွေအတွက် ရည်ရွယ်ပြီး ဖြစ်နိုင်မယ်ဆိုရင် ဒီ site ကို ဒီထက်ပိုပြီး ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် လုပ်ပေးလို့ရမယ်ဆိုရင် လုပ်ပေးစေချင်ပါတယ်ခင်ဗျာ။

3 comments

  • kopauk mandalay

    June 13, 2010 at 11:49 am

    ဟုတ်သိတ်ဟုတ်
    စာလေးများရေးပြီးလို့ အားရပါးရပို့စ်လဲတင်ရော
    လိုင်းအောက်လို့ပျောက်သွားတာ မကြာခဏပါ။
    ဒါပေမဲ့ရေးစရာနေရာလေးရနေတာကိုက ကျေးဇူးပါ။
    http://kopaukmdy.myanmarsarpay.info/

  • Phyo Myint Kyaw

    June 14, 2010 at 10:58 am

    ဟုတ်ပါတယ် ခင်ဗျ…
    ဒီ website ကို ဝင်ရတာ သုံး၊ လေးခါလောက် ဝင်ရတယ်
    Sign in လုပ်တာလည်း ၂ခေါက်၊ ၃ ခေါက်လုပ်နေရတယ်…(ဒါတောင် connection ကောင်းတယ်လို့ပြောလို့ရတဲ့အချိန်)
    ဖြစ်နိုင်မယ်ဆိုရင် ကျေးဇူးပြုပြီး စာနာထောက်ထားပေးစေလိုပါတယ် ခင်ဗျ..
    ကျေးဇူးတင်လျက်

  • wintayzahlaing

    July 14, 2010 at 9:36 am

    အများအတွက် တစ်ခုခုပေးနိုင်အောင်တော့ ရေးကြည့်ပါမည် connection ကောင်းရင်တော့ ရမှာပေါ့လေ

Leave a Reply