မြန်မာအလှမယ်ဖြေဆိုသွား သော ညာဏ်စမ်းအဖြေ

zaylayJune 22, 20101min1095

>>
>> မြန်မာ့အလှမယ်ရွေးချယ်ပွဲ ၂၀၁၀
>>
>> က) အခုုအစီအစဉ်ကတော့ ၂၀၁ဝ မြန်မာ့ အလှမယ်ရွေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အလှမယ်လေးများကိုု ဉာဏ်စမ်းမေးခွန်းများ မေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ အခုုဖြေဆိုုမယ့် အလှည့်ကျသူကတော့ ရှားရှားပါးပါး တယောက်တည်း ဝင်ပြိုင်ပြီး ပြိုင်ဘက်မရှိ နံပါတ် ၁ ပြေးနေတဲ့ အလှမယ်လေး ဆည်းဆာဝါဝါ ဖြစ်ပါတယ်၊ ညီမလေးက စိတ်အရမ်းကိုု လှုပ်ရှားနေတယ် ထင်တယ်….မျက်နှာက ငိုုမလိုု ရယ်မလိုုနဲ့။
>>
>> ခ) စိတ်လှုပ်ရှားတာပေါ့ရှင်.. ပြိုင်ဘက်မရှိတဲ့ ပွဲတွေမှာတောင် ရှုုံုးသွားရင် မရှိတဲ့အရှက် ကွဲရချည်ရဲ့။
>>
>> က) ကဲ.. ညီမလေးရေ ပထမမေးမယ့် မေးခွန်းလေးကတော့ မြန်မာနိုု်င်ငံမှာ အမြဲတမ်း စိမ်းလန်းနေတဲ့ အရာပာာ ဘာလဲ၊ ဘာကြောင့်လည်း ဆိုုတာဖြေပါ။
>>
>> ခ) မြန်မာနိုုင်ငံမှာ အမြဲတမ်း အစိမ်းလန်းဆုုံး ဖြစ်နေတဲ့ အရာကတော့ စစ်တပ်ရဲ့ ယူနီဖောင်းပဲ ဖြစ်ပါတယ်ရှင်။ ဘာလိုု့လည်းဆိုုတော့ သစ်ပင်တွေတောင် အမြဲတမ်း မစိမ်းနုိုင်ပါဘူး။ ဒါပေမယ့် စစ်တပ်ကတော့ ပာိုုး…လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကနေ အခုုထိ အာဏာ တည်မြဲနေပြီး စိမ်းနေတဲ့ စစ်ယူနီဖောင်းတွေက လျော့ဖိုု့မရှိပဲ တိုုးတိုုးလာလုို့ပဲ ဖြစ်ပါတယ်။
>>
>> က) ပာုုတ်ပါပြီ… ဒုုတိယမေးခွန်းကတော့ ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုုံး တိရစ္ဆာန်ကို ပြောပြပေးပါ။
>>
>> ခ) ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုုံး တိရစ္ဆာန်တော့ မသိပါဘူးရှင်။ ဒါပေမယ့် မြန်မာနိုုင်ငံမှာ အမြင့်မြတ်ဆုုံး တိရစ္ဆာန်ကတော့ ဆင်ဖြူတော်ပဲ ဖြစ်ပါတယ်။ ဘာလိုု့လည်းဆိုုတော့ ခေတ်အဆက်ဆက်မှာ ဆင်ဖြူတော်ပိုုင်တဲ့ ဘုရင်တွေပာာ ဘုုန်းတန်ခိုုးကြီးပြီး ရန်အပေါင်းကိုု အောင်နိုုင်စေတယ်လုို့ အယူရှိပါတယ်။ ဒါကြောင့် ဗုိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း မရှိတဲ့ ဘုုန်းတန်းခိုုး ကြီးချင်တဲ့အတွက် ဆင်ဖြူတော်ရှာမရလိုု့ ရှိတဲ့လေယာဉ် ၂ စီးကိုု ဆေးဖြူသုုတ် ဆင်ဖြူတော်လိုု့ အမည်ပေးပြီး စီးနေလုို့ပါပဲ။
>>
>> က) ပာုုတ်ကဲ့ပါ .. တတိယမေးခွန်းကတော့ တိုုးတက်မှု တခုုကြောင့် ဖြစ်ပေါ်လာတဲ့ ဆုုတ်ယုုတ်ပျက်စိးမှု
>> ူ့အခြေအနေတွေကိုု ဖြေပေးပါ။
>>
>> ခ) ဒါကတော့လွယ်ပါတယ်ရှင်… စစ်သားဦးရေ တုိုးတက်မှုကြောင့် ပြည်သူတွေ ပိုုပြီး ဒုက္ခ ရောက်ကြရပါတယ်။ ဘာလုို့လည်းဆိုုတော့ စစ်တပ်က အုုပ်ချုပ်နေတဲ့ ကာလတလျှောက်လုုံး စစ်တပ်က ပြည်သူတွေကိုု မကာကွယ်ပဲ ပြည်သူတွေဆီကနေ အမြတ်ထုုတ်နေရုုံမက မုုဒိန်းကျင့်၊ ခိုုးဆိုုး၊ လုုယက်၊ သတ်ဖြတ် စတဲ့ အကြမ်းဖက်မှု
>> ူ့များစွာကိုုလည်း ကျူးလွန်နေပါတယ်။ ဒါကြောင့် တဖြည်းဖြည်း ကြီးမားလာတဲ့ စစ်တပ်အင်အားနဲ့အတူ ပြန်သူတွေပာာ ပိုုပိုုပြီး ဒုက္ခတွင်း နက်နေပါတယ်ရှင်။
>>
>> က) နောက်ဆုုံးမေးခွန်းကတော့ … ဘဝတသက်တာမှာ မမေ့နိုုင်တဲ့ ထူးဆန်းတဲ့ အကြောင်းအရာကိုု ဖော်ပြပေးပါ။
>>
>> ခ) ကျွန်မတသက်မှာ အထူးဆန်းဆုုံးနဲ့ အံ့ဩစရာ အကောင်းဆုုံးကတော့ မြန်မာနိုုင်ငံရဲ့ လာမယ့် ၂၀၁ဝ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်ရှင်။ ဘာလိုု့လည်းဆိုုတော့ အခုု ကျွန်မအသက် ၂ဝ ပြည့်တဲ့အထိ နေကြတ်တာကိုုတောင် ၂ ခါ ၃ ခါ ကြုံဘူးပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဆိုုတာကိုုတော့ ကျွန်မ ဘဝတလျှောက် တခါမှကိုု မကြားဖူးခဲ့ပါဘူးရှင်။ ဒီတခါ ပထမဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မအတွက် အရမ်းအရမ်းကိုု ထုုူးဆန်း အံ့ဩစရာ ကောင်းနေပါတယ်။
>> ……….
>> က) ၂၀၁ဝ ရဲ့ မြန်မာ့အလှမယ်သရဖူကိုု ပြိုင်ဘက်မရှိ ရသွားသူကတော့ မ……… ဆည်းဆာဝါဝါပဲ ဖြစ်ပါတယ်ရှင်။ ဒါ့အပြင် သူ့ရဲ့အဖြေတွေက အရမ်းကိုု မှန်လွန်းတဲ့အတွက် အထူးဆုုအနေနဲ့ စစ်အစိုုးရက အင်းစိန်ထောင်အတွင်း ရက်အကန့်အသတ်မရှိ လည်ပတ်နေထိုုင်ခွင့်ကိုု ထပ်လောင်း ချိီးမြှင့်လိုုက်ပါတယ်ရှင်။
>>

5 comments

  • ghost

    June 22, 2010 at 10:32 am

    ဘာ!………..အထူးဆုု…………. အင်းစိန်ထောင်အတွင်း ရက်အကန့်အသတ်မရှိ လည်ပတ်နေထိုုင်ခွင့် ……………လိုချင်လိုက်တာကွာ……………သန်းရွှေကိုပေးဖို ့ပါ။

  • kokogyi

    June 22, 2010 at 3:32 pm

    ဒီ ဟာသကို ရေးတဲ့ သူတော်ပါပေတယ်…. ရှေ့ပိုင်းတွေလဲ ကောင်းပါတယ် အလယ်ပိုင်းလဲ ကောင်းပါတယ် နောက်ဆုံး နိဂုံး ကျမှာ ပဲ ရှေ့ပိုင်း တွေ အလယ်ပိုင်းတွေ ရဲ့ အရှိန် ကို နောက်ဆုံးတကြောင်းတည်းနဲ့ သတ်လိုက်သလို့ ပါပဲ….. အဲ့လို့ မရေးပဲ ဒီထက်ကောင်းမဲ့ စာသား ရေးရင်ပို ပြီး ကောင်းမှာပါ…..

  • khinmintatthu

    June 22, 2010 at 3:39 pm

    အရေးအသားပိုင်းက အရမ်းကိုကောင်းပါတယ်… ချီးကျူးထိုက်ပါပေတယ်.. နောက်ထပ်လည်း ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

  • etone

    June 24, 2010 at 2:25 am

    အင်တာဗျူးလုပ်ပေးတဲ့ ဂျာနယ်လစ်ရော အလှမယ်လေးရော တော်လိုက်တာနော် ။

  • မန်း ရိပ်

    August 22, 2010 at 4:03 am

    မိုက်တယ်ဗျာ
    တကယ်ကို တွေးတက်ရေးတက်တယ်

Leave a Reply