ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေကိုနိုင်ငံခြားအချို့သတင်းဌာနတွေက
မြန်မာတိုင်းရင်းသားတွေပါဆိုလာတယ် ကျနော်တို့နိုင်ငံနဲ့ကပ်လျှက်ဘာသာတူရုပ်တူ ဘင်္ဂလားဒေ့နိုင်ငံကျတော့
သတင်းဌာနတွေကဘာဖြစ်လို့မအော်တာလဲ ခုလဲကြည့်သူတို့ဘက်ကိုပြေးကြတဲ့ရိုဟင်ဂျာတွေကိုလက်မခံနိုင်ဘူး
သူတို့ဆီမှာလဲရိုဟင်ဂျာဒုက္ခသည်တွေငါးသိန်းလောက်ရှိတယ်ဆိုတဲ့အကြောင်းဝန်ကြီးချုပ်ကိုယ်တိုင်ငြင်းခဲ့တယ်ဆိုတော့..
ဒီရိုဟင်ဂျာမွတ်ဆလင်တွေ ဘယ်လိုကနေဘယ်လို ဘင်္ဂလာဒေ့နဲ့ရခိုင်ပြည်နယ်ကို ရောက်နေရလဲဆိုတာစိတ်ဝင်စားလာတာနဲ့
အင်တာနက်ထဲရှာကြည့်လိုက်တာ တွေပါ့ဗျာ ရွာသားတို့လဲ ဖတ်စေချင် ဝေဖန်စေချင်လို့ ကူးတင်ပေးလိုက်ပါတယ်

(( ရိုဟင်ဂျာ ဆိုသူတို့အပေါ် ဒေသခံတို့အမြင် – ဒေသခံတစ်ဦး ))
ယခုတလော ပြည်ပ သတင်းမီဒီယာများက “ရိုဟင်ဂျာ”ဆိုသူတို့သတင်းကို တွင်တွင်ကြီး ထုတ်လွှင့်နေကြ သည်။ ၎င်းတို့ကို “လှေစီးဒုက္ခသည်”များအဖြစ် ပုံဖော်ခဲ့သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး တာဝန်ရှိသူများကလည်း ၎င်းတို့အား ဒုက္ခသည်များအဖြစ် သဘောထားပြီး လိုအပ်သလို ကူညီ သွားရန် ပြည်ပမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောခဲ့ကြသည်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကလည်း သက်ဆိုင်ရာ အစိုးရတို့အား ၎င်းလှေစီးဒုက္ခသည်တို့အပေါ် အကာအကွယ်ကူညီပေးရန် တောင်းဆိုခဲ့ကြ သည်။

ဤနေရာတွင် ထိုသတင်းများကို မဝေဖန်လိုသော်လည်း “ရိုဟင်ဂျာ”ဆိုသူတို့အပေါ် ဒေသခံ ရခိုင်တိုင်းရင်း သားတို့၏ အမြင်ကို တင်ပြလိုပါသည်။

“ရိုဟင်ဂျာ”ဆိုသူတို့က မိမိတို့ကိုယ်ကို “မြန်မာတိုင်းရင်းသားများ”ဟု ဆိုကြသည်။ အေဒီ(၇)ရာစုကပင် ရခိုင်ပြည်သို့ လာရောက်အခြေစိုက်ကြသော အာရပ်အနွယ်များ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ရှေးဟောင်းသမိုင်းများ၌ “ရိုဟင်ဂျာလူမျိုး” ဟူ၍ လုံးဝမတွေ့ရှိကြောင်း သမိုင်းပညာရှင်များက ပယ်ချခဲ့ကြ သည်။ ထိုဝေါဟာရသည် ဗြိတိသျှကိုလိုနီခေတ်၌ပင် မပေါ်သေးချေ။ ဗြိတိသျှအစိုးရထုတ်ဝေခဲ့သော မှတ်တမ်းများ၌ မြန်မာနိုင်ငံသို့ ဗြိတိသျှခေတ်တွင် အိန္ဒိယနိုင်ငံသား (ဟိန္ဒူ၊ မူဆလင်) တစ်သန်းကျော် ၀င်ရောက်ခဲ့ကြသည်ဟု ဆိုထားသည်။

အိန္ဒိယသား မူဆလင် ဘခင်နှင့် မြန်မာဗုဒ္ဓဘာသူ မိခင်တို့ ပေါင်းသင်း၍ ပေါက်ဖွားလာသူများကို ဇာဗာဒီ (Zerbadee) များ (သို့) မြန်မာမူဆလင်များဟု အမည်တပ်ခဲ့ကြောင်း တွေ့ရသည်။

ရခိုင်ဘုရင်တို့က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်လာသော မူဆလင်များကို “ကမန်”ဟု တစ်မျိုး၊ ရခိုင် မူဆလင်ဟု တစ်မျိုး၊ ခွဲခြားအမည်တပ်ခဲ့ကြောင်း သန်းခေါင်စာရင်းများ၌ တွေ့ရသည်။ ထို့ပြင် ဗြိတိသျှ ခေတ်၌ပင် ၁၈၆၉ခု၊ စူးအက်တူးမြောင်းပွင့်ပြီးနောက် လယ်ယာမြေတိုးချဲ့စဉ် လယ်ယာလုပ်သားအဖြစ် စစ်တကောင်းခရိုင်မှ တံခါးမရှိ ဓါးမရှိ ၀င်လာကြသော ဘင်္ဂါလီ မူဆလင်များကို စစ်တကောင်းသားများ (Chittagonian)ဟု အမည်ပေးခဲ့သည်။ ထိုအမည်ကို မစ္စတာစမတ်( R.B Smart, 1917) နှင့် ဂျိန်းဘတ် စတာ (Jame Baxter, 1939)တို့က ၎င်းတို့မှတ်တမ်းများ၌ သုံးခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးသည်အထိ “ရိုဟင်ဂျာ”ဟူသော ဝေါဟာရ မပေါ်သေးချေ။

မြန်မာနိုင်ငံ လွတ်လပ်ရေးရစ၌ ရောင်စုံသူပုန် ထကြသောအခါ ရခိုင်အနောက်မြောက်ဘက် မောင်တော နှင့် ဘူးသီးတောင်မြို့နယ်များတွင်လည်း ဘာသာရေး အစွန်းရောက်သမားများက “မူဂျာဟစ်”(ကုလား သူပုန်) သူပုန်ထခဲ့ကြသည်။ မူဆလင်ပြည်နယ် တောင်းဆိုခဲ့ကြသည်။ ထိုသူပုန်တို့နှင့် အရပ်ရပ်မှ လာ ရောက်ကြသော မူဆလင်ခေါင်းဆောင်များ ပူးပေါင်းပြီး မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော် ကျေးရွာ၌ ၁၉၅၁ ခု၊ ဇွန်လတွင် ညီလာခဲ့ကျင်းပခဲ့ကြသည်။ ထိုညီလာခံ ဆုံးတ်ြချက်အရ မြန်မာအစိုးရထံ အိတ်ဖွင့်ပေးစာရေးပြီး မူဆလင်ပြည်နယ်ဖွဲ့ပေးရေး အပါအ၀င် တောင်းဆိုချက်အများအပြား တင်ပြခဲ့သည်။ ထိုစာ၌လည်း “မူဆလင်လူမျိုး”ဟူ၍သာ သုံးနှုန်းခဲ့သည်။ “ရိုဟင်ဂျာလူမျိုး”ဟူ၍ မသုံးနှုန်း ချေ။ ၁၉၅၁ ခု၊ သြဂုတ်လ (၂၀)ရက်ထုတ် ဂါဒီယန်းအင်္ဂလိပ်သတင်းစာ၌ “ရိုဝန်ညှာ”ဟူသော ဝေါဟာရကို စတင်သုံးစွဲ ခဲ့သည်။ ဘူးသီးတောင်ပါလီမန်အမတ် မစ္စတာ အဗ္ဗဒူဂါဖားက ဆောင်းပါးတစ်စောင်ရေးပြီး မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ မူဆလင်များမှာ ရခိုင်ဝေသာလီခေတ် မဟာတိုင်းစန္ဒြား လက်ထက်ကပင် သင်္ဘောပျက်၍ရောက်လာသော အာရပ်အနွယ်များဖြစ်ကြောင်း၊ သမိုင်းလိမ်ရေး၍ တင်ပြခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ “ရိုဝန်ညှာ/ရိုဟင်ဂျာ” ဝေါဟာရ ပေါ်ပေါက်လာပုံ သမိုင်းအစဖြစ်သည်။ ဤသမိုင်းလိမ်ကို ဂါဒီယန်သတင်းစာ၌ပင် ရန်ကုန်တက္ကသိုလ်ကျောင်းသား ဖော်ဇံက ၁၉၅၁ ခု၊ စက်တင်ဘာလ (၆)ရက်၌ တုံ့ပြန်ချေပခဲ့သည်။ ထိုသမိုင်းလိမ်ကို ချဲ့ကား၍ အမ်အေတဟီးရ်ဘသာ (ဘူးသီး တောင်)က ၁၉၆၀၊ မေလထုတ် ဂါဒီယန်မဂ္ဂဇင်း၌ ထပ်မံတင်ပြခဲ့ပြန်သည်။ ထိုဆောင်းပါးကို ရခိုင် အမျိုးသားခေါင်းဆောင် ဦးဘစံက သမိုင်းလိမ်ဖြစ်ကြောင်း ဝေဖန်ပြီး ၎င်းတို့မှာ စစ်တကောင်းသားများ ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ သည်။

ဗြိတိသျှခေတ်၌ တံခါးမရှိ ဓါးမရှိ ၀င်ရောက်အခြေစိုက်ကြသော စစ်တကောင်းသား ဘင်္ဂါလီတို့၏ဒဏ်ကို မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ ရခိုင်များ အကြီးအကျယ်ခံခဲ့ရသည်။ စစ်အတွင်း ၁၉၄၂ ခု၌ လူမျိုး အဓိကရုဏ်းဖြစ်၍ ဒေသခံရခိုင်များ သေသူသေ၊ ပြေးသူပြေးဖြစ်ခဲ့ပြီး ထိုနယ်ကို စစ်တကောင်းသား ဘင်္ဂါလီမူဆလင်များ ရာနှုန်းပြည့် အုပ်စိုးမိသွားသည်။ လွတ်လပ်ရေးခေတ်ဦး၌ မိမိကျေးရွာသို့ ပြန်လာ ကြသော ရခိုင်တို့အား မူဂျာဟတ်သူပုန်များ မောင်းထုတ်ခဲ့သောကြောင့် ပြေးကြရပြန်သည်။ ရခိုင်ကျေးရွာ (၆၁)ရွာ ပြိုပျက်ခဲ့သည်။ ၁၉၄၂ ခုကာလ ရခိုင်ဒုက္ခသည်များနှင့် မူဂျာဟတ် သူပုန်ထသည့်ကာလ (၁၉၄၈-၅၈) ရခိုင်ဒုက္ခသည်များမှာ လူမသိသော ရွာပုန်းရွာရှောင် (IDP)အဖြစ် မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ စစ်တွေမြို့များ၌ ခိုလှုံခဲ့ကြသော ဒုက္ခသည်များမှာ သိန်းချီရှိနေ သည်။ ထို IDP များအရေးကို လူ့အခွင့်အရေးရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် လူ့အခွင့်အရေး ဆုံးရှုံးနေသော တိုင်းရင်းသား ဒုက္ခသည် အစစ်အမှန်များ ဖြစ်သည်ဟု ဆိုရပါမည်။ ထိုရခိုင်ဒေသခံတို့အား ဗြိတိသျှခေတ်၌ စစ်တကောင်းနယ်မှ တံခါးမရှိ ဓါးမရှိ ၀င်လာကြသော ဘင်္ဂါလီနယ်ချဲ့သမားတို့က အကြမ်းဖက်မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယခု ဒေသခံရခိုင်များနှင့် အခြားတိုင်းရင်းသား မြို၊ သက်၊ ခမီး၊ ဒိုင်းနက် လူမျိုးစုအားလုံးအရေအတွက်မှာ မောင်တောမြို့နယ်၌ (၁၀%)ပင် မရှိချေ။ ဘူးသီးတောင်မြို့နယ်၌ (၁၅%)ခန့်သာ ကျန်တော့သည်။ ဤအခြေအနေမှာ ရခိုင်ဒေသခံတို့အတွက် ရင်လေးစရာဖြစ်သည်။ ဤသမိုင်းဖြစ်ရပ်မှန်များကို ပြင်ပသတင်းမီဒီယာများ လေ့လာတင်ပြသင့်သည်။ လူမသိသူမသိသော အမေ့ခံ ရခိုင်ရွာပုန်းရွာရှောင် IDP များ၏ ခံစားချက်များကို မေးမြန်းစုံစမ်း၍ ကမ္ဘာ့မီဒီယာပရိသတ်အား အသိပေးသင့်သည်။ ထိုမီဒီယာပရိသတ်၏ ကရုဏာသက်မှု၊ ကိုယ်ချင်းစာမှုကို ရခိုင်ရွာပုန်း ရွာရှောင်များ ခံစားထိုက်သည်။ ယခု ပြောင်းပြန်ဖြစ်နေသည်။ ပြည်ပ မီဒီယာသတင်းထုတ်လွှင့်ချက်များ၌ “ရိုဟင်ဂျာ” အမည်ခံသူတို့သာ အဖိနှိပ်ခံ ဒုက္ခသည်များအဖြစ် ကွင်းကွင်းကွက်ကွက် ပေါ်လွင်အောင် မီးမောင်းထိုးပြ နေကြသည်။ ဒေသခံ တိုင်းရင်းသား ရခိုင်ဗုဒ္ဓဘာသာများ “ရိုဟင်ဂျာ”အမည်ခံသူတို့ထံ နှစ်ပေါင်း (၆၀)ခန့် ခြိမ်းခြောက်၊ အနိုင်ကျင့်၊ မောင်းထုတ်ခံခဲ့ရပုံများကိုမူ တလုံးတပါဒမျှ မထုတ်လွှင့်ခဲ့ကြဖူးချေ။ ဤရခိုင် ရွာပုန်း ရွာရှောင် ဒုက္ခသည်များကိစ္စ မှန်/မမှန်ကို ဒေသခံသတင်းထောက်များထံမှတစ်ဆင့် စုံစမ်းသိရှိ နိုင်ပါသည်။ ၎င်းဒုက္ခသည်တို့ မြို့ပေါ်ရပ်ကွက်များသို့ ထွက်ပြေးလာရခြင်း အကြောင်းရင်းကို စုံစမ်းကြည့်ပါ က စစ်တကောင်းသား ဘင်္ဂါလီမူဆလင်များကြောင့်ဖြစ်ကြောင်း၊ ထိုစစ်တကောင်းသားတို့မှာ အဖိနှိပ်ခံများ မဟုတ်ဘဲ လူ့အခွင့်အရေး အရေခြုံထားသော တိုင်းရင်းသား အယောင်ဆောင် နယ်သစ်ချဲ့ထွင်သူများသာ ဖြစ်ကြောင်း၊ ရွာပုန်းရွာရှောင်များမှ ထိုစစ်တကောင်းသားများ၏ ခြိမ်းခြောက်နှိပ်စက်မောင်းထုတ်ခံရသော ဒုက္ခသည်များဖြစ်ကြောင်းတို့ကို ရှင်းရှင်းလင်းလင်း သိလာလိမ့်မည်ဟု ယုံကြည်ပါသည်။

“ရိုဟင်ဂျာ”အမည်ခံသူတို့အား “နယ်သစ်ချဲ့ထွင်သူများ”ဟု သုံးနှုန်းခဲ့ခြင်းမှာ စာရေးဆရာကြီး မောင်ထင် နောက်သို့လိုက်၍ သုံးနှုန်းခြင်းသားဖြစ်ပါသည်။ ဆရာကြီးမှာ လွတ်လပ်ရေးရစ၌ ရခိုင်တိုင်းမင်းကြီးအဖြစ် အမှုထမ်းခဲ့ဖူး၍ ရခိုင်ဒေသအခြေအနေကို ကောင်းစွာသိသူဖြစ်သည်။ ဆရာကြီးက “ရခိုင်ပြည်နယ် အစီရင်ခံစာ”၌ “စစ်ပြီးခေတ် စစ်တကောင်းနယ်သားတို့၏ ၀ါဒသည် နတ်မြစ်တစ်ဖက်ကမ်းရှိ မယူတောင် တန်းဒေသနှင့် ကုလားပန်ဇင်းမြစ်ဝှမ်းဒေသတို့ကို နယ်မြေသစ်အဖြစ်ဖြင့် အခြေစိုက်ရန်ဟူသော ၀ါဒ ဖြစ်သည်”ဟု ရေးသားခဲ့သည်။(မြ၀တီ ၁၉၆၀၊ဇူလိုင်) မှန်ပါသည်။ သူတို့ နယ်ချဲ့ကြခြင်းသာဖြစ်သည်။ ကျွန်တော်တို့ဒေသခံ ရခိုင်ဗုဒ္ဓဘာသာများ ကိုယ့်ရပ်ကိုယ့်ရွာများမှ အသက်လု ထွက်ပြေးလာကြရသည်။ ယခု မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များကို သူတို့လူဦးရေ အသာစီးဖြင့် လွှမ်းမိုးထားနှင့်ပြီး ဖြစ် သည်။ ထိုလူဦးရေ လွှမ်းမိုးမှုကို လက်နက်သဘွယ်အသုံးပြု၍ မြန်မာအစိုးရ အဆက်ဆက်ထံ “မူဆလင် ပြည်နယ်”ထူထောင်ပေးရန် ၎င်းတို့ တောင်းဆိုခဲ့ကြသည်။ မူဂျာဟစ် သူပုန်ထခဲ့ကြသည်။ RIF, RSO အစရှိသော မြေအောက်အဖွဲ့အစည်းများ ထူထောင်၍ မြန်မာအစိုးရကို အမြဲတမ်း အနှောင့်အယှက် ပေးခဲ့ကြသည်။ ၎င်းတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် ဒေသခံတို့မျာ ကျီးလန့်စာစား ဖြစ်နေရသည်။ ၁၉၈၈ ခု၊ မေလ(၁၃)ရက်နေ့၌ မောင်တောမြို့ပေါ်ရှိ ရခိုင်ဗုဒ္ဓဘာသာတို့အား အကြမ်းဖက် သုတ်သင်ပစ်ရန် “ရိုဟင်ဂျာ”အမည်ခံသူ မူဆလင်တို့ အားထုတ်ခဲ့ကြသေးသည်။ လုံထိန်းတပ်က ကာကွယ်ကယ်တင်ခဲ့၍သာ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ကြသည်။ ဤဖြစ်ရပ်ကို ကြည့်လျှင် “ရိုဟင်ဂျာ”တို့၏ အန္တရာယ် မည်မျှကြီးကြောင်း မှန်းဆနိုင်သည်။

“ရိုဟင်ဂျာ”အမည်ခံသူတို့၏ အန္တရာယ်မှာ ဒေသခံ (ရခိုင်၊ မြို၊ သက်၊ ခမီး၊ ဒိုင်းနက်) တို့နှင့်သာ ဆိုင်သည် ဟု မမြင်ဘဲ ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသားအားလုံးနှင့်ဆိုင်သော “ဘုံပြဿနာ”ဖြစ်သည်ဟု မြင်ဖို့လိုပါသည်။ သို့မဟုတ်ပါက ထိုဒေသမှာ “ရိုဟင်ဂျာ”အမည်ခံ တိုင်းရင်းသားအယောင်ဆောင် ဘင်္ဂါလီ မူဆင်တို့၏ လူဦးရေ ဆူနာမီလှိုင်းတံပိုးများအောက်၌ စုံးစုံးမြှုပ်သွားမည်မှာ သေချာသည်။ ထိုအန္တရာယ်ကြီး ကို ညီအစ်ကို တိုင်းရင်းသားအပေါင်း လက်တွဲဟန့်တားနိုင်ပါမှ ၎င်းတို့၏ နယ်သစ်ချဲ့ထွင်မှုကို ကာကွယ်နိုင် မည်ဖြစ်ကြောင်း တင်ပြရပါသည်။

ဒေသခံတစ်ဦး
( http://www.arakanfolks.com/2012/05/blog-post_26.html )

About koyinmaung

ကိုရင် မောင် has written 19 post in this Website..