တောင်ပေါ်ရေကန်……………….(သူတို့ကန်နဲ့ကျနော်တို့ကန်)

1 လွယ်တိန်ခမ်းတောင်ပေါ်အဆင်းမှာရှိတဲ့ တောတန်းကလေး
2 အပေါ်စီးကမြင်ရတဲ့ရေကန်
3 တောင်ပေါ်ရေကန်လေး ရေကတော့ ကြံရည်ရောင်
5 အဝေးထိရှိနေတဲ့ကန်ရေပြင်
6 ချစ်စရာဘဲလေးတွေနဲ့ရေကန်သာ
7 အခုတော့ ဘဲညိုလေးတွေ
8 အေးရိပ်
9 ထူးဆန်းတဲ့ဖွဲ့တည်ပုံရှိတဲ့ အပန်းဖြေစရာနေရာလေး
10 အလင်းတံခါး
11 အထိမ်းအမှတ်ကျောက်တိုင်

12 တောင်ပေါ်ရေကန်ကြီး (ဆွေဟူး)(sui hu)
13အဝေးမှာရှိတဲ့တောင်ကိုလှမ်းမြင်ရတာ
14 မြောက်ဘက်ကနေမြင်ရတာပါ
15 အောက်ဘက်ကိုဆင်းတဲ့လှေခါး

 

16တောင်ပေါ်မြင်ကွင်း……………….

 

17 တောင်ဘက်ကိုကြည့်ရတာ…………..လေ။
18 ကိုယ်တက်လာတဲ့လမ်းကိုငုံ့အကြည့်
19 ဆက်တက်ရမယ့်လမ်းကိုမော့အကြည့်
20 ရုပ်ထု တကယ့်အကြီးကြီးပါ

 

21 တရုတ်စည်တော်ကြီး
22 အပေါ်စီးကတွေ့ရတဲ့ ရေကန်မြင်ကွင်း မိုးချုပ်နေတော့ ဆင်းမကြည့်ခဲ့ရဘူးဗျာ
23 အသဲပုံရေကန်လေး
24သူရဲအိမ် ကျနော်သွားတဲ့အချိန်က ညနေ6နာရီကျော်တော့ ပိတ်ထားပြီ
25အဝေးမှာလှမ်းမြင်နေရတဲ့ မီးရောင်စုံပန်းခြံ
6 မှောင်ရီဝေဝိုးတဝါးအလှ
27ဝင်ပေါက်သို့မဟုတ်ထွက်ပေါက်(ကျနော်အကြိုက်ဆုံးပုံလေးပါ)

 

“တောင်ပေါ်ကရေကန်(သူတို့ကန်နဲ့ကျနော်တို့ကန်)”

 

 

ကျနော်တို့အုပ်စုကလေးကပြည်တော်ပြန်ဘုရားကနေဆင်းလာတဲ့အချိန် တောင်ကြားထဲမှာရေကန်ရှိတယ်လို့

ကလေးတစ်ယောက်ကပြောလာပါတယ်။

အဲဒါနဲ့ထင်းရူးတောလေးအလွန်မှာ ရေကန်လေးလှမ်းတွေ့တော့ကားခဏရပ်လို့ဓါတ်ပုံရိုက်ပါတယ်။

ရိုက်ရင်းနဲ့အားမရတော့ မထူးဘူးဆိုပြီ အားလုံးအောက်အထိဆင်းလိုက်ကြပါတယ်။

အောက်ရောက်တော့ရေကန်နံဘေးမှာ အပန်းဖြေစာ ဆိုင်ကလေးတွေရှိပါတယ်။

တဲလေးတွေဆောက်ထားတာပါ။

ကန်ထဲမှာအပျော်စီးစရာ ဘဲရုပ်ခြေနင်းလှေကလေးတွေလဲရှိပါတယ်။

ကန်ကလေးကသိပ်မနက်သလို သိပ်လဲမကျယ်ပါဘူး။

ဘေးနှစ်ဖက်မှာက တောင်ကမ္ဘားယံတွေကခြံရံလို့ထားတဲ့ တောင်ကျချောင်းလေးဘဲဖြစ်ပုံရပါတယ်။

ရေကတော့ ကြံရည်ရောင် စိမ်းဖန့်ဖန့်။

လိပ်ကလေးတွေလဲရှိငါးစာကျွေးလိုက်ရင်အပြေးအလွှားလာစားတဲ့ငါးကလေးတွေလဲရှိ။

ချစ်စရာဘဲကလေးတွေက ရေကူးလို့။

ကန်ဘောင်တစ်ဘက်ကတော့ သမံသလင်းခင်းထားပါတယ်။

အကြာကြီးလဲမနေချင်နေကလဲအတော်လေးပူတော့ ခဏလေးဘဲနေ ဓါတ်ပုံရိုက်ပြီးပြန်ခဲ့ကြပါတယ်။

တောင်ပေါ်ကဆင်းလာတော့ နေ့မွန်းတည့်။

အဲဒါနဲ့ဘဲ ကျနော်တို့ ထမင်းဝင်စားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။

 

ထမင်းဆိုင်ရောက်တော့ ထမင်းစားနေရင်းက တစ်နေ့ညကသွားခဲ့တဲ့ ရွှေလီမြို့ထဲကရေကန်ကြီးကို ပြန်သတိရမိပါတယ်။

သူတို့အခေါ်တော့ (စွေဟူး- sui hu)လို့ခေါ်ကြပါတယ်။

မြန်မာလိုပြန်ရင်တော့ရေကန်ကြီးလို့ပြောပါတယ်။

ရွှေလီမြို့ တစ်မြို့လုံးကိုရေပေးဝေနေတဲ့ကန်ကြီးလို့သိရပါတယ်။

ကန်ကြီးက ဧရိယာအတော်ကျယ်ပုံရပါတယ်။

ကျနော်တို့ရောက်ခဲ့တဲ့ညနေ ကမိုးအတော်လေးချုပ်သလို မိုးကလဲတဖွဲဖွဲ။

အလည်လာသူဆိုလို့ကျနော်တို့ဘဲရှိပါတယ်။

အဲဒီနေ့က ကျနော်နဲ့မဒမ်ပေါက်ကို အဲဒီရေကန်ကိုလိုက်ပို့သူက ရွှေလီမှာအလုပ်လုပ်နေတဲ့

ကျနော်တို့ရွာသူလေးတစ်ဦးပေါ့။

ကျနော်တို့တည်းတဲ့နေရာကို သူရယ် အဖော်မိန်းကလေးနှစ်ယောက်ရယ်လာခေါ်ပါတယ်။

ရွှေလီမြို့ကနေ မြောက်ဘက်စူးစူးကိုအတော်ဝေးဝေးထိမောင်း။

နောက်တော့လမ်းအနောက်ဘက်ကိုချိုးကွေ့လိုက်ပါတယ်။

အဲဒီနားလဲရောက်ရော မြင်ကွင်းတွေကပြောင်းသွားပါတယ်။

လူနေအိမ်ခြေမရှိသလောက် စက်ရုံအလုပ်ရုံတွေရှိတဲ့နေရာ။

လမ်းဘေးမြေကွက်လပ်မှာတော့ စပါးပင်လေးတွေက စိမ်းစိုုစို။

အဲဒီကနေ လမ်းမြောက်ဘက်ကို ကွေ့ဝင်လို်က်တဲ့အချိန်မှာတော့ မြန်မာပြည်နဲ့သိပ်မကွာတဲ့

မြင်ကွင်းလေးတွေနဲ့အိမ်ကိုတွေ့ရပါတယ်။

အဲဒီကမှ ရေမြောင်းလေးဘေးက ကွန်ကရစ်လမ်းအတိုင်း ဆက်မောင်းလာကြပါတယ်။

အဲဒီရေမြောင်းကတော့ရေဆိုးမြောင်းလို့ပြောပါတယ်။

အဲဒီလမ်းကလေးအတိုင်းသွားရင်ကားရှုပ်လူရှုပ်နဲ့လူစုစုလှမ်းတွေ့လို့မေးကြည့်တော့

ထမင်းဆိုင်နဲ့တွဲထားတဲ့လောင်းကစားဝိုင်းလို့သိရပါတယ်။

လှမ်းကြည့်မိတော့ မိန်းမတွေရောယောကျာ်းတွေပါ မာကျောက်ရိုက်နေတာကိုမြင်ရ။

အဲဒီကနေ ရေမြောင်းနံဘေးကလမ်းဆုံးတဲ့အခါ မုဒ်ဦးလိုနေရာကနေ့ကွေ့ဝင်လိုက်တဲ့အခါမှာ

တောင်တက်လမ်းကိုစတော့တာပါဘဲ။

မိုးက တဖွဲဖွဲကျ လမ်းဘေးဝဲယာမှာ သစ်ပင်လေးတွေကအုပ်အုပ်ဆိုင်းဆိုင်း။

ပိုးကောင်လေးတွေအော်သံတောင်ကြားနေရပါတယ်။

တက်လာရင်းဘယ်ဘက်ကိုလှမ်းကြည့်တော့ ဝင်လုဆဲညနေခင်းနဲ့အတူရေပြင်ကျယ်ကြီးကိုတွေ့ရပါတယ်။

အုတ်လမ်းလေးအတိုင်းကားမောင်းလာရင်းက ကျောက်တိုင်ကြီးနံဘေးနားမှာကားရပ်။

မုးိလေးက တဖွဲဖွဲဆိုတော့ ထီးကိုယ်စီနဲ့အောက်ကိုဆင်းကြပါတယ်။

ကျနော်ကတော့ ရေပြင်ကြီးမြင်တာနဲ့ လှပတဲ့စက်ဝိုင်းသဏ္ဍာန်အပေါက်တွေနဲ့ အဆောက်အဦးကိုတက်

ပြီးအပေါ်စီးကနေ ကန်ကြီးကို ဓါတ်ပုံရိုက်ပါတော့တယ်.။

တောင်တွေကာရံထားတဲ့အလယ်မှာလို့ အဆိုရှိတဲ့အင်းလေးရေပြင်ကြီးနဲ့တူလှပါတယ်။

ဒါပေမယ့် အင်းလေးက ပိုကျယ်ပါတယ်။

ကမ်းမမြင်လမ်းမမြင်။

ဒီကန်ကြီးကတော့အနံတိုပြီးအလျားရှည်ပါတယ်။

ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းလှမ်းလို့မြင်နေရပါတယ်။

မဒမ်ပေါက်နဲ့မိန်းကလေးတွေကတော့ ကြီးမားတဲ့ အန်းကုန်းရုပ်ထုကြီးရှိတဲ့ အရိပ်မရှိဘုရားကို သွားနေကြပါတယ်။

ကျနော်ကတော့ မြောက်ဘက်မှာလှမ်းမြင်ရတဲ့တောတောင်တွေ။

တံတားအောက်မှာရှိတဲ့ ရေကန်ကြီး ကိုလှမ်းလို့လက်ဆော့၊

မြင်သမျှကတော့လှနေသလို။

အတော်ဝေးဝေးရောက်နေတဲ့မဒမ်ပေါက်တို့လှမ်းခေါ်တော့မှာအပြေးအလွှားသွား။

တောင်ပေါ်ကဘုရားဖူးဘို့လူတစ်ယောက်ငါးကျပ်ပေးရပါတယ်။

မြန်မာငွေနဲ့တွက်ရင် 650ကျပ်ပေါ့၊

တောင်ပေါ်ရောက်ပြီဆိုမှ ကျနော်မြင်ဘူးချင်တဲ့ ရုပ်ထုအကြီးကြီးကိုမြင်ရပါတယ်။

မိန်းကလေးလေးယောက်ကို အထဲဝင်ရပ်ပြီးဓါတ်ပုံရိုက်တော့ လူသေးသေး အရုပ်ကြီးကြီးရီစရာ၊။

မိုးရွာတာရယ်နောက်ကျတာရယ်ကြောင့် သူရဲအိမ်ရယ် ဝါးဝင်္ကပါထဲရယ်မဝင်ခဲ့ရ။

ဝင်ရင်လဲတစ်ယောက်ငါးကျပ်ပါတဲ့။

မိုးလဲကျ မှောင်လဲမှောင်နေတာနဲ့ဓါတ်ပုံအမြန်ရိုက်ရပါတယ်။

တောင်ပေါ်ကပြန်ဆင်းခါနီး လှမ်းကြည့်လိုက်တော့ အဝေးမှာမီးရောင်စုံ၊

ပန်းခြံကြီးလို့ပြောပါတယ်။

လှမ်းပြီး အမှတ်တရဓါတ်ပုံရိုက်ပေမယ့်ေ ဝးလွန်းတော့စိတ်တိုင်းမကျ။

ပြန်ခါနီးမှာ ရူ့မျှော်ခင်းကြည့်တဲ့အဆောင်ပေါ်တက်လို့ဓါတ်ပုံရိုက်ကြပါတယ်။

အပြန်လမ်းကတော့မှောင်မှောင်မဲမဲ၊

စိတ်ထဲမှာတော့ ကျနော်တို့ဆီက အင်းလေးကန်ကြီးက ပိုလှပိုကျယ်တယ်လို့

ကိုယ်ဘက်ကိုယ်ယက်လို့ဂုဏ်ယူနေတုန်း…………..

“လေးလေး ထမင်းရပြီ” ဆိုမှ အတွေးတွေပြတ်သွားပါတယ်။

(အပြန်လမ်းမှာ ကျနော်တို့ ငှားလာတဲ့ကားသမားပြောပြတာတော့

အခုအချိန်မှာရွှေလီတစ်မြို့လုံးကို အခက်အခဲမဖြစ်အောင်ရေပေးဝေနေတဲ့ကန်ကြီးကိုတည်ဆောက်ချိန်မှာ

သူတို့ ဘိုးဘေးတွေလက်ထက်မှာ လူအင်အား အများကြီး

သုံးပြီးလုပ်ခဲ့ရပါတယ်လို့သိရပါတယ်။

သူပြောတာလေးပြန်ပြောရရင်ဖြင့် တောင်တွေကိုဖြို သစ်ပင်ကြီးတွေကို ဖယ်ခုတ်လို့ကန်ကြီးပေါ်အောင်ဆည်ခဲ့ရ၊

လူ့အတော်များများရဲ့အသက်သွေးချွေးနဲ့ရင်းခဲ့ရ လူနေအိပ်ခြေတွေကိုဖယ်ယှားလို့တည်ခဲ့တယ်လို့ပြောပါတယ်။

ဒီမှာကျနော်စဥ်းစားခဲ့မိတာ က နောင်လာနောက်သားများကောင်းစားဘို့ အတွက် နှောင်းလူများက စွန့်လွှတ်စွန့်စားခဲ့ရတယ်ဆိုတာလေးကိုပါ။

အဲဒီခေတ်ကလူတွေသာ အပင်ပန်းအဆင်းရဲခံပြီး ရေကန်ကြိးမတူးခဲ့ရင် အခုခေတ်ရွှေလီသူားတွေ အခုလို

အဆင်ပြေပြေရေသုံးစွဲရမယ်မထင်ပါဘူး။)

 

 

ကိုပေါက်လမ်းသလားနေသည်

(24-6-2012)

 

25 comments

  • မောင်ပေ

    June 26, 2012 at 9:13 am

    နံပါတ်၁၉ပုံ မှာ ဇွမ်းဆွဲဖို့ မေ့နေခဲ့တယ် ထင်ပါရဲ့

  • aye.kk

    June 26, 2012 at 10:26 am

    ကိုပေါက်ရဲ ့…
    လက်ရာမြောက်လှတဲ့ရှူခင်းသာမြင်ကွင်းအလှများ…
    ကြည်နှူးစွာဖြင့်ခံစားအားပေးသွားပါကြောင်း။။။

  • ညလေး

    June 26, 2012 at 10:43 am

    လေးပေါက်ရယ်…..
    ပုံ15လေးကြည့်ပြီးတော့…..လွမ်းတယ်ဗျ…….
    ဟိုးအရင်နှစ်တွေတုန်းကပေါ့……
    သွားခဲ.ကြတာ….ပျော်စရာကြိီး……..ခုတော့………ခုတော့…….
    ဝေးခဲ.ပါပြီ…..ချွေးခူရယ်……

  • water-melon

    June 26, 2012 at 10:49 am

    လေးပေါက်ရေ
    လာလည်သွားပါတယ်ဗျာ
    လေးစားတဲ့ ချိန်ပါဖရဲ
    အလင်းတံခါးလေးက လက်တုန်အောင်ရိုက်ထားတာလားဟင်

    • ဘဲဥ

      June 26, 2012 at 11:15 am

      ဟုတ်ဘူးရယ် လေးပေါက်ကြီး မောနီးပက် မဆွဲရသေးလို့ တုန်နေတာ :mrgreen:

  • TNA

    June 26, 2012 at 2:34 pm

    မရောက်ဖူးတဲ့နေရာလေးမို့ လေးပေါက်ကျေးဇူးနဲ့လည်သွားပါတယ်။

  • မဟာရာဇာ အံစာတုံး

    June 26, 2012 at 2:43 pm

    ရေကန်သာ ဆိုတယ် ..
    အကြီးကြီးပဲဗျနော့ ..
    ပြောရမယ်ဆိုရင် ကျုပ်တို့ဆီက ဆည်ကြီးတွေအတိုင်းပဲ ..
    ဖေဂျီးရေ …
    ပုံတွေထဲမှာတော့ သားသားအကြိုက်က နံပါတ် ရ ပုံလေးပါပဲဗျို့ ..

  • etone

    June 26, 2012 at 2:51 pm

    လေးပေါက်ရေ .. ဓါတ်ပုံတွေ မြင်ရတာကိုက အေးချမ်းလိုက်တာ … ။
    အခုနေများ အဲ့ဒီရေကန်လေးဘေးမှာ ဖျာလေးခင်း ခေါင်းအုံးလေးတလုံးနဲ ့လှဲပြီး သီချင်းအေးအေးလေး နားထောင်လိုက်ရလျှင်တော့ …. အရမ်းမိုက်မှာပဲ ……. ။ 😛

  • တေးကလုံရေ ချစ်သူလေးပါမှာ ပြည့်စုံတာဟဲ့။
    သားသားအံရေ အဲဒီရေကန်က ရွှေလီတစ်မြို့လုံးရေပေးတာတဲ့ အံ့ရောအေ။
    tna ရေ သူကြီးက ရွာသူားတွေကို ပို့ပေးမယ်လို့ သတင်းကြတားတယ်ဗျ။
    ဖရဲနဲ့ဘဲဥ ပေါက်ကရပြောလို့ ကတော့ ရောမွှေပစ်မယ်။
    ညလေးရေ ဘယ်သူလွမ်းလဲမသိနော်။
    မမအေးရေ တင်စရာမကုန်သေးပါ ဆက်တိုက်လာပါမည်။
    မောင်ပေ ဒီထက်ရှင်းတာကြည့်ချင်တယ်ဆိုရင် ချိန်းလို်က်ပါ.။

  • mamanoyar

    June 26, 2012 at 4:18 pm

    ပုံတွေအကုန်လုံးကို ကြိုက်တယ် ရေကန်လေးကို
    သဘောကျတယ်

  • Ma Ei

    June 26, 2012 at 4:34 pm

    ကျမတို့ သွားတုံးက အဲ့နေရာမှာ
    ဆည်နဲ့ အန်းကုံးရုပ်ကြီးဘဲရှိတာရယ်…
    မြင်ဘူးသမျှ အန်းကုံးရုပ်တွေမှာ
    ရုပ်ဆိုးဆုံးဘဲနော်…

  • နွေဦး

    June 26, 2012 at 4:49 pm

    ပုံ ၂ဝ ရုပ်တု အကြီးကြီး က
    ဘယ်ဖက် ခြေ နှစ်ချောင်းဖြစ်နေတာလား
    ကျွန်တော် အကြည့်မှားတာလား..
    ပုံတွေကြည့်ရ ကောင်းပါတယ် မျှဝေပေးလို့ ကျေးဇူးပါခင်ဗျာ..။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 4:56 pm

    ဝါးးးးးးးးးးးးအရမ်းလှပြီး..
    အရမ်းမိုက်တာပဲနော်…
    ရောက်ဖူးချင်လိုက်တာ…။

  • Mလုလင်

    June 26, 2012 at 9:15 pm

    လှေကားရှည် ကိုကြည့်ပြီး အသည်းယားသွားတယ်။ တိုင်အမြင့်က နေ အောက်ဘက် ကို ငုံ့ ကြည့်ရသလိုပဲ ..

  • နွေဦးအကြည့်မှားတာနေမှာပါ ခြေထောက်က ကြီးတာကလွဲရင်ပုံမှန်ပါဘဲ။
    မမနိုရာ ရေကန်လေးက ဒီမှာသာလှတာ ရေတွေကနောက်နေတာ။.
    မအိရေ ဒီနေရာလေးက မိသားစုအပန်းဖြေစခန်းလိုဖြစ်သွားပြီလို့ပြောကြတယ်။
    ရောက်ဖူးချင်ရင် မောင်ပေက လိုက်ပို့မယ်ပြောနေတယ် ခပ်မိုက်မိုက်ရေ
    စကားမစပ် ခင်ဗျားညီမလေးက ခပ်လန်းလန်းဆို ရွာထဲမခေါ်သေးဘူးလား။
    လုလင်ရေ မြင့်တာတော့ အတော်လေးမြင့်ပြီး လှေကားက မတ်စောက်စောက ်အသဲယားစရာ

  • kai

    June 27, 2012 at 5:13 am

    ဧရာဝတီကို(တကယ်)ကယ်တင်ပါ…

    • pooch

      June 27, 2012 at 4:01 pm

      သူကြီး တကယ်ကို အဲ့လိုကယ်တင်မှလား 😕

      လေးပေါက်ပုံတွေက မိုးဖွဲနေလို့ ထင်တယ် ။ ဒါမှမဟုတ် မိုးအုံနေလို့ ခပ်ဝါးဝါးလေးတွေ ဖြစ်တာ နေမှာ။
      မြေနီလို့ ရေက ကြံရည်ရောင်ဖြစ်တယ်ထင်တယ်နော်။ နောက် …ကန်က ရှေးလူတွေ ဖော်ခဲ့တာဆိုရင် မဟာတံတိုင်းတောင် ဆောက်ခဲ့ကြတဲ့ လူသားတွေရဲ့ နောက်ထပ် အံ့ချီးဖွယ် တခုပေါ့။ အမျှော်အမြင်ကတော့ လေးစားစရာပါ။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 27, 2012 at 9:09 am

    ရွှေလီမှာမေသီတာနဲ့တွေ့ခဲ့ပြီး
    ကြယ်ခေါင်မှာဘယ်ကောင်မလေးတွေနဲ့ချိတ်ခဲ့သလဲလေးပေါက်ရေ……
    ပုံ၁၉ကတော့မဒမ်ပေါက်တို့ဗိုက်ခေါက်လိမ်ပြီးတော်ဒါမျိုးရိုက်တာကျကြည်လင်နေပါလား….
    ဟိုအလင်းတံခါးဆိုတာကျလက်တုန်နေတယ်ဆိုပြီးမပြောလားဗျ…….
    မိုက်တယ်မိုက်တယ်ဗျို့……ရွှေလီကိုမြင်ဖူးသွားပြီ…လေးပေါက်ပုံတွေနဲ့…..

  • ရွှေလီမှာမေသီတာနဲ့တွေ့ပြီး
    ကျယ်ဂေါင်မှာ တကယ်ပေါင်ခဲ့ရပါတယ် ပါလာတဲ့အဝတ်အစားတွေ

  • ကြည်ဆောင်း

    June 27, 2012 at 3:38 pm

    ဒီလိုခရီးသွားရတဲ့ အလုပ်ရဖို့ ဘယ်လို အရည်အချင်းတွေများ ရှိရတာလဲ လေးပေါက်ရေ . . .
    ကြည့်ရှုအားပေး၊ အားကျ၊ ကျေနပ်သွားပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

  • အရည်အချင်းကြောင့်မဟုတ်ဘူးရယ်
    အိမ်စောင့်နတ် မြိုစောင့်နတ်နဲ့ ဆိုင်စောင့်နတ်က နှင်ချထားလို့ပါ.

  • snow white

    July 4, 2012 at 5:37 pm

    လေးပေါက်ကို အကြံတစ်ခုပေးချင်တယ် မန်းဂေဇက်မှာဓာတ်ပုံသင်တန်းဖွင့်လိုက်ပါလား စနိုးတက်ချင်တယ် လေးပေါက်ဓာတ်ပုံရိုက်ချက်တွေက အရမ်းကောင်းတယ်။

  • မယ်စနိုးရေ ရွာထဲမှာသင်တန်းပေးနိုင်တဲ့ဆရာတွေအများကြီးပါအေ့။
    လေးပေါက်က လက်ဆော့သူသက်သက်ပါ။

  • မဂွတ် ထော်

    July 6, 2012 at 9:53 am

    မိုက်တယ် ကွာ ပေါက်ပေါက်
    တော်တယ် ပုံ အရမ်းမိုက်တယ်

Leave a Reply