ကျွန်တော် ပြောပြချင်တာတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့လေး အကြောင်းပဲ ဖြစ်ပါတယ်…… မရောက်ဖူးသေးတဲ့သူတွေလဲ ရောက်ဖူးကြအောင်…. ရောက်ဖူးပြီးသား သူတွေလဲ အလွမ်းပြေပေါ့ဗျာ….. ကျွန်တော် ရောက်ဖူးနေဖူးခဲ့တဲ့ မြို့လေးတစ်မြို့ပါ……

ကျိုင်းတုံမြို့ကို သွားမယ်ဆိုရင် ကားနဲ့ဖြင့်ဖြင့် လေယာဉ်နဲ့ ဖြင့်ဖြင့် သွားလို့ရပါတယ်…. ကားနဲ့သွားမယ် ဆိုရင်တော့ တောင်ကြီးမြို့က တစ်ဆင့်သွားရမှာပါ…. လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေး ကတော့ မကောင်းသေးတာကြောင့် တောင်ကြီးမြို့ကနေ မနက်စောစောထွက်ပြီး ဟိုပုံး၊မိုင်းပွန်၊ လွိုင်လင်၊နမ့်စန်၊ခိုလမ်၊ ကွန်ဟိန်း စတဲ့ မြို့တွေကို ဖြတ်သန်းသွားရမှာဖြစ်ပါတယ်…… များသောအားဖြင့် ခိုလမ်မြို့ နဲ့ ကွန်ဟိန်း ကိုရောက်တဲ့အချိန်ဟာ ညနေစောင်းပြီ ဖြစ်လို့ လိုင်းကားတွေဟာ ခိုလမ် နဲ့ ကွန်ဟိန်း မြို့မှာ ညအိပ်ကြတာ များပါတယ်….. လိုင်းကားတွေညအိပ် ရပ်နားတဲ့အတွက် စားသောက်ဆိုင်နဲ့ တွဲပြီး ဖွင့်လှစ်ထားတဲ့ တည်းခိုခန်း တွေကတော့ တည်းခိုလို့ အဆင်ပြေကြပါတယ်….. တောင်ကြီးမြို့ကို ကျော်လွန်သွားပြီ ဆိုရင် လိုင်းကားတွေဟာ ညနေစောင်းရင် ဆက်လက်မောင်းနှင်ခြင်းမရှိတာ့ဘဲ ရောက်တဲ့ မြို့၊ရွာမှာ ညအိပ်ရပ်နားပြီး မနက်မိုးလင်းမှ ခရီးဆက်သွားကြပါတယ်….. ကွန်ဟိန်းမြို့ကနေ မနက်စောစော ခရီးဆက်ထွက်လာရင် တာလေ၊ တာကော် (သံလွင်မြစ်ကို ဖြတ်ကူးတဲ့ တာကော်တံတားရှိတဲ့ ရွာ) ၊မိုင်းပျဉ်း၊တုံတာ စတဲ့ မြို့တွေ ကို ဖြတ်သန်းပြီးရင် တော့ ကျိုင်းတုံမြို့ကို ရောက်ပါပြီဗျာ…. တောင်ကြီးမြို့ကနေ ကျိုင်းတုံမြို့ကို သွားမယ် ဆိုရင် တော့ တစ်ညအိပ် နှစ်ရက် ခရီးကြာပါတယ်……….

ဒါကတော့ မိုင်းပျဉ်း-ကျိုင်းတုံ လမ်းပါ……(photo from google map)

ဒီပုံလေးကတော့ တောင်ကြီးဘက်ကနေ လာရင် မြင်တွေ့ရမယ့် မြို့အဝင်ဆိုင်းဘုတ်လေးပါ (photo from facebook)

ကျိုင်းတုံမြို့ကို လေယာဉ်ခရီးနဲ့ဆိုရင်တော့ ရန်ကုန်ကနေဆိုရင် ၁နာရီ ဝန်းကျင်သာ ကြာပါတယ်…. ဟဲဟိုး လေဆိပ်ကနေ ဆိုရင်တော့ နာရီဝက် လောက်ပဲကြာပါတယ်………ဟဲဟိုး-ကျိုင်းတုံ ခရီးစဉ်ကတော့ နေ့စဉ်နီးပါးလောက် ရှိပါတယ်……ကျိုင်းတုံ လေဆိပ်ကို တိုက်ရိုက် သွားနိုင်သလို တာချီလိတ် လေဆိပ်ကနေတစ်ဆင့် တာချီလိတ်မှာ လည်ပတ်ပြီး ကျိုင်းတုံမြို့ကို လာရောက်လည်ပတ်ကြတဲ့သူတွေလဲ ရှိပါတယ်….

ဒီပုံလေးကတော့ ကျိုင်းတုံလေဆိပ် ပုံလေးပါ (photo from facebook)

ကျိုင်းတုံမြို့

ဒီပုံလေးကတော့ တာချီလိတ်ဘက်ကနေ ကျိုင်တုံမြို့ကို လာရင် တွေ့ရမယ့် မြို့အဝင်ဆိုင်းဘုတ်လေးပါ (photo from facebook)

ကျိုင်းတုံမြို့ဟာ တောင်ပေါ်မြို့တစ်မြို့ ဖြစ်ပေမယ့်  မြို့ပုံစံဟာ ဒယ်အိုးပုံစံ ဖြစ်ပါတယ် မြို့ရဲ့ပတ်ပတ်လည်ဟာ တောင်အမြင့်တွေ ပတ်လည်ဝိုင်းနေတာကို တွေ့ရပါတယ်…… ရှမ်းပြည်နယ် အရှေ့ပိုင်းရဲ့ မြို့တော် ဖြစ်ပေမယ့် ထိုင်းနယ်စပ်မှာ ရှိတဲ့ တာချီလိတ်မြို့လောက်တော့ စည်ကားခြင်း မရှိတာကိုတွေ့ရပါတယ်…. နယ်စပ်လည်းဖြစ်၊ ခရီးသွား၊ စီပွားရေးသမားများ အများဆုံးလာကြတဲ့မြို့လေးကတော့ တာချီလိတ်မြို့ ဖြစ်ပါတယ်….. ဒါပေမယ့် ကျိုင်းတုံမြို့ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာတော့ လမ်းခရီးအချက်အချာ ကြတဲ့မြို့လို့ဆိုနိုင်ပါတယ်……  ကျိုင်းတုံမြို့ကနေ တောင်ကြီးမြို့၊ မိုင်းလားမြို့(တရုတ်နယ်စပ်)၊ တာချီလိတ်မြို့(ထိုင်းနယ်စပ်) စတဲ့မြို့တွေကို သွားလာနိုင်လို့ပါ….. တောင်ကြီးမြို့ကနေ ကျိုင်းတုံမြို့ကို သွားတဲ့လမ်းဟာ ကောင်းမွန်ခြင်းမရှိပေမယ့်…… မိုင်းလား(တရုတ်နယ်စပ်)၊ ကျိုင်းတုံ ၊တာချီလိတ် (ထိုင်းနယ်စပ်)  လမ်းဟာတော့ ကောင်းမွန်တဲ့ လမ်းဖြစ်ပါတယ်…. ထိုင်း နဲ့ တရုတ်တို့ရဲ့ ကုန်ပစ္စည်းတွေ ကူသန်းသွားလာတဲ့ လမ်းဖြစ်တဲ့အတွက်ကြောင့်ပါ….. ကျိုင်းတုံမြို့ကနေ တာချီလိတ်မြို့ကို သွားချင်ရင် ရန်ကုန်-မန္တလေး အဆင့်မြင့်ကားတွေလို ကားတွေနဲ့ ပြေဆွဲနေတဲ့ ကားလိုင်းတွေရှိပါတယ် ….. တာချီလိတ်မြို့ကို ကျိုင်းတုံမြို့ကနေ သွားမယ် ဆိုရင် ၄ နာရီလောက်ပဲ ကားစီးရမှာဖြစ်ပါတယ်……..တစ်နေ့ကို နှစ်ချိန် ထွက်ပါတယ် မနက်ပိုင်းနဲ့နေ့လယ်ပိုင်းဆိုပြီးတော့ပေါ့….. ဒါကတော့ကျိုင်းတုံမြို့ကို သွားရတဲ့ ခရီးစဉ် နဲ့  ကျိုင်းတုံမြို့ရဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေလေးပါ….. ရွာသူားတို့လဲ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ရှိတဲ့ ကျိုင်းတုံမြို့လေးကို ဒီပိုစ့်လေးကနေ တစ်ဆင့်ရောက်ကြပြီထင်ပါတယ်…..

အားလုံးကို ခင်တဲ့ ဝဏအောင်….

 

 

About Wunna Aung

ဝဏအောင် (မန္တလေး) has written 4 post in this Website..