Wunna AungJune 26, 20121min2026
ဒီပို့စ်လေးကတော့ ကျိုင်းတုံမြို့မှာရှိတဲ့ တည်းခိုစရာနေရာတွေပါ…..လာလည်ကြမယ် ဆိုရင်တော့ ဘယ်မှာ တည်းရမလဲဆိုတာ အရေးကြီးတာပဲ မဟုတ်လားဗျ….. ဒါကြောင့် ကျိုင်းတုံမြို့ကိုလဲ ရောက်ပြီ ….ဘုရားတွေလဲ ဖူးပြီးပြီ……. နောင်တုံကန်ဘေးမှာလဲ အပန်းဖြေရင်း လက်ဘက်ရည်သောက်ပြီးပြီဆိုတော့……ပြန်နားဖို့အတွက် တည်းခိုစရာနေရာလေးတွေကို တင်ပေးလိုက်ပါတယ်….. မြို့တစ်ခုကို သွားမယ်ဆိုရင် ဘယ်မှာ တည်ခိုမှာလဲ  ဆိုတာတော်တော် စဉ်းစားရလွန်းလို့ ခုလိုတင်ပေးတာပါ…   ဒါကတော့ ကျိုင်းတုံဟိုတယ်(အသစ်) ပုံပါ (photos from facebook)   ကျိုင်းတုံမြို့မှာ ကျိုင်းတုံဟိုတယ်ကို အသစ် နဲ့အဟောင်းဆိုုပြီး နှစ်ခုရှိပါတယ်…. အခုတင်ထားတဲ့ပုံကတော့ ကျိုင်းတုံဟိုတယ်သစ်ပါ…..အဟောင်းကတော့ ကပ်ရပ်ပါပဲ …… ဘာကွာခြားသလဲဆိုတာတော့ မမေးကြည့်မိဘူခင်ဗျ……ကျိုင်းတုံဟိုတယ် ကတော့ ကျိုင်းတုံမြို့ကို လာလည်သူတွေအတွက် အတော်အဆင်ပြေမယ့် နေရာမှာ ဆောက်ထားတယ်လို့ထင်ပါတယ်…..မြို့လည်ခေါင်မှာ တည်ဆောက်ထားတာပါ……ဟိုတယ်က ထွက်ထွက်ချင်း မဟာမြတ်မုနိဘုရားကို ရောက်သလို …..ဟိုတယ်ရဲ့ အနောက်ဘက်က တော့ နောင်တုံကန်ကြီးပါ……မဟာမြတ်မုနိဖူးပြီးရင်လည်း စွန်းတောင်း ဘုရားဟာ အဲဒီနားလေးမှပဲ ရှိလို့ လမ်းလျှောက်သွားရောက် […]


Wunna AungJune 24, 20123min24013
ကျိုင်းတုံမြို့ကိုလဲ ရောက်ပြီ ဘုရားတွေလဲ ဖူးပြီးပြီ ဆိုတော့ မြို့ထဲက အထင်ကရနာမည်ကြီး နေရာတွေနဲ့ မြို့ထဲကို လျှောက်လည်ကြရအောင်ဗျာ……   ကျိုင်းတုံမြို့လည်မှာ နာမည်ကြီး နောင်တုံကန်ရှိပါတယ်….. တောင်တန်းတွေပတ်လည်ဝိုင်းနေတဲ့ မြို့ရဲ့အလယ်မှာ ဒီနောင်တုံကန်က တည်ရှိနေတာပါ…. မြို့ခံလူတွေကတော့ နဂါးကန်လို့လဲ ပြောကြပါတယ်.. ကန်ပတ်လည်မှာ ကားလမ်းရှိပြီတော့ လက်ဖက်ရည်ဆိုင်၊ အကင်ဆိုင် နဲ့ ရိုးရာစားသောက်စရာ ဆိုင်လေးတွေ ရှိပါတယ်… ကျိုင်းတုံမြို့ရဲ့ အပန်းဖြေစရာနေရာလေးတစ်ခုပေါ့…..ညနေစောင်းပြီဆိုရင် ကန်ပတ်ပတ်လည်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ လူတွေစည်လာသလို….ကန်ကိုပတ်ပြီးလမ်းလျှောက်၊စက်ဘီးစီး၊ ဆိုင်ကယ်မောင်း၊ကားမောင်းတဲ့သူတွေနဲ့ အတူတူ …. ကန်ဘေးမှာရှိတဲ့ ထိုင်ခုံလေးတွေမှာ ထိုင်ပြီး စကားပြောနေကြတဲ့ ချစ်သူစုံတွဲလေးတွေကိုလဲ တွေ့ရတတ်ပါတယ်…. ဒီပုံလေးကတော့ ကျိုင်းတုံမြို့ရဲ့ နာမည်ကြီး နောင်တုံ ရေကန်နဲ့ စွန်တောင်း စေတီပုံလေးပါ…..(photo from facebook) ဒါကတော့ နောင်တုံကန်နဲ့ ရပ်တော်မူဘုရားပုံလေးပါ…(photo from facebook) ဒါကတော့ နောင်တုံကန်ပုံပါ…(photo from facebook) ဒါကတော့ ကျိုင်းတုံမြို့နဲ့ နောင်တုံကန်ကို ရိုက်ထားတဲ့ပုံလေးပါ….(photo from google map)   ဒါကတော့ ကျိုင်းတုံမြို့ရဲ့ နာမည်ကြီး နောင်တုံကန် […]


Wunna AungJune 24, 20123min18411
ဒီပို့စ်လေးကတော့ “ကျိုင်းတုံမြို့သို့သွားရအောင်” ဆိုတဲ့ ပို့စ်လေးရဲ့ အဆက်လေးပါ……. ကျိုင်းတုံမြို့ကို ဝင်ပြီဆိုတာနဲ့ ပထမဆုံးလှမ်းမြင်ရတာကတော့ ကျိုင်းတုံမြို့လယ်က တောင်ပေါ်မှာ ရှိတဲ့ ရပ်တော်မူ ဘုရားဖြစ်ပါတယ်…. မြို့အလယ် တောင်ကုန်းပေါ်မှာ တည်ထားတဲ့ အတော်မြင့်တဲ့ ရပ်တော်မူ ရုပ်ပွားတော်ကြီးပါ….. ဒီပုံတွေ ကတော့ ရပ်တော်မူ ဘုရားကို လှမ်းမြင်ရတဲ့ပုံလေးတွေ ဖြစ်ပါတယ်  (photo from facebook) နောက်ထပ် ကျိုင်းတုံမြို့မှာ နာမည်ကြီးတဲ့ ဘုရားကတော့ မြို့လယ်မှာ ရှိတဲ့ မဟာမြတ်မုနိဘုရားဖြစ်ပါတယ်….. ကျိုင်းတုံမြို့ကိုရောက်ပြီ ဆိုတာနဲ့ မဟာမြတ်မုနိ ဘုရားကို ဖူးမျှော်ကြရမှာပါ …. မဟာမြတ်မုနိဘုရာကို တစ်ခေါက်ဖူးဖြစ်ရင် နောက်တစ်ခေါက် ထပ်ဖူးရတယ် ဆိုတဲ့ ကျိုင်းတုံမြို့ကို နောက်တစ်ခေါက် ရောက်လာကြရတယ် ဆိုတဲ့ မြို့သူမြို့သားတွေပြောတဲ့ စကားလေးလဲရှိပါတယ်……..မဟာမြတ်မုနိဘုရားက ကျိုင်းတုံမြို့လယ်ခေါင်မှာရှိပြီး ရန်ကုန်က ဆူလေဘုရားလို ဝိုင်းပတ်သွားကြရပါတယ်… ဒီပုံလေးတွေကတော့ ကျိုင်းတုံမြို့လယ်ခေါင်မှာ ရှိတဲ့ မဟာမြတ်မုနိဘုရား ရဲ့ ပုံလေးတွေဖြစ်ပါတယ်.(photo from facebook) […]


Wunna AungJune 24, 20121min33212
ကျွန်တော် ပြောပြချင်တာတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့လေး အကြောင်းပဲ ဖြစ်ပါတယ်…… မရောက်ဖူးသေးတဲ့သူတွေလဲ ရောက်ဖူးကြအောင်…. ရောက်ဖူးပြီးသား သူတွေလဲ အလွမ်းပြေပေါ့ဗျာ….. ကျွန်တော် ရောက်ဖူးနေဖူးခဲ့တဲ့ မြို့လေးတစ်မြို့ပါ…… ကျိုင်းတုံမြို့ကို သွားမယ်ဆိုရင် ကားနဲ့ဖြင့်ဖြင့် လေယာဉ်နဲ့ ဖြင့်ဖြင့် သွားလို့ရပါတယ်…. ကားနဲ့သွားမယ် ဆိုရင်တော့ တောင်ကြီးမြို့က တစ်ဆင့်သွားရမှာပါ…. လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေး ကတော့ မကောင်းသေးတာကြောင့် တောင်ကြီးမြို့ကနေ မနက်စောစောထွက်ပြီး ဟိုပုံး၊မိုင်းပွန်၊ လွိုင်လင်၊နမ့်စန်၊ခိုလမ်၊ ကွန်ဟိန်း စတဲ့ မြို့တွေကို ဖြတ်သန်းသွားရမှာဖြစ်ပါတယ်…… များသောအားဖြင့် ခိုလမ်မြို့ နဲ့ ကွန်ဟိန်း ကိုရောက်တဲ့အချိန်ဟာ ညနေစောင်းပြီ ဖြစ်လို့ လိုင်းကားတွေဟာ ခိုလမ် နဲ့ ကွန်ဟိန်း မြို့မှာ ညအိပ်ကြတာ များပါတယ်….. လိုင်းကားတွေညအိပ် ရပ်နားတဲ့အတွက် စားသောက်ဆိုင်နဲ့ တွဲပြီး ဖွင့်လှစ်ထားတဲ့ တည်းခိုခန်း တွေကတော့ တည်းခိုလို့ အဆင်ပြေကြပါတယ်….. တောင်ကြီးမြို့ကို ကျော်လွန်သွားပြီ ဆိုရင် လိုင်းကားတွေဟာ ညနေစောင်းရင် ဆက်လက်မောင်းနှင်ခြင်းမရှိတာ့ဘဲ ရောက်တဲ့ မြို့၊ရွာမှာ ညအိပ်ရပ်နားပြီး မနက်မိုးလင်းမှ ခရီးဆက်သွားကြပါတယ်….. ကွန်ဟိန်းမြို့ကနေ […]