မော်ဒန် ကဗျာ တစ်ပုဒ် ဖတ်ရ သလို…

အချစ် ဆိုတာ….

မျက်မှောင်ကုပ်…ခေါင်းရှုပ် ပြီး

အဆီ အနှစ် ကို….စုပ် ထုတ်ရတာမျိုးလား……

 

အငြင်း အခုံ …မုန်တိုင်းသည်းထဲ

ရဲရဲ ပွင့်လိုက် ပ…

အန်ချ လိုက်တဲ့…ကဗျာ တွေ…

ဖူးဖူး  ကို ဝေလို့ ….မဆုံး………..

 

လွတ်လပ်စွာ…သဘောထား ကွဲလွဲမှု  တွေနဲ့ အတူ

ခံစားချက် ကို…ညှိယူလို့ ….

ရစတမ်းဆို….*စစ်* ဆိုတာ…

ဝေါဟာရ   အသစ် ဖြစ်သွားလိမ့်မယ်…

 

ဘာပဲ  ဖြစ်ဖြစ်…အချစ်မပါပဲ..

ကဗျာ ကိုတည်ဆောက်လို့ …မရသလို

ကမ္ဘာ ကို…လည်း စိုက်ပျိုးလို့ ..မရ ဘူး..

 

ငါ….ယုံကြည်မိတဲ့..အချစ်က

နှလုံးက အပူကို….ဦးဏှောက်က…မျှယူ

ခံစားရ ခက်တဲ့….စုတ်ချက်  တွေနဲ့ ..

ဖွဲ့ နွဲ့  အပ်တဲ့……….

မော်ဒန်ငှက်…တစ်ကောင် မဟုတ်တာတော့…

သေချာ တယ်…။။။

About maung khinmin

maung khinmin has written 85 post in this Website..