ညာအရမ်းစိတ်ညစ်တယ်

ဘာလို.လဲသိလားလူသားတိုင်းကငါ့ကိုြ့ကိုက်နေကျတယ်လေ

မကြိုက်ပါဘူးနဲ့ဆိုလဲပြောမရဘူး.ဂေဇက်ကလူတွေလဲငါ့ကိုကြိုက်နေမယ်ထင်ပါတယ်…..ဟင်းးး…..ညစ်ပါတယ်

ညာပြောချင်တာကဒီလိုလေးပါတဲ့ရှင့်..

ဟိုတုန်းကပေါ့ အသက်13နှစ်အရွယ်သောတာပန်မိန်ကလေးတစ်ဦးဟာဘုန်းကြီးကျောင်းကိုဆွမ်းပို့သွားတာပေါ့…….

အဲကလေးမလေးကကျောင်းကျဘုန်းကြီးကိုမေးတယ်လေ

ဒီသင်္ကန်းကြီးကဘယ်သူဟာလဲဟင်

အော် ဒကမလေးရဲ့ ငါ့ဥစ္စာပေါ့….

ဒီသပိတ်တွေကရော

ငါ့ဟာပဲပေါ့…..

ဒီလိုနှင့်ပဲကလေးမလေးကအိမ်ကိုပြန်သွားခဲ့တယ်လေ…

နောက်ရက်လဲကျောင်းကိုဆွမ်းပို့လာတာပေါ့……

ကလေးမလေးကလဲအရင်နေ့ကလိုပဲမေးတာပေါ့………..ဘယ်သူဟာလဲမေးတိုင်း

ဘုန်းကြီးကလဲငါ့ဟာပဲလို့အမြဲဖြေတယ်လေ……..

နောက်ဆုံးတော့ဘုန်းကြီးကစိ်တ်မရှည်တော့ဘူးလေ….ဒီမှာဒကာမလေး ဒီကျောင်းရှိတဲ့ပစ္စည်းဟာအကုန်ငါဟာတွေပဲလို.ဖြေလိုက်တယ်……

ဘုန်းဘုန်းဘုရားဒါဆို ဘာအတွက်ကြောင့်သင်္ကန်းဝတ်ရပါသလဲ………..လို.ကလေးမလေးကမေးတယ်

နိမ္ဗာန်ရောက်ဖို့ပေါ့

 .”ဒါဆိုငါ့ကိုမကြိုက်နှဲ့”

လို့ကလေးမလေးကပြန်ပြောတာပေါ့

အဲနေ့ကစပြီးဘုန်းကြီးမှာအစာပျက်အအိပ်ပျက်ဖြစ်ပြီအိပ်ရာထဲမှာလဲနေတော့တာပေါ့….

အော်ငါလဲဒီကလေးမလေးကိုစိတ်ဝင်စားတဲ့အရိတ်အရောင်လေးတောင်မပြမိပါလား ဘာလို.ငါ့ကိုမကြိုက်နှင့်လို.ပြောရတာလဲပေါ့

နောက်တော့ကလေးမလေးရဲ့မိဘတွေလဲကျောင်းကိုလာပြီဘုန်းကြီးကိုအကျိုးအကြောင်းမေးတော့တာပေါ့

အဲတော့ဘုန်းကြီးက အလုံးစုံကိုပြောပြလိုက်တယ်

အဲထိတော့ကလေးမလေးကပြောပြလိုက်တယ်……..ငါ့ကိုမကြိုက်နှဲ့ဆိုတာ ငါစွဲမထားဖို့ပါ……

ငါစွဲစွဲနေတော့ဘယ်လိုလုပ်နိမ္ဗာန်ကိုရောက်နိုင်တော့မလဲ….အဲလိုရှင်းပြလိုက်တော့မှပဲ

ဘုန်းကြီးမှာနေကောင်းပြီးတရားထူးပါရသွားသတဲ့ကွယ်…………..

ပုံပြင်လေးကတော့ဒါပါပဲရှင်…….

ညာငယ်ငယ်တုန်းကဖတ်ဖူးတာပါ ကြာခဲ့ပါပြီ

ဖတ်ဖူးရင်လဲနောက်တစ်ခေါက်ပေါ့နော်……….

လိုအပ်ချက်လေးတွေရှိရင်ဖြည့်စွတ်ပြီတော့ဖတ်ပေးပါရှင်

ကျေးဇူးတင်ပါတယ်………….

 

 

 

 

About မမ အညာသူ

မမ အညာသူ has written 12 post in this Website..