တစ်ခါ က တစ်ဘဝ (၁)

 

ကိုယ် တွေ့ကြုံခဲ့ ဘူး တာလေး တွေကို ၊ ရွာထဲ မှာ share ကြည့် တာပါ။

 

ကျွန်တော် ရန်ကုန် မှာရှိ နေတုန်း ကပေါ့ဗျာ ။ သူငယ်ချင်း  တစ်ယောက် က ဗွီဒီယို ခွေ ငှါး ဆိုင်လေး၊ ဖွင့်တားတယ် ။ ညနေတိုင်း သူငယ်ချင်းတွေ ၊ သူ့ဆိုင် မှာ ဆုံကျ၊ KTV သွား ကျ ၊ ဘီယာ ဆိုင်သွား ကျ ၊ ဂေါက်သီး သွား ရိုက် ကျ နဲ့ပေါ့ ။ လူလဲညီ တယ်၊ များ လဲများတယ် ။နေ့တိုင်း အနဲဆုံး လူ ၂ဝ ကျော် ၂၅ လောက် ၊ ဆလွန်း ကား ငါးစီး ခြောက်စီး လောက် ပုံမှန် ဘဲ ။ အဲ… တစ်နေ့ ကျွန်တော် ရောက်တော့ဘယ်သူမှမ ရောက်ကျ သေးဘူး ။ ဗိုက် ကလဲဆာ နေတာနဲ့ ဘေးက အကင်ဆိုင် မှာ၊ စားချင်တာလေးမှာ ပြီး သူငယ်ချင်း ဆိုင်ရှေ့ မှာ ချထား တဲ့၊ ခွေး ခြေမှာ ထိုင်ပြီး ရေသောက်ရင်း လမ်း သွား လမ်းလာတွေ ကို ငေးနေ တာပေါ့ ။ ကျွန်တော် ရောက်တာစော နေတော့၊ ညနေ ပိုင်း ဘဲ ဖွင့်တဲ့ အကင်ဆိုင် က မီးတောင် မမွှေး ရသေးဘူး ။  ကျွန်တော်လဲ အတင်း လော တာပေါ့၊ အညာသားရယ် မြန်မြန် လုပ် ပါပေါ့ (အကင် ဆရာက အညာသားဗျ ။ ကျွန်တော် တို့သူငယ်ချင်းတွေအားလုံး သူ့ကို၊ ချစ်စနိုး နဲ့ နာမည် မခေါ်ဘူး၊ အညာသား လို့ ဘဲ ခေါ်ကျ တယ်) ။ အဲ..မှတ်မှတ် ရရ  မီးတောင် ဝင်မွှေး ပေး လိုက်သေး တယ်။ မီး မွှေးပြီးတော့၊ စောစော ကပြောသလို ခွေး ခြေ မှာ ထိုင် နေတုန်း၊ ခွေဆိုင် ထဲကို စုံတွဲ တစ်တွဲ ဝင်လာတယ် ။ ကောင်လေးရော ကောင်မလေးပါ ကျွန်တော် နဲ့ရွယ်တူ လောက်ဘဲ ။ ကျွန်တော် သူတို့ ကိုစိတ် မဝင်စားနိုင် ပါဘူး ။ ကင်နေတဲ့ အကင်ကို ဝါးဖို့ ချောင်းနေတာပေါ့ ။ ဆတ် ကနဲ မျက်နှာ ကို အေးနေ တဲ့ရေစက်  လာ စင်တော့ ..ဟ ဘာလဲဟ ဆိုလှည့်ကြည့်တော့ ခုနက အတွဲ က ခွေဆိုင် အပြင်မှာ ထောင် ထား တဲ့ ပိုစတာ တွေကို ကြည့် ရင်း ကောင်မလေးက ရေခဲချောင်း စားနေတာ ကိုး။ လက်က ရေတွေ ကို ခါနေတာလေ ။ ကျွန်တော်လဲ အကျယ် အကျယ် မဖြစ်ချင် တာနဲ့ ကျွန်တော့ မျက်နှာက ရေစက် တွေကို သူတို့ မြင်အောင်သုတ် ပြရင်း၊ ခွေးခြေ ကို ဘေးအစွန် ထိ တတ်နိုင်သမျှ ဖယ်ပြီး သွားထိုင် ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူတို့ အတွဲ က ကျွန်တော် လေးငါး ပေလောက် ထိ ဖယ်ပေးလိုက် တဲ့ ဘက်အထိ၊ လိုက်လာပြီး ပိုစတာကြည့်လိုက်၊ ရေခဲ ချောင်း စားရင်း လက်ကရေ တွေခါ လိုက်လုပ် ပြန်ရော ၊ ကျွန်တော့ မျက်နှာ ကိုရေတွေ စင်ပြန်ရော ။ ကျွန်တော် ကခွေးချီ အနိမ့် မှာထိုင်နေ တော့ မတ်တတ် ရပ် နေတဲ့ သူတို့လက်က ရေခါရင် ကျွန်တော့ မျက်နှာနဲ့ တမ်းနေတာပေါ့ ။ မဖြစ်သေးပါဘူး ဆိုပြီး မတ်တက် ရပ်ရင်း မျက် နှာ ကရေစက် တွေပြရင်း၊ ညီမ လက်ကရေတွေခါရင် ကျွန်တော့ မျက်နှာလာ လာစင်တယ်၊ မခါ ပါနဲ့ ပြောတော့ နှစ်ယောက်လုံးက ဘုကြည့် ကြည့် တယ်။ ပြီးတော့ မကျေနပ် ရင် ဘေးတိုး နေ ပေါ့၊ မထိုင် နဲ့ပေါ့ တဲ့။ ကျွန်တော် လဲ ဘေးကို ခု ဘဲရွှေ့ထား တာလို့ ပြောရင်း ရန်မဖြစ် ချင်တာရော ၊သူငယ်ချင်း ရဲ့စီးပွါး ရေးကြောင့် ရော၊ အခြား တစ်ဖက်ကို ထပ်ရွှေ့ ပေးလိုက်ပါတယ်။ သူတို့ နှစ်ယောက်က ကျွန်တော် ရွှေ့ တဲ့ဘက်ကိုထပ် ရောက် လာပြီး အဲဒီ ဘက်က၊ ပိုစတာ တွေကြည့် ပြန်ရော ။ အင်း..ငါ့မျက်နှာ တော့ရေစက် လာစင် ဦးမယ်။ တမင်များ လုပ်နေလားမသိ လို့မ တွေးမဆုံးသေး ဘူး၊ လက်ကရေခါလိုက် တာ လာစင်ပြန်ရော ။ ကျွန်တော် လဲဗိုက်ဆာ လို့ စိတ်တို တာနဲ့ရောပြီး ဟဲ့ နင့်လက်က ရေတွေ ငါ့မျက်နှာစင်တယ်၊ သုံးခါရှိပြီ လို့ခပ်တင်းတင်း ပြောတော့ ဆရာသမားက၊ မင်းကဘာကောင်လဲ ဆိုပြီး ကျွန်တော့ ရင်ဘတ် ကိုလှမ်းတွန်း တယ် ။  ကျွန်တော့ သီးခံ နိုင်မှူကုန် သွားတာနဲ့ အတူ ဗိုက်ဆာနေတဲ့ ဒေါသတွေနဲ့ ရောပြီး၊ ထ ဝုန်းလိုက်တာ ဆရာသမား လဲဂျွမ်း ပြစ်၊ ဆရာ မလဲ အော်ပြီး ပြေး၊ ဘေးက အညာသား နဲ့ ဆိုင်ထဲ ကသူငယ်ချင်း တစ်ယောက် ဝိုင်း ဆွဲနဲ့၊ ကဗျာ   ဆန်ဆန်   ံပြောရရင်၊ အဲဒီ ညနေလေး တော်တော် ရုပ်ဆိုး သွားတယ် ဗျာ။ လောက ကြီးများ၊ တစ်ခါ တစ်ခါ ကျ ရှောင်ပါတယ် ဆို အတင်းဝင်တိုး တတ်တာဘဲ ။ ခဏ တာဒေါသ ကို မထိန်း နိုင်လိုက်တာ၊ နောက် ဆုံးတော့ အထုပ် အရှုပ် တွေ ကို အစ်ကို လိုခင်တဲ့ သူငယ်ချင်း ကလိုက်ရှင်း လိုက်ရတာဘဲ အဖတ်တင်တယ် ။ သွေး အေးသွားတော့ ပြန်စဉ်းစားပြီး ဪ ငါ mature မဖြစ်သေး ဘူးလို့ဘဲ ကိုယ့်ကိုယ် ကို အပြစ်တင် လိုက်တော့ တယ်ဗျာ ။ L

 

About MAUNG

has written 19 post in this Website..

ကောင်းသော နေ့ပါ ။ melody.mg.melody@gmail.com