ခုဟာက မိုးတွင်းဆိုတော့ …..

ကျနော် အရင်က ရေးသားခဲ့ဖူးတဲ့ မိုးနဲ့ ပတ်သက်တဲ့ကဗျာလေးတွေကို ဒီရွာကြီးက ကဗျာချစ်သူတွေနဲ့ မျှဝေ ခံစားချင်ပါတယ် …

သို့ဂလိုကြောင့် အောက်က ကဗျာလေးတွေကို မျှဝေခံစားဖို့အတွက် ရေးသား ဖော်ပြလိုက်ပါကြောင်း ………

 

ချစ်သူ = မိုး

 

မိုးက
အငြိုးနဲ့ရွာ
လေတွေလည်း ပါတယ် …

သစ်ပင်တွေ ယိမ်းထိုး
အငြိုးနဲ့မိုးရယ်
ငါ့တစ်ကိုယ်လုံးကို
ရွှဲရွှဲစိုစေတယ် …

မနက်က နေသာလို့
ထီးက မပါ
ဒီလိုအခါမှ
မင်းက တအားရွာချတယ် ….

မင်း ရက်စက်တယ်ကွယ် ……….. ။

 

____________

မိုးနဲ့အတူ …….

 

မိုးစက်လေးတွေ
တဖွဲဖွဲ ကျနေသည် ..
ဒီနေ့ သူ့ကို စတွေ့သည် …… ။

မိုးက တဖြည်းဖြည်း
ပိုသည်းလာသည် ..
သူ့ကို ချစ်ခွင့်ပန်ပါသည် …… ။

မိုးက လေနဲ့ရောပြီး
သည်းသည်းမဲမဲကို ရွာသည်
သူနဲ့အတူ ချစ်သူဘဝ
အပျော်ကြီး ပျော်ဖြစ်သည် ….. ။

ခုတော့ …
မိုးလည်း စဲသွားပြီ …
သူနဲ့လည်း ကွဲသွားခဲ့ပါသည် ………. ။

 

မောင်ရွာ ………………

 

ဒါပါပဲ …

ကျနော် ရေးသားခဲ့ဖူးတဲ့ မိုးတွင်းနဲ့ သက်ဆိုင်တဲ့ ကဗျာလေးတွေ …..

 

အားလုံးကို ခင်မင်လျှက် ..

မောင်ရွာ

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။