အကြင်ခက် သမို့ …တမင်ဖြတ်

နင်မက် တဲ့ ..ငွေ

ရေလိုမစီး…ငါ့ခရီး က

ကြမ်း သ ပ…..

 

စမ်း လို မအေး…ပန်းလို မမွှေး

တဲအို လေး ထက်…ကဗျာ စပ်သူ ရဲ့…

အနာဂတ်…..

အိပ်မက်  ဖို့ ပင်….နင်

စိတ်ကူး မယဉ်……….

 

တွယ်ငင် နှောင်ဖွဲ့ …ရင့်လို့ မှည့်မှ

ဖဲ့ထွက် ခွာပြေး…ခုတော့ ဝေးပြီ

တေးသီ မချို..ငေးရီး ငိုမြဲ

စိုရွှဲ မျက်ရည်..ကံက ခေလို့ 

လေနှင် ရာလွင့်…သောက မြစ်ပြင်

သခင် ချန်ခဲ့…ဖော်မဲ့ တိတ်ဆိတ်

လရိပ် မဖြာ…နွေကန္တာ နှယ်

ကဗျာ သည်မှာ…ဘယ်မှာ ဖြေလို့ 

ပြေမလွယ်…။။။

About maung khinmin

maung khinmin has written 85 post in this Website..