အားကိုးရသူကြီးဆိုလို့တခြားမထင်ပါနဲ့ ကျွန်တော်တို့ရဲ့ အခိုင်းအစေကြီး Microsoft Windows OS ကိုဆိုလိုတာပါ။ကျွန်တော်တို့ရဲ့ နေ့စဉ် အလုပ်တွေကို ဒီကောင်ကြီးက မြန်ဆန်အောင် လုပ်ဆောင်ပေးနေတာပါ။တခြားအခိုင်းအစေကြီးတွေဖြစ်တဲ့ Linux တို့ Mac တို့ရှိပါသေးတယ်။ဒါပေမဲ့ ကျွန်တော်တို့ဆီမှာက Windows ပဲအသုံးများ ပါတယ်။ အခု ပွတ်ဖုန်း တွေမှာ ခေတ်စားနေတဲ့ Android ကလည်း Jelly Bean ဆိုတဲ့ Generation အသစ်ကို နောက်လာမဲ့ Notebook  တွေမှာ တင်ပြီး ဈေးကွက်ကို တင်တော့မှာပါ။

ဒီWidowsဆိုတဲ့ကောင်ကြီးရဲ့သမိုင်းကတော်တော်ရှည်လျားပါတယ်။ဒီဟာ ကြီးကို Bill Gate ဆိုတဲ့ လူကြီးကမွေးဖွားပေးခဲ့တာပါ။

အစပိုင်းမှာ ဒီ window ကို ၁၉၈၅ခုနှစ် နိုဝင်ဘာလောက်က DOS version(Disk Operating System) နဲ့စတင်ခဲ့တာပါ။Windows 1.0,Windows 2.0,Windows 2.1x,Windows 3.0,Windows3.1x ဆိုပြီးထွက်ခဲ့တာပါ။ဒီWindows version တွေက DOS ကိုအခြေခံထားတာပါ။အဲ့ဒီတုန်းကဆို computer သုံးရင် အခုလောက်မလွယ်ပါဘူး။ DOS command code တွေကိုသိမှသုံးလို့ရတာပါ။Start button တို့ အခုDestop ပေါ်က Icon လေးတွေတို့ဘာမှမပါပါ ဘူး။Screen မည်းမည်းကြီးပါပဲ။ အခု command prompt လိုပါပဲ။(keyboard ကနေ window key နဲ့ R နဲ့ တွဲနှိပ်လိုက်ပါ။ပေါ်လာတဲ့ Box မှာ cmd လို့ရိုက်ပါ)ပေါ်လာတဲ့ဟာကြီးက command prompt ပါပဲ။

နောက်ကျတော့ Microsoft က လွယ်အောင်ဆိုပြီး GUI(Graphical User Interface)ဆိုတာကိုထည့်သွင်းခဲ့ပါတယ်။GUI ဆိုတာက computer နဲ့ user  အကြား သုံးစွဲရလွယ်ကူအောင် ပြုလုပ်ပေးတာပါ။အခုအားလုံးနှိပ်နေရတဲ့ icon တွေ နာရီ တွေ button တွေကို GUI လို့ခေါ်ပါတယ်။

GUI ကိုတော့ Windows 95 ကနေစပြီး အခု Windows7ထိ သုံးစွဲနေပါတယ်။Windows 95 က နာမည်အတိုင်း ၁၉၉၅ မှာထွက်တာပါ။

Windows 95 နောက်မှာ Windows 98,Windows 2000 ဆိုတာတွေထွက်ခဲ့ပါတယ်။ဒါတွေက သိပ်လူသုံးမများခဲ့ပါဘူး။

Windows XP ထွက်ခဲ့တဲ့အခါမှာတော့ Microsoft ကြီးလျှမ်းလျှမ်းတောက်သွားပါတယ်။

Windows XP ကိုတော်တော် လူကြိုက်များခဲ့ပါတယ်။အခုချိန်ထိလဲ သုံးနေကြပါတယ်။

Windows XP နောက်ပိုင်းအားလုံးသိကြတဲ့ Windows Vista ကြီးထွက်ပါတယ်။တော်တော်နာမည်ကြီးပါတယ်။ကောင်းလို့မဟုတ်ပါဘူး။  တော်တော်ကြီးက်ိုဝေဖန်ခံလိုက်ရလို့ပါ။ဒီWindows Vista ကိုတင်ရင်  ကိုယ့်Computer ရဲ့ Hardware ပိုင်းကိုပါ အဆင့်လိုက်မြှင့်ရမှာပါတဲ့။ရေမပေါတဲ့ လူတွေကတင်းတာပေါ့ဗျ(woowarr လည်းပါပါတယ် :D)။Microsoft လည်းဝက်ဝက်ကွဲအရှုံးပေါ်ခဲ့ပါတယ်။

တော်တော်ပြောဆိုခံရပြီးချိန်မှာတော့Microsoft က မခံဘူးကွဆိုပြီး Windows 7 ကို ထပ်ထုတ်ပါတယ်။ဒီ Windows ကတော့ Hardware Upgrade မလိုတော့ပါဘူး။ Windows တင်ရာမှာ ရက်ရက်စက်စက် ကိုမြန်လွန်းပါတယ်။ Windows XP မှာ window တင်ချိန် တစ်နာရီ လောက်ကြာပေမဲ့Windows7မှာတော့နာရီဝက်လောက်သာကြာပါတယ်။window တက်ချိန်လည်းအရမ်းမြန်ပါတယ်။Security ပိုင်းကိုလည်း အကောင်းဆုံးလုပ်ထားတယ်လို့ဆိုပါတယ်။Interface လည်းတော်တော်လှ အောင်လုပ်ထားပါတယ်။Windows versionတွေထဲမှာအကောင်းဆုံးလို့လည်းဆိုပါတယ်။

ဒီ 7 ကြီးတောင် အားရအောင် မသုံးရသေးဘူး အခုနောက်ဆုံး Windows 8 ထွက်နေပြန်ပါပြီ။လုံးဝကိုပြောင်းလဲသွားပါတယ်။Window 7 နဲ့တောင်ဘာမှမဆိုင်တော့ပါဘူး။ window တက်ရင် လေးထောင့်တုံးကြီးတွေနဲ့ပဲမြင်ရမှာပါ။ပွတ်ဖုန်း(Touch phone)တွေ ကျောက်သင်ပုန်း(Tablet)တွေအတွက် အဓိကထားထုတ်တာနဲ့တူပါတယ်။အချို့လည်းသုံးနေကြပါပြီ။ကိုယ့်စက်မှာတင်ချင်ရင်တော့ ဆိုင်တွေမှာရနေပါပြီ။(ဒါနဲ့ ပြောရအုံးမယ် ၂၀၁၃ ကြရင် software တွေအတွက် Privacy law လာပြီတဲ့။တစ်ခွေ ၅၀၀,၁၀၀ဝ ရတုန်းဝယ်ထားနော်။ woowarr လည်းအားကြိုးမာန်တက် ဝယ်စုနေပါပြီ :D)။

ရွာသူရွာသားတို့မျက်စိအညောင်းခံဖတ်ပေးလို့ကျေးကျေးနော်…

About woo warr

woo warr has written 6 post in this Website..