ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၊ တောဆင်ငါးကောင်အုပ်ထဲတွင် ဆင်ဖြူတော်တစ်စီးပါဝင်ကြောင်း ဒေသခံပြည်သူတို့၏ သတင်းပေးပို့ချက်အရ သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဖမ်းအဖွဲ့များက ရှာဖွေဖမ်းဆီးခဲ့ရာ ဇွန် ၂၆ရက် ညနေ ၄နာရီ ၂၅မိနစ်ခန့်တွင် ဆင်ဖြူတော်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းဆင်ဖြူတော်မှာ အသက် ၃၈နှစ်ခန့်ရှိ ဆင်မဖြစ်ပြီး အရပ် ရပေ ၄လက်မရှိကာ လုံးပတ်မှာ ၁ဝပေ ၁၁လက်မရှိကြောင်း သိရသည်။
5 comments
intro
June 29, 2010 at 1:35 pm
ပုံလေးပါ ရရင် ပိုကောင်းမယ်ထင်တယ်ဗျ…
khinmintatthu
June 29, 2010 at 3:22 pm
ပုံလေးပြမှ ဖြူလား မည်းလား သိရမှာပေါ့…..
Mc_Cristy
August 13, 2010 at 7:41 am
This is fake . I think , there is no white-elephant nowadays. They only appear at the age of good Kings .
nigimi77
June 11, 2011 at 3:51 pm
Good King တွေ Bad King တွေ လုပ်မနေနဲ ့ ငှက်မကျ ဝက်မကျ လုံမလေး။
ဆင်ဟာ ဘယ်တုန်းကမှ မဖြူခဲ့ဘူး။ သတ္တဝါ အားလုံးဟာ ချွတ်စွတ်တူရမယ်လို ့ သဘာဝ က မသပ်မှတ်
ထားတာကြောင့် မဲ ချင်လဲ မဲမယ် ညိုညစ် ချင်လဲ ညိုညစ်မယ် ။
ဒါကတော့ ထားလိုက်တော့…..
” ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၊ တောဆင်ငါးကောင်အုပ်ထဲတွင် ဆင်ဖြူတော်တစ်စီးပါဝင်ကြောင်း ..”
ဘယ့်နှယ် ဆင်ငါး…ကောင် လို ့ သုံးပြီး ဆင်ဖြူ ကို်တော့ တစ်စီး လုပ်လိုက်ရတာလဲ။
မိုက်ကယ်ဂျော်နီအောင်ပု
June 11, 2011 at 5:31 pm
နှံ့စပ်ပါပေ့
တွေ့ရှိတတ်ပါပေ့
ဝေဖန်နိုင်စွမ်းရှိပါပေ့
ပြောရဲဆိုရဲရှိပါပေ့
ဘာပါပေ့
ညာပါပေ့
ဟိုပါပေ့
ဒီပါပေ့
ပါပေ့ပေါင်းသရဖူဆောင်း
ပါပေ့ ပါရဂူ
ခုနစ် နှစ်လုံးဆိုတော့ လေးပေါက် ( မန္တလေးဦးပေါက်မဟုတ်ပါ )
ထို
ပါပေ့ဆရာ
ပါပေ့ဝိဇ္ဇာ ကြီးအား
မော်တော်ပီကယ်ရာဒူးဂျီးဂို ခန့်အပ်ဘို့ အဆိုတင်သွင်းလိုက်ပါပေ့ 😀