အင်တာနက်ဆိုတာ ……….
အသုံးဝင်မှု အပိုင်းကပြောရင် ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်း (၁၃၀၀)ကျော်ပါဝင်နေတဲ့ မြို့တော်ကြီးတစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ကမ္ဘာပေါ်က လူသန်းပေါင်း (၇၅၀၀) ကျော်ရဲ့ ၆ပုံ ၁ပုံ က ဒီနေ့ခေတ်မှာ အင်တာနက်ပေါ်က တစ်ဆင့် အချင်းချင်းချိတ်ဆက်၊
ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ စာမတက်တဲ့သူ၊ ကိုယ်အင်္ဂါချို့တဲ့သူ ၊ နားမျက်စိ အလင်း မရသူများတောင်မှ အင်တာနက်နဲ့ ချိတ်ဆက် အသုံးပြုလာနိုင်ပြီလို့ ဆိုရမှာ ဖြစ်ပါ တယ်။
လူသန်းပေါင်းများစွာ အသုံးပြုတဲ့ အင်တာနက်ရဲ့ အသုံးပြုခကလည်း သာမန်ဆင်းရဲသူများပါ သုံးလာနိုင်အောင် ဈေးနှုန်းသက်သာလာတဲ့အတွက် ကမ္ဘာဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အင်တာနက် အသုံးပြုမှုဟာလည်း တစ်နေ့တစ်ခြားတိုးတက်များပြားလာခဲ့ပါတယ်။ လူကြီးလူငယ်မရွေး အင်တာနက်ကြိးကို ပါးစပ်ဖျားက မချ ၊ လက်ကကိုင်လာနိုင်တဲ့ အင်တာနက်ရဲ့ တန်ခိုးအရှိန် ဟာ ကြီးမားလာနေပါပြိ။ အင်တာနက်ကို ကမ္ဘာတစ်ဝှမ်းက ချိတ်ဆက်အသုံးပြုနေတဲ့ နှုန်းထားဟာ ဆိုရင်ဖြင့် တစ်နာရီထက် တစ်နာရီ ပိုပြီး တိုးတက်လျက် ရှိပါတယ်။ အင်တာနက်ဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အကြောင်းအရာပေါင်းစုံကို တစ်ထိုင်တည်း၊ တစ်ချက် တည်းနဲ့ ရှာဖွေပေးနိုင်ပြီး လွယ်ကူလျင်မြန်စွာ ကမ္ဘာတစ်ဝှမ်းနဲ့ ဆက်သွယ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒီတော့ အင်တာနက်သုံးတဲ့အခါ ဘာတွေသိထားရမလဲဆိုတာ ဒီမှာ ဖေါ်ပြပေးလိုက်ပါတယ်။

manawphyulay

About manawphyulay

manawphyu lay has written 936 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။