“လေချူသီးလို့ခေါ်ကြတဲ့ လိုင်ချီးစ်”
Lychee fruit taste is sweet and rich in nutrients, because they contain vitamin C and potassium levels are high. Substances present in the lychees can prevent
and treat various diseases, such as coughs, ulcers, and hypertension.
လိုင်ချီးစ်သီးရဲ့ အရသာက ချိုမြိန်တယ်။ အာဟာရဓာတ်ပြည့်ဝတယ်။ဗိုက်တာမင် စီနဲ့ ပိုတက်စီယမ်
ပါဝင်နှုန်းလည်းမြင့်တယ်။ ချောင်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ သွေးတိုးခြင်းစတာတွေလိုမျိုး
ရောဂါမျိုးစုံ ကာကွယ်ပေးနှိုင်တဲ့ ဓာတ်သဘာဝ ပစ္စည်းတွေပါရှိပါတယ်။
Lychee fruit comes from the province of Kwantung and Fukien in Southern China.
In 1873 the plant was spread to Hawaii, then to Florida, USA in 1883. Kwantung
and Fukien province in China known as the largest producer of lychee fruit,
followed by India and other countries. In Indonesia, plants lychees, not so popular. However, because it has a unique taste and high economic value, this plant has also started trying farmed in Bali (Ubud, Tabanan, Badung) and Cianjur.
တရုပ်ပြည်တောင်ပိုင်း ခွမ်ဒေါင်းနဲ့ ဖူကီရမ်နယ်တွေမှာ လိုင်ချီးစ် ဖြစ်ထွန်းပါတယ်။ (၁၉၇၃)ခုနှစ်
မှာ ဟဝိုင်ရီ၊ ဖလော်ရီဒါ ဒေသများကို ပျံနှံ့ခဲ့ပါတယ်။ အမေရိကကိုတော့ (၁၈၈၃)ခုနှစ်မှာရောက်ရှိ
ခဲ့ပါတယ်။ ခွမ်ဒေါင်းနဲ့ ဖူကီရမ်နယ်တွေ နောက်မှာ အိန္ဒိယနှင့် အခြားတိုင်းပြည်တွေကလည်း
များစွာစိုက်ပျိုးထုတ်လုပ်ခဲ့ပါတယ်။ အင်ဒိုနီးရှားမှာသိပ်ပြီးလူကြိုက်မများပေမဲ့ ဘာလီကျွန်းနဲ့
စီဂျာတို့မှာတော့ စတင်စိုက်ပျိုးနေပါပြီ။
Lychee is a subtropical plant. Known by several terms, such as Lichi, Litchi, lichee, laichi, leechee, or lychee. Lychee fruit has a high price, both in fresh and in processed form.
လိုင်ချီးစ်ဟာအပူပိုင်းလျော့ဒေသသီးနှံပါ။ သူ့အမည်ကိုတော့ (Lichi, Litchi, lichee,
laichi, leechee, or lychee) အမျိုးစုံခေါ်ကြပါတယ်။ လိုင်ချီးလတ်လတ်ဆတ်ဆတ်ရော
စည်သွပ်ထားတာရော ဈေးတန်စွာပေးရပါတယ်။
(မြန်မာလိုပြန်ရေးတဲ့ တစ်ချို့ စာလုံးတွေ အသံထွက်မှားနေရင် ကျမ ညံ့တာပါ။)
ကျုပ်တို့အရပ်ကလူတွေကြ လေချူသီးတဲ့. …. ထား
ကျုပ်တို့ဆီမှာလဲ ပေါပေါများများထွက်နေတဲ့ဟာ စည်သွပ်ဘူးတွေ ပုလင်းတွေ ဝယ်စားနေရတာတော့ သိပ်မဂွတ်တာ အမှန်
Was this answer helpful?
LikeDislikeမောင်ပေရေ…
ပထမဆုံးစာလာဖတ်သူအဖြစ် ကျေးဇူးတင်ပါတယ်။
တီချာလည်း ကြက်မောက်သီးကိုပိုကြိုက်တယ်။
ဒီပို့စ်တင်တာက အသီးပုံတင်ချင်လို့ လုပ်ကြည့်တာ
မောင်ပေရယ် တီချာ့ပုံက ပြတ်ထွက်နေတယ်နော်။
ဘာမှ ကောင်းကောင်းကန်းကန်းမလုပ်တတ်ဘဲနဲ့
သူများပုံတွေလှလို့ လိုက်လုပ်တာ။ ရှက်စရာကြီး။
Was this answer helpful?
LikeDislikeYou can ask KoPauk how to do?
May God Bless You!
Was this answer helpful?
LikeDislikeတရုတ်ပြည် fujian ပြည်နယ်မှာတော့
မြန်မာပြည်က သရက်သီးပေါ်ချိန် သရက်သီးပေါသလိုကို
ပေါမှပေါပါဘဲ..
ဒီနယ်မှာလိုင်ချီ ပင်တွေက ကျနော်တို့အောက်မြန်မာပြည် နေအိမ်ခြံတိုင်သရက်ပင်ရှိသလို
ရှိကြတော့ ခုလို လိုင်ချီပေါ်ချိန်ဆို ဈေးထဲမှာ ခြံထွက် တနိုင်တပိုင်လာရောင်းကြတယ်..
လပ်လပ်ဆပ်ဆပ်ကိုဝယ်စားလို့ရတဲ့အချိန်ပါ….
Was this answer helpful?
LikeDislikeကိုရင်မောင်ရေ…
လတ်ဆတ်ရင် အရည်ရွှမ်းနေမှာမို့ စားကောင်းမှာပဲနော်။
သံဗူးတွေထဲမှာ စည်သွတ်ပြီးသားစားရတာတော့ ဖွယ်တယ်တယ်နဲ့နော်။
Was this answer helpful?
LikeDislikeဟုတ်ပါ့ စည်သွတ် ဗူးထဲ ထည့် ထားတဲ့ဘာသီးသီးဖြစ်ဖြစ် စားရတာ တကယ် ကိုအရသာမရှိဘူး TTNU ရယ်ပုံလေးပါ ထည့်ပြထားတော့စားချင်စိတ်ကိုဖြစ်မိစေတယ် ထမင်းစားပြီးရင် လာပြန်ကြည့်အုံးမယ် အချိုတည်းလို့ရအောင် ..
Was this answer helpful?
LikeDislikeဟုတ်ပါတယ်..ဒီမှာတော့ မနက်ဘက်ဈေးသွားတိုင်း
ဝယ်လာနေကျပါ..
မျိုးကောင်းတဲ့အသီးဆို အသားကထူပြီးအစေ့ကသေးပါတယ်
တရုတ်အလေးချိန်က ပေါင် ကီလို လားတော့ မသိဘူး
တရုတ်အခေါ် တပိသာ ကို ၄ယွမ်၅ယွမ် ပေးရပါတယ်
သူတို့၃ပိသာကို ကျနော်တို့ဆီကတပိသာလောက်တော့ရှိပါတယ်…
Was this answer helpful?
LikeDislikeတီချယ်ကြီး
ဒီမှာတော့ ဆိုင်တွေမှာ အမြဲတွေ့မနေရဘူး။
ဈေးကြီးတယ်။
လာရင်လဲ Israel နဲ့ South Africa က လာတယ်ထင်တယ်။
စည်ဘူး တွေကတော့ ပေါတယ်။
မောင်ပေ ပြောသလို အရသာမရှိဘူး။
ဒါထက် မောင်ပေ – May God Bless You! တွေ ဘာတွေ ဖြစ်လို့။
သူကြီး နဲ့ ပေါင်းပြီး ဘာသာပေါင်းစုံ လေ့လာရေး ဆင်းတော့မှာလား။ ;-)
ကိုရင်မောင်
အဲဒီမှာ အစားအသောက်တွေ အဓိက အသီးအနှံ တွေ ကအတော် စားလို့ ကောင်းမယ် ထင်ရဲ့။
အချိန်လေးများ ပေးနိုင်ခဲ့ရင်၊ ကလေးတွေ နဲ့ ကွန်ပျူတာ လုမနေရရင် တရုတ်ပြည် အတွေ့အကြုံလေးများ လဲ မျှပါဦး။ :-)
Was this answer helpful?
LikeDislikeတီချယ်ကြီးခင်ဗျာ…။
အသီးကိုတော့ တစ်ခါမှ မစားခဲ့ဖူးဘူး ခင်ဗျ..။
ဖျော်ရည်ကတော့ Max ကထုတ်တဲ့ ပုလင်း သောက်ဖူးပါတယ်…။
ချိုရဲရဲကြီးနဲ့ သောက်လို့ မကောင်းလှဘူးခင်ဗျ..။
လေးစားခင်မင်တဲ့
ဘလက်….။
Was this answer helpful?
LikeDislike” အသီးကိုတော့ တစ်ခါမှ မစားခဲ့ဖူးဘူး ခင်ဗျ ”
ဟင် ၊ ကို Black ကလဲ ၊
“Lychee” ရန်ကုန်မှာ ဒီလောက်ပေါတဲ့ အသီးကို ။
“Longon” မစားဘူးဘူး ဆိုရင်မှ လက်ခံနိုင်သေးတယ် ။
Was this answer helpful?
LikeDislike{{လိုင်ချီးစ်သီးရဲ့ အရသာက ချိုမြိန်တယ်။ အာဟာရဓာတ်ပြည့်ဝတယ်။ဗိုက်တာမင် စီနဲ့ ပိုတက်စီယမ်
ပါဝင်နှုန်းလည်းမြင့်တယ်။ ချောင်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ သွေးတိုးခြင်းစတာတွေလိုမျိုးရောဂါမျိုးစုံ ကာကွယ်ပေးနှိုင်တဲ့ ဓာတ်သဘာဝ ပစ္စည်းတွေပါရှိပါတယ်။}}
တီချယ်ကြီးရေးပြမှဘဲ လိုင်ချီးစ်သီး ကရောဂါကာကွယ်မှုတွေအတွက်ကောင်းမှန်း သိရပါတယ်။ကျေးဇူးတင်စွာဖြင့် မှတ်သားသွားပါတယ်ရှင့်။
Was this answer helpful?
LikeDislikeနွယ်ပင်က လိုင်ချီးစ်သီးကို အရမ်းကြိုက်တာ အသီးကိုလည်းကြိုက်တယ် ဖျော်ရည်ကိုလည်းကြိုက်တယ်
)
Queen ကထုတ်တဲ့ လိုင်ချီးစ်သီးအရသာ ဖျော်ရည်က အရမ်းကောင်းတယ် …. (ကြော်ငြာခြင်းမဟုတ်ပါ
Was this answer helpful?
LikeDislikeအသီးနှံကြိုက်သူမို့
လိုင်ချီးစ်သီးကိုလဲကြိုက်ပါတယ်…
ပုံလေးကြည့်ပြီး စားချင်လာပြီ…
Was this answer helpful?
LikeDislikeဆရာမကြီးချင့်
သမီးက အချိုရှောင်လို့အနံဘဲခံသွားပါတယ်
တောင်ပေါ်မှာ ၁ပိသာမ ၆၀၀ကျပ်ဘဲရှိတာပါ
သမီးထီပေါက်ရင် လေချူသီးခြံဝယ်မယ်ချင့်
Was this answer helpful?
LikeDislikeလေချူသီးကို ကျနော်လည်းကြိုက်ပါတယ်..
ရောဂါတွေကာကွယ်နိုင်တာတော့ တိတိကျကျ
အခုမှသိရပါတယ်..သွေးတိုးလည်းကောင်းတယ်
ဆိုတော့အတော်ပဲ…ကျေးဇူးပါတီချယ်ကြီးခင်ဗျ..
Was this answer helpful?
LikeDislikeလေချူသီး အရမ်းကြိုက်တယ်
အခက်လေးတွေနဲ့ တွဲပြီးရောင်းတာကိုပိုသဘောကျတယ်
မြင်ရတာလဲ ချစ်စရာလေး
Was this answer helpful?
LikeDislikeတခါတရံ သာ စားဖူးပါဧ။်
အရသာ ပင် သေသေချာချာ မမှတ်မိတော့ ပါ။
ရန်ကုန်မှာ ဈေးအတော် ကြီးပါသလား။
လည်ချောင်း နာ နေလို့ ၀ယ်စားချင် ပါ၍ အသီးလတ်လတ် မည်သည့် နေရာ တွင် ပေါပေါ ရနိုင် ပါသလဲ ခင်ဗျာ။
အပြန် တရုတ်တန်း ကို ၀င်၍ ၀ယ်သွား ပါတော့ မည်။
ကျေးဇူးတင်ပါသည်။
Was this answer helpful?
LikeDislikeအရမ်းကြိုက်တဲ့အသီးပါ..
ပြောရင်းနဲ့တောင်စားချင်လာပီနော်..
ကျန်းမာရေးအတွက် သင့်တော်တယ်ဆိုတော့ ..
ကျေးဇူးပါ တီချယ် ရှင့်..
Was this answer helpful?
LikeDislikeSnow White ရေ.. ဟုတ်တယ်နော်။သံဗူးထဲမှာမို့ အရောင်ကလည်း
သိပ်မလှချင်ဘူး။
မလတ်ရေ… အသီးရှားတဲ့တိုင်းပြည်ရောက်နေတာလား။ တီချာအိမ်ကသရက်ပင်လေ
ဒီနှစ် အလွန်အမင်းသီးတာ၊ မနက်တိုင် ကြွေကျတာတွေ အိပ်ထဲထည့်ပြီး
ခြံပြင်မှာသွားချိတ်ထားရတယ်။ စားချင်သူတွေယူနှိုင်အောင်လေ။
ကိုချောရေ…
ရေးထားတဲ့ စာတွေမြင်ရပြီးဖတ်ရပြီး Log in လုပ်မရလို့ ဟိုတလောက
ဘာမှ comment မပေးလိုက်ရဘူးကွယ်။
ကြည်ဆောင်းရေ… နာမည်ဖတ်ပြီးယောင်္ကျားလေးမှတ်နေတာ။
နွယ်ပင်၊မအိ၊ ကိုကြီးမိုက်၊ မမနိုရာ၊မေဂျူလိုင်၊တို့ရေ…
လိုင်ချီးစ်ကြိုက်သူများပေါ့။ ကြက်မောက်သီးနဲ့ ဆိုရင် ဘာပိုကြိုက်ကြသလဲ။
တီချာကတော့ ကြက်မောက်သီးပိုကြိုက်လို့။
ဖရဲရေ.. လေချူသီးခြံမဝယ်ဘဲ ဖရဲခင်းဝယ်ပါလားဟယ်။
လေးပိုင်ရေ… မန္တလေးမှာပိုပေါမယ်ထင်တယ်။တရုပ်ပြည်၊ ရှမ်းပြည်တွေ ကဝင်တာဆိုတော့။
မေတ္တာဖြင့်
TTNU.
Was this answer helpful?
LikeDislikeကြိုက်တာနဲ့ ရောဂါတွေ ပျောက်စေတယ်ဆိုတာနဲ့ အတော်ပဲ။
ချော်လဲ ရောထိုင် စားပစ်လိုက်တော့မယ်။
Was this answer helpful?
LikeDislikeဟုတ်တယ် မမရေ ကျမလည်း ကြိုက်တယ် ခုလိုပြောတော့ ပိုစားကောင်းသွားတာပေါ့ ။
တီချယ် ရေ နောက်ခါ အနော်လာရင် ကြက်မောက်သီး ၀ယ်ခဲ့ပေးမယ်နော်။
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
Was this answer helpful?
LikeDislikeလိုင်ချီးသီးကိုလေချူသီးလို့လည်းခေါ်တယ်ဆိုတာ တီချယ်ကြီးပို့စ် ဖတ်မှပဲသိရတော့တယ်။တော်တော်တုံးတဲ့တောင်။
Was this answer helpful?
LikeDislikeမမရေ…
ထပ်ယူပါဦးလား။
မပုရေ..
ကြက်မောက်သီးမမျှော်ပါဘူး။လူနဲ့ အခွေနဲ့သာ။
ကြောင်လေးရေ..
အညာကခေါ်တာပါကွယ်။
ရန်ကုန်လူတွေ မခေါ်ဘူးထင်ပါရဲ့ ။
မေတ္တာဖြင့်
TTNU.
Was this answer helpful?
LikeDislikeခုလောလောဆယ်တော့…
ပုံလေးမြင်ပြီး…
စားချင်လာတယ်…:P
Was this answer helpful?
LikeDislikeမာမီ အဲဒီလေချုသီးပေါတဲ့နေရာကို ကျနော်လမ်းသလားထဲ့ပိုစ်ထဲမှာရေးထားပါတယ်။
မာမီဝေါပေါ်ကိုလေချုသီးပုံတင်ပေးလိုက်ပါမယ်
မာမီက ဒီမှာပြန်ထည့်လိုက်နော်
Was this answer helpful?
LikeDislike