“အင့်”… “ခွပ်” ဆက်တိုက်ဆိုသလို ကျနော်လဲ ယိုင်သွားပြီး ဟန်ချက်မနည်းထိန်းလိုက်ရပါတယ်။ စကားပြောလက်စ ကျနော်ဖုန်းကတော့ မြေပြင်ပေါ်မှာ ။ “ဟာ..ဆော၇ီး အကိုရာ ဆော၇ီး” ။ကောင်လေးကအတင်းတောင်းပန်ရင်း ကျနော်ကိုတော်တော် အားနာနေပုံပါ။ တောင်းပန်တာက ကောင်လေး တိုက်လိုက်တာက ကောင်မလေး။ တစ်မျိုးပါပဲလား။ သူငယ်မကတော့ မတောင်းပန်တဲ့အပြင် ဂျိုကြည့် ကြည့်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ထွက်သွားပါကရောလား။ ကျနော်လဲ သူငယ်ချင်းဆေးခန်းလာပြတဲ့ လူနာတွေဆိုတော့ “အိုကေ ညီလေး ရတယ် ” ပြောပြီး သူငယ်ချင်းရှိရာ ဆေးခန်းတွင်းသို့ ၀င်လိုက်ပါ၏။ စိတ်ထဲမှာတော့ တင်းနေတာ မိုးလင်းကတည်းက..။

“ဟ..ငါ့ကောင်လူဆိုး ပျောက်ချက်သာားကောင်းလှချည်လား။ မျက်စိလည်လာတာတော့ မဟုတ်ပါဘူးနော ”

“အေးမင်းဆီလာ၇တာလဲ ဗေဒင်တွေထဲက ပြသာဒါးပဲ..။ ကားပျက်လို့ ၀ပ်ေ၇ှာ့ထိုးပြီး မင်းနဲ့တွေ့ဖို့လာပါတယ် အ၀င်ဝမှာတင် ဟိုလူနာ
၂ ယောက်တိုက်လို့ ဖုန်းကပြောနေရင်းနဲ့ အောက်ကျသွားရော..”

“စိတ်လျှော့ပါကွာ သူတို့မှာလဲ သူတို့ အပူနဲ့ဆိုတော့ မင်းရပ်နေတာ သတိမထားမိတာထင်တယ်… စိတ်ကို နည်းနည်းလေးလျော့”

“အေး..နေစမ်းပါဦး..။ သူတို့အရွယ်ကြည့်ရတာ ကျောင်သားအရွယ်တွေ ပညာကိုအေးအေးဆေးဆေး သင်နေကြရမှာကို ဘာတွေများ အဲဒီလောက်
အပူတွေကြီနေန၇တာလဲဟ..ပြောရင်း တင်းလာပြီ။ ဘာအပူပဲရှိရှိကွာ လူတစ်ယောက်လုံးရပ်ပြီး ဖုန်းပြောနေတာကို
မမြင်ပဲဝင်တိုက်တာတော့ တော်တော်ဆိုးတယ်။ ၀င်တိုက်တဲ့ ကောင်မလေးက တောင်းပန်စကားတောင် မပြောနိုင်တော့ တော်တော်ကြီးတဲ့
အပူဖြစ်ရမယ် ”

” မင်း…အဲဒါကြောင့် လူပျိုကြီးဖြစ်နေတာ မဆန်းဘူးလို့ ..။ မင်းစဉ်းစားကြည့် ..ငါက OG လေးကွာ မင်းလဲသိတာပဲ..ငါ့ဆီကို ဒီအရွယ်တွေ
လာပါတယ်ဆိုမှာတော့..။ မင်းကိုဝင်တိုက်ရလောက်အောင် ကြီးနေတဲ့အပူက ပြောရရင် ဗိုက်ပူတာဟေ့..ဗိုက်ဗိုက်…..
(စိန်ဗိုက်ဗိုက် ကိုဆိုလိုခြင်းမဟုတ်ပါ):P

“သြော်” ….လို့ တစ်ခွန့်းပဲ ကျနော် သူငယ်ချင်းကိုတုံ့ပြန်မိပါတယ်။

“ဒါနဲ့ မင်း သူတို့ကို ဘာပြောပြီး ဘာလုပ်ပေးလိုက်လဲ ” ကျနော် စကားဆက်မေးမိလိုက်၏။

” ငါသူတို့ကို လက်ထပ်ဖို့ပဲတိုက်တွန်းလိုက်တယ် သူငယ်ချင်း။ မင်းစဉ်းစားကြည့် လူဆိုးရာ .. သူတို့အရွယ်လေးတွေက ၁၈၊ ၁၉ ထက်မပိုပါဘူး
လွန်ေ၇ာ ၂၀ ပေါ့ကွာ။ အေး..အမှန်အတိုင်းပြောရရင် လက်ထပ်ဖို့၊ အိမ်ထောင်သားမွေး ပြုရမယ်အရွယ်ထက် နဲနဲ စောနေသေးသလိုပဲ။
ဘာကြောင့်လဲဆိုတော့ ဒီလိုပညာရှာနေတဲ့ အရွယ်၊ ကျောင်းသားပဲ လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံက လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးကို စနစ်တကျ
ထိန်းသိမ်းဖို့ stable ဖြစ်နိုင်ပါ့မလား..။ မိဘာတွေ ချမ်းသာတယ်ဆိုရင်တော့ စီပွားရေး စိတ်အေး၇တာပေါ့ကွာ။ ဒါပေမယ့် ဘ၀အတွေ့အကြုံ
မပြည့်စုံသေးတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု၊ စာနာမှု၊ ခွင့်လွတ်မှု ဆိုတာတွေ မတည်ဆောက်တတ်သေးတော့ အိမ်ထောင်ရေးက
ငယ်ငယ်၇ွယ်ရွယ်မှာ အိမ်ထောင်ရေးပြသာနာတွေကိုမထိန်းတတ်ဘူးလို့ ယျေဘူယတွေ့ရတယ်။ ကြီးတဲ့အမှု ငယ်အောင် ၊ ငယ်တဲ့အမှု ပပျေက်အောင်
မထိန်းတတ်ကြတာပေါ့။ ငါ့မျက်စိရှေ့မှာလဲ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်သည်တွေထက် ၂၅ နှစ်နောက်ပိုင်း အိမ်ထောင်သည်တွေက ပိုပြီး
အေးချမ်းတည်ငြိမ်တည်တဲ့ အိမ်ထောင်သည်ဘ၀ကို ရတာများတယ် (အားလုံးတော့ မဟုတ်ဘူးနော် )။ အဲ..အိမ်ထောင်ရေးအဆင်မပြေမှုရဲ့
ဘေးထွက်ဆိုးကျိုးကတော့ မွေးလာတဲ့ သားသမီးတွေမှာ သက်ရောက်မမှုရှိလာလိမ့်မယ်။ အိမ်ထောင်ရေးအဆင်မပြေတော့ မွေးလာတဲ့ သားသမီး
တွေရဲ့ ကျန်းမာရေး၊ ပညာရေး နဲ့ အနာဂတ်ကို ကောင်းကောင်းမပျိုးထောင်သလို၊ တစ်ချို့ကလေးတွေဆို စိတ်ဒါဏ်ရာတွေ၇မယ်၊ ဆင်းရဲတဲ့
တွေဆိုရင် ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ရမယ်၊ နိုင်ငံမှာလဲ ခိုကိုး၇ာမဲ့ကလေးတွေများလာသလို ကလေးလုပ်သားတွေလဲ တိုးပွားလာလိမ့်မယ်။

” ဟေ ..ဒါတွေကို မင်းစဉ်းစားမိတာတောင် မင်းက သူတို့ကို လက်ထပ်ဖို့ တိုက်တွန်းသေး….” ကျနော် စကားမဆုံးသေးပါ…….

” မင်းထင်သလို မဟုတ်သေးဘူး လူဆိုးရ.. ငါတို့မှာလဲ နီးရာဓါး ကြောက်ရသေးတယ်။ ဒီအသက်အ၇ွယ်နဲ့ ကိုယ်ဝန်ဖျက်လိုက်ရလို့ဖြစ်လာမယ့်
ဘေးအန္တရာယ်က လူ့အသက်ကိုပါ ထိခိုက်နိုင်တယ်ကွ။ ပိုပြိးတော့ လောလောဆယ် အန္တရာယ်များတယ်။ လူတစ်ယောက်ရဲ့ ၊အသက်အန္တရယ်၊
ရှင်သန်ရပ်တည်မှု၊ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေနဲ့ပါ ပတ်သတ်နေတယ်။ အခု စုံတွဲက ဆေးပညာအမြင်၊ ဗဟုသုတလေး၇ှိလို့ ငါတို့ဆီကို
ရောက်လာကြပေမယ့် တစ်ချို့က ရှက်လို့တဲ့ ။ဆေးခန်းမလာကြဘူး။ ရပ်ကွက်ထဲက လက်သည်ဆိုတာတွေနဲ့ ဖြစ်သလိုလုပ်ကြတော့
အသက်တွေဆုံး၊ ဘ၀တွေဆုံး အရာရာတိုင်းသော ရည်မှန်းချက်တွေ ပျောက်ဆုံးကုန်တဲ့ သူတွေ ဒု နဲ့ ဒေး ပါ။ တောရွာဘက်တွေဆို
အဆိုးဆုံးပဲ။ ဖြစ်သလိုလုပ်ကြတော့ အသက်တွေဆုံး ၊ ဘ၀တွေဆုံး တဲ့အထိဖြစ်လာနိုင်သလို ဖြစ်လဲဖြစ်နေကြတယ် သူငယ်ချင်း….။

” မင်းဒါတွေကိုတွေးမိ၇က်နဲ့ အခုငါတွေ့ခဲ့တဲ့ အတွဲကို လက်ထပ်နိုင်ဖို့ ကြိုးစားပါလို့ မင်းပြောလိုက်တာကရော” ကျနော့် စကားပင်မဆုံးလိုက်ပါ…..

” သူတို့ချင်း ချစ်လို့ ကြိုက်လို့ ဖြစ်တာပဲကွာ။ ခုဆိုလဲ မပေါ့မပါးကြီးနဲ့ဆိုတော့ ယူလိုက်ကြတယ်ပဲထား…အိမ်ထောင်သက်တမ်းလေးကြာလာရင်
သူ့အလိုလို ဘ၀အတွေ့အကြုံတွေရလာလိမ့်မယ်။ ရန်ဖြစ်ရင်တောင် လင်နဲ့မယား လျှာနဲ့သွား ပေါ့ကွာ။ စကားပုံတောင်ရှိသေး။ ဒီလို တဖြည်းဖြည်းနဲ့
အိမ်ထောင်ကို ထိန်းသိမ်းတတ်၊ ဦးဆောင်တတ်လာလိမ့်မယ်။ ဒါဆိုရင် ခုလို လက်တွေ့ကြီး အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုကနေ သူတို့ရော၊
ငါရော ရှောင်လွဲလို့ရသလို ချစ်တဲ့သူချင်း ပေါင်းရအောင် တိုက်တွန်းပေးတဲ့ ငါလဲ ကုသိုလ် ရတာပေါ့ကွ..ဟားဟားဟား…

” အေး ..ဒီနေ့ ရက်ရာဇာကွ ” ကျနော်စကားမစပ် ပြောလိုက်မိ၏။

” ဟေ..ဘာဖြစ်ရပြန်တာလဲ လူဆိုးရာ..။ ခုပဲ ပြသာဒါး၊ ခုပဲ ရက်ရာဇာဖြစ်သွားပြန်ပြီ”

” ကျေးဇူး..ငါ ကုန်ကြမ်းတစ်ခုရ သွားလို့ကွ…ဟဲဟဲ ။ ငါ ကားပြီးပြီလား ၀ပ်ရှော့ ကို လစ်လိုက်ဦးမယ် ..မနက်ဖြန် ဖုန်းဆက်လိုက်
သူငယ်ချင်း ..ငါလစ်ပြီ…”

ဆေးခန်းကထွက်လာကတည်းက ကျနော်တွေးရင်းနဲ့ လမ်းလျှောက်လာမိတယ်…..့……………………………………
+++ကျနော်တို့ အဖိုးတွေ၊ အဖွားတွေ ခေတ်က ၃ နှစ် ၃ မိုး လေ့လာပြီးမှ အဖြေပေး၊ ငွေစု၊ လက်ထပ်၊ အတူနေကြ……။
+++ကျနော်တို့ အဖေတွေ၊ အမေတွေ ခေတ်က အဖြေလေးရဖို့ ၁ နှစ်လောက်အကဲခတ်ပြီးမှ အဖြေပေး၊ လက်ကလေးကိုင်ခွင့်ရဖို့ ၆ လ လောက်စောင့်ရ၊
ပြီးရင်ငွေစုလိုက်ဦး..။ အားလုံးပြည့်စုံမှ လက်ထပ်၊ အတူနေကြတယ်။
+++ကျနော်တို့ခေတ်ကျတော့ ………….

” အ…ဟင်း…ဟင်း..ဟင်း…ခွိ..ခွိ..ခွိ..ခွိ….”
” အ…ဟစ်…ဟစ်..ဟစ်..ဂြီး..ဂြီး..ဂြီး..ဂြီး…

ကျနော့် ကားအစုတ်ကို အင်ဂျင်စမ် နိုးနေသံကြားမှပဲ ကားဝပ်ရှော့ကိုရောက်တာ သိလိုက်ရပြီး ကျနော့် အတွေးစ ပြတ်တောက်သွားပါ၏။

+++ရာဇ၀င်လူဆိုး+++

” မင်း အဲဒါကြောင့် လူပျိုကြီး ဖြစ်နေတာ ငါ့ကောင်ရ..။

About ရာဇ၀င်လူဆိုး

yar za win lu soe has written 16 post in this Website..

ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ အသဲနုတယ်၊ လက်သီးပြင်းတယ်၊ အပျင်းပြေ လူသတ်တယ်….