1 အဝေးကစေတီ မှန်းရည်လို့မျှော်ဖူး
မြင်ရသူ စိတ်ကြည်နူးတယ်
တည်ခဲ့ပုံထူး……………………………………………

2 ဇေယျာတိုင်း မိုင်းမြမြမှုန်ရီ
အလယ်မှာရွှေစေတီ
ဧရာဝတီကတော့ ဟိုအဝေး
မြင်ရသူဘ၀င်ပန်း
လွှမ်းဘွယ်ကွဲ့လေး…………………………….

3
အဆူဆူ ရွှေစေတီ
ရှေးမွေချန်ထား
နှစ်တာရှည် ကျန်စေဘို့
ဝိုင်းဝန်းစို့လား……………………………………..

4 သစ်ကိုင်းလေးစိုစိမ်းမြ
ရွှေစေတီနေရောင်အခ
ပြာလဲ့စင်ကောင်းကင်အလှ
မြင်ရသူဘ၀င်ချမ်းမြ……………………………………….

5 အဆင့်ဆင့်ထပ်စီ
သီတဂူမြတ်စေတီ။
ထူးခြားတဲ့ပုံတော်တည်
ဆင်များရှင်စေတီအဆန်း
အမြင့်အဝေးမှသည်
ဖူးမျှော်ရည်မှန်း……………………………..

6 မြစ်အနားသတ်
မြတ်ပ်ါတဲ့ကောင်းမူ့တော်
အဖြူကိုအရောင်းပြောင်းပါလို့
ရွှေရည်တွေလောင်း…………………………..

7 တိမ်ဖြူလွလွ နောက်ခံကား
မြစ်ရေပြင် အလယ်စည်းခြား
ရွှေစေတီ ဖူးချင်သား………………….

8 ဧရာဝတီမြစ်နဒီ
ပေါင်းဆုံသည့် မြစ်ငယ်မြစ်
ဟိုလွင်ပြင်ရူ့မဆုံးပေဘု့ တိမ်တောင်တွေဖြစ်………….

9
အရှေ့ဘက်တောင်ခပန်း
စောင်းတန်းအသွယ်သွယ်၊
ရွှေစေတီနေခြည်ခပြန်တော့
မြင်လေသည် ဒီရူ့ခင်းတွေက
လွမ်းဘို့သာဘဲ……………………………………..

10
ကောင်းမူ့တော်စေတီနံဘေး
ဖြတ်ပြေးတဲ့ မြေလမ်း
လွင်ပြင်ကျယ်ရူ့မဆုံးတယ်
စိတ်လေလွင့်စမ်း…………………………………….

11
ချောင်တွေသိန်းသန်း
စေတီတွေသိန်းသန်း
လူတွေသိန်းသန်း
သဒ္ဒါတရားတွေသိန်းသန်း
ကြည်နူးမူ့တွေသိန်းသန်း
သိန်းသန်း………………………………

12 အဝေးမှာမြစ်ပြင်
ကြည့်နေရင်းလွမ်းချင်ချင်
အောက်ခြေမှာ စိမ်းလန်း
ကြည်နှူးချင်စမ်း
အနီးကစေတီ
ဖူးချင်လှပြီ……………………………………

13
အမြင့်အထက်က
ကြည့်နေရင်းဝေးသထက်ဝေး
ကျနော်စိတ်တွေ လေထဲမျောပါသွားပေါ့………………….

14 အမြင့်အထက်ရယ်က
တက်လို့ဖြင့်ကြည့်စဉ်။
အရှေ့ဘက်တောင်အခြမ်းမှာလ
ကြည်နှူးဘွယ် ဒီမြင်ကွင်းရယ်နဲ့
ရစ်စင်းခွေ မြစ်မင်းဧရာရယ်က
လွမ်းစေလေခြင်း……………………………….

15 စိမ်းလဲ့လဲ့ ပြာရီမှောင်
ယိမ်းနွဲ့တဲ့အတွေးတွေက မြောက်တောင်
လွမ်းယောင်ယောင်မခိုင်တဲ့စိတ်တွေကြောင့်
မင်းကိုတော့ သတိမရချင်ပေါင်………………………..

16 စိတ်တွေကို အဝေးလွင့်သွားလောက်အောင်လှတဲ့မြင်ကွင်းပါ။

 

“အမြင့်အမြင့်မှ အဝေးအဝေးသို့လွင့်ကြည့်ခြင်း…………………….”

 

ဥမင်သုံးဆယ်ဘုရားအနောက်ဘက်အစွန်ဆုံးမှာကြီးမားလှတဲ့မန်ကျည်းပင်ကြီးရှိပါတယ်။

သူ့အောက်မှာတော့အပန်းပြေထိုင်စရာ ခုံလေးတွေရှိပါတယ်။

ခုံလေးတွေရဲ့မြောက်ဘက်မှတော့ အပေါ်တက်တဲ့လှေကားတစ်စင်း။

ကျနော်နဲ့ပါလာတဲ့အဖော်တွေက အပေါ်ကိုရောက်နေကြပါပြီ။

လှေခါးကနေရှေ့တည်တည့်ကြည့်တဲ့အခါ ရေတက်ချိန်ဖြစ်လို့ ကျယ်ပြန့်တဲ့ရေပြင်ကြီးဖြစ်နေတဲ့

ဧရာဝတီ။

အနောက်ဘက်ခြမ်းမှာတော့ အဖြူမှရွှေရောင်အသွင်းပြောင်းခဲ့တဲ့ကောင်းမူ့တော်စေတီကိုလှမ်းမြင်ရပါတယ်။

ဟိုအရင်ညများမှာတော့ ထုံးသင်္ကန်းနဲ့ကောင်းမူ့တော်ဘုရားက အမှောင်ထဲမှာအလင်းဆောင်နေသလိုဘဲလို့ပြောကြပါတယ်။

အခုရက်မှာတော့ဧရာဝတီမြစ်ရေတက်တဲ့အချိန်ဖြစ်တော့ တောင်ပေါ်ကနေအနောက်ဘက်ကို

ကြည့်လိုက်တဲ့အခါ ရေပြင်ကျယ်ကြီးကိုဘဲမြင်နေရပါတယ်။

လွတ်လပ်ကျယ်ပြန့်သောကောင်းကင် စိမ်းစိုမြရှိန်းသောသစ်တောအုပ် ရွှေရောင်ဝင်းလဲ့နေသော

စေတီများကိုတွေ့မြင်ရခြင်းက စိတ်အတွင်းမှာကြည်နူးမူ့တွေဖြစ်လာပါတယ်။

အရှေ့ဘက်ခြမ်းမှာတော့ သဲသောင်ယံတွေနဲ့ဧရာဝတီ ။

ဆွမ်းဦးပုညရှင် ရှင်ဖြူရှင်လှဘုရားများ၊

အောက်ဖက်မှာတော့ သီတဂူစေတီတော်  ငါးထပ်ကြီး ဆင်များရှင်ဘုရားများကိုဖူးမြင်ရပြန်ပါတယ်။

တောင်အထက်အမြင့်ဆိုပြန်တော့ သန့်ရှင်းလပ်ဆပ်သောလေကြောင့်အေးမြလို့ကြည်လင်။

သဘာဝတရားကြီးကပေးတဲ့လက်ဆောင်တွေက များပြားလှပါတယ်။

ကဲ မိတ်ဆွေ အားတာမအားတာအပထား ကိုယ့်အနီးအနားက သဘာဝအလှတွေကို

သွားပြီခံစားကြည့်လိုက်စမ်းပါ။

အရသာတွေ့သွားမယ်နော်………………………….

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(24-7-2012)

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။