မစ္စတာကင်တာနားသို့
ရခိုင်ပြည်နယ်မှဖြစ်ပျက်ခဲ့တဲအရေးအခင်းဟာ စနစ်တကျစီစဉ်ပြီးဘာသာရေးနှိပ်ကွပ်မှုတွေဖြစ်ပါတယ်၊ လူတစ်ချိုပြောသလို့ အရင်က
ပြဿနာမဟုတ်ဘူး။အရင်ကတည်းကရှိတဲ့အမြင်ကျဉ်းမြောင်းမှုကိုအခွင့်ကောင်းယူပြီး ရခိုင်အစိုးရအဖွဲ့တက်တုန်းမှာRNDPရခိုင်ပါတီကရခိုင်မှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေကို အပျောက်ရှင်းမယ်ဆိုတဲ့ခံယူချက်နဲ့ အဓိက လုပ်ဆောင်ကြတာဖြစ်ပါတယ်၊
ရခိုင်မှအစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံခြားကခိုးဝင်သလို့ပြဿနာဖန်တီးနေကြတာပါ။
ဒုသမ္မတပြောသွားသလို့ဒါ ဘင်္ဂလီတွေနဲ့ ကျောက်နီမော်ကိစ္စကစတယ်
၊တောင်ကုတ်မှာမွတ်ဆလင်(၁၀)ဦးအသတ်ခံရတယ် ဒါနဲ့စပြီးဖြစ်တာမဟုတ်ပါဘူး
မဆီမဆိုင်ရိုဟင်ဂျာကြောင့်ဘဲဖြစ်သလို့။ဘင်္ဂလီကြောင့်လဲဖြစ်သလို့မဟုတ်ပါဘူး၊
ဘင်္ဂလီတွေလာပြီးအကြမ်းဖက်တာလဲမဟုတ်ပါဘူး၊အထင်အရှားပါဘဲစတင်လူသတ်အကြမ်း
ဖက်တာရခိုင်ဗုဒ္ဓဘောသာဝင်တွေကိုယ်တိုင်ပါဘဲ၊ရက်ရက်စက်စက်ဝိုင်ပြီးကားပေါ်ကဆွဲချ
သတ်ခြဲ့ကတာပါ၊လူရမ်းကားတွေထင်နေသလို့မွတ်ဆလင်နိုင်ငံတောင်းတာလဲမရှိခဲ့ပါဘူး RNDP ကအေးမောင်တို့ခွဲထွက်ရေးကြိုးပမ်းမူတွင်ပင် အစ္စလာမ်ဘာသာဝင်တွေမပါဝင်ခဲ့ပါ၊
၎င်းတို့သီးခြားနိုင်ငံထူထောင်ရန်ကြိုးပမ်းသော tape ခွေကိုကြည့်ပါ။
စတင်မုဒိန်းကျင့်သူဟာရခိုင်ဗုဒ္ဓဘာသာဝင်ပါ၊(အဖြစ်မှန်ပေါ်မှာစိုးလို့တရားခံထက်ထက် ကိုထောင်ထဲမှာသတ်ပစ်လိုက်တာပါ)ရခိုင်ကမုဒိန်းကျင့်ပြီးမွတ်ဆလင်ရွာနားသွားထားပြီးစ တင်ခဲ့တာ၊ဒါဟာလူမျိုးရေးအဓိကရုန်းတွေလုပ်ခါနီးတိုင်းလုပ်နေကျကိစ္စပါ၊ဘုန်းကြီးရိုက်တယ်၊ မုဒိန်းကျင့်တယ်၊ဒီကိစ္စဖြစ်အောင်စီစဉ်ပြီးလူနည်းစုတွေကို မောင်းထုတ်ဖိုလုပ်တာပါ။ပြဿ နာဖြစ်အောင်လုပ်တာပါ။ဒါကိုတရားဥပဒေအရအရေးယူလိုက်ရင်ချက်ချင်းပြီးသွားမယ်ကိစ္စပါ။အခုထိ ပြဿနာစတဲ့တောင်ကုတ်က နေခင်းကြောင်တောင်လူသတ်မှုကိုအရေးမယူဘဲမီးမွေး ထားတုန်းပါဘဲ၊ဒါကိုသမ္မတကြီးမသိတာလား၊ ကြောက်တာလားမသိပါဘူး၊အစီရင်ခံတာကိုလနဲ့ချီပြီးကြာ အောင်လုပ်ပြီးအခုထိဘာမှအရေးမယုပါဘူး၊ပြဿနာအစမှာဘာမှအရေးမယူဘဲ တရားခံတွေကိုထွက်ပြေးခွင့်ပေးလိုက်တော့ဟိုမြို့သွားပြီးမီးရှို့၊ဒီမြို့ကိုစာဝေ၊၊ထမိန်ထုတ်ပို့၊
ဘရာဇီရာပို့လုပ်ဒီလို့တရားဥပဒေစိုးမိုးမှုမရှိတာကပြဿနာတွေကို ဆက်တိုက်မွေးဖွါးပေး
လိုက်တာပါဘဲ၊ယနေ့ထိ တောင်ကုတ်ကရခွေးတွေလုပ်နေဆဲပါ။
ဖြစ်ရင်ဘယ်ကစစ ဖြစ်ဖြစ်အရေးယူမယ်ဆိုရင်ရခိုင်ပြသနာဖြစ်စရာအကြောင်းမရှိပါဘူး၊ဥပဒေမှာကျောသားရင်သားမခွဲခြားပါဘူး၊ဒါကို ကျောသားရင်သားခွဲခြားနေမယ်ဆိုရင် မြန်မာဟာကမ္ဘအလယ်မှာဘယ်တော့မှစံချိန်မီမှာမဟုတ်ပါဘူး၊ဒါကိုလူသားတိုင်း၊အုပ်ချုပ်သူတိုင်းသိထားသင့်ပါတယ်၊ ပြီးတောဒါရိုဟင်ဂျာအရေးအခင်းလို့ ထိုးချနေရအောင် ။ရခိုင်မှာကားပေါ်ဆွဲချသတ်တာမှာရိုဟင်ဂျာတစ်ယောက်မှမပါပါဘူး၊ အားလုံး ဗမာပြည်သား ၊တောင်ငူနဲ့၊မြောင်းမြက အစ္စလာမ်ဘာသာဝင်တွေပါဘဲ၊ဒါကိုအရေးမယူဘူးလွတ်ထားတယ်
ဝိုင်းကြည့်နေတယ်၊ တပ်မတော်ရော၊ရဲ့ရော၊ထောက်လှမ်းရေးရော၊အုပ်ချုပ်ရေးအဖွဲ့တွေအား
လုံးဝိုင်းကြည့်ပြီးတစ်ယောက်မှမဖမ်းဘူး၊လွတ်ထားလိုက်ပါတယ်၊ဒါပြဿနာရဲ့အစပါ၊ ပြီးတော့ နိုင်ငံပိုင် အသံလွင်ဌာက လူမျိုးရေး စော်ကားပြီးအသံလွင်တယ်၊လူတွေမကျေနပ်
မှူတွေတိုးပွါးလာအောင် လုပ်ပေးပြီးရခိုင်အရေးအခင်းကို စတင်လိုက်တာပါ
ဘဲ၊ တောင်ကုတ်လူသတ်သမားတွေ မောင်းတော၊ကို လှေနဲ့ထွက်ပြေးတယ်၊ပြီးတော့ဟိုမှာ
ပြဿနာရှာတယ်၊ဒါနဲ့ဇတ်လမ်းစတင်ခဲ့တာပါဘဲ၊ဒီလိုနေခင်းကြောင်းတောင်ဘာမှရန်ငြိုးမရှိတဲ့အစ္စလာမ်ဘာသာဝင်တွေကိုရက်ရက်စက်စက်လှည်လှီး၊နားရွက်ဖြတ်၊လက်ဖြတ်၊မျက်စိထုတ်၊လုပ်နေတာကို ယနေ့ထိအရေးမယူဘဲ ဘာသာရေးဖိနှိပ်ထားတာကိုကြည့်ကြပါအုံး၊ ယခုဆိုအစ္စလာမ်ဘာသာဝင်ဆိုသူတို့မြို့မဖြတ်ရတဲ့၊လမ်းဆုံလမ်းခွမှာနေတဲ့ လူမိုက်တွေကို ရခိုင်အစိုးရကမွေးထားတာကိုကြည့်ကြပါတော့၊ လွတ်တော်မှာဘူးသီးတောင် မဲဆန္ဒနယ်က ၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် က ၊ပြောသလို့ဘဲ ဘယ်ရွာကို ဗုဒ္ဓဘာသာတွေဝင် မီးရှိမယ်သတင်းကြားတယ်၊ သက်ဆိုင်ရာ ကိုတင်ပြတယ် ဘာမှမလုပ်ဘူး၊ ပြီးတော့ပြဿနာဆက်ကြီးလာတယ် ၊ဒါဟာရခိုင်မှဖြစ်နေတဲ့အခြေ
အနေတွေထဲကတစ်ခုပါဘဲ၊RNDPကလူတွေမွတ်ဆလင်ဦးထုတ်တွေဝယ်တယ်၊သင်္ဃန်းတွေ ၀ယ်တယ်၊ဒါကို အသိပေးတယ် ၊ဘာမှမလုပ်ဘူး၊ ဒါ ဥပဒေပါလား မေးပေးပါ။ ရခိုင်မှအဓိကဖြစ်တဲ့အရေးအခင်းရဲ့အဓီကက ဒေါ်စု့ပြောသလို့ တရားပဒေ မရှိ လို့ဖြစ်တာပါ။ဒါအမှန်ပါဘဲ၊တရားဥပဒေကအစ္စလာမ်ဘာသာဝင်တွေဆိုရင်အရေးယူမယ်၊ဗုဒ္ဓ ဘာသာဝင်တွေဆိုအရေးမယူဘူး။ဒါကစပြီး အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေဟာ ရခိုင်မှာရှိတဲ့အစ္စလာမ်ဆိုရင် မောင်းထုတ်မယ်၊ငါတို့လုပ်ရင်နိုင်ငံတော်က အရေးမယူဘူး။ဒါကြောင့် လုပ်ချင်ရာလုပ်မယ်ဆိုတဲ့စိတ်ဓါတ်ကစတင်ခဲ့တာပါဘဲ၊အဓိ
ကတရားခံကတရားဥပဒေကိုလျှင်လျှူရှုခဲ့တာကစခဲ့တာပါ၊RNDPကကောင်တွေ၊သဿနာနုဂ္ဂဟကကောင်တွေ၊ရဟန်းပျိုသမဂ္ဂကအဖွဲ့သားတွေဟာရခိုင်ရွာဖက်သွားပြီးမွတ်ဆလင် ဟန်ဆောင်မီးရှိမွတ်ဆလင်ရွာဖက်ပြန်ပြေးလာဟန်ပြ ၊ပညာမတတ်တဲ့ ရခိုင်ရွာသားတွေဒေါသထွက်ပြီးမွတ်ဆလင်ရွာတွေမီးရှိ ရေကန်တွေကိုမူဆလင်အယောင် ဆောင်ပြီးဆေးခပ် ဒေါသထွက်အောင်ရခိုင်ရွာတွေကိုလုပ်၊စစ်တွေမှာဆို မွတ်ဆလင်ဈေးတွေမီးရှိ မြို့ပြင်မောင်းထုတ် ပြီး ငတ်ငတ်ပြတ်ပြတ်ထားတာ၊ရခိုင်အစိုး
ရကကြည့်နေတာ၊ စားနပ်ရိက္ခာသွားပေးတဲ့သူဆိုမ၀င်ရ၊ လှူချင်တဲ့သူဆိုမသွားရ လှုံခြုံရေးစိတ်မချရအကြောင်းပြလုပ်ဇာတ်ခင်းနေတာ၊ဒုက္ခသည်စခန်းကိုတခြားကလာကြည့်တော့မယ်၊အလှူရှင်တွေလာမယ်ဆိုမှသူတို့ရှိနေတုန်းမှာမှကားတွေဝင်ထွက်ပြီးအပို့ပြ
၊ပြီးရင်ပစ္စည်းတွေပြန်သိမ်းသွားတယ်၊၊မွတ်ဆလင်ဒုက္ခသည်တွေနဲ့လာကြည့်တဲ့နိုင်ငံတကာအဖွဲ့တွေနဲ့ဒုက္ခသည်တွေကိုမတွေ့ပေးဘဲသူတို့ဇာတ်တိုက်ထားတဲ့(၃)ယောက်(၅)ယောက်လောက်နဲ့သာတွေ့ခိုင်ပြီးအားလုံးကောင်းပါတယ်လို့အတင်းခြိမ်းခြောက်၊ပြောခိုင်းနေပါတယ်၊ ဒါကိုယုံမနေပါနဲ့လက်တွေ့နောက်ဖေးပေါက်ကနေသွားပြီးစစ်ဆေးကြည့်ပါ၊အမှန်တရားတွေ
ကိုတွေ့ရပါမယ်။လွတ်လွတ်လပ်လပ်ပြောနိုင်တဲ့နေရာမှာ မေးကြည့်ပါပြောကြပါလိမ့်မယ်၊
ဒုက္ခသည်စခန်းကိုလည်းသူတို့ပို့တဲ့နေရာလောက်ဘဲမသွားပါနဲ့၊အားလုံးကိုသွားစစ်ပါ။
စခန်းတွေမှာ၊ရွာတွေမှာတကယ့်ငရဲခန်းပါ၊ပိတ်(၄)ပိတ်နဲ့ပိတ်ဆို့ထားတာ၊မူဆလင်တွေစား စရာသွားဝယ်ရင်မရောင်းရဘူ၊ဆန်မကြိတ်ရဘူးလုပ်နေတာလဲ အေးမောင်ဆို့တဲ့ RNDP ကပါဘဲ့၊ဒါတောင်သူ့ကို၇ာထူးပေးထားသေးတယ်ဘာတဲ့ မြန်မာနိုင်ငံဒုက္ခသည်များကူညီရေး ခေါင်ဆောင်ဆိုလားဘဲ ။သူခိုးခေါင်းဆောင်တင်ထားသလို့ပါဘဲ၊ရခိုင်ပြည်နယ်ကကိစ္စဟာ
ဒါဟာလူမျိုးတုံး၊ဘာသာရေးဖိနှိပ်မှုပါ၊အရင်တုံးကပြဿနာလဲမဟုတ်ဘူး၊လာသေးတယ်ဘင်္ဂလီ
တွေအကြမ်းဖက်တာတဲ့ သေတဲ့သူ ဘယ်သူများလဲ အယောက်(၂၀၀) ကျော်တယ်ပါတယ်
အိမ်တွေကနှင်ထုတ်ခံရတယ်၊ သူတို့လုပ်တယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေနှင်ထုတ်ခံရမှာပေါ့၊
အစ္စလာမ်ဘာသာဝင်တွေရဲ့ဈေးတွေ၊အိမ်တွေပစ္စည်းလုယူမီးရှိနေတာဘယ်သူလဲ၊စဉ်းစာကြည့်
ပါအုံး၊ဒါအခုရခိုင်အစိုးရလက်ထက်မှပေါ်လာတာ၊အရင်တုံးကဘဲရှိရင်အရင်တုံးကဘဲချကုန်ပြီ ပေါ့ဒီလောက်တောင်မစဉ်းစားတတ်ကြတာတွေရတာတွေရပါတယ်၊အရင်တုန်းက၊အေး
အေးဆေးဆေးနေခဲ့ကြတာဘဲ၊အရင်အစိုးရလက်ထက်ပြသနာမဖြစ်ပါလား၊မဆလလက်ထက်လဲမဖြစ်ပါလား၊အခုရခိုင်အစိုးရလက်ထက်မှပြဿနာဖြစ်တာ၊ ပြီးတော့ဒီလူတွေစာရင်းနဲက ကွာနေတာကအရင်ကစာရင်းကောက်ရင်အစ္စလာမ်ဘာသာဆိုထည့်မကောက်ဘူး၊လူနည်းစုဘဲရှိသလို့စာရင်းပြထားတာပါ၊ပေါ်လဆီပါ၊အခုဖြစ်တော့မှလူတွေဘဲများနေသလို့ခိုးဝင်သလို့လျှောက်ပြောနေတာပါမိုးပေါ်ကကျလာတာမဟုတ်ပါဘူး၊ဒီနိုင်ငံမှာမွေး၊ဒီနိုင်ငံမှကြီးလာတာ
အျမားကြီးပါ၊ နောက်ဝင်တဲံလူမဖြစ်စလောက်နဲ့ထိုးချနေလို့မရပါဘူး၊
ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေ သောပြဿနာများမှာဘင်္ဂလီဗုဒ္ဓဘာသာကုလားအေး
မောင်သာင်းကျန်းနေခြင်းဖြစ်ပါသည်ရခိုင်ပြည်နယ်မှာအစ္စလာမ်ဆိုသွားခွင်လာခွင့်ကအစပိတ်ထားတာ၊ဘယ်နယ်စပ်ကမှဝင်တာလဲမဟုတ်ဘူး၊ဒီလောက်တင်းကျပ်ထားတာ၊ လက်ထပ်ခွင့်
ကလေးမွေးဖွါးခွင့်တွေကအစထိမ်းချုပ်ထားတာ၊မကျန်းမာရင်လဲဆေးမကုရဘူး၊ပညာမသင်ရဘူးအပြင်းအထန်ပိတ်ထား တယ်အစကတည်းကအစ္စလာမ်ဆို မှတ်ပုံတင်ထုတ်မပေးဘူး ၊ဒါပေါ်လဆီနဲ့ထိမ်းတာတာ၊ဘာကဒ်မှရှိမှာမဟုတ်ဘူး၊မဲ ပေးတုံးကကဒ်အဖြူတွေဘဲရှိလိမ့်မယ်၊ ။အခုလုံထိမ်းတပ်တွေနောက်မှာရခိုင်တွေ ညဖက်ဆို မွတ်ဆလင်ရွာတွေဝင်မီးရှို့
တာလူသတ်ပစ္စည်းလုလုပ်နေတယ်၊ နေခင်းဖက်ဆိုမီဒီယာမှပါမှစိုးလို့အစတုန်းကလည်းဒီလို့ဘဲလုပ်တာပါဘဲ၊ဗိုလ်မှူးတစ်ယောက်ကFb ထဲမှာဒီတစ်ခေါက်စစ်ဆင်ရေးလောက်ပျော်စရာ
ကောင်းတာမရှိဘူး၊ရခိုင်ဗုဒ္ဓဘာသသာတွေကကိုယ်ထမင်းထုတ်ဆွဲပြီးသူတို့နောက်ကလိုက်ပြီးကုလားရွာတွေမီးရှိုနှိမ်နှင်းသတဲ့လေ၊ဘယ်လောက်မီးရှိုပစ်လိုက်တယ်ဆိုတာသွားကြည့်မှသိမှပါဘဲ၊ပုံမှတော့အကုန်ကုန်တာပါဘဲ၊မွတိဆလင်ဒုက္ခသည်တွေကိုအစာရေစာဖြတ်ထားတယ် ၊ထောင်ထဲမှာလဲမွတ်ဆလင်တွေအများကြီးပါ၊၊အပြင်မှလဲတွေ့တဲ့နေရာသတ်နေတာပါ။
အဓိက တရားခံဟာ ရခိုင်မှဗုဒ္ဓဘာသာဆိုလုပ်ချင်တာလုပ်လို့ရတဲ့ဥပဒေပါ
ဒေါ်စု့ပြောတာထပ်ပြောပါမယ် ဥပဒေစိုးမိုးမှုမရှိ တာရခိုင်အရေးအခင်းတရားခံပါဘဲ
ဒီတရားခံကို ထိထိရောက်ရောက်အရေးယူဖို့ပြောပေးပါ။ ဘယ်သူက ဗုဒ္ဒ္ဓဘာသာဝင်
တွေဆို အရေးမယူတာလဲ၊ သွားတိုင်တာတောင် ဘာမှမလုပ်ခိုင်းတာ ကာကွယ်ပမေးတာ
ဘယ်သူလဲ၊ စုံစမ်းပြီးထိထိရောက်ရောက်အရေးယူပေးပါ။
အခုလူကြီးမင်းလာခါနီးမှ
(၁) ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများသို့ အယောင်ပြရိက္ခာလာပေးပါသည်။
ယခင်မရ ကြပါ၊ ငတ်ပြတ်နေကြပါသည်။သွားဝယ်ရင်လဲ မရောင်းပါ၊
(၂) နဂိုနေထိုင်သောအိမ်များ။ရွာများသို့ယခုမှဝင်ခွင့်ပေးပြီးဟန်ပြုလုပ်ထားပါသည်။
ယခင်မြို့ထဲသို့ မ၀င်ရပါ၊ စစ်တွေမှာမြို့ထဲကတွတ်ဆလင်နေရာတွေကနှင်ထုတ်
ထားတာပါ။မြို့ထဲကဇလီတွေဘဲအကုန်မီးရှိထားတာပါ။ နှစ်ပေါင်းရာခီဗလီများလဲမီးရှို့
ခံရပါတယ်။သေသေချာချာလေ့လာပါ။
(၃) ကျောင်းတက်ခွင်ယခုဟန်ပြ ဖွင့်ထားပါသည်။
ယခင်မွတ်ဆလင်ကျောင်းမတက်ရပါ။
(၄)ယခုလူကြီးမင်းတို့လာလှူလျှင်လည်း လှူပြီးပြန်သွားလျှင် ပြန်သိမ်းသွားပါသည်။
(၅) ယခုမောင်းတောတွင်လူကြီးမင်း အားဗုဒ္ဒ္ဓဘာသာဒုက္ခသည်စခန်းသို့သာခေါ်သွားပါ
သည်။မောင်းတောတွင်အစ္စလာမ်ဘာသာဝင်စခန်းသို့သွားသည်ကို MRTVတွင် မ
တွေရပါ။ မေ၇ာက်ဟုသာထင်ပါသည်။ အစ္စလာမ်ဘာသာဝင်(၅)ဦးနှင့်ပေးတွေ့သည့်
တဲ့ရယ်စရာကောင်းပါသည်။သမ္မတပြောတော့မောင်းတောတွင်အစ္စလာမ်ဘာသာဝင်
(၉၄ %)နှုန်းရှိသည်။တဲ့ ယခုသွားတွေ့တော့ဘာကြောင့်မတွေ့ပေးသည်ကို သတိရပါ။
ကျန်တဲ့ရွာသားတွေဘယ်မှလဲမေးပါ။ဒါမှအဖြေမှန်ပေါ်ပါမည်။

မြန်မာနိုင်ငံအတွင်းအစ္စလာမ်ဘာသာဝင်များအားဘာသာရေးဖိနှိပ်မှုများမှာ-

၁။ အစ္စလာမ်ဘာသာဝင်များကို အစိုးရ အမှုထမ်းများတွင် ခန့်အပ်ခြင်းမရှိခြင်း
၂။ နိုင်ငံလက်နက်ကိုင်တပ်ဖွဲ့များတွင် အစ္စလာမ်ဘာသာဝင်များကို ခန့်ထားခြင်းလုံးဝမရှိပါ။
၃။ အစ္စလာမ်ဘာသာဝင်များကို မှတ်ပုံတင်ထုတ်မပေးခြင်း။
၎။ အစ္စလာမ်ဘာသာဝင်များကို မှတ်ပုံတင်ပြုလုပ်ရာတွင် ဗုဒ္ဓဘာသာဝင်နဲ့ဆွေမျိုးတော်မှ
မှတ်ပုံတင်ကို ၀န်ကြီးအထိတင်ပြီး လုပ်ရပါသည်။
၅။ ရခိုင်ပြည်နယ်အတွင်ရှိအစ္စလာမ်ဘာသာများကို အခြားဒေသများသို့ ပြောင်းရွှေနေထိုင်
ခွင့်မရပါ။ တစ်ရွာမှတစ်ရွာသို့ပင်အချိုနေရာများတွင် ညအိပ်ခွင့်မပြုပါ။
တရားဝင်အိမ်ထောင်စုစရင်းရှိသူများလည်းမရပါ။
၆။ အစ္စလာမ်ဘာသာဝင်များ အားလူစဉ်မမှီစေရန် ပညာသင်ခွင့်မပြုပါ၊ပညာတော်သော်
လည်း အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့သွားမတက်ရပါ၊ရခိုင်ပြည်နယ်အတွင်း
သာ ခွင်ါပြုချက် အမခံနှစ်ယောက်ဖြင့် ပြည်နယ်အထိအဆင့်ဆင့်တင်ပြီး ခွင်ပြုချက်ဗီဇာ
ဖြင့် သာဒေသေကျောင်းတွင်သာတက်ရပါသည်။
၇။ ကျန်းမာရေးအတွက်ဆေးဝါးကုသခွင့် လည်းသွားရောက်ကုသခွင့် မရကြပါ။
ဆေးကုသခွင့်လည်းအာမခံနှစ်ယောက်(၄) ယောက်ဖြင့်ဗီဇာလျှောက်ကြရပါသည်။
နှစ်ချိကြာမြင့်ပါသည်။အချိုသေဆုံးပြီးမှ ဟန်ပြဗီဇာရကြပါသည်။
၈။ ယခုအခါ ဈေးကြီးအတွင်းတွင်အစ္စလာမ်ဘာသာဝင်များ ဈေးရောင်းချခွင့်စစ်တွေတွင်
မရရှိပါ။ယခု နှင်ထုတ်ခံနေကြရပါသည်။ နာဇီရွာ(စက်ရုံစု)မွတ်ဆလင်ဈေးလဲ
မီးရှိုလိုက်ပါပြီ ။မြို့ပြင် မောင်းထုတ်လိုက်ပါပြီ ။၎င်းတို့အရှက်မရှိသိမ်းယူထားပါသည်။
ထိုဈေးသည်နှစ်ပေါင်းများစွာကြာမြင်စွာရောင်းချနေသောမွတ်ဆလင်ဈေးဖြစ်ပါသည်
၉။ ရခိုင်ပြည်နယ်စစ်တွေ၊မောင်းတော၊ရသေတောင်တို့တွင်မွတ်ဆလင်တို့၏ ဈေးများ
အိမ်များကိုမီးရှိုပြီး နှင်ထုတ်ခံနေကြရပါသည်။
၁၀။ ရခိုင်အရေးအခင်းတွင်ဗလီများကိုမီးရှိဖျက်ဆီးခံနေရပါသည်။.ယခုရခိုင်အရေး
အခင်းတွင် ဗလီပေါင်း၃၀မီးရှိဖျက်ဆီးခံခဲ့ရပါသည်။ ရှေဟောင်းနှင့်သမိုင်းဝင်ဗလီ
ကြိးများလည်းဖျက်ဆီးခံခဲရပါသည်
၁၁။ ယခုရခိုင်အရေးအခင်းတွင်အစ္စလာမ်ဘာသာဝင် (၂၀၀) အသတ်ခံခဲ့ရပါသည်။
၁၂။ အစ္စလာမ်ဘာသာဝင်များကိုသတ်သောသူများကိုယနေ့ထိ အရေးမယူပါ။
(တောင်ကုတ်တွင်နေခင်ကြောင်တောင်ခရီးသည်အစ္စလာမ်ဘာသာဝင်(၁၀)ဦး
လူသတ်မှု သည် သမ္မတကြီးကိုယ်တိုင်စုံစမ်းခိုင်းသော်လည်ယနေထိအရေးမယူ
ပါ။ နောက်ဖြစ်သော ရသေ့တောင် မွတ်ဆလင်ကျေးရွာသို့လာမီးရှိသောဗုဒ္ဓ
ဘာဝင်သေဆုံးမှုတွင် ရွာရှိအစ္စလာမ်ဘာသာဝင်အားလုံးချက်ချင်းဖမ်းဆီးခဲ့ပါသည်။
၁၃။ ဗလီကျောင်းများကို ပြင်ဆင်ခွင့်မရရှိကြပါ။
၁၄။ ယခုရခိုင်အရေးအခင်းတွင်အစ္စလာမ်ဘာသာဝင်ဒုက္ခသည်စခန်းများသို့ စာနပ်ရိပ်က္ခာ
လုံးဝမရောက်ကြပါ။ ငတ်ပြတ်နေကြပါသည်။ သွားဝယ်ခွင့်လည်းမရကြပါ။
RNDPလူတွေတောင်ဖမ်းချုပ်ခံရပါသေးသည်။ဒုက္ခသည်မွတ်ဆလင်စခန်း
ရိက္ခာပို့သည့်ဆိုပြီးဆန်စက်တွေကိုပြဿနာရှာလို့ပါ။
၁၅။ လှုဒါန်းလိုသူများကိုလည်း အစ္စလာမ်ဘာသာဝင် ဒုက္ခသည်စခန်းသို့ သွားလာခွင့်
မပေးပါ။ .ယခုလူကြီးမင်းကို ပင် သူတို့ဗုဒ္ဓဘာသာဘုန်ကြီးကျောင်းစခန်းများသို့
သာခေါ်သွားပြီးပြသည်ကိုသတိရပါ။ ရခိုင်ဗုဒ္ဒ္ဓဘာသာဝင်အများစုမှာဒုက္ခသည်များမဟုတ်
ကြပါ၊ အလှူရှင်ပေါ်မှ ရွာမှလာစုပြီးပြသောသူများဖြစ်သည်။သူတို့ကျေူးရွာများလည်း
မီးမလောင်ကြပါအလှူရှင်ပေးသောငွေကိုလာလုကြခြင်းသာဖြစ်သည်။
၁၆။ လာလှူသောသူများကို သူတို့ဇတ်တိုက်ထားသူ အစ္စလာမ်ဘာသာဝင် (၅)ယောက်
နှင့်သာပေးတွေပါသည်. အားလုံးကောင်းသည်ပြောခိုင်းပါသည်။ သူတို့လွန်သည်ပြော
ခိုင်းသည်။တကယ်အစ္စလာမ်ဒုက္ခသည်စခန်းသို့ မရောက်ပါ။
၁၇ အစ္စလာမ်ဘာသာဝင်များသည် လက်ထပ်ခွင့်ကိုပြည်နယ်အထိတင်ရပါသည်။
၁၈ ကလေးမွေးခွင့်လည်းတင်ရပါသည်၊(တစ်ယောက်သာမွေးခွင့်ပေးပါသည်)
၁၉ လမ်းခရီးတွင်လည်းအစ္စလာမ်ဘာသာဝင်ဆိုလျှင်ဖိနှိပ်ပါသည်။ခွဲခြားဆက်ဆံခံရပါသည်။
၂၀ ထောင်ထဲတွင်လည်းအစ္စလာမ်ဘာသာဝင်များများလှပါသည်။
၂၁ ယခုရခိုင်အရေးအခင်းတွင်လုံထိမ်းရဲ၊တပ်နောက်မှရခိုင်များလိုက်ကာအစ္စလာမ်
ဘာသာကျေးရွာများကိုမီးတင်ရှိုကာဘာသာရေးနှိပ်ကွပ်ခဲ့ပါသည်။ ယခုလည်းလုပ်နေ
ပါသည်။
၂၂ အစ္စလာမ်ဘာသာဝင်ဆိုလျှင် မနေ့တစ်နေကမှဝင်လာသလို့ဖိနှိပ်ဆက်ဆံခံရပါသည်။
သို့ဖြစ်ပါ၍ ဘာသာရေးဖိနှိပ်မှုများကို သိရှိစေရန်တင်ပြလိုက်ရပါသည်

ရခိုင်ပြည်နယ်ရှိအစ္စလာမ်ဘာသာဝင်များ

About mike tee

mike tee has written 2 post in this Website..