ဟိုတလောက Batman ရုပ်ရှင် The Dark Knight Rises ကြည့်ပြီးကတည်းက Anne Hathaway ကိုအားကျလို့  သူ့လို နှုတ်ခမ်းနီ နီနီလေးဆိုးတဲ့ ကြောင်မလေးဖြစ်ချင်တဲ့ ရောဂါထနေတာကြောင့်  သကြားလုံးကြော် ကနေ  ကြောင်မလေး လို့နာမည်ပြောင်းမယ်စိတ်ကူးမိတယ်။

နောက်မှ ရွာထဲမှာ ကြောင်တော်တော်များရှိမှန်း သတိရသွားတော့ ကြောင်မလေး များရှိနေပြီးပြီလားမသိဘူး။  ကြောင်တွေက အဖေ ဦကြောင် အမေ ဒေါ်ကြောင် ဆိုပြီး အမျိုးစပ်ရခက်လေတော့  နာမည်တူနေရင် လူတွေလို အဖနာမည်နဲ့ ခွဲလို့မရတော့ တူနေရင် မဖြစ်ဘူး ။

၁၀နှစ်တခါလူဦးရေကောက်သလို ရွာထဲက ကြောင်ဦးရေ ကောက်ထားတာများရှိရင် သိပ်ကောင်း။

ကြောင်ကလေးတွေ တန်းစီ (အိမ်ထောင်စု သန်းခေါင်စာရင်းကောက်မယ်)

(မျက်စိလျှင်မလျှင်ကစားခိုင်းတဲ့ မဂ္ဂဇင်းထဲက ပဟေဋိ တွေလို ၊ အပေါ်က ပုံထဲမှာ ကြောင်ဘယ်နှစ်ကောင်တွေ့ပါသလဲ)

 

ရွာထဲဝင်တာမကြာသေးတဲ့သူဆိုတော့  ရွာထဲကသွားရာလမ်းလွဲ မြင်မိတဲ့  ဦးကြောင်ကြီး ၊ ကြောင်ဝတုတ်၊ ကြောင်လတ်၊ ကြောင်လေး ……  စသည်ဖြင့် ကြောင်ပေါင်းများစွာက ရွာထဲမှာတမင်ဖွဲ့ထားတာလား  ၊ အပြင်မှာ တကယ်ပဲ အမျိုးတော် လို့လား ၊ သူတို့ရောဘယ်လိုကြောင်ဖြစ်လာကြတာလည်း စိတ်ဝင်စားသွားတယ်။  ရွာထဲကကြောင်တွေအကြောင်း ကလည်း သေချာမသိတော့ ဘုမသိ ဘမသိ ကြောင်ဂိုဏ်းထဲဝင်လိုက်မိပြီးမှ ဒုက္ခဖြစ်နေမှာစိုးရသေးတယ်။

စိတ်ထဲမှာ မြင်မိတဲ့ ရွာထဲက ကြောင်ဂိုဏ်း က ဒီလိုလားမသိ။  ဦးကြောင်ကြီးဆိုတာ ညာဖက်ကကြောင်လို ဂိုဏ်းချုပ် များလား။


Qualification အတွက် အစွယ်တွေထုတ်ပြရမလား

 

သူကြီးက ရွာလူဦးရေတက်အောင် မင်ဘာအသစ်တွေကို ပိုက်ဆံပိုပေးနေတယ်ဆိုတော့ သူကြီးကို ကူညီတဲ့အနေနဲ့ ရွာထဲက ကြောင်ဦးရေ ပါတိုး အောင် စုမိထားတဲ့ ကြောင်တွေကိုပါ ရွာထဲပို့ လိုက်ပါတယ်။

 

 

 

Chopper

 သူ့နာမည်က Chopper တဲ့။  သူ့ကို ထိရုံနဲ့ မော်တော်ဆိုင်ကယ်တွေလို အသံအလွန်ကျယ်လို့  Chopper.  (One Piece ကာတွန်းထဲက reindeer  Chopper မဟုတ်ပါ။ ) သူက ၁၅ ပေါင်လေးပါတယ်။ အချိန်မရွေး အမြဲ ဗိုက်ဆာနေတတ်တယ်။

အစကတော့ဖြင့်ပိန်ပိန်  ….   ၀သွားပြီ ၊အခုတော့ ၀သွားပြီ  …..( ရွာထဲကကြောင်ဝတုတ်ဆိုတာ ဒီလိုများလားမသိ)

 

 

 

 

ဆောင်းတွင်းမှာ မာဖလာကလေးပတ်၊ စောင်ကလေးခြုံ

အလွန် လျှာရှည် စပ်စု တဲ့ မီဆာ (Death Note ထဲက အသံစာစာ  Misa Misa ကိုအစွဲပြုလို့) ။  မှတ်မှတ်ရရ စားပွဲပေါ်က ကင်မလာကို ၀ုန်းကနဲ ကြမ်းပေါ်ကျအောင် ဆွဲသွားလို့  အစေးမကပ်ဖြစ်လိုက်သေးတယ်။  အခုတော့လည်း သားသမီးကို ခွင့်မလွှတ်တဲ့ မိဘမရှိသလိုပဲ သနားစရာ မီဆာလေးကို ခွင့်လွှတ်ထားပါတယ်။ ပုံတွေမကောင်းရင်တော့ သူ့ကိုအပြစ်တင်ပါ။  :-)

 

 

 

ပေါင်မုန့်

ဒီကြောင်မလေးနာမည်က ပေါင်မုန့် ။  ဆော့လို့ ဘယ်တော့မှမ၀ဘူး။ Ragdoll လို့ခေါ်တဲ့ အမျိုးနဲ့ Siamese အမျိုးစပ် ဆိုတော့ လှလည်းလှသလို အရမ်း ဥာဏ်ရှိပါတယ်။ သုက ငါးနဲ့ ကြက်သားနဲ့ မတည့်ဘူး ။ စားမိတာနဲ့ Allergic ဖြစ်ရော။  ငါးမတဲ့ တဲ့ကြောင်ဆိုလို့ အဲဒီတော့မှတွေ့ဖူးတယ်။ နားရွက်အမြဲယားနေတတ်လို့ နားရွက်ကို ဆရာဝန်ပေးတဲ့ ဆေးမှန်မှန်ဖျန်းပေးရတယ်။ ထွက်ပြေးသလားမမေးနဲ့။

စက္ကူ ဖျက်စက်

ကိုက်မယ် ၊ဖျက်မယ် ၊ တရွက်မကျန် လွှာပစ်မယ်။  စက္ကူဖျက်စက် အကျော်အမော်ရဲ့ သွားအနုပညာ showcase.

 

 

နာမ

ဘုန်းကြီးကျောင်းမှာတွေ့ခဲ့တဲ့ ကြောင်နှစ်ကောင်နာမည်က ရူပ နဲ့ နာမ တဲ့။  ရုပ်နဲ့နာမ် ပေါ့။ ရူပ ကခေါင်မိုးပေါ်ရောက်နေလို့ အိပ်နေတဲ့ နာမ ကိုပဲ ရွာထဲပို့လိုက်တယ်။

 

စောင့်စားလျက်

 ဒါကတော့ ဆေးခန်းမှာ တွေ့ခဲ့တဲ့ ၊ သူ့ကို မွေးစားမဲ့သူတွေကို စောင့်နေတဲ့ ကြောင်ငယ်ငယ်လေး။

ဒီလိုသနားစရာကြောင်လေးတွေကနောက်ဆုံး မွေးစားမဲ့သူ မရှိရင်  အဆိပ်ငွေ့ပေးတဲ့ အခန်းထဲမှာပဲ အသတ်ခံရရော။ ဒါ့ကြောင့် ကယ်ဆယ်ရေးအဖွဲ့အစည်းဆီကနေ ကြောင်နှစ်ကောင် မွေးစားထားပါတယ်။

အဖေပြောနေကျ “အားအားယားယား အလုပ်မရှိအလုပ်ရှာ ကြောင်ရေချိုးတယ်” ဆိုတဲ့ တင်စားထားတဲ့ စကားပုံကို တင်စားရုံမက တကယ်လိုက်နာပြီး ကျမကြောင်တွေကို ဆပ်ပြာတိုက် ရေမှန်မှန်ချိုးပေးတယ်။  လက်သည်းညှပ်ပေးရတယ်။ အမွှေးဖြီးပေးရတယ်။   “အလုပ်မရှိအလုပ်ရှာ ကြောင်ရေချိုးတယ်” ဆိုတဲ့ စကားပုံက နည်းတောင်နည်းနေ သေးတယ်ထင်တယ်။

ကြောင်လိုချင်လို့ မွေးတယ်ပဲပြောပြော၊ ကယ်ဆယ်ချင်လို့မွေးတယ်ပဲပြောပြော ၊ တိရိစ္ဆာန်မွေးတာ အကုသိုလ် ပဲပြောပြော၊  ကျမကြောင်လေးနှစ်ကောင် အိမ်မှာပျော်နေတာ တွေ့ရင် သူတို့ကိုလုံလုံခြုံခြုံနေစရာလေးပေးနိုင်မိတာ ဂုဏ်ယူမိပါတယ်။ တခါတလေ အစက ဘ၀တွေမဆုံလို့များ ကိုယ်မမွေးလိုက်လို့ သူတို့တခြား ဘယ်လိုအခြေအနေများရောက်နေမလဲ စဉ်းစားမိရင် ရင်လေးသွားပြီး မွေးထားမိတာ ၀မ်းသာမိတယ်။

 

 

ကဲ ကြောင်မလေး လို့ပြောင်းပြီး ကြောင်ဂိုဏ်းဝင်သင့်ပါသလား

 

 

ရွာထဲက ကြောင်ဂိုဏ်း

 

 

  အပေါ်က ပဟေဋိ ရဲ့ အဖြေကတော့ ဒီမှာပါ

 

 

 

 

 

 

 

 

 

About သကြားလုံးကြော်

Pink Candy has written 7 post in this Website..

   Send article as PDF