Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပရိုမိုးရှင်း မော်ဒယ် ဆိုသည်မှာ…

ムラカミAugust 6, 20126min58520

 

အပိုင်း -၁

ဝီကီကနေ တိုက်ရိုက် ဘာသာပြန်ပြီး ထင်ရာမြင်ရာ ရောလို့ ရေး တင်လိုက်ပါတယ်…

Promotional model ဆိုတာ .. product, service, brand, or concept တခုခုနဲ့ပါတ်သတ်ပြီး စားသုံးသူနဲ့

တိုက်ရိုက် ထိတွေ့ဆက်ဆံ ဖို့ ခန့်ထားသူ ဖြစ်ပါတယ် တဲ့ များသောအားဖြင့် Promotional model တွေဟာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု

ရှိတဲ့..အမျိုးသမီးငယ်တွေ ဖြစ်ပါသတဲ့ ..။ ဝယ်ယူသူတွေကို ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုနဲ့ ပါတ်သတ်တဲ့ သတင်း အချက်အလက်တွေကို

ရှင်းလင်းပြောပြပေးတဲ့ အလုပ်ကို လုပ်သူပါတဲ့ …။

အင်း … ခုတလော ကားမော်ဒယ်တွေ စွတ်တင်နေချိန်မို့ …ပြောလိုက်ပါဦးမယ်… trade show က မော်ဒယ်လေးတွေရဲ့ ဂျူတီဟာ

တိုနံ့နံ့ လှလှပပ ဝတ်စားထားရုံနဲ့ မပြီးပါဘူး ..။

 

CBOSS Girls

စားသုံးသူနဲ့ ထိတွေ့ဆက်ဆံချိန်ဟာ တိုတောင်းချင်တိုတောင်းပါလိမ့်မယ် ..ဒါပေမယ့် အဲ့သည့်အချိန်အတွင်းမှာ

trade model တယောက်ရဲ့ …တိုက်ရိုက်ထိတွေ့ဆက်ဆံမှုဟာ သူကိုယ်စားပြုတဲ့ ထုတ်ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု

ကို ကိုယ်စားပြုနိုင်ရမယ် ဖြစ်ပါတယ်

သည် Marketing ပုံစံကွဲမှာ models တွေဟာ စားသုံးသူ အရေအတွက် ခပ်နည်းနည်း ကိုသာ လက်ခံ ထိတွေ့ ဆက်ဆံနိုင်မှာ

ဖြစ်ပါတယ်။ mass media တွေဖြစ်တဲ့ print, radio နဲ့ television တို့ထက်စာရင်ပေါ့ ..။

ဒါပေမယ့် စားသုံးသူဆီက အပြုသဘော ဆောင်တဲ့ တုန့်ပြန်မှု ကို ပိုမို ရရှိတတ်ပါတယ် ….ဘာကြောင့်လဲဆို လူ-လူချင်း

တိုက်ရိုက် ထိတွေ့ဆက်ဆံရတာ မဟုတ်ပါလား..။ နောက်ပြီးတော့ သည်လို ထိတွေ့ဆက်ဆံခြင်းဟာ လည်း

ပိုမို အခြေခိုင်မာ မြဲမြန်မယ်လို့ ဆိုစမှတ်ရှိပြန်ပါတယ်။

အရေအတွက် အားဖြင့် …ပိုမိုတိုးမြှင့် ဖို့အတွက် Promotional models တွေဟာ တခါတရံမှာ လူအများကို တပြိုင်နက်

ထိတွေ့ဆက်ဆံရတတ်ပါသေးတယ်..။

 

Game Lady

 

 

Promotional model တွေရဲ့ တာဝန်ဝတ္တရားပိုင်းဟာ သူတို့ တာဝန်ယူရတဲ့ marketing campaign ကိုလိုက်လို့

ကွဲပြားခြားနားမှာ အမှန်ဖြစ်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ တာဝန် ဝတ္တရားအချို့ကတော့..

  • – ထုတ်ကုန်ပစ္စည်းအကြောင်း စားသုံးသူ ပိုမို သိရှိနားလည်အောင် ဆောင်ရွက်ခြင်း
  • – ထုတ်ကုန်ရဲ့ သတင်းအချက်အလက် မျှဝေပေးခြင်း
  • – စားသုံးသူရဲ့ mindset ကို brand ရဲ့ တစုံတရာသော ပြယုတ်ဖြင့် ထိတွေ့စေခြင်း (natural beauty, classic heritage, edgy sex appeal, reliability)

(စကားချပ်။ Showmanship ရှိတဲ့ Marketer တယောက်သုံးတာ ပိုသင့်တော်မယ်ထင့်… သွားလေသူ Steve Jobs ဟာ

သည်နေရာမှာလည်း အင်မတန် ထူးချွန်သူဖြစ်ပါတယ်..။)

 

Operational level task တွေအနေနဲ့ကတော့ ထုတ်ကုန် နမူနာ၊ လက်ဆောင်ပစ္စည်း တစုံတရာ ပန်းဖလက်

လိုမျိုး ပုံနှိပ် စာရွက်တွေ ပေးဝေတာမျိုးလည်း ပါဝင်တတ်ပါသေးတယ်။

Marketing campaigns တွေအတွက် promotional models တွေကို သုံးရတဲ့ နေရာတွေကတော့ ..စတိုးဆိုင်ကြီးတွေ၊

shopping malls တွေ tradeshows တွေနဲ့ အခြားသော special promotional events တွေ ဒါမှမဟုတ်လည်း

outdoor public spaces တွေ ဖြစ်တတ်ပါတယ်။ အောက်ဒိုးတွေကတော့ များသောအားဖြင့် … လူစုဝေးတတ်တဲ့ နေရာမျိုးတွေပါ ..

အပေါ်က ရေးခဲ့တဲ့ venues တွေကတော့ target consumerတွေ ချည်း စုစည်းထားတဲ့ နေရာလို နေရာမျိုးတွေ ဖြစ်တတ်ပါတယ်

ခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူမှုရေး နဲ့ စီးပွားနယ်ပယ် အဆင့်သတ်မှတ်ချက်တွေအရ ခုနောက်ပိုင်းမှာတော့

promotional models တွေကို construction industry မှာရော automobile trade shows တွေမှာပါ ..

အသုံးနည်းလာပြီလို့ ပြောပါတယ်..(အော်… တို့ရွာမှာတော့ ခုမှ ခေတ်စစားတုန်းပါကွယ်..)

 

 

 

 

သည်အောက်မှာတော့ Promotional Model တွေကို အမျိုးအစား ခွဲပြီး ရေးထားပါတယ်..။

  • Spokesmodel

Brand equity ရဖို့အတွက် Brand ကိုယ်စားပြု ပြောရေးဆိုခွင့်ရှိသူ ဖြစ်ပါတယ်။

Brand ရဲ့ Physical appearance အဖြစ် ကိုယ်စားပြုသူဖြစ်လို့ ..Brand ရဲ့…ရပ်တည်မှု

သတင်းအချက်အလက် စတာတွေကို သည် model ကတဆင့် စားသုံးသူကို communicate လုပ်လေ့ရှိပါတယ်။

 

  • Brand advocate

ဒါကတော့ စားသုံးသူ ကိုယ်စားလှယ် ပါ..။Brand တခုကို အမှန်တကယ် သုံးစွဲ နှစ်ခြိုက်သူဖြစ်ပြီး.. volunteer အနေနဲ့

အနှီ Brand ရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို စားသုံးသူတွေကို မိတ်ဆက်ပေးသူပါ..။ သူကိုယ်တိုင်လည်းပဲ

စားသုံးသူဖြစ်ပေမယ့် အဆိုပါ Brand ကိုနှစ်သက်မြတ်နိုးလွန်းလို့ ..ကန်ပနီဘက်ကနေသူ့လူကိုယ့်ဘက်သားလုပ်

ရပ်တည်တတ်သူလို့ ဆိုချင်ဆိုနိုင်ပါတယ်။ ပန်းသီး ကိုက်သူများ ကို ဥပမာပြနိုင်ပါတယ် ….။ (Brand Evangelism ကို

High-tech sector ထဲ ဆွဲသွင်းခဲ့တာလည်း ပန်းသီးပဲ မဟုတ်လားဗျာ …ဟို ဟိုနိုလူလူ မှာနေတဲ့လူကြီးပေါ့..)

အဲ …Brand advocate ကတော့ အခကြေးငွေ လက်ခံရယူပြီး လုပ်လို့ မရဘူးဗျို့ … အဲ့ဒါလေး သတိချပ်ဖို့ပါ…။

ပိုက်ဆံယူပြီး သုံးစွဲသူ ကိုယ်စားပြု ချင်ယောင် ဆောင်ပြီးသကာလ အဆိုပါ Brand ကောင်းကြောင်း အော်နေရင်တော့ ..

ဘယ်သူမှ ယုံကြည်မှာ မဟုတ်လို့ပါပဲ…။

 

  • Brand ambassador

Brand ambassador ကတော့ ခြားနားပါတယ် … တရားဝင် brand ကိုယ်စားလှယ် စံပြ ပုဂ္ဂိုလ် လို့များ ပြန်ဆိုနိုင်မလား

မသိပါ။ သူ့ရဲ့ အလုပ်တာဝန်ကတော့ စားသုံးသူတွေရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြား ပေးရတာနဲ့ …အရောင်းမြှင့်တင်

ဖို့ပဲဖြစ်ပါတယ်..။ brand-awareness တည်ဆောက်ဖို့ … စားသုံးသူကို ပိုမို အကူအညီပေးနိုင်ဖို့နဲ့ …direct promotion

လုပ်ဖို့ တာဝန်တွေ ထားရှိတတ်ပါတယ်။

Brand ambassadors တွေဟာ ပုံမှန်အားဖြင့် ဝန်ထမ်း တွေထဲက ရွေးချယ်ခန့်ထားတာမျိုးမဟုတ်ဘဲ အပြင်ကနေ

ငွေကြေးတစုံတရာ ပေးပြီး အချိန်ကာလတစ်ခု စာ စာချုပ်ချုပ်ဆို ခန့်ထားခြင်းခံရသူတွေဖြစ်ပါတယ်။

Brand အပေါ် သစ္စာရှိကြတဲ့ .. စားသုံးသူ လူစုထဲက ရွေးချယ် ခန့်ထားတာများပါတယ်။ (ဒါဟာ advocate နဲ့

ကွာခြားတဲ့အချက် ဖြစ်ပါတယ်) ၊ သည်လိုမှမဟုတ်ရင်လည်း .. ထင်ရှားကျော်ကြားသူတွေကို Brand Ambassadors

အဖြစ် သုံးလေ့ရှိပါတယ် .. ရုပ်ရှင် ဂီတ နဲ့ အားကစား သမားတွေ ဆိုပါတော့ …။

 

  • Trade show model

Trade show models ကတော့ သိတဲ့အတိုင်း ကုန်စည်ပြပွဲ မော်ဒယ်လေးတွေပေါ့ဗျာ …

သူတို့ဟာလည်း Permenent ဝန်ထမ်းတွေတော့ မဟုတ်ကြဘူးဗျ .. model agency တွေ ဒါမှမဟုတ်လည်းfreelancersတွေ

ခေါ်ငှားပြီး သုံးတဲ့သဘောပါ..။ သည်လို ခေါ်ယူငှားရမ်း သုံးစွဲရတာက အကြောင်းပြချက် အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

အများဆုံးသော အကြောင်းပြချက်ကတော့ ပြခန်း ကို ပိုမို ထင်သာမြင်သာ ဖြစ်ဖို့ … တခြား ပြခန်းပြကွက်တွေနဲ့ ကွဲပြားဖို့

ပိုမို ဆွဲဆောင်နိုင်ဖို့ အတွက် ရည်ရွယ်ပါတယ်။

(သူတို့ ဆီက industry standard အရ အောက်က ဟာ ကိုဆက်ရေးပါ့မယ်)

trade show models တွေဟာ အချိန်တို အတွင်းမှာ Short training လိုမျိုး သင်ယူမှု တခုခုကို လုပ်ကြရပါတယ်။ ထုတ်ကုန်

ဒါမှမဟုတ် ဝန်ဆောင်မှုရဲ့ အကြမ်းဖျင်း သဘောတရားတွေကိုပါ။ အဓိက တာဝန်ကတော့ ဆွဲဆောင်ဖို့ပဲ ဖြစ်ပါတယ်။

ဝယ်သူဖြစ်နိုင်ချေများတဲ့ လူတွေကို များများ ဆွဲဆောင်နိုင်လေလေ ..များများ ထိတွေ့စကားပြောပေးလေလေ ..ရောင်းရဖို့

အခွင့်အလမ်း သာလေလေ ဖြစ်တာကြောင့်ပါ…။

အရည်အချင်းပြည့်ဝတဲ့ Trade show models တွေဟာ လူကဲခတ် တော်တယ် လို့ ပြောနိုင်ပါတယ်။ လူတွေအများကြီးထဲကမှ

ဘယ်သူဟာ ထုတ်ကုန်၊ ဝန်ဆောင်မှု အပေါ် စိတ်ဝင်စားနိုင်ချေ ရှိတယ် ဆိုတာ ခန့်မှန်းပြီးသွားရောက် နှုတ်ဆက် စကားပြောဆို

လေ့ ရှိပါတယ်။ communication skill လည်း မြင့်မားတတ်ကြပါတယ်။

ထုတ်ကုန် ၊ ဝန်ဆောင်မှု ဒါမှမဟုတ် show ရဲ့ သဘောသဘာဝကို လိုက်ပြီး ကွာခြားမှု ရှိပေမယ့် … အကြမ်းဖျင်းအားဖြင့်တော့

Trade show models ဆိုတာ ကန်ပနီရဲ့ ကိုယ်စား အဖြစ် ထုတ်လုပ်လိုက်တဲ့ ပုံရိပ် တစ်ခုဖြစ်ပါတယ်။

သူတို့ဟာ ကန်ပနီ ဒါမှမဟုတ် ထုတ်ကုန်၊ ဝန်ဆောင်မှုရဲ့ အမှတ်တံဆိပ် အရောင် လိုဂို စတာတွေကို ကိုယ်စားပြုမယ့် အရောင်

အသွေးပါတဲ့ အဝတ်အစားမျိုး ဝတ်ဆင်ရတတ်ပြီး ဗန်းစကား “booth babe” လို့ ခေါ်တတ်ပါတယ်။

ဝတ်ဆင်ထားတဲ့ အဝတ်အစားဟာ ..အထက်က ပြောခဲ့တဲ့ အနေအထားတွေကို လိုက်လို့ …thematic or sexy ဖြစ်မှာပါ။

ဥပမာ ပြောရရင် တည်ဆောက်ရေးလုပ်ငန်း တခုခုရဲ့ booth မှာသုံးတဲ့ show model ဟာ ..construction workerဝတ်စုံ

ပုံဆန်းဆန်း ကို ဝတ်ဆင် tool belt, hard hat စတာတွေနဲ့ ဆင်ယင် ထားမှာဖြစ်သလို …

car show တွေကတော့ .. အတိုအပြတ် အလန်း ဝတ်ဆင်လေ့ရှိကြမှာ ဖြစ်ပါတယ် .. သူတို့ကိုတော့

‘car show girls’, ‘race queens’, ‘pit babes’ လို့ ခေါ်လေ့ရှိပြီး တခါတလေ paddock girls လို့ ခေါ်တတ်ပါသေးတယ်။
😀

 

Top Gear

 

  • Convention model

Convention model ကတော့ .. အပေါ်က Trade Show Model တွေထက်စာရင် ပိုမို လုံလုံခြုံခြုံ ဝတ်စား ဆင်ယင်လေ့

ရှိတတ်ပါတယ် ။ (Sector ကိုလိုက်လို့ ကွဲပြားမှု လည်း ရှိသလို Trade Show ကိုလည်း convention အလုပ်တွဲခိုင်းလေ့

ရှိတတ်ပါတယ်..။)

သို့သော် တခါတလေ သူတို့ဟာ ဝတ်ဆင်ပုံအရ Office Lady ပုံစံလည်း ဖြစ်ချင်ဖြစ်မယ် ..(သူတို့သည်ပင်လျင်

အငှားမော်ဒယ်လေးတွေ ဖြစ်နိုင်ပါသေးတယ်.. inbound သုံးသူလည်း ရှိရဲ့ ထားပါတော့ source ကိစ္စ)

သူတို့ရဲ့ အဓိက တာဝန်ကတော့ ကန်ပနီရဲ့ အရောင်းကိုယ်စားလှယ်တွေရဲ့ assistant လုပ်ရတာပါ… ။

သူတို့ဟာ Trade show model တွေလိုလည်း စားသုံးသူကို စွဲဆောင်မှု ပြုလုပ်ရပြီး ထုတ်ကုန်၊ ဝန်ဆောင်မှုရဲ့

အခြေခံ သဘောလောက်ကို ရှင်းပြရတတ်ပါတယ်။ Marketing materials တွေ ဖြစ်တဲ့ စားသုံးသူကို ..

Survey ဖြေစေတာတွေ လိပ်စာကတ် တောင်းယူလဲလှယ်တာတွေလည်း လုပ်ရလေ့ ရှိပါတယ်။ ဒါဟာ နောက်နောင်

ပြုလုပ်မယ့် promotions တွေအတွက် customer information စုယူမှုအတွက် အဓိကကျတဲ့ အခြေခံ

လုပ်ဆောင်မှုတွေလို့ ဆိုနိုင်ပါတယ်..။

 

အပိုင်း -၂

လိုကယ်က အကြောင်းလေး ..နည်းနည်း အတင်းချလိုက်ပါဦးမယ်…(ဆောဒီး သဂျီးရေ …)

အဝဲယားလေးတွေ နက်ဖို့ ပါဗျို့…

 

 

  • Spokesmodel

ကျနော်တို့ဆီတော့ …ထားလေ့ ထားထ မရှိသေးဘူးဗျ …(အချို့သော အဖွဲ့အစည်းတွေကလွဲရင်..)

သည်လိုပဲ သင့်တော်ရာ ဂျာ-လယ်ဗယ် လောက်က ကောက်ကတ် ပြောချလိုက်တာပဲ ….

အုပ်ချုပ်ရေး ဘက်က ဂျာ ဖြစ်ချင်ဖြစ်မယ် ..ထုတ်လုပ်ရေးဘက်က ဂျာဖြစ်ချင်ဖြစ်မယ်…

သူဟာ သက်ဆိုင်ရာ professional skill ရှိမှာ ဖြစ်ပေမယ့် Showmanship တော့ ရှိချင်မှ ရှိမယ်

စကားပြောတတ်ချင်မှ ပြောတတ်မယ်…. မီဒီယာ နဲ့ ဆက်ဆံတတ်ချင်မှ ဆက်ဆံတတ်မယ်..

အဲ့သည်မှာ မလိုလားအပ်တဲ့ ပြဿနာအသေးအဖွဲ လေးတွေ ရှိတတ်ရဲ့ …..

အသေးအဖွဲလေး ဆိုပီး ပစ်ထားလိုက်ရင်း … ပြဿာဒ် မီးလောင်တတ်လို့ပါ..

Public Sector တွေမှာတောင် သည်လိုမျိုးတွေ ရှိတတ်တာ တွေ့ရပါတယ်….. အဟဲ

မယုံဘူးလား …

အစပြန်ဖော်ပေးပါ့မယ်..

မိုးနတ်မင်း ဆီ ဆုတောင်း

တဲ့ …

  • Brand Advocate & Brand Ambassador

ထင်ရှားတဲ့ ဥပမာပေးပါဆိုရင်တော့ …ရွာထဲက ခင်တဲ့ ကိုကြောင်ဝတုတ် ကိုပဲ ဥပမာပြတော့မယ်..

သူဟာ လက်ရှိ ပန်းသီး ရဲ့ အဝေးရောက် Pseudo Brand Advocate လို့ ဆိုနိုင်ပါတယ်. …

(မယုံရင် ပန်းသီးမကောင်းကြောင်း ရွာထဲ လာပြောကြည့် …အဟိ) …

အဲ …ပန်းသီးများ မြန်မာပြည်ဝင်လို့ ..တရားဝင် Brand Advocate အဖြစ် အသိအမှတ်ပြုလိုက်ရင်တော့
ရှေ့က Pseudo ဆိုတဲ့ စာလုံး ပြုတ်မယ်ပေါ့ဗျာ ..။

(Pseudo ဆိုတာ မက်ဒီကယ်လ် ဘက်က ယူ့ဆေ့ချ် အနေနဲ့ ရေးထားတာမို့

အဓိပ္ပါယ်ကောက် မလွဲစေချင်ဘူးဗျာ … De Facto နဲ့ ပြောင်းသုံးဖို့ စဉ်းစားပေမယ့်လည်း

မသင့်တော်သလိုလို Unofficial ဆိုရင်လည်း တေ့စ် က နည်းနည်း ကွာသလိုလို..-

အင်း ..အဆင်ပြေသလိုသာ ဖတ်ပါတော့ဗျို့..)

တကယ်လို့များ ပန်းသီးက ကိုကြောင်ဝတုတ်ကို အသစ် ဖွင့်လတ္တံ့သော Apple Store ရဲ့ Genius Bar မှာ အလုပ်ခန့် တာဝန်ပေးပြီ

ဆိုရင်တော့ဖြင့် Brand Ambassador ဖြစ်ပြီလို့ ..ဆိုနိုင်ပါတယ်။

စကားစပ်လို့ ပြောရရင်ဖြင့်

ဆယ်လစ်ဗျစ်တီ ထဲက Brand Ambassador တော့ ရှိတယ်ဗျ….။ နာမည်ရှိတဲ့ antivirus software

တခု ..ဟို အာပျိုဂျီး ကြိုက်တဲ့ အင်္ဂ ါနာမ် နာမည် -၄ လုံးပါ အဆိုတော် ကို Brand Ambassador

ခန့်ထားတယ် ကြားတယ်… (တကယ်သုံးမသုံးတော့ မသိ… ငတိ လက်ပကျွတ် ကိုယ်လည်း သွားပွတ်ဖူးတာမဟုတ်)

ပြောရရင် နိုင်ငံခြား ကြော်ငြာတွေမှာ သည်တံဆိပ် ကြော်ငြာရင် အမျိုးအစားတူ တဲ့ အခြားတံဆိပ် ကြော်ငြာခွင့်မရှိလို့

စာချုပ်ချုပ်တာ ..Brand Ambassador အယူအဆ အများကြီး ပါပါကြောင်း …။ အဲ့ဒါတွေ သိလို့ …

လိုကယ်လ် က ဘရန်းတချို့ …မြန်မာမော်ဒယ် မသုံးဘူးကွ …ဆိုပြီး ..စလုံး(အထင်) ကမော်ဒယ်လေးတွေနဲ့

ရိုက်နှက်နေကြောင်း သတင်းရပါတယ် …။ (ကြည့်လုပ် ..ကြည့်လုပ် … ဈေးကွက် ပျက်တယ်ဆိုတာ အဲ့ဒါကစတာ …)

ဘယ်ဘရန်းလဲတော့ ထုတ်မပြောလိုပါကြောင်း … 😀

 

  • Trade show model

သိတဲ့အတိုင်း ကော့ကန်လန်ကား ကားမော်ဒယ်လေးတွေ မြင်ယောင်မယ် ထင်ရဲ့…

ဝတ်တာတွေတော့ စံချိန်မှီပါရဲ့ …ပိုစ့်ပေးတာတွေသာ စံချိန်လွန်နေတာ …

😀

ကိုယ်ဟာ portrayed လုပ်ထားတဲ့ ကိုယ်စားပြု ပုံရိပ် ဆိုတာ လည်း မသိ …။

Smart & Sexy ဆိုတာလည်း နားမလည် လေတော့…

ကုန်းပြ ကော့ပြ ယုံနဲ့ကတော့ဖြင့် …အင်း …

ဝေဖန်ရေး စာ ဆိုလို့ …နည်းနည်းတော့ ဒေါသဂိုဏ်း သင့်မယ်ထင့်…

သင့်ချင်လည်း သင့်ဗျာ …ဆက်ဆွဲရရင်တော့…

ကျနော်တို့ဟာ အပေါ်ယံတွေ အတုခိုးတာ သိပ်များသကိုးဗျို့…

ကားမော်ဒယ်အစ K-Wave အဆုံး ပြောပါတယ်…

ပေါ်ရင် ဖော်ရင် ပြီးရော ဆိုပြီး … အပေါ်ယံ စွဲဆောင်မှု ရှိစေရေး ဆိုတဲ့ အချက်ကိုပဲ

ယူပြီး နောက်ကွယ်က တန်ဖိုးရှိတာတွေကို ဘယ်နား ချန်ထားခဲ့သလဲ မသိ …

အနှီကားမော်ဒယ်လေးတွေကို

သမီး သည်ကား အင်ဂျင်က ဘယ်လောက် စီစီလဲကွယ့်

မေးကြည့်ပါလား ..သည်ဘဲကြီး .. သက်သက်လာရစ်နေတယ် ဆိုပီး

ကျွတ် ကျတ် ..လုပ် ဘုတော မလွှတ်ရင် ကံကောင်း…

ပိုက်ပိုက်ရှိလို့ ..ကား တွေ သွင်းပီး ရောင်းနေတဲ့ အူးလေးတွေရေ …

Promotion နဲ့ ပါတ်သတ်တဲ့ စာလေးပေလေး နည်းနည်း ဖတ်ပါဦး ..

ကားမော်ဒယ်လေးတွေ အပြစ်ကြီးပဲ မပြောလိုပါဝူးဗျာ …

ခမျာ များက ..အူးလေးတို့ သင်မှ ပြောမှ ပြမှ … တတ်-သိ-နားလည်

ဖြစ်ပေမကိုး ဗျာ … ဟုတ်ဝူးလား … မရှိလို့ … ရုပ်ပြစားပါဒယ်ဆိုမှ …

နာမည်ကျော် ဆြာ့ဆြာမဂျီးတွေနဲ့အပြိုင် အဝဲယားနက် ရအောင်

ဖော်ရ လှစ်ရ အောက်စ လွှတ်ရပါတယ်ဆိုမှ …အူးလေးတို့ရယ်…. (သနားထှာအေ..)

 

 

 

 

ကျုပ်သာ အိတ်ကြော်ငြာ ရိုက်စားမယ် ဆိုလို့ကတော့…

စလုံးက ဟိုဆြာ ငေါ့သလို ….

နာမည်ကြီး မော်ဒယ် ငှားပီး ..ဟောဒလို ကို ရိုက်ပစ်ချင်တော့တာရယ်…

 

 

 

P.S

ဟိုတနေ့က JH Studio က ဖိုက်ဒီ ဝိုက်သည် ဆိုတဲ့

ဆြာသမားနဲ့ စကားစမြည် ပြောဖြစ်ရင်း ….

စိတ်ထိခိယက်စွာဖြင့်

ဤစာကို ရေးဖွဲ့ပါသည်….။

20 comments

  • ဝေးလွင့်တိမ်

    August 6, 2012 at 2:01 pm

    အားပေးသွားပါတယ်

  • cobra

    August 6, 2012 at 4:15 pm

    ဗဟုသုတရသွားပါကြောင်း………………။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 6, 2012 at 4:35 pm

    ( trade show က မော်ဒယ်လေးတွေရဲ့ ဂျူတီဟာ တိုနံ့နံ့ လှလှပပ ဝတ်စားထားရုံနဲ့ မပြီးပါဘူး )
    trade show ဆိုတဲ့နေရာမှာလည်း အနှီး မော်ဒယ်လေးတွေက
    ဘာ့ကြောင့် တိုနံ့နံ့လေးတွေဝတ်ဂျသလဲဆိုဒါ မားကက်တာ ဂျီးရဲ့အာဘော်တွေကို
    ဝေငှပေးဖေလိုဘာဒယ်ဗျာ

  • myanmarcitizen

    August 6, 2012 at 5:17 pm

    အိတ် ကြော်ငြာရယ်၊ LG ကြော်ငြာရယ်တော့ ကြိုက်သဗျို့ 🙂

  • manawphyulay

    August 6, 2012 at 5:31 pm

    မော်ဒယ်တွေက အတော့်ကို မိုက်တယ်… ရေလည်ဒီဇိုင်းကတော့ အလန်းပဲ…

  • nozomi

    August 6, 2012 at 5:51 pm

    Myanmar citizen နဲ့ အကြိုက်တူနေတော့
    အပြင်မှာဆို လု ရမဲ့ ကိန်း

    တချို့သင်ခန်းစာများအတွက် ကျောင်းတက်ပျက်နေသည်ကို ခွင့်စာရွက်နောက်မှ ပို့မည်ဖြစ်ကြောင်း
    မားကတ်တာကြီး ကိုယ်တိုင် မားကတ်တင်းလုပ်ဖို့ကိုလဲ မမေ့စေလိုကြောင်း ( ကိုယ်လို ဒုက္ခရောက်စေချင်လို့)

  • ko khin kha

    August 6, 2012 at 8:12 pm

    ကားဘေးနားမှာ မလုံတလုံနဲ့ မော်ဒယ်လေးရပ်ပြတဲ့သဘောက အဲဒီကားလည်း မလုံဘူးဆိုတဲ့သဘောလားဟင်၊ တော်နေမိုးယိုနေမှဖြင့်။

    • Mလုလင်

      August 6, 2012 at 8:33 pm

      ဗျို ့ .. မိုးမိမှာ စိုးရင်ဖြင့် .. ဦးထုပ် လေး လဲ မမေ့ နဲ့ ပေါ့ဗျာ …. ။

  • pazflor

    August 7, 2012 at 2:44 am

    ကိုဂီ ရန်ကုန်ပြန်ပြီး မော်ဒယ်လေးတွေ လိုအပ်တဲ့ အဝဲယားနက်စ် လေး ရဖို့ သင်တန်းလာဖွင့်ပါလားဗျ။ 😀

  • MaMa

    August 7, 2012 at 7:45 am

    ကိုယ့်သဘောနဲ့ကိုယ်ဆိုရင် ကားရှိုးပွဲတွေကို သွားကြည့်ချင်ပေမယ့် မျက်နှာပူလို့ သွားမကြည့်ဖြစ်ဘူး။
    ပစ္စည်းတစ်ခုဝယ်မယ်ဆိုရင် အဲဒီပစ္စည်းအကြောင်း ဂဃနဏ သိပြီး ကိုယ်လိုချင်တဲ့အဖြေကို တိတိကျကျပြောပေးနိုင်မယ့် သူမျိုးကိုပဲ ကြိုက်တယ်။
    မလိုအပ်တဲ့ မတော်တရော် ဝတ်စားထားသူတွေ ပြောတာကိုတော့ တန်ဖိုးထားမိမှာ မဟုတ်ဘူး။
    ကိုယ့်စိတ်ထင် မလုံမခြုံဝတ်စားထားတာကြောင့် သူတို့ရဲ့ပြောဆိုစည်းရုံးမှုမှာ အားနည်းမှုတွေ ဖြစ်မလာနိုင်ဘူးလား။
    (အမြင်ချည်းသက်သက်ဆိုရင်တော့ တမျိုးပေ့ါ။)

  • အတိသဌ္ဇနာဂရ

    August 7, 2012 at 8:03 am

    မြန်မာပြည်မှာက—အင်းးးးးးမြန်မာပြည်မှာ ကစက်ဆီရောင်းယုံသက်သက်ပါလားနော်။
    ဒါလားတော့ အတုယူသင့်ကြပါတယ်ဗျာ။ကျေးဇူးပါကိုဂီရေ ဖတ်ရ၊မှတ်ရလို့ကပါ။

    – ထုတ်ကုန်ပစ္စည်းအကြောင်း စားသုံးသူ ပိုမို သိရှိနားလည်အောင် ဆောင်ရွက်ခြင်း
    – ထုတ်ကုန်ရဲ့ သတင်းအချက်အလက် မျှဝေပေးခြင်း
    – စားသုံးသူရဲ့ mindset ကို brand ရဲ့ တစုံတရာသော ပြယုတ်ဖြင့် ထိတွေ့စေခြင်း (natural beauty, classic heritage, edgy sex appeal, reliability)

  • Wow

    August 7, 2012 at 11:11 am

    သများကိုင်တဲ့ဘရန်းလေး မောင်ဂီ့အိတ်ကြော်ငြာကို မိထူးလုပ်ရင်ကောင်းမလား…. 😛

  • Khaing Khaing

    August 7, 2012 at 1:08 pm

    အောက်ဆုံးကကြော်ငြာပုံလေးကို ကြိုက်၏ ………

    “အပြောအဆို မခံမှန်း သိပါတယ်…” အဲဒါ သများကို ပြောတာလားဟင် ….. ဒီမယ် ဦးဂီ ရှင်ကျွန်မကို တစ်ချို့ပို့စ်တွေမှာ ဂုဏ်တွေဖော်ထားတယ်နော် …. ဘာတဲ့ စွာတေးမတဲ့ အဟင့် အဟင့် …. ဒီလောက် နူညံ့ချိုသာတဲ့သူကိုပြောရက်လိုက်တာနော် …. သူများမအားလပ်တာကို အခွင့်ကောင်းယူပြောရက်တယ် ….

  • ကြောင်ဝတုတ်

    August 7, 2012 at 1:23 pm

    ဂီဂီရေ…

    ကျုပ်ကို လက်ရှိ ပန်းသီး ရဲ့ အဝေးရောက် Pseudo Brand Advocate လို့ ပြောလိုက်တော့မှ…
    ကိုယ်ကိုယ်တိုင် Brand Advocate ဖြစ်မှန်းမသိဖြစ်နေတော့တာပါပဲ…

    အနှီကိစ္စတွေကိုဖြင့် ပြောချင်တာကြာနေပါပြီ… သို့သော်လဲဂီဂီရေ… ဘယ်လိုပြောရမှန်းမသိလို့ ငြိမ်နေတာ…
    နောက်တစ်ခုက ကိုယ်ကျွမ်းကျင်တဲ့ဘာသာရပ်လဲမဟုတ်ဘူး…

    တကယ် ပန်သီးက မြန်မာပြည်မှာတရားဝင်လာပြီး ပန်းသီးစတိုးဖွင့်ရင်…
    Brand Ambassador ဖြစ်အောင်ကြိုးစားလိုက်မယ်ကွယ်…

    • ရဲစည်

      August 7, 2012 at 3:48 pm

      တကယ် ပန်သီးက မြန်မာပြည်မှာတရားဝင်လာပြီး ပန်းသီးစတိုးဖွင့်ရင်…
      Brand Ambassador ဖြစ်အောင်ကြိုးစားလိုက်မယ်ကွယ်…
      ဆိုတော့
      လောလောဆယ် သီရိမင်္ဂလာဈေး ကုန်စိမ်းတန်းမှာ ခရမ်းသီး Ambassador လိုနေကြောင်း

      လတ်တလော စိတ်ကူးအရ ကျုပ်ကားသွင်းဖြစ်ရင် ကိုဖက်ကတ်ကို LMAFOရဲ့ ဒီဇိုင်းဆင်ပေးပီး
      မော်ဒယ်အဖြစ်ထားချင်ကြောင်း :mrgreen:

      ဟီးဟီး … နောက်ထှာ

  • Novy

    August 7, 2012 at 2:02 pm

    ကားပြပွဲသွားကြည့်တာ
    ကားနားမှာရပ်နေတဲ့ ကားမော်ဒယ်လေတွေ လှုပ်ပြနေတာ တွေလိုက်တယ်
    ဘာလှုပ်တာလဲလို့မမေးနဲ့
    သိချင်သွားကြည့် 😉

    • ရွာစားကျော်

      August 7, 2012 at 3:11 pm

      ဒါလည်းပဲ မားကတ်တင်း စထရပ်တဂျီ တမျိုးပဲဗျ..
      စာမြည်းလေး ဖတ်ပြပီး နောက်ပိုင်း.. သိချင်ဝယ်ဖတ် တစ်အုပ်မှ ဘယ်လောက်ဆိုပြီး လုပ်တတ်ကြတယ်လေ..

  • နေဝန်းနီ

    August 7, 2012 at 8:44 pm

    ကောင်းမလေးတွေ အချောရယ် ပေါတယ်………. ဂီဂီ တင်တဲ့ ပို့စ်မှာကွယ်……… သူရို့ ပရိုမုတ်တဲ့ ပစ္စည်းသာ ဝယ်မသုံးနိုင်တာ ကြေညာတဲ့သူ ကိုတော့ ညောင်းအောင်ထိုင်ကြည့်သွားတယ်…….. 😛

  • pooch

    August 8, 2012 at 11:40 pm

    သိသလောက်တော့ သူက ဘရန်း Ambassador ဆိုပြီး ဟိုုထိသွားပြီး ပွဲလိုက်ကြည့်တာမလား ။ အဲ့ဒီ အကိုကြီး ပြောပါတယ်။ 😀

    ကားမော်ဒယ်လေးတွေကတော့ ကြည့်ဖူးမြင်ဖူးလို့ သိပ်တော့မဆန်းပါဘူး။ ခုတော့ ပိုသိရတာပေါ့။

    မန်းလေးမှာ တခါက ဆိုင်ကယ်ပြပွဲလုပ်တော့လေ ဝတ်ထားတာ တိုနံ့နံ့ ကပ်ကပ်လေးတွေနဲ့ ဆိုင်ကယ်တွေ ခွစီးပြတာ အဲ့ဒီဆိုင်ကယ်နား လူတွေကို အုန်းလို့
    တိုးမပေါက်ဖူးလို့တော့ ကြားဖူးတယ်။ 😀

    celebrity တယောက်ကို ကြိုက်လို့ ခရေဇီ ဖြစ်နေသူ ကိုရော Pseudo Brand Advocate လို့ ပြောလို့ ရလား မသိဘူး။
    ဥပမာ အခုလတ်တလော 2PM အဖွဲ့ထဲက မန်ဘာဖြစ်တဲ့ Nichkhun က ကားမတော်တဆမှုဖြစ်တယ်။
    စစ်ကြည့်တော့ အယ်လ်ကိုဟော ပါဝင်မှု ဝ.၀၅ လောက်ရှိတယ်။
    ဒါပေမဲ့ သူ့ရဲ့ fan တွေ လုပ်ဖော်ကိုင်ဖက်တွေက အပြုသဘောဆောင်တဲ့အားပေးမှုတွေ ရှင်းလင်းမှုတွေကို ဘယ်သူ့တိုက်တွန်းမှုမှ မပါပဲ အားတက်သရောကို လုပ်ပေးကြတာမျိုးပေါ့။

  • Inz@ghi

    September 2, 2012 at 12:29 am

    ပေါင်ဒါ ရောင်းသည့် ကန်ပနီတခုတွင်ဖြစ်သည်…
    ရောင်းအား တိုးအောင် လုပ်ကြဖို့ အုံးနှောက်တွေ မုန်တိုင်းဆင်ကြသည်…

    နောက်ဆုံး အရိုးရှင်းဆုံး ပရိုက်တစ်စ် လေး ၁ခု ဖြတ်ကနဲ လက်သည်….

    မဟာဗျူဟာတွေ ဘစ်ဇနက် မော်ဒယ်တွေ ပရိုမိုးရှင်းတွေ ကန်ပိန်းတွေ ….
    တခုမှ မဟုတ်ပါ…

    ရိုးရိုးလေး ပါ …

    အသစ်ထုတ်ဝေသော ပေါင်ဒါဗူးများ၏ အပေါက် လေးတွေကို ချဲ့လိုက်ခြင်းသာဖြစ်သည်…။

    တခါတခါ မားကတ္တင်း သည် အနုပညာဆန်သည်
    တခါတခါ မားကတ္တင်း သည် သိပ္ပံ နည်းကျ သည်
    တခါတခါ မားကတ္တင်း သည် ဟာသ ဉာဏ် ရွှင်သည်
    တခါတခါ မားကတ္တင်း သည် ဖြတ်ထိုး ဉာဏ် ကို မှီသည် တည်သည်
    တခါတခါ မားကတ္တင်း သည် သိပ္ပံ နှင့် ဝိဇ္ဇာ ကို ရော မွှေရာ မြည်သည်
    တခါတခါ မားကတ္တင်း သည် ဘာမှမဟုတ်သော အသေးစား လေး မထင်မှတ်ထားတာလေး ပြောင်းလဲမှု ဆန်သည်
    တခါတခါ မားကတ္တင်း သည် CEO ကိုပင် ကန်ထုတ်ရလောက်အောင် ပြင်းထန်သည်
    တခါတခါ မားကတ္တင်း သည် ………..
    တခါတခါ မားကတ္တင်း သည် ………..
    တခါတခါ မားကတ္တင်း သည် ………..
    တခါတခါ မားကတ္တင်း သည် ………..

    မားကတ္တင်း လိုက်စားလေလေ …
    မသိသေး မတတ်သေးတာတွေ များမှန်း သိလာလာလေလေ…
    လောဘ မသတ်နိုင်လေလေ…
    စိုက်လိုက်မတ်တပ် လိုက်စားမိလေလေ…

    ဟုတ်ကဲ့….
    ကျနော် သိသလောက်တော့ အမြဲတမ်း မျှဝေပေးနေဖြစ်ဦးမယ်ထင်ပါရဲ့….

    ပုံ
    နောက်တစ်ထစ်ကို အတူတူ တက်ကြည့်ချင်တဲ့
    ဂီ…

Leave a Reply