ဘီလူးခေါင်းဆောင်း စကျွှတ်ပြီ

paukpaukAugust 8, 20121min28616

အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ ပုသိမ်ပြည် သူ့လွွှှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းတဲ့ “အစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ အများပြည်သူ သိရှိအောင် ထုတ်ပြန် အသိပေးဖို့ အဆို”ကို ဒီနေ့ ကျင်းပ တဲ့ပြည်သူ့ လွွှှတ်တော်က  ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေ ၁၅ မဲနဲ့ လွွှှတ်တော်မှာ ဆက်မဆွေးနွေးဖို့ ပယ်ချလိုက်ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ပြည်သူတွေရွေးချယ်တင်မြှောက်ထားပါတယ်လို့ သူတို့ကိုယ်သူတို့ (အရှက်မရှိအမွှန်းတင်လေ့ရှိတဲ့) မောင့်ကျက်သရေ (မင်းသားခေါင်း)ဆောင်းသော ဘီလူးများအား ဘွားကနဲတွေ့လိုက်ရပါတော့သည်။

ဒီတစ်ချက်တည်းနဲ့တင် ၂၀၁ဝ ရွေးကောက်ခံဟုဆိုသော ကိုယ်စားလှယ်များအား နှုတ်ထွက်ခိုင်းရန် လုံလောက်သွားပါပြီ။

16 comments

  • အတိသဌ္ဇနာဂရ

    August 8, 2012 at 9:53 pm

    ဘေးကြပ်နံကြပ်ဆက်တော့ တွေ ့အုံးမှာပေါ့ဗျာ။စောင့်သာကြည့်ပါ။

  • htoosan

    August 8, 2012 at 10:37 pm

    တော်တော်ညံ့တဲ့ ပေါက်ပေါက်ပါလား .. အခုမှ ဘွားကနဲတွေ့ရတယ်လို့ .. 😀 😀
    အစောကြီးကတည်းက သိနေကြတာ ဟုတ်ဘူးလား … 🙄

  • နေ ့သစ်/ ဘဝသစ်

    August 8, 2012 at 10:48 pm

    အမှန်တရား ဆိုတာ ရေရှည်ဖုံးကွယ်လို့ မရပါဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 8, 2012 at 11:01 pm

    ဘီလူးခေါင်းဆောင်း စကျွှတ်ပြီ
    ဆိုတော့
    မူရင်းမင်းသားမျက်ခွက်ပေါ်လာဘီလို့ဆိုလိုသလား

    • kai

      August 8, 2012 at 11:37 pm

      ကိုရင်အောင်ဘုတို့က.. တချက်ဆိုတချက်..” ဒေါက်ကနဲ့”ပဲ…။
      မှန်ပါကြောင်း..
      ပြောင်းပြန်ကြီးဖြစ်နေကြောင်း(တမင်ဆိုရင်တော့ မပြောတတ်)

      ပြောရရင်..
      ယူအက်စ်သမ္မတဝင်ရွေးမဲ့.. မစ်ရော်နီလည်း.. သူ့အမြတ်ခွန်စာရင်း.. ၁ဝနှစ်စာ စာရင်းဖျောက်ထားကြောင်း..

      Reid puts GOP in a bind over Romney’s taxes – CNN.com
      http://www.cnn.com/2012/08/07/politics/reid-romney-taxes/index.html
      1 day ago – … Reid’s claims that Mitt Romney went 10 years without paying taxes. … keeps alive the issue of Romney’s refusing to release his tax returns.

      • မောင်ပေ

        August 9, 2012 at 8:45 am

        သဂျီးရေ မြန်မာနိုင်ငံမှာ အခွန်အကြောင်း ပြောရမယ်ဆိုရင်တော့ တစ်ရာမှာ ၉၅ယောက် သေချာပေါက် မလွတ်စေရဘူး စိတ်ချ

  • ကိုသင်း

    August 8, 2012 at 11:14 pm

    အထူးအဆန်းလားလို့
    အပြေးအလွှား ဖတ်လိုက်ရတာ
    ဘာမှလဲမဟုတ်ဘူး………ခိ

  • soe ngel

    August 8, 2012 at 11:15 pm

    ဒိကြံ့ဖွတ်တွေကိုသူတို့ရေးဆွဲခဲ့တဲ့ဥပဒေနဲ့ဘဲသူတို့ကိုပြည်သူတွေကပြန်ပြိးဖြုတ်ကြပါ ပိုင်ဆိုင်မှုကိုစရင်ပြဘို့ကန့်ကွက်ကြတဲ့ ကိုယ်စလှယ်တော်ကြိးတွေကိုစုံစမ်းကြပြိးပြည်သူအားနဲ့ပြန်ပြိးဖြုတ်ချကြပါ ကို့မြိုနယ်ကကိုယ်စလှယ်ကကန့်ကွက်ခဲ့ရင်စုပေါင်းပြိးလက်မှတ်ထိုးဆန္ဒပြုပြိးပြန်ပြိးဖြုတ်ချဘို့တနိုင်ငံလုံးသို့အသိပေးအပ်ပါတယ်

  • Foreign Resident

    August 9, 2012 at 2:48 am

    ပြည်သူ့ ဘက်မှာ ၆၉ ယောက် ပဲရှိတယ် ။

    အစိုးရ အဖွဲ့ဝင်များ ပိုင်ဆိုင်မှုစာရင်းများကို ထုတ်ဖော်ကြေညာရေးအဆိုက ၊
    ထောက်ခံမဲ ၆၉ မဲ၊ ကန့်ကွက်မဲ ၂၆၉ မဲ၊ ကြားနေမဲ ၁၅မဲ နှင့် ၊
    ရှုံးသွားတာကိုကြည့်ရရင် ၊ အခု လွှတ်တော်ထဲမှာ ၊
    ” သူခိုးကြီး ၂၆၉ ယောက် နှင့် သူခိုးလေး ၁၅ ယောက် ရှိနေပြီး ၊
    တိုင်းပြည်အပေါ် ရိုးသား သစ္စာ ရှိသူက ၆၉ ယောက် ပဲရှိတယ် ဆိုတဲ့သဘောပါ ”
    အထူး ရှက်ဖို့ကောင်းလှပါတယ် ။

    လူတွေက ခေါင်းဆောင် ဖြစ်ရင် ခိုးမယ် ဆိုတာကြီးပဲ ။ စိတ်လေတယ် ။

    • myanmarcitizen

      August 9, 2012 at 2:27 pm

      အဘရေ
      ညကအဲ့သတင်းကြည့်လိုက်တယ်။ ထောက်ခံ ၆၈၊ ကန့်ကွက် ၂၇၁၊ ကြားနေ ၁၅ လို့ပြောသလားလို့ပါ။ ဒီမှာလဲအဲ့လိုတွေ့တယ်
      http://burmese.dvb.no/archives/28959
      အဘပြောသလိုပဲ သခိုးကြီးတွေ သူခိုးလေးတွေ ဖြစ်နေတာကိုး။ ဒါကြောင့်မဲခွဲတော့ ဘယ်နိုင်တော့မလဲ။

    • ကိုရင်မောင်

      August 9, 2012 at 6:41 pm

      ဘဖေါ့ ပြောမှဘဲရှင်းတော့တယ်…………….

  • Knowledge Seeker

    August 9, 2012 at 7:44 am

    ပြည်သူအားလုံး ဆန္ဒ ဖော်ထုတ်သင်. ပါသည်။ ပွင်.လင်းမြင်သာမှု ရှိအောင် တောင်းဆိုသင်.ပါသည်။

  • P chogyi

    August 9, 2012 at 8:43 am

    မိုးအောင်ရင် မင်းသားခေါင်းဆောင်းကျွတ်ကျတာ
    ဆော့မျူ့သောက်တော့အဆင်ပြေသွားတယ်။
    သူတို့ကိုလည်း အဲဒီဆေးတိုက်ကြည့်ပါလား။
    (ဆော့မျူ့ကြောင့်အားလုံးအဆင်ပြေသွားပြီ…….)

  • myanmarcitizen

    August 9, 2012 at 2:20 pm

    ပိုင်ဆိုင်မှုတင်ပြဖို့ ငြင်းဆန်တော့ ၆၈ ယောက်ကလွဲလို့ ကျန်တာ သူခိုးနဲ့ သူတောင်းစားဖြစ်သွားပြီ။

    ထွန်းရှင် ကျပ်လိုက်တာလဲပါမယ်ထင်တယ်။ ဒီသူက
    “တာဝန်များ ထမ်းဆောင်နေသည့် လွှတ်တော်ဥက္ကဋ္ဌများ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များထံမှလည်း ညီတူညီမျှဖြစ်စေရန် ပိုင်ဆိုင်မှုစာရင်း တောင်းဆိုရန် စဉ်းစားသင့်ကြောင်း”

  • ဖိုးထောင်

    August 9, 2012 at 8:58 pm

    ခေါင်းဆောင်းကျွတ်တာနောက် ခေါင်းပေါင်းချွတ်ထွက်ရမှာစိုးနေတယ်နဲ့တူပါတယ်

Leave a Reply