ကျောင်းပြီးစ လူငယ်လေးများအတွက်အတွေး

ဒီ ပို.စ်လေးကို ရေးချင်နေတာတော.ကြာပါပြီ၊ ရေးမယ်လို.ကြံလိုက်တိုင်းလည်း ကိုယ်.ရဲ. level ကိုပြန်ကြည်.တော. သုညကတက်ဖို.အခုမှစပြင်နေယုံသာရှိသေးတော. မရေးရဲဘူးဖြစ်နေတာ။ အခုတော.ကြာလေပိုပြီးဆိုးဆိုးလာတာလေးတွေတွေ.နေရတော.ရေးကြည်.မယ်ကွာဆိုပြီး ကီးဘုတ်ပေါ်လက်တင်မိတာပဲဗျို.
ပြောချင်တာက အခုနောက်ပိုင်း ဘွဲ.ရကာစ လူငယ်လေးတွေအကြောင်းပါ။
အားလုံးသိတဲ.အတိုင်းပဲ တက္ကသိုလ်ဆိုတာကြီးက ဘာမှမသိ ဘာမှမတတ်လာပဲနဲ. ဘွဲ.ဆိုတာလေးသာရလာခဲ.တာ ကျနော်တို.အရင်ဆယ်စုနှစ်တစ်ခုစာလောက်ကတည်းကပဲလေ။ အခုတော.ပိုဆိုးလာတာက လူငယ်လေးတွေ လူငယ်လေးတွေတော်တော်များများက selfstudy မရှိကြတော.ဘူးဗျ။ ကျောင်းပြီးပြီဆိုတာနဲ. တစ်နိုင်ငံလုံးရဲ. ၇၀% လောက်က ရန်ကုန်ကိုဆင်းလာကြတာများတယ် ပြီးရင် သင်တန်းတွေတက်ကြတယ်ပေါ.ဗျာ။ သူတို.တွေရဲ.စိတ်ထဲမှာ ဘယ်လိုထင်လဲဆိုတော. သင်တန်းတစ်ခုတက်ပြီးရင် အကုန်တတ်ပြီထင်ကြတာ သင်တန်းဆိုတာကလဲ လမ်းညွှန်လောက်ပဲသင်ပေးနိုင်တာလေ။ တကယ်တော. သင်တန်းတစ်ခုကိုတက်တော.မယ်ဆိုရင် ကိုယ်.ဘက်က လုပ်ဆောင်ရမယ်.အရာတွေကအများသားမဟုတ်လား။
ကိုယ်တက်မယ်.သင်တန်းက ကိုယ်.အတွက်ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်မလဲ။ကိုယ်က ပေးလိုက်ရမယ်. အချိန်နဲ. ငွေကြေး ကအစ ပြန်ရမယ်.အတိုင်းအတာ အားလုံးကိုကြည်.ရမယ်။ ဆရာက ၁၀ဝ အပြည်.သင်ပေးရင်တောင် ကိုယ်က ၄ဝ လောက်ပဲရနိုင်တာ။ ဒါတောင် ကြိုးစားမှုကောင်းမှလေ။ အခုတော. ကျောင်းမှာတုန်းကဘာမှ မလေ.လာခဲ.ပဲနဲ. သင်တန်းလေး ၂လ ၃လ လောက်တက်ရုံနဲ.ဘာမှပိုပြီးမဖြစ်လာနိုင်ဘူးဆိုတာ သိထားရမယ်။ အဓိကပြောချင်တာက ကိုယ်တိုင်ပြန်ပြီးလေ.လာရမယ်.အပိုင်း။ အဲ.ဒါကအရေးအကြီးဆုံးပဲလို.ထင်တယ်။ သင်တန်းကသင်ပေးလိုက်တာလေးကိုပဲ မလုပ်ပဲနဲ. ကိုယ်တိုင်ရှာဖွေပြီးတော.လုပ်နိုင်ရမယ်။ အလုပ်တစ်ခုရဖို.အတွက်လိုအပ်တဲ.အချက်တွေကိုသင်တန်းကနေမပေးနိုင်ဘူးမဟုတ်လား။ သင်တန်းက ပေးလိုက်တာက လေ.လာနည်းပဲပေးလိုက်တာလေ။ အများအားဖြင်. ကျနော်တွေ.ကြုံရတဲ. နယ်ပယ်မှာဆိုရင် ကျောင်းပြီးခါစ အင်ဂျင်နီယာလေးတွေပေါ.။ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး drawing မဆွဲတတ်ဘူး ဆိုတာကတော. တော်တော်လေးကိုဆိုးလာတဲ.အချက်ပါပဲ။ ပြီးတော. ကိုုယ်ရဲ.မေဂျာနဲ.ဆိုင်တဲ. အကြောင်းတွေမေးလိုက်ရင်လဲ ဘာဆိုဘာမှမသိ။ အဲ.ဒါတွေကို စနစ်ကြောင်.လို.လက်ညှိုးထိုးဖို.လဲ မဖြစ်နိုင်ဘူးထင်တယ်။ အဓိကကတော. ကိုယ်တိုင်ရဲ.မကြိုးစားမှူကြောင်.လို.ပဲ ဆိုရင်မှားမယ်လို.တော.မထင်ဘူး။ ကျောင်းသားတစ်ယောက်အတွက် လုပ်ရမယ်.တာဝန်က ကျောင်းမှန်မှန်တက်ဖို.ချည်းပဲမဟုတ်ဘူး ကျောင်းမှာ ကိုယ်.အတွက်ပညာတစ်ခုရအောင်ရှာဖို.လေ။ ကျောင်းပြီးရင်သင်တန်းတက်တယ်ဆိုတာက upgrade လုပ်ဖို.ပဲလို.ထင်တယ်။ ဒီက အစ်ကိုတွေ အစ်မတွေကရော ဘယ်လိုထင်ကြလဲမသိ။ ကျနော်ကတော.ကိုယ်ထင်တာကိုယ်ပြောလိုက်တာပဲလေ။ ကိုယ်ထင်တာကို ဆက်ပြီးဆွေးနွေးကြရအောင်လားလို…….

7 comments

  • အတိသဌ္ဇနာဂရ

    August 8, 2012 at 10:20 pm

    ဒီလိုဖြစ်အောင် ပညာရေးစနစ်ကရိုက်ချိုးခဲ့တာဆိုတော့ စနစ်ကိုတိတိကျကျရအောင်
    အောက်ခြေကနေစပြင်ရပါလိမ့်မယ်ဗျာ။

    • မမ အညာသူ

      August 9, 2012 at 9:55 am

      ဟုတ်ပါတယ်
      ဒီပညာရေးစနစ်ကိုပြောင်းလဲဖို့ရာတော်တော်လေးကိုအချိန်ပေးရပါလိမ့်မယ်
      အခုခေတ်ကပညာကိုငွေနှင့်ဝယ်ယူနေကျတယ်လို.ထင်မ်ိပါတယ်

  • အရီးခင်လတ်

    August 9, 2012 at 4:29 am

    ပညာကို တကယ် ရလိုသူတွေကတော့ သိချင်တာကို မရရအောင် ရှာဖွေ လေ့လာပါတယ်။
    ဆရာသင်တာလဲ အရေးကြီးပေမဲ့ ကိုယ့်ရဲ့ သိချင် တတ်ချင် စိတ် ကသာ ကိုယ့်ကိုဆွဲခေါ်သွား မယ်လို့ အရီး ထင်ပါတယ်။

  • ko khin kha

    August 9, 2012 at 10:18 am

    ကျွန်တော်တို့တုန်းက အင်ဂျင်နီယာဘွဲ့အတွက် ၆ နှစ်ဆိုတာ ပညာသင်နှစ်အပြည့် ၆ နှစ်တက်ရတာ၊ သိပံ္ပဘွဲ့၊ဝိဇ္ဇာဘွဲ့ ၄ နှစ်ဆိုတာလည်း ပညာသင်နှစ်အပြည့် ၄ နှစ်တက်ရတာလေ။
    အခုပညာရေးက အမြန်သင် အမြန်အတန်းတက် တဲ့စနစ်ဖြစ်နေတာလဲ ထဲ့စဉ်းစားသင့်ပါ၏။
    ဆိုလိုတာက ပြက္ခဒိန်နှစ် ၁ နှစ်မှာ ပညာသင်နှစ်က ၂ နှစ် ဖြစ်ခဲ့တယ်လေ။

  • မောင်ပေ

    August 9, 2012 at 12:15 pm

    အခု အွန်လိုင်းမှာ တွေ ့တဲ့ ခင်တဲ့ ခလေးတွေ ၊ အပြင်မှာ သင်တန်းတွေတက်နေကြတယ်ဆိုလို ့
    ဘာသင်တန်းတွေများ တက်နေပါလိမ့်လို ့မေးကြည့်မိတော့ အစုံပေါ့ဗျာ
    မကြားဖူးတာကြားရတာကတော့
    သင်တန်းက တစ်ချိန် ကို လေးသောင်းကျပ် ပေးတက်ရတယ်တဲ့
    တစ်ရက်ကို တစ်ချိန်တော့ အနည်းဆုံးရှိတယ်တဲ့
    တစ်လကို ၁၂သိန်းကျပ်များတောင်ပေးသင်ရတဲ့ ပညာတွေကို သူရို ့လေးတွေ တစ်ကယ်ကော တတ်မြောက်ကြပါမလားလို ့တွေးပူမိတာ
    တွေ ့လိုက်ရင် အင်တာနက်ဆိုင်မှာချည်းပဲလေ
    အင်တာနက်သုံးတာကို မကောင်းဘူးလို ့ပြောတာမဟုတ်ပါဘူး
    တချို ့တွေကြတော့လဲ မိဘက ကောင်းစေချင်လို ့တက်နေကြရပေမယ့် ကိုယ်နှိုက်က ဝါသနာမပါကြတော့..

  • မောင်ကောင်း ကို

    August 9, 2012 at 1:15 pm

    စာတွေကိုလည်းကြည့်ကြဦးလေ။ကျွန်တော်လဲအင်ဂျင်နီယာကျောင်းသားပါ၊စာတွေက မေဂျာနဲ့လားလားမှမဆိုင်တဲ့ဘာသာတွေသင်ရတယ်လေ။မေဂျာကနည်းနည်းဗျ။တစ်နှစ်ပြီးတစ်နှစ် ဖိနှိပ်မှုတွေ၊အပျော်တွေ၊ကြားထဲမှာလွတ်ထွက်ကုန်ရော။သက္ကသိုလ်ကျောင်းသားတွေကသနားစရာကောင်းပါတယ်ဗျ၊ကျွန်တော်တို့ဘဝကိုသေသေချာချာလေ့လာစေချင်ပါတယ်။ရင်နာစရာကောင်းတာတွေ အများကြီးပါ

  • ho leo

    August 9, 2012 at 4:50 pm

    အကိုရေးထားတာ တော်တော် ကောင်းပါတယ်။
    ကျွန်တော်ထင်တာကတော့ ဆယ်တန်းမှာ တက်ရမယ့်တက္ကသိုလ်ကို အမှတ်နဲ့ခွဲ တာ တော်တော်ဆိုးတယ်ထင်တာပဲ။
    အမှတ်နည်းတာနဲ့ ကိုဝါသနာတဲ့တက္ကသိုလ်ကို မတက်ရတော့ဘူး။
    နောက်ထက်အခွင့်အရေးလည်း မရှိတော့ဘူး။ အမှတ်မမှီတော့ တွေ့တဲ့တက္ကသိုလ်ပဲ တက်လိုက်တော့ ဝါသနာနဲ့ တစ်ထက်တည်းမကျတော့ တလွဲတွေ့ဖြစ်ကုန်တာပဲ။

Leave a Reply